Skip to content
Opens in a new window
Listen to this chapter • 9:54

[1] သူ​တို့​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍

[2] “ သင် တို့ ရှေ့ က ရွာ ထဲသို့ သွား ကြ လော့ ။ ထိုအခါ ချည် ထား သော မြည်းမ နှင့် သူ ၏ အနား တွင် ရှိ သော မြည်း ကလေး ကို သင် တို့ ချက်ချင်း တွေ့ ကြ လိမ့်မည် ။ မြည်း ကြိုး ဖြေ ၍ ငါ့ ထံသို့ ခေါ်ဆောင် လာ ကြ လော့ ။

[3] တစ်စုံတစ်ယောက် က သင် တို့ အား တစ်စုံတစ်ခု ပြော လျှင် ‘ သခင် ဘုရား အလို ရှိ သည် ’ ဟု ပြော ကြ လော့ ။ ထိုသို့ ပြော လျှင် ၎င်း တို့ ကို ချက်ချင်း ပို့ ပေး လိမ့်မည် ” ​ဟူ၍ မိန့်​တော်မူ​၏။

[4] ဤ​အမှုအရာ​ဖြစ်ပျက်​ခဲ့​ခြင်း​မှာ “‘ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်းမ​နှင့်​မြည်း​၏​သား​တည်းဟူသော မြည်း​ကလေး​ကို​စီး​လျက် နူးညံ့​သိမ်မွေ့​စွာ​ဖြင့် သင့်​ထံသို့​ကြွလာ​တော်မူ​၏’​ဟူ၍ ဇိအုန်​သမီး​အား ပြောကြား​ကြ​လော့” ​ဟု ပရောဖက်​အားဖြင့်​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

[6] တပည့်​တော်​တို့​သည်​လည်း သွား​၍ သူ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​၏။

[7] သူ​တို့​သည် မြည်းမ​နှင့်​မြည်း​ကလေး​ကို ခေါ်ဆောင်​လာ​ပြီးလျှင် ထို​မြည်း​တို့​အပေါ်၌ အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ၎င်း​တို့​အပေါ်​ထိုင်​တော်မူ​၏။

[8] အလွန်​များပြား​သော​လူထု​ပရိသတ်​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား သစ်ပင်​တို့​မှ အကိုင်းအခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်၌​ခင်း​ကြ​၏။

[9] ကိုယ်တော်​၏​ရှေ့​မှ​သွား​သော​လူထု​ပရိသတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူထု​ပရိသတ်​များ​သည် “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ ​ဖြစ်​စေ​သတည်း။ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည်မင်္ဂလာရှိ ​စေ ​သတည်း ။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။

[10] ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​တော်မူ​ရာ တစ်​မြို့​လုံး​ရုတ်ရုတ်ရက်ရက်​ဖြစ်​သဖြင့် “ဤ​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။

[11] လူထု​ပရိသတ်​များ​က​လည်း “ဤ​သူ​သည် ဂါလိလဲ​နယ် နာဇရက်​မြို့​မှ ပရောဖက်​ယေရှု​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

[12] ယေရှု​သည် ဗိမာန်​တော် ​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အပေါင်း​တို့​ကို နှင်ထုတ်​ပြီး ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​ကာ

[13] ထို​သူ​တို့​အား“ ‘ ငါ့ အိမ် သည် ဆုတောင်း ရာ အိမ် ဟူ၍ ခေါ်ဝေါ် ခြင်း ကို ခံရ လိမ့်မည် ’ ​ဟု ကျမ်းစာ ၌ ရေး ထား သော်လည်း သင် တို့ သည် ၎င်း ကို ဓားပြ တို့ ခိုအောင်း ရာ ဖြစ် စေ ကြ ပြီ တကား ” ​ဟု မိန့်​တော်မူ​၏။

[14] ထို့နောက် ဗိမာန်​တော်​၌ မျက်မမြင်​များ​နှင့်​ခြေ​မသန်စွမ်း​သူ​များ​သည် အထံ​တော်​သို့​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။

[15] သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ကျမ်းပြု​ဆရာ​များ​သည် ကိုယ်တော်​ပြု​တော်မူ​သော အံ့သြဖွယ်​အမှု​တို့​ကို​လည်းကောင်း၊ “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း” ​ဟု ဗိမာန်​တော်​၌ ကလေး​များ​ကြွေးကြော်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​လျှင် အမျက်​ထွက်​ကြ​၍

[16] “ဤ​ကလေး​တို့​ပြောဆို​နေ​သော​အရာ​ကို ကြား​သလော”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ ငါ ကြား ၏ ။ ‘ ကလေး သူငယ် များ နှင့် နို့စို့ ကလေး ငယ် များ ၏ နှုတ် ထဲမှ ချီးမွမ်း ခြင်း ကို ကိုယ်တော် ပြင်ဆင် တော်မူ ၏ ’ ​ဟူသော ရေးထား ချက် ကို သင် တို့ မ ဖတ် ဖူး ကြ သလော ” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

[17] ထို့နောက် ကိုယ်တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲမှ​ထွက်ခွာ​လျက် ဗေသနိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​ကုန်လွန်​စေ​တော်မူ​၏။

[18] နံနက်​စောစော မြို့​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။

[19] ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား“ ယခု မှစ၍ ကာလ အစဉ်အဆက် သင် ၌ အသီး မ သီး စေ ရ ” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။

[20] တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အံ့သြ​လျက် “သဖန်းပင်​သည် မည်သို့​သော​အားဖြင့် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​သနည်း” ​ဟု ဆို​ကြ​၏။

[21] ယေရှု​က​လည်း“ သင် တို့ အား ငါ အမှန် ဆို မည် ။ သင် တို့ သည် ယုံကြည် ခြင်း ရှိ လျက် သံသယ ကင်းမဲ့ ကြ လျှင် ဤ သဖန်းပင် ၌ ပြု ခဲ့ သည့် အမှု မျိုး ကို ပြု နိုင် သည် သာမက ဤ တောင် အား ‘ ရွေ့ သွား ၍ ပင်လယ် ထဲသို့ ကျ လော့ ’ ဟု ဆို လျှင် ပင် ထို အတိုင်း ဖြစ် လိမ့်မည် ။

[22] သင် တို့ ဆုတောင်း သောအခါ တွင် လည်း ယုံကြည် ခြင်း ဖြင့် တောင်းလျှောက် သမျှ သော အရာ တို့ ကို သင် တို့ ရ ကြ လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[23] ထို့နောက် ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း။ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။

[24] ယေရှု​က​လည်း“ ငါ သည် လည်း သင် တို့ ကို မေးခွန်း တစ် ခု မေး ဦး မည် ။ သင် တို့ ငါ့ ကို ဖြေကြား လျှင် ဤ အမှုအရာ များ ကို မည်သည့် အခွင့် အာဏာ နှင့် ငါ ပြု ကြောင်း သင် တို့ အား ငါ ပြော မည် ။

[25] ယောဟန် ၏ ဗတ္တိဇံ သည် အဘယ်က ဖြစ်သနည်း ။ ကောင်းကင် မှ ဖြစ် သလော ၊ သို့မဟုတ် လူ တို့ ထံမှ ဖြစ် သလော ” ​ဟု မေး​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။

[26] ‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူထု​ပရိသတ်​ကို​ကြောက်​ရ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏”​ဟု ပြောဆို​ကြ​၏။

[27] ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ ငါ သည် လည်း ဤ အမှုအရာ များ ကို မည်သည့် အခွင့် အာဏာ နှင့် ပြု ကြောင်း သင် တို့ ကို မ ပြော ။

[28] သင် တို့ သည် မည်သို့ ထင် ကြ သနည်း ။ လူ တစ် ဦး တွင် သား နှစ် ယောက် ရှိ ၏ ။ သူ သည် ပထမ သား ထံသို့ သွား ၍ ‘ ငါ့ သား ၊ ယနေ့ စပျစ်ခြံ သို့ သွား ၍ အလုပ် လုပ် လော့ ’ ဟု ပြော လေ ၏ ။

[29] ထို သား သည် ‘ အကျွန်ုပ် မ သွား လို ပါ ’ ဟု ပြန်ဖြေ သော်လည်း နောက်မှ စိတ် ပြောင်းလဲ သဖြင့် သွား လေ ၏ ။

[30] ဖခင် သည် အခြား သော သား ထံသို့ သွား ၍ ထိုနည်းတူ ပြော လေ ၏ ။ ထို သား က ‘ ဟုတ်ကဲ့ အဖေ ၊ အကျွန်ုပ် သွား ပါ မည် ’ ဟု ပြန်ဖြေ သော်လည်း မ သွား ဘဲ နေ ၏ ။

[31] ထို သား နှစ် ယောက် တို့ တွင် မည်သူ သည် ဖခင် ၏ အလို ကို ဆောင်ရွက် ခဲ့ သနည်း ” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“ သင် တို့ အား ငါ အမှန် ဆို သည် ကား အခွန် ကောက်ခံ သူ တို့ နှင့် ပြည့်တန်ဆာ တို့ သည် သင် တို့ ထက် အလျင် ဦးစွာ ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ကြ ၏ ။

[32] အကြောင်းမူကား ယောဟန် သည် ဖြောင့်မတ် ခြင်း တရား လမ်း ဖြင့် သင် တို့ ထံသို့ လာ သော်လည်း သင် တို့ သည် သူ့ ကို မ ယုံကြည် ကြ ။ အခွန် ကောက်ခံ သူ တို့ နှင့် ပြည့်တန်ဆာ တို့ မူကား သူ့ ကို ယုံကြည် ကြ ၏ ။ သင် တို့ သည် ထို အခြင်းအရာ ကို မြင် လျက် ပင် နောက်မှ စိတ် ပြောင်းလဲ ၍ သူ့ ကို ယုံကြည် လာ ခြင်း မ ရှိ ကြ ။

[33] အခြား သော ပုံ ဥပမာ ကို နားထောင် ကြ လော့ ။ ခြံ ပိုင်ရှင် တစ် ဦး ရှိ ၏ ။ သူ သည် စပျစ်ခြံ ကို စိုက်ပျိုး ၍ ခြံစည်းရိုး ခတ် လျက် ခြံ ထဲတွင် စပျစ်သီး နယ်ရာ ကျင်း ကို တူး ကာ မျှော်စင် ကို ဆောက် လေ ၏ ။ ထို့နောက် ထို ခြံ ကို ခြံသမား တို့ အား ငှားရမ်း ၍ ခရီးထွက် လေ ၏ ။

[34] အသီး ပေါ် ချိန် နီးကပ် လာ သောအခါ စပျစ်ခြံ ထွက် အသီး များ ကို ရယူ ရန် မိမိ ၏ အစေအပါး တို့ ကို ခြံသမား တို့ ထံသို့ စေလွှတ် လေ ၏ ။

[35] ထိုအခါ ခြံသမား တို့ သည် ထို သူ ၏ အစေအပါး တို့ ကို ဖမ်းဆီး ၍ တစ် ဦး ကို ရိုက်နှက် ကာ အခြား တစ် ဦး ကို သတ်ဖြတ် လျက် တစ် ဦး ကို မူ ခဲ နှင့် ပေါက် သတ် ကြ ၏ ။

[36] နောက်တစ်ဖန် ယခင် ထက် ပို၍ များပြား သော အခြား အစေအပါး တို့ ကို စေလွှတ် လိုက် ရာ ခြံသမား တို့ သည် သူ တို့ ကို လည်း ထိုနည်းတူ ပြု ကြ ၏ ။

[37] ခြံ ပိုင်ရှင် က လည်း ‘ သူ တို့ သည် ငါ့ သား ကို ရိုသေ ကြ လိမ့်မည် ’ ဟု ဆို လျက် နောက်ဆုံး တွင် မိမိ ၏ သား ကို သူ တို့ ထံသို့ စေလွှတ် လေ ၏ ။

[38] သို့သော် ခြံသမား တို့ သည် ထို သား ကို မြင် သောအခါ ‘ ဤ သူ သည် အမွေခံ ဖြစ် ၏ ။ လာ ကြ ၊ သူ့ ကို သတ် ၍ သူ ၏ အမွေ ကို ရယူ ကြ စို့ ’ ဟု အချင်းချင်း ပြောဆို ကြ ပြီးလျှင်

[39] သူ့ ကို ဖမ်းဆီး ၍ စပျစ်ခြံ အပြင် သို့ ဆွဲ ထုတ် ကာ သတ် ပစ် ကြ ၏ ။

[40] သို့ဖြစ်လျှင် စပျစ်ခြံ ပိုင်ရှင် ပြန်လာ သောအခါ ထို ခြံသမား တို့ ကို မည်သို့ ပြု မည်နည်း ” ​ဟု မေး​တော်မူ​၏။

[41] သူ​တို့​က “ထို​ဆိုးယုတ်​သော​သူ​တို့​ကို ရက်စက်​စွာ​အဆုံးစီရင်​၍ အသီး​ပေါ်​ချိန်​တွင် သူ့​ကို​အသီး​ပေး​မည့် အခြား​ခြံသမား​တို့​အား စပျစ်ခြံ​ကို ငှားရမ်း​ပါ​လိမ့်မည်” ​ဟု ဖြေကြား​ကြ​၏။

[42] ယေရှု​က​လည်း“ ‘ တိုက် ဆောက် သူ များ ပယ် ထား သော ကျောက် သည် ထိပ်ဆုံး ထောင့်ချုပ် ကျောက် ဖြစ်လာ ၏ ။ ဤ အမှု သည် ထာဝရ ဘုရား အားဖြင့် ဖြစ်လာ ၍ ငါ တို့ ၏ မျက်မှောက် ၌ အံ့ဩဖွယ် ဖြစ် ၏ ’ ​ဟု ကျမ်းစာ ထဲ၌ မ ဖတ် ဖူး ကြ သလော ။

[43] ထို့ကြောင့် သင် တို့ အား ငါ ဆို သည် ကား ဘုရားသခင် ၏ နိုင်ငံ တော် ကို သင် တို့ ထံမှ သိမ်းယူ ၍ ထို နိုင်ငံ တော် ၏ အသီး ကို သီး မည့် လူမျိုး ထံ ပေး တော်မူ လိမ့်မည် ။

[44] [ ထို ကျောက် ပေါ်သို့ ကျ သော သူ သည် အပိုင်းပိုင်း ကျိုး လိမ့်မည် ။ ထို ကျောက် သည် တစ်စုံတစ်ဦး အပေါ်သို့ ကျ လျှင် ထို သူ သည် ညက်ညက်ကြေ လိမ့်မည် ] ” ​ဟု မိန့်​တော်မူ​၏။

[45] ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ကိုယ်တော်​၏​ပုံ​ဥပမာ​ကို​ကြား​လျှင် မိမိ​တို့​အကြောင်း​မိန့်​တော်မူ​သည်​ကို သိ​ကြ​သဖြင့်

[46] ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူ​တို့​ကို ကြောက်​ကြ​၏။

ရှင်မသ္သဲခရစ်ဝင် — Chapters