[1] ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို မိန့်မှာတော်မူပြီးသောအခါ သူတို့၏မြို့ များတွင် သွန်သင်ရန်နှင့်ဟောပြောရန် ထိုအရပ်မှ ထွက်ခွာတော်မူ၏။
[2] ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုများကို ထောင်ခန်းထဲ၌ကြားရသောအခါ မိမိတပည့်တို့ကို စေလွှတ်၍
[3] “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
[4] ယေရှုကလည်း ထိုသူတို့အား“ သင် တို့ ကြား ရ ၊ မြင် ရ သမျှ တို့ ကို သွား ၍ ယောဟန် အား ပြောပြ ကြ လော့ ။
[5] မျက်မမြင် တို့ သည် မျက်စိ မြင် ရ ကြ ၏ ။ ခြေ မသန်စွမ်း သူ တို့ သည် လမ်းလျှောက် နိုင် ကြ ၏ ။ အနာကြီး ရောဂါသည် တို့ သည် စင်ကြယ် ခြင်း သို့ ရောက် ကြ ၏ ။ နားမကြား သော သူ တို့ သည် ကြား ရ ကြ ၏ ။ သေ သော သူ တို့ သည် ထမြောက် စေ ခြင်း ကို ခံရ ကြ ၏ ။ ဆင်းရဲသား တို့ သည် ကောင်းမြတ် သော သတင်း ကို ကြား ရ ကြ ၏ ။
[6] ငါ့ ကြောင့် စိတ် မ ပျက် သော သူ သည် မင်္ဂလာရှိ ၏ ” ဟု မိန့်တော်မူ၏။
[7] ထိုသူတို့ပြန်သွားကြသောအခါ ယေရှုသည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“ သင် တို့ သည် မည်သည့် အရာ ကို ကြည့်ရှု ရန် တော ကန္တာရ သို့ ထွက်သွား ကြ သနည်း ။ လေ တိုက် ၍ လှုပ် နေ သော ကျူပင် ကို လော ။
[8] သို့မဟုတ် လျှင် မည်သည့် အရာ ကို ကြည့်ရှု ရန် ထွက်သွား ကြ သနည်း ။ နူးညံ့ သော အဝတ် များ ဝတ်ဆင် ထား သော သူ ကို လော ။ နူးညံ့ သော အဝတ် များ ဝတ်ဆင် ထား သော သူ တို့ သည် ဘုရင့် နန်းတော် များ ၌ ရှိ ကြ ၏ ။
[9] ထိုသို့မဟုတ်လျှင် မည်သည့် အရာ ကို ကြည့်ရှု ရန် ထွက်သွား ကြ သနည်း ။ ပရောဖက် ကို လော ။ မှန် ပေ ၏ ။ ပရောဖက် ထက် ပင် ကြီးမြတ် သော သူ ဖြစ် သည် ဟု သင် တို့ အား ငါ ဆို ၏ ။
[10] ‘ ကြည့်ရှု လော့ ။ သင့် ရှေ့၌ သင် ၏ လမ်း ကို ပြင်ဆင် မည့် ငါ ၏ စေတမန် ကို သင့် ထက် အလျင် ဦးစွာ ငါ စေလွှတ် မည် ’ ဟု ကျမ်းစာ ၌ ရေး ထား သည် မှာ ဤ သူ ၏ အကြောင်း ပင် ဖြစ် ၏ ။
[11] သင် တို့ အား ငါ အမှန် ဆို မည် ။ မိန်းမ တို့ မှ မွေးဖွား လာ သော သူ တို့ တွင် ဗတ္တိဇံ ဆရာ ယောဟန် ထက် ကြီးမြတ် သော သူ တစ်ယောက်မျှ မ ပေါ်ထွန်း ခဲ့ ဖူး ပေ ။ သို့သော် ကောင်းကင် နိုင်ငံ တော် ၌ အငယ်ဆုံး သော သူ သည် သူ့ ထက် ကြီးမြတ် ၏ ။
[12] ဗတ္တိဇံ ဆရာ ယောဟန် လက်ထက် မှ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော် သည် အတင်း တိုးဝင် ခြင်း ကို ခံရ လျက် အတင်း တိုးဝင် သော သူ တို့ သည် ၎င်း ကို လုယူ ဝင်စား ကြ ၏ ။
[13] အကြောင်းမူကား ပရောဖက် ကျမ်း များ နှင့် ပညတ် တရား ကျမ်း ရှိသမျှ တို့ သည် ယောဟန် လက်ထက် တိုင်အောင် ပရောဖက်ပြု ဟောပြော ခဲ့ ကြ ၏ ။
[14] သင် တို့ သည် လက်ခံ ရန် ဆန္ဒ ရှိ လျှင် ဤ သူ သည် ပေါ်ထွန်း လာ ရ မည့် ဧလိယ ဖြစ် ၏ ။
[15] နား ရှိ သော သူ သည် ကြား ပါစေ ။
[16] သို့သော် ဤ ခေတ်ကာလ ကို မည်သည့် အရာ နှင့် ခိုင်းနှိုင်း ရ မည်နည်း ။ ၎င်း တို့ သည် ဈေး အရပ် ၌ ထိုင် လျက် မိမိ သူငယ်ချင်း တို့ အား
[17] ‘ ငါ တို့ သည် သင် တို့ အတွက် ပလွေ မှုတ် ပေး သော်လည်း သင် တို့ သည် မ က ကြ ။ ငိုချင်း ကို ဖွဲ့နွဲ့ သီဆို သော်လည်း သင် တို့ သည် မ မြည်တမ်း ကြ ’ ဟု လှမ်း ၍ ပြောဆို နေ ကြ သော ကလေး သူငယ် များ နှင့် တူ ၏ ။
[18] အကြောင်းမူကား ယောဟန် သည် ရောက်လာ ၍ မ စား မ သောက် ဘဲ နေ သော် ‘ သူ ၌ နတ်ဆိုး ပူး နေ သည် ’ ဟု ဆို ကြ ၏ ။
[19] လူ့သား သည် ရောက်လာ ၍ စား သောက် လျက် နေ သော် ‘ ကြည့်ရှု လော့ ။ သူ သည် အစားကြူး သော သူ ၊ သေသောက်ကြူး သော သူ ဖြစ်ပြီး အခွန် ကောက်ခံ သူ များ နှင့် အပြစ်သား များ ၏ အပေါင်းအသင်း ဖြစ် ပါ သည် တကား ’ ဟု ဆို ကြ ပြန် ၏ ။ သို့သော် ဉာဏ်ပညာ တော် သည် ဖြောင့်မတ် ကြောင်း မိမိ ၏ လုပ်ဆောင်မှု များ က ဖော်ပြ ၏ ” ဟု မိန့်တော်မူ၏။
[20] ထို့နောက် တန်ခိုးလက္ခဏာအများစုပြုတော်မူရာမြို့များသည် နောင်တမရသောကြောင့် ကိုယ်တော်သည် ထိုမြို့တို့ကိုပြစ်တင်ပြောဆိုလျက်
[21] “ ခေါရာဇိန် မြို့ ၊ သင် သည် အမင်္ဂလာရှိ ၏ ။ ဗက်ဇဲဒ မြို့ ၊ သင် သည် အမင်္ဂလာရှိ ၏ ။ အကြောင်းမူကား သင် တို့ ၌ ပြု ခဲ့ သော တန်ခိုး လက္ခဏာ များ ကို တိုင်ရာ မြို့ နှင့် ဆီဒုန် မြို့ တို့ ၌ ပြု ခဲ့ လျှင် သူ တို့ သည် ရှေးယခင် က ပင် လျှော်တေ အဝတ် ကို ဝတ် လျက် ပြာ နှင့် လူး ကာ နောင်တရ ခဲ့ ကြ ပေ လိမ့်မည် ။
[22] သို့သော် သင် တို့ အား ငါ ဆို မည် ။ တရား စီရင် တော်မူ ရာ နေ့ ၌ တိုင်ရာ မြို့ နှင့် ဆီဒုန် မြို့ တို့ သည် သင် တို့ ထက် ခံသာ ကြ လိမ့်မည် ။
[23] ကပေရနောင် မြို့ ၊ သင် သည် ကောင်းကင် အထိ ချီးမြှောက် ခြင်း ကို ခံရ ပါ မည် လော ။ သင် သည် မရဏာ နိုင်ငံ တိုင်အောင် ကျဆင်း ရ လိမ့်မည် ။ အကြောင်းမူကား သင် ၌ ပြု ခဲ့ သော တန်ခိုး လက္ခဏာ များ ကို သောဒုံ မြို့ ၌ ပြု ခဲ့ လျှင် ထို မြို့ သည် ယနေ့ တိုင်အောင် တည်ရှိ ခဲ့ ပေ လိမ့်မည် ။
[24] သို့သော် သင် တို့ အား ငါ ဆို မည် ။ တရား စီရင် တော်မူ ရာ နေ့ ၌ သောဒုံ မြို့ သည် သင့် ထက် ခံသာ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[25] ထိုအချိန်တွင် ယေရှုက“ ကောင်းကင် နှင့် မြေကြီး ၏ အရှင် သခင် ဖြစ် တော်မူ သော အဖ ၊ ကိုယ်တော် သည် ပညာရှိ များ နှင့် ဉာဏ်ထက်မြက် သော သူ များ အား ဤ အရာ တို့ ကို ကွယ်ဝှက် ထား လျက် ကလေး သူငယ် များ အား ဖွင့်ပြ တော်မူ သောကြောင့် ကိုယ်တော် ကို ချီးမွမ်း ပါ ၏ ။
[26] မှန် ပါ ၏ အဖ ။ ဤသည်ကား ရှေ့ တော် ၌ နှစ်သက် တော်မူ သော အရာ ဖြစ် ပါ ၏ ။ ’
[27] ငါ ၏ ခမည်းတော် သည် အရာ ခပ်သိမ်း တို့ ကို ငါ့ အား အပ်နှင်း တော်မူ ပြီ ။ ခမည်းတော် မှတစ်ပါး မည်သူမျှ သား တော် ကို မ သိ ။ ခမည်းတော် ကို လည်း သား တော် နှင့် သား တော် က ဖွင့်ပြ လို သော သူ တို့ မှတစ်ပါး အခြား မည်သူမျှ မ သိ ။
[28] ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့ ၊ ငါ့ ထံသို့ လာ ကြ လော့ ။ ငါ သည် သင် တို့ အား ငြိမ်သက် ချမ်းသာ မှု ကို ပေး မည် ။
[29] ငါ သည် နူးညံ့ သိမ်မွေ့ လျက် နှိမ့်ချ သော စိတ်နှလုံး ရှိ သောကြောင့် ငါ့ ထမ်းပိုး ကို ယူ ၍ ထမ်း ကာ ငါ့ ထံ၌ နည်းခံ ကြ လော့ ။ ထိုအခါ သင် တို့ ၏ စိတ် ဝိညာဉ် သည် သက်သာ ရာ ရ လိမ့်မည် ။
[30] အကြောင်းမူကား ငါ့ ထမ်းပိုး သည် ထမ်း ရ လွယ် ၏ ။ ငါ့ ဝန် လည်း ပေါ့ ၏ ” ဟု မိန့်တော်မူ၏။