Skip to content
Opens in a new window
Listen to this chapter • 6:55

[1] ယေရှု​သည် တောင်​ပေါ်မှ ကြွဆင်း​လာ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

[2] ထိုအခါ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။

[3] ကိုယ်တော် ​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ ငါ အလိုရှိ ၏ ။ စင်ကြယ် ခြင်း သို့ ရောက် စေ ” ​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် အနာကြီး​ရောဂါ​ပျောက်ကင်း​၍ စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

[4] ထိုအခါ ယေရှု​က“ မည်သူ့ ကို မျှ မ ပြော ရန် သတိပြု လော့ ။ ယဇ်ပုရောဟိတ် ထံသို့ သာ သွား ၍ သင့်ကိုယ်သင် ပြ ပြီးလျှင် လူ တို့ ရှေ့၌ သက်သေ ဖြစ် စေရန် မောရှေ ပညတ် ခဲ့ သည့် အတိုင်း ပူဇော်သက္ကာ ကို ဆက်သ လော့ ” ​ဟု ထို​သူ​အား မိန့်​တော်မူ​၏။

[5] ထို့နောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​လျှင် တပ်မှူး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍

[6] “သခင်​ဘုရား၊ အကျွန်ုပ်​၏​ငယ်သား​တစ်​ယောက်​သည် လေဖြတ်​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​လျက် အိမ်​၌​လဲလျောင်း​နေ​ရ​ပါ​၏”​ဟု တောင်းပန်​လျှောက်​ထား​လေ​၏။

[7] ယေရှု​က​လည်း“ ငါ လာ ၍ သူ့ ကို ကျန်းမာ စေ မည် ” ​ဟု မိန့်​တော်မူ​သော်

[8] တပ်မှူး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံထိုက်​ပါ။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။

[9] ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​လေ​၏။

[10] ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် အံ့ဩ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​အား“ သင် တို့ ကို ငါ အမှန် ဆို မည် ။ ဤမျှလောက် ကြီးမား သော ယုံကြည် ခြင်း ရှိ သော သူ တစ်စုံ တစ်ဦး ကို မျှ အစ္စရေး လူမျိုး ထဲ၌ ငါ မ တွေ့ ဖူး ချေ ။

[11] သင် တို့ အား ငါ ဆို သည် ကား များစွာ သော လူ တို့ သည် အရှေ့ အရပ် နှင့် အနောက် အရပ် တို့ မှ လာ ၍ ကောင်းကင် နိုင်ငံ တော် ၌ အာဗြဟံ ၊ ဣဇက် ၊ ယာကုပ် တို့ နှင့်အတူ စားသောက်ပွဲ ၌ ထိုင် ​ကြ လိမ့်မည် ။

[12] နိုင်ငံ တော် ၏ သား တို့ မူကား အပြင် ဘက် အမှောင် ထဲသို့ နှင်ထုတ် ခြင်း ခံရ ကြ လိမ့်မည် ။ ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[13] ထို့နောက် ယေရှု​သည် တပ်မှူး​အား“ သွား လော့ ။ သင် ယုံကြည် သည့် အတိုင်း သင် ၌ ဖြစ် စေ ” ​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​နာရီ​၌​ပင် သူ​၏​ငယ်သား​သည် ကျန်းမာ​လာ​လေ​၏။

[14] ထို့နောက် ယေရှု​သည် ပေတရု​အိမ်​သို့​ကြွ​တော်မူ​လျှင် ပေတရု​၏​ယောက္ခမ​သည် ဖျားနာ​လျက် အိပ်ရာ​ပေါ်တွင် လဲလျောင်း​နေ​သည်​ကို တွေ့မြင်​တော်မူ​၏။

[15] ကိုယ်တော်​သည် ထို​အမျိုးသမီး​၏​လက်​ကို တို့ထိ​တော်မူ​ရာ သူ​သည် အဖျား​ပျောက်​သဖြင့် ထ​၍ ကိုယ်တော်​ကို​ဧည့်ဝတ်​ပြု​လေ​၏။

[16] ညနေချမ်း​အချိန်​ရောက်​သောအခါ လူ​တို့​သည် နတ်ဆိုး​ပူး​သူ​များစွာ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် နှင်ထုတ်​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။

[17] ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏” ​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

[18] ယေရှု​သည် မိမိ​ပတ်လည်​၌​ရှိ​သော​လူထု​ပရိသတ် ​ကို မြင်​တော်မူ​သောအခါ ပင်လယ်​တစ်ဖက်ကမ်း​သို့​ကူး​သွား​ရန် အမိန့်​ပေး​တော်မူ​၏။

[19] ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ “ဆရာ၊ ဆရာ​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။

[20] ယေရှု​က​လည်း“ မြေခွေး တို့ ၌ တွင်း ရှိ ကြ ၏ ။ မိုး ကောင်းကင် ငှက် တို့ ၌ လည်း အသိုက် ရှိ ကြ ၏ ။ လူ့ သား ၌ မူကား ခေါင်း ချ စရာ နေရာ မ ရှိ ” ​ဟု မိန့်​တော်မူ​၏။

[21] တစ်ဖန် အခြား​တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[22] ယေရှု​က​လည်း“ ငါ့ နောက် သို့ လိုက် လော့ ။ လူသေ တို့ သည် မိမိ တို့ ၏ လူသေ တို့ ကို သင်္ဂြိုဟ် ကြ ပါလေစေ ” ​ဟု မိန့်​တော်မူ​၏။

[23] ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​လျှင် တပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

[24] ထိုအခါ ပင်လယ်​ပေါ်၌ ပြင်းထန်​သော​မုန်တိုင်း​ကျရောက်​လာ​သဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လုမတတ်​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် အိပ်စက်​နေ​တော်မူ​၏။

[25] တပည့်​တော်​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်​ဘုရား၊ ကယ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။

[26] ထိုအခါ ကိုယ်တော်​က“ ယုံကြည် ခြင်း အားနည်း သော သူ တို့ ၊ အဘယ်ကြောင့် ကြောက် တတ် သနည်း ” ​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။

[27] ထို​သူ​တို့​သည် အံ့ဩ​လျက် “ဤ​သူ​ကား မည်သို့​သော​သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။

[28] ထို့နောက် ကိုယ်တော်​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါဒရ ​နယ်သား​တို့​၏​အရပ်​ဒေသ​သို့ ရောက်​တော်မူ​လျှင် နတ်ဆိုး​ပူး​သူ​နှစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အလွန်​ကြမ်းတမ်း​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သူမျှ ဖြတ်​၍​မ​သွား​နိုင်​ကြ​ချေ။

[29] ထို​သူ​တို့​က “ဘုရားသခင်​၏​သား​တော်၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အချိန်​မ​တန်​မီ အကျွန်ုပ်​တို့​အား​ညှဉ်းဆဲ​ရန် ဤ​နေရာ​သို့​ကြွလာ​တော်မူ​သလော”​ဟု အော်ဟစ်​လျှောက်ထား​ကြ​၏။

[30] သူ​တို့​နှင့်​မ​ဝေး​လှ​သော​နေရာ​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။

[31] နတ်ဆိုး​တို့​က “အကျွန်ုပ်​တို့​ကို နှင်ထုတ်​မည်​ဆိုလျှင် ဝက်​အုပ်​ထဲသို့ စေလွှတ်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​တောင်းပန်​ကြ​၏။

[32] ကိုယ်တော်​က​လည်း“ သွား ကြ လော့ ” ​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​တစ်​အုပ်​လုံး​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေ​ထဲ၌​သေဆုံး​ကြ​ကုန်​၏။

[33] ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​ထဲသို့​ဝင်​ပြီးလျှင် နတ်ဆိုး​ပူး​သူ​တို့​၏​အကြောင်း​မှစ၍ အဖြစ်အပျက်​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။

[34] ထိုအခါ ယေရှု​နှင့်​တွေ့ဆုံ​ရန် တစ်​မြို့​လုံး​ထွက်လာ​၍ ကိုယ်တော်​ကို​တွေ့မြင်​ကြ​သောအခါ မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် တောင်းပန်​ကြ​၏။

ရှင်မသ္သဲခရစ်ဝင် — Chapters