[1] ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့ကိုခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။
[2] ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။
[3] မောရှေနှင့်ဧလိယတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောနေကြ၏။
[4] ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ ကိုယ်တော်အလိုရှိလျှင် ဤနေရာ၌ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်ဆောက်ပါမည်”ဟု ယေရှုအား လျှောက်ထားလေ၏။
[5] ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
[6] တပည့်တော်တို့သည် ထိုအသံကိုကြားလျှင် အလွန်ကြောက်ရွံ့လျက် သူတို့မျက်နှာကို မြေမှာအပ်ထားကြ၏။
[7] ထိုအခါ ယေရှုသည် ချဉ်းကပ်လာ၍ သူတို့ကိုတို့ထိကာ“ ထ ကြ လော့ ၊ မ ကြောက် ကြ နှင့် ” ဟု မိန့်တော်မူ၏။
[8] သူတို့သည် မော့ကြည့်ကြရာ ယေရှုတစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့မြင်ကြ။
[9] ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“ လူ့သား သည် သေ သော သူ တို့ ထဲမှ မ ထမြောက် မီ ဤ ရူပါရုံ ကို မည်သူ့ ကို မျှ မ ပြော ကြ နှင့် ” ဟု သူတို့အား မိန့်မှာတော်မူ၏။
[10] ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည် ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။
[11] ကိုယ်တော် ကလည်း“ ဧလိယ သည် လာ ၍ အရာ ခပ်သိမ်း တို့ ကို ပြန်လည် ထူထောင် မည် မှန် ၏ ။
[12] သို့သော် သင် တို့ အား ငါ ဆို သည် ကား ဧလိယ သည် ရောက်လာ ခဲ့ ပြီ ။ သို့ရာတွင် လူ တို့ သည် သူ့ ကို မ သိ ကြ ဘဲ သူ့ အပေါ် ပြု လို ရာ ပြု ခဲ့ ကြ ပြီ ။ ထိုနည်းတူ လူ့သား သည် လည်း သူ တို့ လက် ၌ ဒုက္ခ ဝေဒနာ ခံစား ရ တော့မည် ” ဟု ပြန်၍ မိန့်တော်မူ၏။
[13] ထိုအခါ တပည့်တော်တို့သည် ဗတ္တိဇံဆရာယောဟန်ကိုရည်ညွှန်း၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူကြောင်း သဘောပေါက်ကြ၏။
[14] ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ
[15] “သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။
[16] သို့ဖြစ်၍ သူ့ကို ကိုယ်တော်၏တပည့်တော်တို့ထံသို့ ခေါ်ဆောင်လာသော်လည်း သူတို့သည် သူ့ကိုမကျန်းမာစေနိုင်ကြပါ”ဟု လျှောက်လေ၏။
[17] ယေရှုကလည်း“ အို ယုံကြည် ခြင်း မ ရှိ ဖောက်ပြန် လမ်းလွဲ သော မျိုးဆက် ၊ ငါ သည် သင် တို့ နှင့်အတူ မည်မျှ ကြာအောင် နေ ရ မည်နည်း ။ သင် တို့ ကို မည်မျှ ကြာအောင် သည်းခံ ရ မည်နည်း ။ သူငယ် ကို ငါ့ ထံ ဤ နေရာ သို့ ခေါ် ခဲ့ ကြ လော့ ” ဟု မိန့်တော်မူ၏။
[18] ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်ထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
[19] ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။
[20] ကိုယ်တော်ကလည်း“ သင် တို့ ၏ မ ယုံကြည် မှု ကြောင့် ဖြစ် ၏ ။ သင် တို့ အား ငါ အမှန် ဆို သည် ကား သင် တို့ တွင် မုန်ညင်းနက် စေ့ ခန့်မျှ ယုံကြည် ခြင်း ရှိ ပါက ဤ တောင် ကို ‘ ဤ နေရာ မှ ထို နေရာ သို့ ရွေ့ လော့ ’ ဟု ပြော လျှင် ၎င်း သည် ရွေ့သွား လိမ့်မည် ။ သင် တို့ အတွက် မ ဖြစ်နိုင် သော အရာ လည်း တစ်စုံတစ်ခု မျှ ရှိ မည် မ ဟုတ် ။
[21] [ သို့သော် ထို နတ် မျိုး သည် ဆုတောင်း ခြင်း နှင့် အစာရှောင် ခြင်း အားဖြင့် မ ဟုတ် လျှင် မ ထွက် တတ် ] ” ဟု မိန့်တော်မူ၏။
[22] သူတို့သည် ဂါလိလဲနယ်၌စုရုံးနေကြစဉ် ယေရှုက“ လူ့သား သည် လူ တို့ ၏ လက် သို့ အပ်နှံ ခြင်း ခံရ တော့မည် ။
[23] လူ တို့ သည် လည်း သူ့ ကို သတ် ကြ လိမ့်မည် ။ ထို့နောက် သုံး ရက် မြောက် သော နေ့ ၌ သူ သည် ထမြောက် လိမ့်မည် ” ဟု မိန့်တော်မူရာ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
[24] ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန် ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။
[25] ပေတရုက “ပေးဆောင်ပါသည်”ဟု ဖြေပြီးမှ အိမ်ထဲသို့ဝင်လာရာ ယေရှုက“ ရှိမုန် ၊ သင် မည်သို့ ထင်မြင် သနည်း ။ ကမ္ဘာ မြေကြီး ၏ ရှင်ဘုရင် တို့ သည် မည်သူ့ ထံမှ အခွန် အကောက် များ ကို ကောက်ခံ ကြ သနည်း ။ မိမိ တို့ ၏ သား များ ထံမှ လော ၊သို့မဟုတ် သူတစ်ပါး တို့ ထံမှ လော ” ဟု ပေတရုကို ဆီး၍မေးတော်မူ၏။
[26] ပေတရုကလည်း “သူတစ်ပါးတို့ထံမှကောက်ခံပါသည်”ဟု လျှောက်သော် ယေရှုက“ သို့ဖြစ်လျှင် သား တို့ သည် ကင်းလွတ် ခွင့် ရ ကြ ၏ ။
[27] သို့သော် သူ တို့ ကို မ မှားယွင်း စေရန် ပင်လယ် သို့ သွား ၍ ငါးမျှား လော့ ။ ပထမ ဦးဆုံး မိ သည့် ငါး ကို ယူ ၍ ၎င်း ၏ ပါးစပ် ကို ဖွင့် လျှင် သတာတဲ ငွေ တစ် ပြား ကို တွေ့ လိမ့်မည် ။ ၎င်း ကို ယူ ၍ ငါ နှင့် သင့် အတွက် သူ တို့ အား ပေးဆောင် လော့ ” ဟု မိန့်တော်မူ၏။