[1] ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။
[2] ထိုအခါ နှုတ်တော်ကိုဖွင့်၍ သူတို့အား သွန်သင်တော်မူသည်မှာ
[3] “ စိတ် ဝိညာဉ် ဆင်းရဲ နွမ်းပါး သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော် သည် သူ တို့ ၏ နိုင်ငံ ဖြစ် ၏ ။
[4] ဝမ်းနည်း ကြေကွဲ သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် နှစ်သိမ့် ခြင်း ကို ခံစား ရ ကြ လိမ့်မည် ။
[5] နူးညံ့ သိမ်မွေ့ သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် ကမ္ဘာ မြေ ကို အမွေ ဆက်ခံ ရ ကြ လိမ့်မည် ။
[6] ဖြောင့်မတ် ခြင်း ကို ဆာလောင် မွတ်သိပ် သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် ဝပြော ခြင်း သို့ ရောက် ကြ လိမ့်မည် ။
[7] သနား ကြင်နာ တတ် သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် သနား ကြင်နာ ခြင်း ကို ခံရ ကြ လိမ့်မည် ။
[8] စိတ်နှလုံး ဖြူစင် သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် ဘုရားသခင် ကို မြင် ရ ကြ လိမ့်မည် ။
[9] ငြိမ်းချမ်း မှု ကို ဖြစ် စေ သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် ဘုရားသခင် ၏ သား များ ဟု ခေါ်ဝေါ် ခြင်း ကို ခံရ ကြ လိမ့်မည် ။
[10] ဖြောင့်မတ် ခြင်း ကြောင့် ညှဉ်းဆဲ ခြင်း ခံရ သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော် သည် သူ တို့ ၏ နိုင်ငံ ဖြစ် ၏ ။
[11] ငါ့ ကြောင့် လူ တို့ သည် သင် တို့ ကို ကဲ့ရဲ့ ပြစ်တင် လျက် ညှဉ်းဆဲ ကာ မကောင်း သော အရာ အမျိုးမျိုး တို့ ဖြင့် သင် တို့ ကို မဟုတ်မမှန် ဆန့်ကျင် ပြောဆို ကြ သောအခါ သင် တို့ သည် မင်္ဂလာရှိ ကြ ၏ ။
[12] ဝမ်းမြောက် ရွှင်မြူး ကြ လော့ ။ အကြောင်းမူကား ကောင်းကင် ဘုံ ၌ သင် တို့ ၏ ဆုလာဘ် သည် ကြီးမား လှ ပေ ၏ ။ သူ တို့ သည် သင် တို့ ရှေ့ က ပရောဖက် များ ကို လည်း ထိုနည်းတူ ညှဉ်းဆဲ ခဲ့ ကြ ၏ ။
[13] သင် တို့ သည် ကမ္ဘာ မြေ ၏ ဆား ဖြစ် ကြ ၏ ။ သို့သော် ဆား သည် အငန် ဓာတ် ကင်းမဲ့ သွား လျှင် ၎င်း ကို မည်ကဲ့သို့ ပြန်၍ ငန် စေ မည်နည်း ။ မည်သည့် အရာ အတွက် မျှ အသုံး မ ဝင် တော့ သဖြင့် အပြင် သို့ ပစ် လိုက် ၍ လူ တို့ ၏ နင်းခြေ ခြင်း ခံရ ရုံသာ ရှိ ပေ တော့ မည် ။
[14] သင် တို့ သည် လောက ၏ အလင်း ဖြစ် ကြ ၏ ။ တောင် ပေါ်၌ တည် ရှိ သော မြို့ ကို ကွယ်ဝှက် ၍ မ ရ နိုင် ။
[15] ဆီမီး ကို ထွန်း ၍ တောင်း အောက်၌ ထား လေ့ မ ရှိ ။ ဆီမီးခုံ ပေါ်၌ သာ ထား ကြ သဖြင့် ၎င်း သည် အိမ် ၌ ရှိ သော သူ အပေါင်း တို့ ကို ထွန်းလင်း ပေး ၏ ။
[16] ထိုနည်းတူ လူ တို့ သည် သင် တို့ ၏ ကောင်း သော အကျင့် များ ကို မြင် ၍ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ အဖ ၏ ဘုန်း တော် ကို ချီးမွမ်း ကြ မည့် အကြောင်း သင် တို့ ၏ အလင်း ကို သူ တို့ ရှေ့၌ ထွန်းလင်း စေ ကြ လော့ ။
[17] ပညတ် တရား ကျမ်း နှင့် ပရောဖက် ကျမ်း များ ကို ပယ်ဖျက် ရန် ငါ လာ သည် ဟု မ ထင် ကြ နှင့် ။ ပယ်ဖျက် ရန် မ ဟုတ် ဘဲ ပြည့်စုံ စေရန် သာ ငါ လာ ၏ ။
[18] သင် တို့ အား ငါ အမှန် ဆို သည် ကား ကောင်းကင် နှင့် မြေကြီး မ ကွယ်ပျောက် မီ တိုင်အောင် ၊ အရာ အားလုံး မ ပြည့်စုံ မချင်း ပညတ် တရား ကျမ်း ထဲမှ အသေးဆုံး အက္ခရာ ၊ သို့မဟုတ် ဗိန္ဒု တစ် လုံး မျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။
[19] ထို့ကြောင့် ဤ ပညတ် ချက် များ ထဲမှ အသေးငယ်ဆုံး တစ် ခု ကို ဖောက်ဖျက် ၍ သူတစ်ပါး ကို လည်း ထိုနည်းတူ သွန်သင် သော သူ သည် ကောင်းကင် နိုင်ငံ တော် ၌ အငယ်ဆုံး သော သူ ဟု အခေါ် ခံရ လိမ့်မည် ။ သို့သော် ၎င်း ကို ကျင့်သုံး ၍ သွန်သင် သော သူ သည် ကောင်းကင် နိုင်ငံ တော် ၌ ကြီးမြတ် သော သူ ဟု အခေါ် ခံရ လိမ့်မည် ။
[20] အမှန်စင်စစ် သင် တို့ ၏ ဖြောင့်မတ် ခြင်း သည် ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ထက် မ သာ လျှင် သင် တို့ သည် ကောင်းကင် နိုင်ငံ တော် သို့ မည်သည့်အခါမျှ ဝင် ရ လိမ့်မည် မ ဟုတ် ဟု သင် တို့ အား ငါ ဆို ၏ ။
[21] ‘ လူ မ သတ် ရ ။ မည်သူမဆို လူ သတ် လျှင် အပြစ် စီရင် ခြင်း ကို ခံထိုက် ပေ ၏ ’ ဟု ရှေး လူ တို့ အား ပြော ထား သည် ကို သင် တို့ ကြား ခဲ့ ရ ၏ ။
[22] သို့သော် သင် တို့ အား ငါ ဆို သည် ကား မိမိ ညီအစ်ကို အပေါ် အမျက်ထွက် သော သူ တိုင်း သည် အပြစ် စီရင် ခြင်း ကို ခံထိုက် ၏ ။ မိမိ ညီအစ်ကို အား ‘ အလကား လူ ’ ဟု ပြော သော သူ သည် တရား လွှတ်တော် လက် သို့ အပ်နှံ ခြင်း ခံထိုက် ၍ ‘ လူမိုက် ’ ဟု ပြော သော သူ သည် ငရဲ မီး ဒဏ် ကို ခံထိုက် ၏ ။
[23] ထို့ကြောင့် ယဇ်ပလ္လင် ၌ သင် ၏ ပူဇော်သက္ကာ ကို ဆက်သ မည် ပြု စဉ် သင် ၏ ညီအစ်ကို သည် သင့် အား အပြစ်တင် စရာ တစ်စုံတစ်ခု ရှိ ကြောင်း သင် သတိရ လျှင်
[24] သင် ၏ ပူဇော်သက္ကာ ကို ယဇ်ပလ္လင် ရှေ့ တွင် ထားခဲ့ ပြီး သင် ၏ ညီအစ်ကို ထံသို့ ဦးစွာ သွား ၍ သူ နှင့် ပြန်လည် သင့်မြတ် အောင် ပြု လော့ ။ ထို့နောက်မှ ပြန်လာ ၍ သင် ၏ ပူဇော်သက္ကာ ကို ဆက်သ လော့ ။
[25] သင် သည် သင့် ကို တရားစွဲဆို သူ နှင့်အတူ လမ်း ၌ ရှိ စဉ် သူ နှင့် သင့်မြတ် အောင် အလျင်အမြန် ပြု လော့ ။ သို့မဟုတ် ပါက ထို တရားစွဲဆို သူ သည် သင့် ကို တရားသူကြီး ထံ အပ် ၍ တရားသူကြီး သည် အစောင့် တပ်သား ထံ အပ် သဖြင့် သင် သည် ထောင် ထဲ၌ ထည့် ထား ခြင်း ခံရ လိမ့်မည် ။
[26] သင့် အား ငါ အမှန် ဆို မည် ။ နောက်ဆုံး ကွတ်ရန်တေး တစ် ပြား ကို သင် ပြန်၍ မ ဆပ် မချင်း ထို နေရာ မှ လုံးဝ ထွက် ရ မည် မ ဟုတ် ။
[27] ‘ အိမ်ထောင်ရေး ဖောက်ပြန် မှု ကို မ ကျူးလွန် ရ ’ ဟု ပြော ထား သည် ကို သင် တို့ ကြား ရ ၏ ။
[28] သို့သော် သင် တို့ အား ငါ ဆို သည် ကား အမျိုးသမီး တစ် ယောက် ကို ကိလေသာ စိတ် နှင့် ကြည့် သော သူ တိုင်း သည် သူ ၏ စိတ်နှလုံး ထဲ၌ ထို အမျိုးသမီး နှင့် ပြစ်မှား လေ ပြီ ။
[29] သင် ၏ လက်ယာ မျက်စိ သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ထုတ် ၍ လွှင့်ပစ် လော့ ။ အကြောင်းမူကား သင် ၏ ကိုယ်အင်္ဂါ တစ် ခု ဆုံးရှုံး သွား သော်လည်း သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး ငရဲ ထဲသို့ ပစ်ချ ခြင်း မ ခံရ ပါက သင့် အတွက် သာ၍ ကောင်း ၏ ။
[30] သင် ၏ လက်ယာ လက် သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ဖြတ် ၍ လွှင့်ပစ် လော့ ။ အကြောင်းမူကား သင် ၏ ကိုယ်အင်္ဂါ တစ် ခု ဆုံးရှုံး သွား သော်လည်း သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး ငရဲ သို့ မ လား ရ ပါက သင့် အတွက် သာ၍ ကောင်း ၏ ။
[31] ‘ မိမိ မယား ကို ကွာရှင်း သော သူ သည် ထို မယား အား ဖြတ်စာ ကို ပေး စေ ’ ဟု လည်း ပြော ထား ၏ ။
[32] သို့သော် သင် တို့ အား ငါ ဆို သည် ကား တရားနှင့်မညီ မေထုန်ပြု ခြင်း အကြောင်း မှလွဲ၍ မိမိ မယား ကို ကွာရှင်း သော သူ တိုင်း သည် ထို မယား အား အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် စေ ၏ ။ ကွာရှင်း ထား သော မိန်းမ နှင့် ထိမ်းမြား စုံဖက် သော သူ သည် လည်း အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ၏ ။
[33] တစ်ဖန် ‘ မမှန် မကန် တိုင်တည် ပြောဆို ခြင်း မ ပြု ဘဲ သင် ပြု ထား သော ကတိ သစ္စာ များ ကို ထာဝရ ဘုရား ရှေ့ တော် ၌ စောင့်ထိန်း ရ မည် ’ ဟု ရှေး လူ တို့ အား ပြော ထား သည် ကို သင် တို့ ကြား ရ ၏ ။
[34] သို့သော် သင် တို့ အား ငါ ဆို မည် ။ တိုင်တည် ပြောဆို ခြင်း ကို လုံးဝ မ ပြု ရ ။ ကောင်းကင် ကို တိုင်တည် ၍ မ ပြောဆို ရ ။ အကြောင်းမူကား ၎င်း သည် ဘုရားသခင် ၏ ပလ္လင် တော် ဖြစ် ၏ ။
[35] မြေကြီး ကို တိုင်တည် ၍ မ ပြောဆို ရ ။ အကြောင်းမူကား ၎င်း သည် ကိုယ်တော် ၏ ခြေ တင် ခုံ ဖြစ် ၏ ။ ဂျေရုဆလင် မြို့ ကို တိုင်တည် ၍ မ ပြောဆို ရ ။ အကြောင်းမူကား ၎င်း သည် ကြီးမြတ် သော ဘုရင် ၏ မြို့ တော် ဖြစ် ၏ ။
[36] သင် ၏ ဦးခေါင်း ကို တိုင်တည် ၍ မ ပြောဆို ရ ။ အကြောင်းမူကား သင် သည် ဆံပင် တစ် ပင် ကို မျှ ဖြူ အောင် ၊ သို့မဟုတ် မည်း အောင် မ လုပ် နိုင် ။
[37] သို့ဖြစ်၍ သင် တို့ သည် ဟုတ် သည် ကို ‘ ဟုတ် ပါ ၏ ’ မ ဟုတ် သည် ကို ‘ မ ဟုတ် ပါ ’ ဟူ၍ သာ ပြောဆို ကြ လော့ ။ ၎င်း တို့ ထက် ပို သော စကား သည် မကောင်း သော အရာ နှင့်စပ်ဆိုင် ၏ ။
[38] ‘ မျက်စိ အစား မျက်စိ ၊ သွား အစား သွား ’ ဟု ပြော ထား သည် ကို သင် တို့ ကြား ရ ၏ ။
[39] သို့သော် သင် တို့ အား ငါ ဆို မည် ။ မကောင်း သော သူ ကို အတိုက်အခံ မ ပြု ကြ နှင့် ။ သင် ၏ ယာ ဘက် ပါး ကို ရိုက် သော သူ အား နောက် တစ်ဖက် ကို လည်း လှည့် ပေး ဦး လော့ ။
[40] သင့် ကို တရားစွဲ ၍ သင် ၏ အင်္ကျီ ကို ယူ လို သော သူ အား ဝတ်ရုံ ကို လည်း ယူ ခွင့်ပေး လော့ ။
[41] သင့် ကို ခရီး တစ် မိုင် အတင်းအကျပ် သွား စေ သော သူ ရှိ လျှင် ထို သူ နှင့်အတူ နှစ် မိုင် သွား လော့ ။
[42] သင့် ထံ တောင်း သော သူ အား ပေးကမ်း လော့ ။ သင့် ထံမှ ချေးငှား လို သော သူ ကို လည်း မ ငြင်းပယ် နှင့် ။
[43] ‘ သင့် ဝန်းကျင် ၌ ရှိ သော သူ ကို ချစ် ၍ သင် ၏ ရန်သူ ကို မုန်း ရ မည် ’ ဟု ဆို ထား သည် ကို သင် တို့ ကြား ရ ၏ ။
[44] သို့သော် သင် တို့ အား ငါ ဆို မည် ။ သင် တို့ ၏ ရန်သူ များ ကို ချစ် ၍ သင် တို့ ကို ညှဉ်းဆဲ သော သူ တို့ အတွက် ဆုတောင်း ပေး ကြ လော့ ။
[45] သို့မှသာ သင် တို့ သည် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ အဖ ၏ သား များ ဖြစ် ကြ လိမ့်မည် ။ အကြောင်းမူကား ကိုယ်တော် သည် မကောင်း သော သူ များ နှင့် ကောင်း သော သူ များ အပေါ် မိမိ ၏ နေ ကို ထွက် စေ တော်မူ ၍ ဖြောင့်မတ် သော သူ များ နှင့် မ ဖြောင့်မတ် သော သူ များ အပေါ် မိုး ရွာ စေ တော်မူ ၏ ။
[46] သင် တို့ သည် သင် တို့ ကို ချစ် သော သူ တို့ အား ချစ် လျှင် သင် တို့ ၌ မည်သည့် အကျိုးကျေးဇူး ရှိ သနည်း ။ အခွန် ကောက်ခံ သူ တို့ ပင်လျှင် ထိုနည်းတူ ပြု ကြ သည် မ ဟုတ် လော ။
[47] ထို့ပြင် သင် တို့ သည် သင် တို့ ၏ ညီအစ်ကို များ ကို သာ နှုတ်ဆက် လျှင် မည်သည့် သာလွန် ထူးခြား မှု ကို ပြု ကြ သနည်း ။ သာသနာပ လူမျိုးခြား တို့ ပင်လျှင် ထိုသို့ ပြု ကြ သည် မ ဟုတ် လော ။
[48] သို့ဖြစ်၍ ကောင်းကင်ဘုံ ရှင် သင် တို့ အဖ သည် စုံလင် တော်မူ သည့် နည်းတူ သင် တို့ သည် လည်း စုံလင် ခြင်း ရှိ ကြ ရ မည် ။