[1] ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း”ဟု မေးလျှောက်ကြ၏။
[2] ထိုအခါ ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ ရပ်စေပြီးလျှင်
[3] “ သင် တို့ အား ငါ အမှန် ဆို မည် ။ သင် တို့ သည် ပြောင်းလဲ ၍ ကလေး သူငယ် များ ကဲ့သို့ မ ဖြစ် လျှင် ကောင်းကင် နိုင်ငံ တော် သို့ မည်သည့် အခါ မျှ ဝင် ရ လိမ့်မည် မ ဟုတ် ။
[4] ထို့ကြောင့် ဤ သူငယ် ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချ သော သူ သည် ကောင်းကင် နိုင်ငံ တော် ၌ အကြီးမြတ်ဆုံး ဖြစ် ၏ ။
[5] ဤသို့ သော သူငယ် တစ် ယောက် ကို ငါ ၏ နာမ ၌ လက်ခံ သော သူ သည် လည်း ငါ့ ကို လက်ခံ ၏ ။
[6] သို့သော် ငါ့ ကို ယုံကြည် သည့် ဤ ငယ် သော သူ များ ထဲမှ တစ်စုံတစ်ဦး ကို မှားယွင်း စေ သော သူ သည် ကြီးမား သော ကြိတ်ဆုံ ကျောက် ကို သူ့ လည်ပင်း ၌ ဆွဲ လျက် ပင်လယ် ၏ ရေနက်ရာ တွင် နှစ်မြှုပ် ခံရ လျှင် သူ့ အတွက် သာ၍ ကောင်း ၏ ။
[7] ဤ လောက သည် မှားယွင်း စေ သော အရာ များ ကြောင့် အမင်္ဂလာရှိ ၏ ။ မှားယွင်း စေ သော အရာ များ သက်ရောက် မည်ကို လွှဲရှောင် ၍ မ ရ နိုင် ။ သို့သော် မှားယွင်း စေ သော အရာ ကို သက်ရောက် စေ သော သူ သည် အမင်္ဂလာရှိ ၏ ။
[8] သင် ၏ လက် ၊ သို့မဟုတ် သင် ၏ ခြေ သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ဖြတ် ၍ လွှင့်ပစ် လော့ ။ လက် နှစ် ဖက် ၊ သို့မဟုတ် ခြေ နှစ် ဖက် ပါ လျက် ထာဝရ မီး ထဲသို့ ပစ်ချ ခြင်း ခံရ သည် ထက် လက် တစ်ဖက် ၊ သို့မဟုတ် ခြေ တစ်ဖက် နှင့် အသက်ရှင် ခြင်း သို့ ဝင်စား ရ သည် က သင့် အတွက် သာ၍ ကောင်း ၏ ။
[9] ထို့ပြင် သင် ၏ မျက်စိ သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ထုတ် ၍ လွှင့်ပစ် လော့ ။ မျက်စိ နှစ် လုံး ပါ လျက် ငရဲ မီး ထဲသို့ ပစ်ချ ခြင်း ခံရ သည် ထက် မျက်စိ တစ် လုံး နှင့် အသက်ရှင် ခြင်း သို့ ဝင်စား ရ သည် က သင့် အတွက် သာ၍ ကောင်း ၏ ။
[10] ဤ ငယ် သော သူ များ ထဲမှ တစ်စုံတစ်ဦး ကို မထီမဲ့မြင် မ ပြု မိ စေရန် သတိပြု ကြ လော့ ။ အကြောင်းမူကား ကောင်းကင် ဘုံ ရှိ သူ တို့ ၏ ကောင်းကင်တမန် တို့ သည် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် ၏ မျက်နှာ တော် ကို အစဉ်မပြတ် ဖူးမြင် ရ ကြ သည် ဟု သင် တို့ အား ငါ ဆို ၏ ။
[11] [ အမှန်စင်စစ် လူ့သား သည် ပျောက်ဆုံး သော သူ တို့ ကို ကယ်တင် ရန် ကြွလာ ၏ ။ ]
[12] သင် တို့ မည်သို့ ထင် ကြ သနည်း ။ တစ်စုံတစ်ယောက် သော သူ ၌ သိုး အကောင် တစ်ရာ ရှိ ပြီး ၎င်း တို့ ထဲမှ တစ် ကောင် သည် လမ်းလွဲ ပျောက်ဆုံး လျှင် သူ သည် ကိုးဆယ့်ကိုး ကောင် ကို တောင် ပေါ်၌ ထားခဲ့ ၍ လမ်းလွဲ ပျောက်ဆုံး နေ သော သိုး ကို သွား ၍ ရှာ မည် မ ဟုတ် လော ။
[13] သင် တို့ အား ငါ အမှန် ဆို သည် ကား သူ သည် ထို သိုး ကို တွေ့ လျှင် လမ်းလွဲ ပျောက်ဆုံး ခြင်း မ ရှိ သော ကိုးဆယ့်ကိုး ကောင် အတွက် ဝမ်းမြောက် သည် ထက် ထို သိုး တစ် ကောင် အတွက် ပို၍ ဝမ်းမြောက် လိမ့်မည် ။
[14] ထိုနည်းတူ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ အဖ သည် ဤ ငယ် သော သူ များ ထဲမှ တစ် ယောက် ကို မျှ ပျက်စီး စေရန် အလို တော် မ ရှိ ။
[15] သင် ၏ ညီအစ်ကို သည် သင့် အား ပြစ်မှား လျှင် သွား ၍ နှစ်ကိုယ် ကြား သူ့ ကို ဆိုဆုံးမ လော့ ။ သူ သည် သင် ၏ စကား ကို နားထောင် လျှင် သင် ၏ ညီအစ်ကို ကို သင် ရရှိ ပြီ ။
[16] နား မ ထောင် လျှင် မူကား သက်သေ နှစ် ဦး ၊ သို့မဟုတ် သုံး ဦး ၏ ထွက်ဆို ချက် အားဖြင့် စကား အားလုံး ကို အတည်ပြု စေရန် အခြား တစ် ဦး ၊ သို့မဟုတ် နှစ် ဦး ကို သင် နှင့်အတူ ခေါ်သွား လော့ ။
[17] သူ သည် ထို သူ တို့ ၏ စကား ကို ဂရုမစိုက် လျှင် အသင်းတော် အား ပြောကြား လော့ ။ အသင်းတော် ၏ စကား ကို လည်း ဂရုမစိုက် လျှင် သာသနာပ လူမျိုးခြား နှင့် အခွန် ကောက်ခံ သူ ကဲ့သို့ သူ့ ကို မှတ်ယူ လော့ ။
[18] သင် တို့ အား ငါ အမှန် ဆို မည် ။ မြေကြီး ပေါ်၌ သင် တို့ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ ၌ ချည်နှောင် ခြင်း ခံရ လျက် ရှိ လိမ့်မည် ။ မြေကြီး ပေါ်၌ သင် တို့ ဖြေလွှတ် သမျှ သည် လည်း ကောင်းကင် ဘုံ ၌ ဖြေလွှတ် ခြင်း ခံရ လျက် ရှိ လိမ့်မည် ။
[19] တစ်ဖန် သင် တို့ အား ငါ အမှန် ဆို သည် ကား သင် တို့ တွင် လူ နှစ် ဦး သည် မိမိ တို့ တောင်းလျှောက် သည့် အရာ အားလုံး အတွက် မြေကြီး ပေါ်၌ စိတ်သဘော တူ ကြ လျှင် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် သည် သူ တို့ အတွက် ၎င်း ကို ပြည့်စုံ စေ တော်မူ လိမ့်မည် ။
[20] အကြောင်းမူကား လူ နှစ် ဦး ၊ သို့မဟုတ် သုံး ဦး တို့ သည် ငါ ၏ နာမ ဖြင့် တစ်နေရာရာ တွင် စုဝေး ကြ သောအခါ ထို နေရာ တွင် သူ တို့ အလယ် ၌ ငါ ရှိ ၏ ” ဟု မိန့်တော်မူ၏။
[21] ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။
[22] ယေရှုကလည်း“ ခုနစ်ကြိမ် တိုင်အောင် ဟု ငါ မ ဆို ဘဲ ခုနစ် ကြိမ် ကို ခုနစ်ဆယ် လီ တိုင်အောင် ဟု ငါ ဆို ၏ ။
[23] ထို့ကြောင့် ကောင်းကင် နိုင်ငံ တော် သည် မိမိ အစေအပါး တို့ နှင့် စာရင်း ရှင်း လို သော ဘုရင် တစ် ပါး နှင့် တူ ၏ ။
[24] သူ သည် စာရင်း စတင် ရှင်း သောအခါ တာလန် တစ်သောင်း အကြွေး တင် သူ တစ် ယောက် ကို ရှေ့ တော် သို့ ခေါ်ဆောင် ခဲ့ ကြ ၏ ။
[25] သို့သော် ထို သူ ၌ အကြွေး ဆပ် စရာ မ ရှိ သောကြောင့် သူ ကိုယ်တိုင် မှစ၍ သား မယား နှင့် သူ ပိုင်ဆိုင် သော အရာ အားလုံး တို့ ကို ရောင်း ၍ အကြွေး ဆပ် ရန် သူ့ သခင် သည် အမိန့် ချ လေ ၏ ။
[26] ထိုအခါ ထို အစေအပါး သည် ပျပ်ဝပ် လျက် သခင် ကို ရှိခိုး ကာ ‘ အကျွန်ုပ် ကို သည်းခံ တော်မူ ပါ ။ အကြွေး ရှိသမျှ ကို ပြန်ဆပ် ပါ မည် ’ ဟု တောင်းလျှောက် လေ ၏ ။
[27] ထို အစေအပါး ၏ သခင် သည် ကြင်နာ စိတ် ရှိ ၍ သူ့ ကို လွှတ် ပေး ကာ သူ ၏ အကြွေး ကို လျှော်ပစ် လေ ၏ ။
[28] သို့သော် ထို အစေအပါး သည် ထွက်သွား ၍ သူ့ ထံ၌ ဒေနာရိ တစ်ရာ အကြွေး တင် သော အစေအပါး ချင်း တစ် ဦး ကို တွေ့ လျှင် သူ့ ကို ဖမ်း ၍ လည်ပင်း ညှစ် လျက် ‘ သင် ယူထား သော အကြွေး ကို ပြန် ဆပ် လော့ ’ ဟု ဆို ၏ ။
[29] ထိုအခါ ထို အစေအပါး ချင်း သည် ပျပ်ဝပ် လျက် ‘ အကျွန်ုပ် ကို သည်းခံ ပါ ။ သင့် အား အကြွေး ပြန် ဆပ် ပါ မည် ’ ဟု တောင်းပန် လေ ၏ ။
[30] သို့သော် သူ သည် လက် မ ခံ ဘဲ သွား ၍ ထို အစေအပါး ချင်း အား သူ ယူထား သော အကြွေး ကို ပြန်ဆပ် သည့် တိုင်အောင် ထောင် ထဲ၌ ထည့် ထား လေ ၏ ။
[31] အခြား သော အစေအပါး ချင်း များ သည် ထို အဖြစ်အပျက် ကို မြင် လျှင် အလွန် စိတ်မကောင်း ဖြစ် ကာ သူ တို့ ၏ သခင် ထံသို့ သွား ၍ ဖြစ် လေ သမျှ တို့ ကို လျှောက် ထား ကြ ၏ ။
[32] ထိုအခါ သခင် သည် ထို အစေအပါး ကို ခေါ် ၍ ‘ ဆိုးညစ် သော အစေအပါး ၊ သင် သည် ငါ့ ကို တောင်းပန် သောကြောင့် အကြွေး ရှိသမျှ ကို သင့် အတွက် ငါ လျှော်ပစ် ခဲ့ ၏ ။
[33] ငါ သည် သင့် ကို သနား သကဲ့သို့ သင် သည် လည်း အစေအပါး ချင်း ကို သနား သင့် သည် မ ဟုတ် လော ’ ဟု ဆို ၏ ။
[34] ဤသို့ဖြင့် သူ ၏ သခင် သည် အမျက်ထွက် ကာ အကြွေး ရှိသမျှ ကို ပြန်ဆပ် သည့် တိုင်အောင် သူ့ ကို အကျဉ်းချ နှိပ်စက် သော သူ တို့ လက် သို့ အပ် လေ ၏ ။
[35] သင် တို့ တစ်ဦးစီ သည် မိမိ ညီအစ်ကို ကို စိတ်နှလုံး ထဲမှ ခွင့် မ လွှတ် လျှင် ကောင်းကင်ဘုံ ရှင် ငါ့ ခမည်းတော် သည် လည်း သင် တို့ ကို ထိုနည်းတူ ပြု တော်မူ လိမ့်မည် ” ဟု မိန့်တော်မူ၏။