[1] ဥပုသ်နေ့လွန်ပြီးနောက် ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်ချိန်၌ မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိသည် သင်္ချိုင်းတော်ကိုသွားကြည့်ကြ၏။
[2] ထိုစဉ် အလွန်ပြင်းထန်သော ငလျင်လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှဆင်းလာ၍ ကျောက်တုံး ကိုလှိမ့်ဖယ်ကာ ၎င်းအပေါ်၌ ထိုင်လေ၏။
[3] သူ၏အဆင်းသဏ္ဌာန်သည် လျှပ်စီးလက်သကဲ့သို့ဖြစ်ပြီး သူ၏အဝတ်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။
[4] အစောင့်တို့သည် ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့် တုန်လှုပ်၍ လူသေကဲ့သို့ဖြစ်သွားကြ၏။
[5] ထိုအခါ ကောင်းကင်တမန်က အမျိုးသမီးတို့အား “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသောယေရှုကို ရှာနေကြသည်ကို ငါသိ၏။
[6] ကိုယ်တော်သည် ဤနေရာ၌မရှိ။ အကြောင်းမူကား မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ ကိုယ်တော် လျောင်းတော်မူခဲ့သည့်နေရာကို လာကြည့်ကြလော့။
[7] ထို့နောက် အလျင်အမြန်သွား၍ တပည့်တော်တို့အား ‘ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီ။ ကြည့်ရှုလော့။ ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့။ သင်တို့အား ယခု ငါပြောပြီ”ဟု မြွက်ဆိုလေ၏။
[8] အမျိုးသမီးတို့သည် ကြောက်ရွံ့ကြသော်လည်း အလွန်ဝမ်းမြောက်လျက် သင်္ချိုင်းတော်မှ အလျင်အမြန်ထွက်သွားကြကာ တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
[9] ထိုအခါ ယေရှုသည် သူတို့နှင့်တွေ့ဆုံလျက်“ မင်္ဂလာ ပါ ” ဟု မိန့်တော်မူ၏။ သူတို့သည် ချဉ်းကပ်၍ ကိုယ်တော်၏ခြေတော်ကို ဖက်ထားကာ ကိုယ်တော်ကိုရှိခိုးကြ၏။
[10] ထို့နောက် ယေရှုက“ ကြောက်ရွံ့ ခြင်း မ ရှိ ကြ နှင့် ။ သွား ၍ ငါ ၏ ညီအစ်ကို တို့ အား ဂါလိလဲ နယ် သို့ သွား ရန် ပြောကြား ကြ လော့ ။ သူ တို့ သည် ထို နေရာ ၌ ငါ့ ကို တွေ့မြင် ရ ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[11] ထိုအမျိုးသမီးတို့သွားကြစဉ်တွင် အစောင့်တပ်သားအချို့တို့သည်လည်း မြို့ထဲသို့လာ၍ ဖြစ်ပျက်ခဲ့သမျှတို့ကို ယဇ်ပုရောဟိတ်အကြီးအကဲများထံ သတင်းပို့ကြ၏။
[12] ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် သက်ကြီးဝါကြီးတို့နှင့်အတူစုဝေး၍ တိုင်ပင်ဆွေးနွေးကြပြီးမှ စစ်သားတို့အား ငွေအမြောက်အမြားပေးလျက်
[13] “‘ညအချိန် ငါတို့အိပ်ပျော်နေစဉ် သူ၏တပည့်တို့သည် လာ၍ အလောင်းကိုခိုးသွားကြသည်’ဟု ပြောကြလော့။
[14] ဤသတင်းသည် ဘုရင်ခံ၏နားသို့ပေါက်ကြားခဲ့လျှင် သူ့ကို ငါတို့ဖျောင်းဖျ၍ သင်တို့၌စိုးရိမ်စရာမရှိစေရန် ဆောင်ရွက်ပေးမည်”ဟု ဆိုကြ၏။
[15] ထိုအခါ စစ်သားတို့သည် ငွေကိုယူ၍ သူတို့အား သင်ပေးထားသည့်အတိုင်းပြုကြ၏။ ဤသို့ဖြင့် ထိုသတင်းသည် ဂျူးလူမျိုးတို့ကြားတွင် ယနေ့တိုင်အောင်ပျံ့နှံ့လျက်ရှိ၏။
[16] ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး
[17] ကိုယ်တော်ကိုတွေ့မြင်၍ ရှိခိုးကြ၏။ သို့သော် အချို့တို့သည် သံသယဖြစ်ကြ၏။
[18] ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ ကောင်းကင် နှင့် မြေကြီး ပေါ်၌ ရှိသမျှ သော အခွင့် အာဏာ တို့ ကို ငါ့ ထံ ပေးအပ် တော်မူ ပြီ ။
[19] ထို့ကြောင့် သင် တို့ သည် သွား ၍ လူမျိုး တကာ တို့ ကို ငါ့ တပည့် ဖြစ် စေ လျက် ခမည်းတော် ၊ သား တော် ၊ သန့်ရှင်း သော ဝိညာဉ် တော် ၏ နာမ ၌ သူ တို့ ကို ဗတ္တိဇံ ပေး ကြ လော့ ။
[20] သင် တို့ အား ငါ ပညတ် ထား သမျှ သော အရာ အားလုံး တို့ ကို စောင့်ထိန်း ရန် သူ တို့ ကို သွန်သင် ကြ လော့ ။ ငါ သည် လည်း ကပ်ကမ္ဘာ ကုန်ဆုံး သည့် တိုင်အောင် သင် တို့ နှင့်အတူ အစဉ်မပြတ် ရှိ ၏ ” ဟု မိန့်တော်မူ၏။