Skip to content
Opens in a new window
Listen to this chapter • 11:31

[1] ထို​နေ့​၌​ပင် ယေရှု​သည် အိမ်​မှ​ထွက်​၍ ပင်လယ်​ကမ်းနား​တွင် ထိုင်​တော်မူ​လျှင်

[2] များစွာ​သော​လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ကမ်း​ပေါ်တွင် ရပ်​နေ​ကြ​၏။

[3] ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အရာ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ နားထောင် ကြ လော့ ။ မျိုးကြဲ သော သူ သည် မျိုးကြဲ ရန် ထွက်သွား လေ ၏ ။

[4] ထို သူ မျိုးကြဲ စဉ် တွင် အချို့ သော မျိုးစေ့ တို့ သည် လမ်း ဘေး တွင် ကျ သဖြင့် ငှက် တို့ သည် လာ ၍ ၎င်း တို့ ကို ကောက်စား ကြ ၏ ။

[5] အချို့ တို့ မူကား မြေ နည်း ၍ ကျောက် ပေါ သော နေရာ တွင် ကျ သဖြင့် မြေသား ပါး သောကြောင့် ချက်ချင်း အပင် ပေါက်လာ ၏ ။

[6] သို့သော် နေ ထွက်လာ ၍ နေလောင် ဒဏ် ခံရ သောအခါ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ခြောက်သွေ့ သွား လေ ၏ ။

[7] အချို့ တို့ မူကား ဆူးပင် တို့ တွင် ကျ သဖြင့် ဆူးပင် တို့ ကြီးထွား လာ ၍ ၎င်း တို့ ကို ကာဆီး ပိတ်ဆို့ ကြ ၏ ။

[8] အချို့ တို့ မူကား ကောင်း သော မြေ ၌ ကျ သဖြင့် အချို့ သည် အဆ တစ်ရာ ၊ အချို့ သည် အဆ ခြောက်ဆယ် ၊ အချို့ သည် အဆ သုံးဆယ် အသီး သီး လေ ၏ ။

[9] နား ​ရှိ သော သူ သည် ကြား ပါစေ ” ​ဟု မိန့်​တော်မူ​၏။

[10] ထို့နောက် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ “ကိုယ်တော်​သည် အဘယ်ကြောင့် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။

[11] ကိုယ်တော်​က​လည်း“ သင် တို့ အား ကောင်းကင် နိုင်ငံ တော် ၏ လျှို့ဝှက် နက်နဲ သော အရာ များ ကို သိ ခွင့် ပေး ထား သော်လည်း သူ တို့ ကို မူကား သိ ခွင့် မ ပေး ထား သောကြောင့် ဖြစ် ၏ ။

[12] အကြောင်းမှာ ရှိ သော သူ အား ထပ်၍ ပေး သဖြင့် သူ သည် ကြွယ်ဝ ပြည့်စုံ လိမ့်မည် ။ မ ရှိ သော သူ ထံမှ မူကား သူ ၌ ရှိ သော အရာ ကို ပင် သိမ်းယူ လိမ့်မည် ။

[13] ဤ အကြောင်း ကြောင့် ငါ သည် သူ တို့ အား ပုံ ဥပမာ များ ဖြင့် မြွက်ဆို ရ ၏ ။ အဘယ်ကြောင့် ဆိုသော် သူ တို့ သည် မြင် လျက် ပင် မ မြင် ၊ ကြား လျက် ပင် မ ကြား ၊ နား လည်း မ လည် ကြ သောကြောင့် ဖြစ် ၏ ။

[14] ဤသို့ဖြင့် ဟေရှာယ ၏ ပရောဖက်ပြု ဟောပြော ချက် သည် သူ တို့ ၌ ပြည့်စုံ ခြင်း သို့ ရောက် လေ ၏ ။ ဟောပြော ချက် ကား ‘ သင် တို့ သည် ကြား လျက် ပင် လုံးဝ နား မ လည် ဘဲ ကြား ကြ လိမ့်မည် ။ မြင် လျက် ပင် လုံးဝ သတိ မ မူ ဘဲ မြင် ကြ လိမ့်မည် ။

[15] အကြောင်းမူကား ဤ လူ တို့ ၏ စိတ်နှလုံး သည် ထုံထိုင်း လျက် ၊ နား သည် လည်း လေး လျက် ၊ မျက်စိ သည် လည်း ပိတ် လျက် ရှိ ကြ ၏ ။ သို့မဟုတ် လျှင် သူ တို့ သည် မျက်စိ ဖြင့် မြင် လျက် နား ဖြင့် ကြား လျက် စိတ်နှလုံး ဖြင့် နားလည် ကာ ပြောင်းလဲ ကြ သဖြင့် ငါ သည် သူ တို့ ကို ကျန်းမာ စေ ရ မည် ’ ​ဟူ၍ ဖြစ် ၏ ။

[16] သို့သော် သင် တို့ ၏ မျက်စိ သည် မြင် ၍ သင် တို့ ၏ နား သည် လည်း ကြား သောကြောင့် မင်္ဂလာရှိ ၏ ။

[17] သင် တို့ အား ငါ အမှန် ဆို သည် ကား များစွာ သော ပရောဖက် တို့ နှင့် ဖြောင့်မတ် သော သူ တို့ သည် သင် တို့ မြင် နေ ရ သော အရာ တို့ ကို မြင် ရ ရန် အလွန် အလိုရှိ သော်လည်း မ မြင် ခဲ့ ရ ကြ ပေ ။ သင် တို့ ကြား နေ ရ သော အရာ တို့ ကို ကြား ရ ရန် အလွန် အလို ရှိ သော်လည်း မ ကြား ခဲ့ ရ ကြ ပေ ။

[18] ထို့ကြောင့် မျိုးကြဲ သော သူ ၏ ပုံ ဥပမာ ကို သင် တို့ နားထောင် ကြ လော့ ။

[19] မည်သူမဆို နိုင်ငံ တော် နှင့်ဆိုင်သော တရား စကား ကို ကြား ၍ နား မ လည် ဘဲ နေ လျှင် မာရ်နတ် သည် လာ ၍ သူ ၏ စိတ်နှလုံး ထဲ၌ ကြဲ ထား သော အရာ ကို လုယူ လေ ၏ ။ လမ်း ဘေး တွင် ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ ထိုသို့သော သူ ကို ဆို လို ၏ ။

[20] ကျောက် ပေါများ သော နေရာ တွင် ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ တရား စကား ကို ကြား ၍ ဝမ်းမြောက် စွာ ဖြင့် ချက်ချင်း လက်ခံ သော သူ ကို ဆို လို ၏ ။

[21] သို့သော် သူ ၌ အမြစ် မ စွဲ သဖြင့် ခဏ သာ ခံ ၏ ။ တရား စကား ကြောင့် ဆင်းရဲ ဒုက္ခ ၊ သို့မဟုတ် ညှဉ်းဆဲ ခြင်း ရောက်လာ သောအခါ ချက်ချင်း စိတ်ပျက် သွား လေ ၏ ။

[22] ဆူးပင် တို့ တွင် ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ တရား စကား ကို ကြား သော်လည်း လောကီရေးရာ ၌ စိုးရိမ် ပူပန် ခြင်း နှင့် စည်းစိမ် ၏ လှည့်ဖြား ခြင်း တို့ က တရား စကား ကို ကာဆီး ပိတ်ဆို့ သဖြင့် အသီး မ သီး သော သူ ကို ဆို လို ၏ ။

[23] ကောင်း သော မြေ ပေါ်၌ ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ တရား စကား ကို ကြား ၍ နားလည် သော သူ ကို ဆို လို ၏ ။ ထိုသို့သော သူ သည် အမှန်ပင် အသီး သီး ၍ အချို့ သည် အဆ တစ်ရာ ၊ အချို့ သည် အဆ ခြောက်ဆယ် ၊ အချို့ သည် အဆ သုံးဆယ် သီး လေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[24] ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ ကောင်းကင် နိုင်ငံ တော် သည် ကောင်း သော မျိုးစေ့ ကို မိမိ စိုက်ခင်း ၌ ကြဲ သော သူ နှင့် တူ ၏ ။

[25] သို့သော် လူ တို့ အိပ်ပျော် နေ ကြ စဉ် သူ ၏ ရန်သူ သည် လာ ၍ ဂျုံ မျိုးစေ့ ကြား တွင် မြက်သီး မျိုးစေ့ များ ကို ကြဲ ပြီး ထွက်သွား လေ ၏ ။

[26] အပင် ပေါက် ၍ အနှံ ထွက်လာ သောအခါ မြက်သီး ပင် များ လည်း ထင်ရှား လာ ကြ ၏ ။

[27] ထိုအခါ စိုက်ခင်း ပိုင်ရှင် ၏ အစေအပါး တို့ သည် လာ ၍ ‘ သခင် ၊ သခင် ၏ စိုက်ခင်း ၌ ကောင်း သော မျိုးစေ့ ကို ကြဲ ခဲ့ သည် မ ဟုတ် လော ။ သို့ဖြစ်လျှင် မြက်သီး ပင် များ သည် အဘယ်က ပေါက်လာ သနည်း ’ ဟု မေးမြန်း ကြ ၏ ။

[28] စိုက်ခင်း ပိုင်ရှင် က လည်း ‘ ဤသည်ကား ရန်သူ ၏ လုပ်ရပ် ဖြစ် ၏ ’ ဟု ဆို ၏ ။ ထိုအခါ အစေအပါး တို့ က ‘ ထိုသို့ဆိုလျှင် အကျွန်ုပ် တို့ သွား ၍ မြက်သီး ပင် တို့ ကို နုတ်ယူ ရ မည်လော ’ ဟု မေးလျှောက် ကြ ၏ ။

[29] သို့သော် စိုက်ခင်း ပိုင်ရှင် က ‘ ထိုသို့ မ ပြု နှင့် ။ မြက်သီး ပင် များ ကို နုတ်ယူ စဉ် ဂျုံ ပင် ကို ရောနှော ၍ အမြစ် ပါ မကျန် ဆွဲနုတ် မိ မည် ကို စိုးရိမ် ရ ၏ ။

[30] ရိတ်သိမ်း ချိန် တိုင်အောင် နှစ်မျိုးစလုံး အတူ ကြီးထွား ကြ ပါစေ ။ ရိတ်သိမ်း ချိန် ၌ ရိတ်သိမ်း သော သူ တို့ အား ‘ မြက်သီး ပင် များ ကို ဦးစွာ နုတ်ယူ ၍ ၎င်း တို့ ကို မီးရှို့ ရန် အစည်း လိုက် ချည် ထား ကြ လော့ ။ ဂျုံ ဆန် ကို မူကား ငါ ၏ ကျီ ထဲ၌ စုသိမ်း ထား ကြ လော့ ’ ဟု ငါ ပြော မည် ဟု ဆို လေ ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

[31] ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ ကောင်းကင် နိုင်ငံ တော် သည် မုန်ညင်းနက် စေ့ နှင့် တူ ၏ ။ လူ တစ် ဦး သည် ထို အစေ့ ကို ယူ ၍ မိမိ ၏ စိုက်ခင်း ၌ ကြဲ သောအခါ

[32] ၎င်း သည် အစေ့ တကာ တို့ ထက် သေးငယ် ၏ ။ သို့သော် ကြီးထွား လာ သောအခါ တွင် မူ အခြား ဟင်းသီးဟင်းရွက် ပင် တို့ ထက် ကြီး ၍ ၎င်း ၏ အကိုင်း များ တွင် မိုး ကောင်းကင် ငှက် တို့ သည် လာ ၍ အသိုက်ဖွဲ့ နေ နိုင် လောက် သော အပင် ဖြစ်လာ ၏ ” ​ဟု မိန့်​တော်မူ​၏။

[33] အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ ကောင်းကင် နိုင်ငံ တော် သည် တဆေး နှင့် တူ ၏ ။ အမျိုးသမီး တစ် ဦး သည် ၎င်း ကို ယူ ၍ ဂျုံမှုန့် သုံး စိတ် ​ထဲတွင် ထည့် လိုက် သော် မုန့်ညက် တစ်ပုံလုံး ကို ဖောင်းပွ စေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[34] ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။

[35] ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်” ​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

[36] ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

[37] ထိုအခါ ကိုယ်တော်​က“ ကောင်း သော မျိုးစေ့ ကို ကြဲ သော သူ သည် လူ့သား ဖြစ် ပြီး

[38] စိုက်ခင်း သည် ဤ လောက ဖြစ် ၏ ။ ကောင်း သော မျိုးစေ့ သည် နိုင်ငံ တော် ၏ သား များ ဖြစ် ကြ ၏ ။ မြက်သီး ပင် များ မူကား မာရ်နတ် ၏ သား များ ဖြစ် ကြ ၏ ။

[39] မြက်သီး မျိုးစေ့ များ ကို ကြဲ သော ရန်သူ သည် မာရ်နတ် ဖြစ် ၏ ။ ရိတ်သိမ်း ချိန် မူကား ကပ်ကမ္ဘာ ကုန်ဆုံး ချိန် ဖြစ် ၍ ရိတ်သိမ်း သော သူ တို့ သည် ကောင်းကင်တမန် များ ဖြစ် ကြ ၏ ။

[40] သို့ဖြစ်၍ မြက်သီး ပင် များ ကို နုတ်ယူ ၍ မီး ရှို့ သကဲ့သို့ ကပ်ကမ္ဘာ ကုန်ဆုံး ချိန် ၌ လည်း ထိုနည်းတူ ဖြစ် လိမ့်မည် ။

[41] လူ့သား သည် မိမိ ၏ ကောင်းကင်တမန် များ ကို စေလွှတ် သဖြင့် သူ တို့ သည် မှားယွင်း စေ သော အရာ များ နှင့် တရားမဲ့ သော အမှု ကို ပြု သော သူ များ အားလုံး တို့ ကို နိုင်ငံ တော် မှ နုတ်ယူ ပြီးလျှင်

[42] မီးပြင်းဖို ထဲသို့ ပစ်ချ ကြ လိမ့်မည် ။ ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ လိမ့်မည် ။

[43] ထိုအခါ ဖြောင့်မတ် သော သူ တို့ သည် သူ တို့ အဖ ၏ နိုင်ငံ တော် ၌ နေ ကဲ့သို့ ထွန်းလင်း ကြ လိမ့်မည် ။ နား ​ရှိ သော သူ သည် ကြား ပါစေ ။

[44] ကောင်းကင် နိုင်ငံ တော် သည် လယ် ၌ ဝှက် ထား သော ဥစ္စာ ဘဏ္ဍာ နှင့် တူ ၏ ။ လူ တစ် ဦး သည် ၎င်း ကို တွေ့ သောအခါ ပြန်လည် ဝှက် ထား ပြီးလျှင် ဝမ်းမြောက် စွာ ဖြင့် သွား ၍ သူ ၌ ရှိ သော အရာ အားလုံး ကို ရောင်း လျက် ထို လယ် ကို ဝယ် လေ ၏ ။

[45] တစ်ဖန် ကောင်းကင် နိုင်ငံ တော် သည် ကောင်း သော ပုလဲ ကို ရှာဖွေ နေ သော ကုန်သည် နှင့် တူ ၏ ။

[46] သူ သည် အလွန် အဖိုးတန် သော ပုလဲ တစ် လုံး ကို တွေ့ သောအခါ သွား ၍ သူ ၌ ရှိ သမျှ တို့ ကို ရောင်း ပြီးလျှင် ထို ပုလဲ ကို ဝယ် လေ ၏ ။

[47] တစ်ဖန် ကောင်းကင် နိုင်ငံ တော် သည် ပင်လယ် ထဲ၌ ချ ၍ ငါး အမျိုးစုံ ကို ဖမ်းမိ သော ပိုက်ကွန် နှင့် တူ ၏ ။

[48] ငါး နှင့် ပြည့် သောအခါ ထို ပိုက်ကွန် ကို ကမ်း ပေါ်သို့ ဆွဲတင် ကာ ထိုင် လျက် ကောင်း သော ငါး များ ကို ခြင်းတောင်း ထဲသို့ ခွဲထည့် ၍ မကောင်း သော ငါး များ ကို အပြင် သို့ ပစ် လိုက် ကြ ၏ ။

[49] ကပ်ကမ္ဘာ ကုန်ဆုံး ချိန် ၌ ထိုနည်းတူ ဖြစ် လိမ့်မည် ။ ကောင်းကင်တမန် များ သည် လာ ၍ ဆိုးညစ် သော သူ တို့ ကို ဖြောင့်မတ် သော သူ တို့ ထဲမှ သီးခြား ခွဲထား ကာ

[50] မီးပြင်းဖို ထဲသို့ ပစ်ချ ကြ လိမ့်မည် ။ ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ လိမ့်မည် ။

[51] ဤ အရာ အားလုံး ကို သင် တို့ နားလည် ကြ သလော ” ​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က “နားလည်​ပါ​၏” ​ဟု ပြန်လျှောက်​ကြ​၏။

[52] ကိုယ်တော်​က​လည်း“ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော် ၏ တပည့် ဖြစ် လာ သော ကျမ်းပြု ဆရာ တိုင်း သည် မိမိ ၏ ဘဏ္ဍာတိုက် ထဲမှ ဥစ္စာ ဘဏ္ဍာ အသစ် နှင့် အဟောင်း တို့ ကို ထုတ်ယူ သော အိမ်ရှင် နှင့် တူ ၏ ” ​ဟု မိန့်​တော်မူ​၏။

[53] ယေရှု​သည် ဤ​ပုံ​ဥပမာ​များ​ကို မြွက်ဆို​တော်မူ​ပြီး​သောအခါ ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။

[54] ထို့နောက် ကိုယ်တော်​သည် မိမိ​၏​နေရင်း​မြို့​သို့​ကြွ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း ​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်ပညာ​နှင့်​တန်ခိုး​များ​ကို အဘယ်က​ရ​သနည်း။

[55] ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

[56] သူ​၏​နှမ​အားလုံး​သည်​လည်း ငါ​တို့​နှင့်အတူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ဤ​သူ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို အဘယ်က​ရ​သနည်း”​ဟု ပြောဆို​ကြ​ကာ

[57] ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ ပရောဖက် သည် မိမိ ၏ နေရင်း မြို့ နှင့် မိမိ ၏ အိမ် တို့ မှတစ်ပါး မည်သည့် အရပ် ၌ မျှ ဂုဏ်သရေ မဲ့ သည် ဟူ၍ မ ရှိ ” ​ဟု မိန့်​တော်မူ​၏။

[58] ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။

ရှင်မသ္သဲခရစ်ဝင် — Chapters