Skip to content
Opens in a new window
Listen to this chapter • 9:42

[1] ထို​အချိန်အခါ​တွင် ယေရှု​သည် ဥပုသ်နေ့​၌ ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံ​များ​ကို ဆွတ်ခူး​၍ စား​ကြ​၏။

[2] ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။

[3] ကိုယ်တော်​က​လည်း“ ဒါဝိဒ် သည် သူ မှစ၍ သူ နှင့်အတူ ရှိ သော သူ တို့ ဆာလောင် ကြ သောအခါ မည်သည့် အရာ ပြု ခဲ့ သည် ကို သင် တို့ မ ဖတ် ဖူး ကြ သလော ။

[4] သူ သည် ဘုရားသခင် ၏ အိမ် တော် သို့ ဝင် ၍ ယဇ်ပုရောဟိတ် များ မှတစ်ပါး သူ ကိုယ်တိုင် ရော သူ နှင့်အတူ ရှိ သော သူ တို့ ပါ စား ခွင့် မ ရှိ သော ရှေ့ တော် မုန့် ​ကို စား ခဲ့ ကြ ၏ ။

[5] ထို့ပြင် ဥပုသ်နေ့ တွင် ဗိမာန် တော် ၌ ရှိ သော ယဇ်ပုရောဟိတ် များ သည် ဥပုသ်နေ့ ဆိုင်ရာ ပညတ်ချက် ကို ချိုးဖောက် ကြ သော်လည်း အပြစ် မ ရှိ ကြောင်း ပညတ် တရား ကျမ်း ၌ မ ဖတ် ဖူး ကြ သလော ။

[6] သင် တို့ အား ငါ ဆို သည် ကား ဗိမာန် တော် ထက် ကြီးမြတ် သော သူ သည် ဤ နေရာ ၌ ရှိ ၏ ။

[7] ‘ ငါ သည် ယဇ် ပူဇော် ခြင်း ကို မ ဟုတ် ဘဲ ကရုဏာ ကို အလိုရှိ ၏ ’ ​ဟူသော ကျမ်း စကား သည် မည်သည့် အရာ ကို ဆိုလို ကြောင်း သင် တို့ သိ ခဲ့ လျှင် အပြစ် မ ရှိ သော သူ တို့ ကို ပြစ်တင် ရှုတ်ချ ခဲ့ ကြ လိမ့်မည် မ ဟုတ် ။

[8] အကြောင်းမူကား လူ့သား သည် ဥပုသ်နေ့ ၏ အရှင် သခင် ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[9] ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း ​သို့​ဝင်​တော်မူ​၏။

[10] ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော” ​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

[11] ကိုယ်တော်​က​လည်း“ သင် တို့ ထဲမှ တစ်စုံတစ်ဦး တွင် သိုး တစ် ကောင် ရှိ ၍ ထို သိုး သည် ဥပုသ်နေ့ ၌ တွင်း ထဲသို့ ကျ ခဲ့ လျှင် သူ သည် ၎င်း ကို မ ဆွဲတင် ဘဲ နေ မည်လော ။

[12] လူ သည် သိုး ထက် များစွာ အဖိုးထိုက် ၏ ။ ထို့ကြောင့် ဥပုသ်နေ့ ၌ ကောင်း သော အမှု ကို ပြု ခြင်း သည် တရား တော် နှင့် ညီ ၏ ” ​ဟု မိန့်​တော်မူ​၏။

[13] ထို့နောက် လက်​တစ်ဖက်​သေ​သော​သူ​အား“ သင် ၏ လက် ကို ဆန့် လော့ ” ​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အခြား​တစ်ဖက်​ကဲ့သို့ အကောင်း​ပကတိ​ဖြစ်​လျက် သန်စွမ်း​လေ​၏။

[14] ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း တိုင်ပင်​ဆွေးနွေး​ကြ​၏။

[15] ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင်

[16] မိမိ​အကြောင်း​ကို သိသာ​ထင်ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သတိပေး​တော်မူ​၏။

[17] ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ မိန့်​တော်မူ​ချက်​မှာ

[18] “ကြည့်ရှု​လော့။ ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​အမှုဆောင်၊ ငါ​၏​စိတ်​ဝိညာဉ်​နှစ်သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အပေါ်၌ ငါ​၏​ဝိညာဉ်​ကို​တည်​စေ​သဖြင့် သူ​သည် လူမျိုး​တကာ​တို့​အား တရားမျှတ​မှု​ကို ကြေညာ​လိမ့်မည်။

[19] သူ​သည် ငြင်းခုံ​ခြင်း​နှင့်​အော်ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အသံ​ကို​လည်း လမ်းမ​ပေါ်၌ မည်သူမျှ ကြား​ရ​မည်​မ​ဟုတ်။

[20] တရားမျှတ​မှု​ကို အောင်မြင်​ခြင်း​သို့​ပို့ဆောင်​သည်​အထိ သူ​သည် ကြေ​နေ​သော​ကျူပင်​ကို​ချိုး​မည်​မ​ဟုတ်။ တငွေ့ငွေ့​လောင်​နေ​သော​မီးစာ​ကို​လည်း ငြိမ်းသတ်​မည်​မ​ဟုတ်။

[21] လူမျိုးခြား​တို့​သည် သူ​၏​နာမ​၌ မျှော်လင့်​အားထား​ကြ​လိမ့်မည်” ​ဟူ၍ ဖြစ်​၏။

[22] ထို့နောက် လူ​တို့​သည် နတ်ဆိုး​ပူး​သည့် မျက်မမြင်​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​ရာ ကိုယ်တော်​သည် ထို​သူ​ကို​ကျန်းမာ​စေ​တော်မူ​သဖြင့် ထို​ဆွံ့အ​သော​သူ ​သည် စကား​ပြော​နိုင်​ပြီး မျက်စိ​လည်း​မြင်​လာ​၏။

[23] ထိုအခါ လူထု​ပရိသတ်​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​၍ “ဤ​သူ​သည် ဒါဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြောဆို​ကြ​၏။

[24] ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။

[25] သို့သော် ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​သဖြင့်“ မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ သော နိုင်ငံ တိုင်း သည် လုံးလုံး ပျက်စီး သွား မည် ။ မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ သော မြို့ ၊ သို့မဟုတ် အိမ်ထောင်စု တိုင်း သည် လည်း တည်မြဲ မည် မ ဟုတ် ။

[26] စာတန် သည် စာတန် ကို နှင်ထုတ် လျှင် မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား ၏ ။ သို့ဖြစ်လျှင် သူ ၏ နိုင်ငံ သည် မည်သို့ တည်မြဲ မည်နည်း ။

[27] ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ ကို နှင်ထုတ် သည် ဆိုလျှင် သင် တို့ ၏ သား များ သည် မည်သူ့ ကို အမှီပြု ၍ နှင်ထုတ် ကြ သနည်း ။ ထို့ကြောင့် သူ တို့ သည် သင် တို့ ကို တရား စီရင် သူ များ ဖြစ် ကြ လိမ့်မည် ။

[28] သို့ရာတွင် ငါ သည် ဘုရားသခင် ၏ ဝိညာဉ် တော် ကို အမှီပြု ၍ နတ်ဆိုး တို့ ကို နှင်ထုတ် သည် ဆိုလျှင် ဘုရားသခင် ၏ နိုင်ငံ တော် သည် သင် တို့ ထံ ရောက်ရှိ လေ ပြီ ။

[29] ခွန်အား ကြီး သော သူ ကို ဦးစွာ မ ချည်နှောင် လျှင် သူ့ အိမ် သို့ ဝင် ၍ သူ ၏ ဥစ္စာ ပစ္စည်း များ ကို မည်သို့ လုယူ နိုင် မည်နည်း ။ ချည်နှောင် ပြီးမှ သာ သူ ၏ အိမ် ကို ဖောက်ထွင်း လုယူ နိုင် လိမ့်မည် ။

[30] ငါ့ ဘက် ၌ မ နေ သော သူ သည် ငါ့ ကို ဆန့်ကျင် သော သူ ဖြစ် ၏ ။ ငါ နှင့်အတူ မ စု မ သိမ်း သော သူ သည် တစ်ကွဲတစ်ပြား ဖြစ် စေ သော သူ ဖြစ် ၏ ။

[31] ထို့ကြောင့် သင် တို့ အား ငါ ဆို သည် ကား လူ တို့ သည် ဘုရားသခင် ကို စော်ကား ပြောဆို ခြင်း နှင့် အပြစ် ဟူသမျှ တို့ အတွက် ခွင့်လွှတ် ခြင်း ခံရ မည် ဖြစ် သော်လည်း ဝိညာဉ် တော် ကို စော်ကား ပြောဆို ခြင်း အတွက် မူကား ခွင့်လွှတ် ခြင်း ခံရ မည် မ ဟုတ် ။

[32] လူ့သား အပေါ် ဆန့်ကျင် သည့် စကား ကို ပြောဆို သော သူ သည် ခွင့်လွှတ် ခြင်း ခံရ မည် ဖြစ် သော်လည်း သန့်ရှင်း သော ဝိညာဉ် တော် ကို ဆန့်ကျင် ပြောဆို သော သူ သည် ယခု ဘဝ ၌ ဖြစ်စေ ၊ နောင် ဘဝ ၌ ဖြစ်စေ ခွင့်လွှတ် ခြင်း ခံရ မည် မ ဟုတ် ။

[33] အပင် ကို အသီး အားဖြင့် သိ ရ သည် ဖြစ်၍ အသီး ကောင်း လျှင် အပင် ကောင်း သည် ဟု မှတ်ယူ ကြ လော့ ။ သို့မဟုတ် အသီး မကောင်း လျှင် အပင် မကောင်း ဟု မှတ်ယူ ကြ လော့ ။

[34] မြွေဆိုး အမျိုး တို့ ၊ သင် တို့ သည် မကောင်း သော သူ များ ဖြစ် ကြ လျက် ကောင်း သော အရာ ကို မည်သို့ ပြောဆို နိုင် မည်နည်း ။ အကြောင်းမူကား စိတ်နှလုံး ၌ ပြည့်လျှံ နေ သည့် အရာ ကို နှုတ် က ပြောဆို တတ် ၏ ။

[35] ကောင်း သော သူ သည် ကောင်း သော အရာ များ ကို ကောင်း သော ဘဏ္ဍာတိုက် ​ထဲမှ ထုတ်ဖော် တတ် ၏ ။ မကောင်း သော သူ သည် လည်း မကောင်း သော အရာ များ ကို မကောင်း သော ဘဏ္ဍာတိုက် ထဲမှ ထုတ်ဖော် တတ် ၏ ။

[36] သင် တို့ အား ငါ ဆို သည် ကား လူ တို့ သည် မိမိ တို့ ပြောဆို သည့် အကျိုး မ ရှိ သော စကား အားလုံး အတွက် တရား စီရင် တော်မူ ရာ နေ့ ၌ ဖြေရှင်းချက် ပေး ကြ ရ မည် ။

[37] အကြောင်းမူကား သင် ပြော သော စကား များ အားဖြင့် သင် သည် ဖြောင့်မတ် သည် ဟု အသိအမှတ်ပြု ခြင်း ခံရ လိမ့်မည် ။ သို့မဟုတ် သင် ပြော သော စကား များ အားဖြင့် အပြစ် ရှိ သည် ဟု သတ်မှတ် ခြင်း ခံရ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[38] ထို့နောက် အချို့​သော​ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဆရာ၊ အကျွန်ုပ်​တို့​သည် ဆရာ့​ထံမှ​နိမိတ်​လက္ခဏာ​ကို တွေ့မြင်​လို​ပါ​သည်”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။

[39] ကိုယ်တော်​က​လည်း“ ဆိုးညစ် ၍ ဖောက်ပြန် သော မျိုးဆက် သည် နိမိတ် လက္ခဏာ ကို တောင်းဆို သော်လည်း ပရောဖက် ယောန ၏ နိမိတ် လက္ခဏာ မှတစ်ပါး မည်သည့် နိမိတ် လက္ခဏာ ကို မျှ သူ တို့ အား ပြ လိမ့်မည် မ ဟုတ် ။

[40] အကြောင်းမူကား ယောန သည် ငါးကြီး ဝမ်း ထဲ၌ သုံး နေ့ နှင့် သုံး ည နေ ခဲ့ ရ ​သကဲ့သို့ လူ့သား သည် လည်း မြေကြီး အတွင်း ၌ သုံး နေ့ နှင့် သုံး ည နေ ရ လိမ့်မည် ။

[41] တရား စီရင် တော်မူ သည့် အခါ နိနေဝေ မြို့သား တို့ သည် ဤ မျိုးဆက် နှင့်အတူ ထမြောက် လျက် ဤ မျိုးဆက် ၏ အပြစ် ကို ထင်ရှား စေ ကြ လိမ့်မည် ။ အကြောင်းမူကား သူ တို့ သည် ယောန ၏ ဟောပြော ချက် ကြောင့် နောင်တရ ကြ ၏ ။ ကြည့်ရှု လော့ ။ ဤ အရပ် ၌ ယောန ထက် ကြီးမြတ် သော သူ ရှိ ၏ ။

[42] တရား စီရင် တော်မူ သည့် အခါ တောင် အရပ် မှ ဘုရင်မ သည် ဤ မျိုးဆက် နှင့်အတူ ထမြောက် လျက် ဤ မျိုးဆက် ၏ အပြစ် ကို ထင်ရှား စေ လိမ့်မည် ။ အကြောင်းမူကား သူ သည် ရှောလမုန် ၏ ဉာဏ်ပညာ စကား ကို နားထောင် ရန် မြေကြီး အစွန်အဖျား မှ လာ ၏ ။ ကြည့်ရှု လော့ ။ ဤ အရပ် ၌ ရှောလမုန် ထက် ကြီးမြတ် သော သူ ရှိ ၏ ။

[43] ညစ်ညူး သော နတ် သည် လူ့ အထဲမှ ထွက်သွား သောအခါ ခြောက်သွေ့ သော အရပ် ဒေသ များ သို့ လျှောက်သွား ကာ ခိုနား ရာ ကို ရှာ တတ် ၏ ။ သို့သော် ရှာ ၍ မ တွေ့ သဖြင့်

[44] ‘ ငါ ထွက်လာ ခဲ့ သော ငါ့ အိမ် သို့ ပြန် မည် ’ ဟု ဆို လျက် ပြန်လာ ရာ ထို နေရာ မှာ လစ်လပ် နေ ပြီး လှဲကျင်း ၍ သပ်ရပ် စွာ ပြင်ဆင် ထား သည် ကို တွေ့ လေ ၏ ။

[45] ထိုအခါ ၎င်း သည် သွား ၍ မိမိ ထက် ဆိုး သော နတ် ခုနစ် ကောင် ကို မိမိ နှင့်အတူ ခေါ်ဆောင် လာ ပြီး ထို နေရာ ၌ ဝင်ရောက် နေထိုင် သဖြင့် ထို လူ ၏ နောက် ဖြစ်အင် သည် ရှေ့ ဖြစ်အင် ထက် ဆိုးရွား လေ ၏ ။ ဆိုးညစ် သော ဤ မျိုးဆက် ၌ လည်း ထိုနည်းတူ ဖြစ် လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[46] ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။

[47] ထိုအခါ လူ​တစ်​ဦး​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

[48] ကိုယ်တော်​က​လည်း“ မည်သူ သည် ငါ့ အမိ ဖြစ် ပြီး မည်သူ တို့ သည် ငါ့ ညီ များ ဖြစ် ကြ သနည်း ” ​ဟု မိမိ​ထံ​လျှောက်ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်မူ​၏။

[49] ထို့နောက် တပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက်“ ကြည့်ရှု လော့ ။ ဤ သူ တို့ သည် ငါ့ အမိ နှင့် ငါ့ ညီ များ ပေတည်း ။

[50] အကြောင်းမူကား ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် ၏ အလို တော် ကို ဆောင်ရွက် သော သူ သည် ငါ့ ညီ ၊ ငါ့ နှမ ၊ ငါ့ အမိ ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

ရှင်မသ္သဲခရစ်ဝင် — Chapters