Skip to content
Opens in a new window
Listen to this chapter • 8:05

[1] ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အစ​မှာ ဤသို့​ဖြစ်​၏။

[2] “ကြည့်ရှု​လော့။ သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင် ဦးစွာ​ငါ​စေလွှတ်​မည်။”

[3] “တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့” ​ဟု ပရောဖက်​ဟေရှာယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်အညီ

[4] ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ တော​ကန္တာရ​၌ ဗတ္တိဇံ ​ပေး​ကာ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ဟောပြော​လေ​၏။

[5] ထိုအခါ ယုဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။

[6] ယောဟန်​သည် ကုလားအုပ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ကာ ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ကို​စား​လျက်​နေ​၏။

[7] ယောဟန်​က “ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။

[8] ငါ​သည် သင်​တို့​ကို ရေ​၌​ဗတ္တိဇံ​ပေး​သော်လည်း ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်” ​ဟု ဟောပြော​လေ​၏။

[9] ထို​နေ့ရက်​ကာလ​၌ ယေရှု​သည် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ​ကြွလာ​၍ ဂျော်ဒန်​မြစ်​တွင် ယောဟန်​ထံ၌ ဗတ္တိဇံ​ခံ​တော်မူ​၏။

[10] ထို့နောက် ရေ​ထဲမှ​ထွက်​လာ​သည်​နှင့် ကောင်းကင်​သည်​ပွင့်​၍ ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ မိမိ​အပေါ်သို့​ဆင်းသက်​သည်​ကို​မြင်​တော်မူ​၏။

[11] ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။

[12] ထို့နောက် ဝိညာဉ်​တော်​သည် ကိုယ်တော်​ကို တော​ကန္တာရ​သို့ ချက်ချင်း​ထုတ်ဆောင်​တော်မူ​၏။

[13] ထိုအခါ ကိုယ်တော်​သည် တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် စာတန်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ သားရဲ​တိရစ္ဆာန်​များ​နှင့်အတူ​ရှိ​တော်မူ​၍ ကောင်းကင်တမန်​များ​သည် ကိုယ်တော်​ကို​ပြုစု​ကြ​၏။

[14] ယောဟန်​အကျဉ်းချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း ​ကို ဟောပြော​လျက်

[15] “ အချိန် ပြည့်စုံ ပြီ ။ ဘုရားသခင် ၏ နိုင်ငံ တော် လည်း ပေါ်ထွန်း လုနီး ပြီ ။ နောင်တရ ၍ ကောင်းမြတ် သော သတင်း ကို ယုံကြည် ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[16] ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် ကြွ​တော်မူ​စဉ် တံငါသည်​များ​ဖြစ်​ကြ​သော ရှိမုန်​နှင့်​သူ​၏​ညီ​အန္ဒြေ​တို့​သည် ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။

[17] ယေရှု​က“ ငါ့ နောက် သို့ လိုက် ကြ လော့ ။ သင် တို့ အား လူ ကို ဖမ်း သော တံငါသည် ဖြစ် စေ မည် ” ​ဟု သူ​တို့​အား မိန့်​တော်မူ​လျှင်

[18] သူ​တို့​သည် ချက်ချင်း​ပင် ပိုက်ကွန်​များ​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

[19] တစ်ဖန် အနည်းငယ်​ဆက်၍​ကြွ​တော်မူ​ရာ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ​၏​ညီ​ယောဟန်​တို့​ကို မြင်​တော်မူ​၏။ သူ​တို့​သည် လှေ​ထဲ၌ ပိုက်ကွန်​များ​ကို​ဖာထေး​နေ​ကြ​၏။

[20] ကိုယ်တော်​သည် သူ​တို့​ကို​ချက်ချင်း​ခေါ်​တော်မူ​လျှင် သူ​တို့​သည် မိမိ​တို့​ဖခင်​ဇေဗေဒဲ​ကို လူငှား​တို့​နှင့်အတူ လှေ​ထဲ၌​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

[21] ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း ​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။

[22] ထိုအခါ လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သူ​တို့​ကို​သွန်သင်​တော်မူ​၏။

[23] ထို​အချိန်​၌​ပင် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။

[24] ထို​သူ​က “နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန် ကြွလာ​တော်မူ​သလော။ ကိုယ်တော်​မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်ဟစ်​ပြောဆို​လေ​၏။

[25] ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“ တိတ်ဆိတ် ၍ သူ့ အထဲမှ ထွက်သွား လော့ ” ​ဟု မိန့်​တော်မူ​၏။

[26] ထိုအခါ ညစ်ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီးလျှင် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် သူ့​အထဲမှ​ထွက်သွား​လေ​၏။

[27] လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​အရာ​ကား မည်သို့​နည်း။ အခွင့်​အာဏာ​ပါ​သည့် သွန်သင်​ချက်​အသစ်​ပါ​တကား။ ညစ်ညူး​သော​နတ်​များ​ကို​ပင် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်တော်​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​၏။

[28] ဤသို့ဖြင့် ကိုယ်တော်​၏​သတင်း​သည် ဂါလိလဲ​နယ်​ဝန်းကျင်​တစ်ခုလုံး​သို့ ချက်ချင်း​ပျံ့နှံ့​သွား​လေ​၏။

[29] ထို့နောက် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​၍ ယာကုပ်၊ ယောဟန်​တို့​နှင့်အတူ ရှိမုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့ ချက်ချင်း​သွား​ကြ​၏။

[30] ရှိမုန်​၏​ယောက္ခမ​သည် ဖျားနာ​လျက် လဲလျောင်း​နေ​သဖြင့် လူ​တို့​သည် သူ့​အကြောင်း​ကို ကိုယ်တော်​အား မဆိုင်းမတွ​လျှောက်ထား​ကြ​၏။

[31] ကိုယ်တော်​သည်​ချဉ်းကပ်​၍ ထို​အမျိုးသမီး​၏​လက်​ကို​ကိုင်​လျက် ထူမ​တော်မူ​ရာ သူ​သည်​အဖျား​ပျောက်​သဖြင့် သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။

[32] ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ

[33] တစ်မြို့လုံး​သည် အိမ်​တံခါးဝ​တွင် စုဝေး​လာ​ကြ​၏။

[34] ထိုအခါ ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​များစွာ​တို့​ကို ကိုယ်တော်​သည်​ကျန်းမာ​စေ​တော်မူ​ပြီး နတ်ဆိုး​များစွာ​တို့​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​တို့​သည် ကိုယ်တော်​ကို​သိ​ကြ​သောကြောင့် ကိုယ်တော်​သည်​သူ​တို့​အား​စကားပြော​ခွင့်​ပေး​တော်​မ​မူ။

[35] နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ​ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။

[36] ထိုအခါ ရှိမုန်​နှင့်​သူ​၏​အပေါင်းအဖော်​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​၍

[37] ကိုယ်တော်​ကို​တွေ့​လျှင် “လူ​အားလုံး​သည် ကိုယ်တော်​ကို လိုက်ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

[38] ကိုယ်တော်​က​လည်း“ အနီးအနား ရှိ အခြား သော မြို့ ရွာ များ တွင် လည်း ငါ ဟောပြော နိုင် ရန် ထို မြို့ ရွာ များ သို့ ငါ တို့ သွား ကြ စို့ ။ အကြောင်းမူကား ငါ သည် ဤ အတွက် လာ ၏ ” ​ဟု မိန့်​တော်မူ​၏။

[39] ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်ဝန်းလုံး​သို့​ကြွ​တော်မူ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက် နတ်ဆိုး​များ​ကို နှင်ထုတ်​တော်မူ​၏။

[40] အနာကြီး​ရောဂါသည်​တစ်​ဦး​သည် အထံ​တော်​သို့​လာ​၍ ဒူးထောက်​လျက် “ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လျှောက်ထား​လေ​၏။

[41] ကိုယ်တော် ​သည် ကြင်နာ​စိတ်​ရှိ​တော်မူ​သဖြင့် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ ငါ အလိုရှိ ၏ ။ စင်ကြယ် ခြင်း သို့ ရောက် စေ ” ​ဟု မိန့်​တော်မူ​၏။

[42] ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည်​ပျောက်ကင်း​သွား​၍ သူ​သည် စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

[43] ကိုယ်တော်​က​လည်း“ မည်သူ့ ကို မ ဆို မည်သည့် အရာ မျှ မ ပြော ရန် သတိပြု လော့ ။ ယဇ်ပုရောဟိတ် ထံသို့ သာ သွား ၍ သင့်ကိုယ်သင် ပြ ပြီးလျှင် လူ တို့ ရှေ့ ၌ သက်သေ ဖြစ် စေရန် မောရှေ ပညတ် ခဲ့ သည့် အတိုင်း သင် ၏ စင်ကြယ် ခြင်း ဝတ် အတွက် ပူဇော်သက္ကာ ကို ဆက်သ လော့ ” ​ဟု တင်းကျပ်​စွာ​မှာကြား​လျက် ​သူ့​ကို​ချက်ချင်း​ပြန်သွား​စေ​တော်မူ​၏။

[45] သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။

ရှင်မာကုခရစ်ဝင် — Chapters