Skip to content
Opens in a new window
Listen to this chapter • 7:33

[1] ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍

[2] “သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။

[3] ကိုယ်တော်​က“ သင် တို့ သည် လည်း မိမိ တို့ ၏ ဓလေ့ ထုံးတမ်း အတွက် ဘုရားသခင် ၏ ပညတ် တော် ကို အဘယ်ကြောင့် ချိုးဖောက် ကြ သနည်း ။

[4] အကြောင်းမူကား ဘုရားသခင် က ‘ မိခင် နှင့် ဖခင် တို့ ကို ရိုသေ လော့ ။ မိခင် ၊ သို့မဟုတ် ဖခင် ကို ပုတ်ခတ် ပြောဆို သော သူ သည် သေဒဏ် ကျခံ စေ ’ ​ဟု မိန့် တော်မူ ခဲ့ ၏ ။

[5] သို့သော် သင် တို့ က ‘ မည်သူမဆို မိခင် ၊ သို့မဟုတ် ဖခင် အား အကျွန်ုပ် ထံမှ သင် တို့ ခံစား ထိုက် သည့် အရာ သည် လှူဖွယ်ဝတ္ထု ဖြစ် ပါ ပြီ ဟု ဆို လျှင်

[6] ထို သူ သည် မိမိ ၏ ဖခင် ကို ​ဂုဏ်ပြု စရာ မ လို ပေ ’ ဟု ပြောဆို ကြ ၏ ။ ဤသို့ဖြင့် သင် တို့ သည် မိမိ တို့ ၏ ဓလေ့ ထုံးတမ်း အတွက် ဘုရားသခင် ၏ နှုတ်ကပတ်တော် ကို ပယ်ဖျက် ကြ ၏ ။

[7] သူတော်ကောင်း ယောင်ဆောင် သော သူ တို့ ၊ သင် တို့ နှင့် ပတ်သက်၍ ဟေရှာယ က

[8] ‘ ဤ လူ တို့ သည် သူ တို့ ၏ နှုတ် ဖြင့် ငါ့ ကို ရိုသေ ​ကြ ၏ ။ သို့သော် သူ တို့ ၏ စိတ်နှလုံး သည် ငါ နှင့် ဝေး လှ ၏ ။

[9] သူ တို့ သည် လူ တို့ ၏ ပညတ်ချက် များ ကို ဩဝါဒ များ အဖြစ် သွန်သင် လျက် ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ ၏ ’ ​ဟူ၍ ပရောဖက်ပြု ဟောပြော ခဲ့ သည် မှာ မှန် လှ ပေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[10] ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို​ခေါ်​ပြီးလျှင်“ နားထောင် ၍ နားလည် ကြ လော့ ။

[11] ခံတွင်း သို့ ဝင် သော အရာ သည် လူ ကို ညစ်ညူး စေ သည် မ ဟုတ် ။ ခံတွင်း မှ ထွက်လာ သော အရာ က သာ လူ ကို ညစ်ညူး စေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[12] ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​လျက် “ဖာရိရှဲ​တို့​သည် မိန့်​တော်မူ​သော​စကား​တို့​ကို​ကြား​၍ ဘဝင်မကျ​ဖြစ်​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​သလော”​ဟု လျှောက်​ကြ​၏။

[13] ကိုယ်တော်​က​လည်း“ ကောင်းကင်ဘုံ ရှင် ငါ့ ခမည်းတော် မ စိုက် သော အပင် ရှိသမျှ သည် အမြစ် ပါ မကျန် ဆွဲနုတ် ခြင်း ခံရ လိမ့်မည် ။

[14] သူ တို့ ရှိ ကြ ပါလေစေ ။ သူ တို့ သည် မျက်မမြင် တို့ ကို လမ်းပြ သော မျက်မမြင် များ ဖြစ် ကြ ၏ ။ မျက်မမြင် သည် မျက်မမြင် ကို လမ်းပြ လျှင် နှစ်ဦးစလုံး တွင်း ထဲသို့ ကျ လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[15] ထိုအခါ ပေတရု​က “ထို​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​လျှင်

[16] ကိုယ်တော်​က“ သင် တို့ သည် လည်း ယခု တိုင်အောင် အသိတရား ကင်းမဲ့ လျက် နေ ကြ သလော ။

[17] ခံတွင်း သို့ ဝင် သမျှ သော အရာ သည် ဝမ်း ထဲသို့ ရောက် ပြီးလျှင် ရေအိမ် ထဲ စွန့် ခြင်း ခံရ သည် ကို သင် တို့ မ သိ ကြ သလော ။

[18] ခံတွင်း မှ ထွက်လာ သည့် အရာ များ မူကား စိတ်နှလုံး ထဲမှ ထွက်လာ ပြီး လူ ကို ညစ်ညူး စေ ၏ ။

[19] အကြောင်းမူကား မကောင်း သော တွေးတော ဆင်ခြင် မှု များ ၊ လူ သတ် ခြင်း ၊ အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ခြင်း ၊ တရားနှင့်မညီ မေထုန်ပြု ခြင်း ၊ ခိုးယူ ခြင်း ၊ မမှန် သော သက်သေ ထွက်ဆို ခြင်း နှင့် စော်ကား ပြောဆို ခြင်း တို့ သည် စိတ်နှလုံး ထဲမှ ထွက်လာ ကြ ၏ ။

[20] ဤ အရာ များ သည် လူ ကို ညစ်ညူး စေ ကြ ၏ ။ သို့သော် မ ဆေး ထား သော လက် ဖြင့် အစာ စား ခြင်း သည် လူ ကို ညစ်ညူး စေ သည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[21] ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၏​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။

[22] ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။

[23] သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

[24] ကိုယ်တော်​က​လည်း“ ငါ သည် အစ္စရေး အမျိုး ၏ ပျောက်ဆုံး သော သိုး များ ထံသို့ သာ စေလွှတ် ခြင်း ခံရ ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[25] သို့သော် ထို​အမျိုးသမီး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကျွန်မ​ကို​ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[26] ကိုယ်တော်​က​လည်း“ သားသမီး တို့ ၏ အစာ ​ကို ယူ ၍ ခွေးကလေး တို့ အား ချ ပေး ခြင်း သည် မ ကောင်း မ သင့် ပါ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[27] ထို​အမျိုးသမီး​က​မူ “မှန်​ပါ​၏ သခင်​ဘုရား။ သို့ရာတွင် ခွေးကလေး​များ​ပင်လျှင် သူ​တို့​သခင်​၏​စားပွဲ​မှ​ကျ​သော စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

[28] ထိုအခါ ယေရှု​က“ အို အမျိုးသမီး ၊ သင် ၏ ယုံကြည် ခြင်း သည် ကြီးမား လှ ပေ ၏ ။ သင် အလို ရှိ သည့် အတိုင်း သင် ၌ ဖြစ် စေ ” ​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။

[29] ထို့နောက် ယေရှု​သည် ထို​နေရာ​မှ ထွက်ခွာ​လျက် ဂါလိလဲ​ပင်လယ်​ကမ်းနား​သို့ ကြွ​တော်မူ​ပြီးလျှင် တောင်​ပေါ်သို့​တက်​ကာ ထို​အရပ်​၌​ထိုင်​တော်မူ​၏။

[30] ထိုအခါ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ခြေ​မသန်စွမ်း​သူ​များ၊ မျက်မမြင်​များ၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ၊ ဆွံ့အ​သူ​များ​နှင့် အခြား​ရောဂါသည်​အမြောက်အမြား​တို့​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ အထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချထား​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။

[31] လူထု​ပရိသတ်​တို့​သည် ဆွံ့အ​သူ​များ စကား​ပြော​ကြ​သည်​ကို​လည်းကောင်း၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ အကောင်း​ပကတိ​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ ခြေ​မသန်စွမ်း​သူ​များ လမ်းလျှောက်​ကြ​သည်​ကို​လည်းကောင်း၊ မျက်မမြင်​များ မျက်စိ​မြင်​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​လျက် အံ့သြ​ကြ​ကာ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။

[32] ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ ဤ လူထု ပရိသတ် ကို ငါ သနား ၏ ။ အကြောင်းမူကား သူ တို့ သည် သုံး ရက် တိုင်တိုင် ငါ နှင့်အတူ ရှိ ကြ ပြီး သူ တို့ ၌ မည်သည့် စား စရာ မျှ မ ရှိ ။ သူ တို့ ကို ဘာမျှ မ ကျွေး ဘဲ ပြန်သွား စေရန် ငါ အလို မ ရှိ ။ ထိုသို့ ပြန် စေ လျှင် သူ တို့ သည် လမ်း ခရီး ၌ အားပြတ် ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[33] တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။

[34] ယေရှု​က​လည်း“ သင် တို့ တွင် မုန့် မည်မျှ ရှိ သနည်း ” ​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

[35] ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင် ​ကြ​ရန် မိန့်မှာ​တော်မူ​လျက်

[36] မုန့်​ခုနစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။

[37] လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​အပြည့်​ရ​ကြ​၏။

[38] စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေးထောင်​ရှိ​၏။

[39] ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် လှေ​ပေါ်သို့​တက်​၍ မာဂဒါလ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။

ရှင်မသ္သဲခရစ်ဝင် — Chapters