[1] ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ ညစ်ညူးသောနတ်တို့ကိုနိုင်ရသောအခွင့်အာဏာကို သူတို့အားပေးတော်မူ၏။ ဤသည်ကား ထိုနတ်တို့ကိုနှင်ထုတ်စေရန်နှင့် ရောဂါအမျိုးမျိုးမှစ၍ အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေရန်အတွက်ဖြစ်၏။
[2] တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊
[3] ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
[4] မျိုးချစ်ပုဂ္ဂိုလ် ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
[5] ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“ လူမျိုးခြား တို့ ရှိ ရာ လမ်း သို့ မ သွား ကြ နှင့် ။ ရှမာရိ နယ်သား တို့ ၏ မြို့ ထဲသို့ လည်း မ ဝင် ကြ နှင့် ။
[6] အစ္စရေး အမျိုး ၏ ပျောက်ဆုံး သော သိုး များ ထံသို့ သာ သွား ကြ လော့ ။
[7] သင် တို့ သွား ကြ သောအခါ ‘ ကောင်းကင် နိုင်ငံ တော် ပေါ်ထွန်း လုနီး ပြီ ’ ဟု ဟောပြော ကြ လော့ ။
[8] နာမကျန်း ဖြစ် သူ တို့ ကို ကျန်းမာ စေ ကြ လော့ ။ သေ သော သူ တို့ ကို ထမြောက် စေ ကြ လော့ ။ အနာကြီး ရောဂါသည် တို့ ကို စင်ကြယ် စေ ကြ လော့ ။ နတ်ဆိုး များ ကို နှင်ထုတ် ကြ လော့ ။ သင် တို့ သည် အခမဲ့ ရရှိ ကြ သည့် အလျောက် အခမဲ့ ပေး ကြ လော့ ။
[9] သင် တို့ ၏ ခါးပန်း တွင် ရွှေ ၊ ငွေ ၊ ကြေး ဒင်္ဂါး တို့ ကို မ ထည့် သွား ကြ နှင့် ။
[10] လမ်း ခရီး အတွက် လွယ်အိတ် ၊ အင်္ကျီ အပို ၊ ဖိနပ် နှင့် တောင်ဝှေး တို့ ကို လည်း မ ယူ သွား ကြ နှင့် ။ အကြောင်းမူကား အလုပ် လုပ် သော သူ သည် မိမိ စားစရာ ကို ရ ထိုက် ၏ ။
[11] မည်သည့် မြို့ ရွာ သို့ မဆို သင် တို့ ဝင် ကြ သောအခါ ထို မြို့ရွာ ၌ မည်သူ သည် ထိုက်တန် သော သူ ဖြစ် သည် ကို ရှာဖွေ စုံစမ်း ပြီး ပြန်လည် ထွက်ခွာ သည့် တိုင်အောင် ထို သူ ၏ အိမ် ၌ တည်းခို ကြ လော့ ။
[12] ထို အိမ် သို့ ဝင် သောအခါ နှုတ်ဆက် ကြ လော့ ။
[13] ထို အိမ် သည် ထိုက်တန် လျှင် သင် တို့ ၏ ငြိမ်သက် ခြင်း သည် ၎င်း အပေါ်သို့ သက်ရောက် ပါစေ ။ မ ထိုက်တန် လျှင် မူကား သင် တို့ ၏ ငြိမ်သက် ခြင်း သည် သင် တို့ ထံ ပြန်လာ ပါစေ ။
[14] မည်သူမျှ သင် တို့ ကို လက် မ ခံ ၊ သင် တို့ ၏ စကား ကို လည်း နား မ ထောင် လျှင် ထို အိမ် ၊ သို့မဟုတ် ထို မြို့ ပြင် သို့ ထွက်သွား ကြ စဉ် သင် တို့ ၏ ခြေဖဝါး မှ မြေမှုန့် ကို ခါချ ခဲ့ ကြ လော့ ။
[15] သင် တို့ အား ငါ အမှန် ဆို မည် ။ တရား စီရင် တော်မူ ရာ နေ့ ၌ သောဒုံ နှင့် ဂေါမောရ မြို့ တို့ သည် ထို မြို့ ထက် ခံသာ ကြ လိမ့်မည် ။
[16] နားထောင် ကြ လော့ ။ ဝံပုလွေ များ ထဲသို့ သိုး တို့ ကို စေလွှတ် သကဲ့သို့ သင် တို့ ကို ငါ စေလွှတ် ၏ ။ ထို့ကြောင့် မြွေ ကဲ့သို့ လိမ္မာ ပါးနပ် လျက် ချိုးငှက် ကဲ့သို့ ရိုးသား ဖြူစင် ကြ လော့ ။
[17] လူ တို့ ကို သတိထား ကြ လော့ ။ အကြောင်းမူကား သူ တို့ သည် သင် တို့ ကို တရားရုံး သို့ အပ်နှံ လျက် သူ တို့ ၏ ဝတ်ပြု စည်းဝေး ကျောင်း များ ၌ သင် တို့ ကို ဒဏ်ခတ် ရိုက်နှက် ကြ လိမ့်မည် ။
[18] သင် တို့ သည် ဘုရင်ခံ များ နှင့် ရှင်ဘုရင် များ ရှေ့သို့ ငါ့ အတွက် ကြောင့် ခေါ်ဆောင် သွား ခြင်း ခံရ ကြ လိမ့်မည် ။ ဤသို့ဖြင့် သင် တို့ သည် ထို သူ တို့ နှင့် လူမျိုးခြား တို့ ထံ သက်သေ ဖြစ် ကြ လိမ့်မည် ။
[19] သူ တို့ သည် သင် တို့ ကို အပ်နှံ ကြ သောအခါ မည်သည့် အရာ ကို မည်ကဲ့သို့ ပြောဆို ရ မည်နည်း ဟူ၍ မ စိုးရိမ် ကြ နှင့် ။ အကြောင်းမူကား သင် တို့ ပြောဆို ရ မည့် အရာ ကို ထို အချိန် နာရီ ၌ ပင် သင် တို့ ရ ကြ လိမ့်မည် ။
[20] အဘယ်ကြောင့် ဆိုသော် ပြောဆို သော သူ မှာ သင် တို့ မ ဟုတ် ဘဲ သင် တို့ အားဖြင့် ပြောဆို တော်မူ သော သင် တို့ အဖ ၏ ဝိညာဉ် တော် ဖြစ် ၏ ။
[21] ညီအစ်ကို ချင်း တစ်ဦး က တစ်ဦး ကို လည်းကောင်း ၊ အဖ သည် သားသမီး ကို လည်းကောင်း သေ ခြင်း သို့ အပ်နှံ ကြ လိမ့်မည် ။ သားသမီး တို့ သည် လည်း မိဘ များ ကို ဆန့်ကျင် ပုန်ကန် ၍ သူ တို့ ကို သေ စေရန် ပြု ကြ လိမ့်မည် ။
[22] လူ အပေါင်း တို့ သည် လည်း ငါ့ နာမ ကြောင့် သင် တို့ ကို မုန်းတီး ကြ လိမ့်မည် ။ သို့သော် အဆုံး တိုင်အောင် တည်ကြည် သော သူ သည် ကယ်တင် ခြင်း ခံရ လိမ့်မည် ။
[23] မြို့ တစ် မြို့ တွင် သင် တို့ ကို ညှဉ်းဆဲ ကြ သောအခါ အခြား တစ် မြို့ သို့ ထွက်ပြေး ကြ လော့ ။ သင် တို့ အား ငါ အမှန် ဆို သည် ကား အစ္စရေး မြို့ များ ကို သင် တို့ အနှံ့ မ ရောက် မီ လူ့သား သည် ကြွလာ လိမ့်မည် ။
[24] တပည့် သည် ဆရာ ထက် မြတ် သည် မ ဟုတ် ။ ကျွန် သည် လည်း သခင် ထက် မြတ် သည် မ ဟုတ် ။
[25] တပည့် သည် သူ့ ဆရာ ကဲ့သို့ လည်းကောင်း ၊ ကျွန် သည် သူ့ သခင် ကဲ့သို့ လည်းကောင်း ဖြစ်လာ လျှင် လုံလောက် ပေ ၏ ။ အိမ်ရှင် ကို ဗေလဇေဗုလ ဟု ခေါ် ကြ လျှင် သူ ၏ အိမ်သူအိမ်သား များ ကို မည်မျှ ပို၍ ဆိုးရွား စွာ ခေါ် ကြ လိမ့် မည်နည်း ။
[26] ထို့ကြောင့် သူ တို့ ကို မ ကြောက် ကြ နှင့် ။ အကြောင်းမူကား ဖုံးအုပ် ထား သည့် အရာ များ တွင် ဖွင့်ပြ ခြင်း မ ခံရ မည့် အရာ တစ်စုံတစ်ခု မျှ မ ရှိ ။ ကွယ်ဝှက် ထား သည့် အရာ များ တွင် လည်း ဖော်ပြ ခြင်း မ ခံရ မည့် အရာ တစ်စုံတစ်ခု မျှ မ ရှိ ။
[27] သင် တို့ အား မှောင်မိုက် ၌ ငါ ပြော သော အရာ တို့ ကို အလင်း ၌ ပြောကြား ကြ လော့ ။ နား အပါး ကပ် ပြော ၍ ကြား ရ သော အရာ တို့ ကို လေသာဆောင် အပေါ် မှ ဟောပြော ကြ လော့ ။
[28] ကိုယ်ခန္ဓာ ကို သတ် ၍ အသက် ဝိညာဉ် ကို မ သတ် နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့် ။ ကိုယ်ခန္ဓာ နှင့် အသက် ဝိညာဉ် နှစ်မျိုးစလုံး ကို ငရဲ ၌ ဖျက်ဆီး နိုင် သော အရှင် ကို သာ ကြောက် ကြ လော့ ။
[29] စာကလေး နှစ် ကောင် ကို အဿရိ တစ် ပြား နှင့် ရောင်း သည် မ ဟုတ် လော ။ သို့ရာတွင် သင် တို့ အဖ ၏ အခွင့် မ ရှိ လျှင် ထို စာကလေး တစ် ကောင် မျှ မြေ ပေါ်သို့ ကျ လိမ့်မည် မ ဟုတ် ။
[30] သင် တို့ ဦးခေါင်း မှ ဆံပင် ရှိသမျှ ကို ပင် ရေတွက် ထား တော်မူ ၏ ။
[31] ထို့ကြောင့် မ ကြောက် ကြ နှင့် ။ သင် တို့ သည် စာကလေး များစွာ တို့ ထက် အဖိုးထိုက် ကြ ၏ ။
[32] သို့ဖြစ်၍ မည်သူမဆို လူ တို့ ရှေ့၌ ငါ့ ကို ဝန်ခံ လျှင် ငါ သည် လည်း ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် ရှေ့၌ ထို သူ ကို ဝန်ခံ မည် ။
[33] သို့သော် လူ တို့ ရှေ့၌ ငါ့ ကို ငြင်းပယ် သော သူ ကို ငါ သည် လည်း ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် ရှေ့၌ ငြင်းပယ် မည် ။
[34] မြေကြီး ပေါ်သို့ ငြိမ်သက် ခြင်း ကို ယူဆောင် လာ ရန် ငါ လာ သည် ဟု မ ထင် ကြ နှင့် ။ ငြိမ်သက် ခြင်း ကို ယူဆောင် လာ ရန် မ ဟုတ် ဘဲ ဓား ကို ယူဆောင် လာ ရန် ငါ လာ ၏ ။
[35] အကြောင်းမူကား သား ကို သူ ၏ အဖ နှင့် လည်းကောင်း ၊ သမီး ကို သူ ၏ အမိ နှင့် လည်းကောင်း ၊ ချွေးမ ကို သူ ၏ ယောက္ခမ နှင့် လည်းကောင်း စိတ်ဝမ်း ကွဲပြား စေရန် ငါ လာ ၏ ။
[36] လူ တစ် ဦး ၏ ရန်သူ တို့ မှာ လည်း သူ ၏ အိမ်သူအိမ်သား များ ဖြစ် ကြ လိမ့်မည် ။
[37] ငါ့ ထက် ဖခင် ကို ဖြစ်စေ ၊ မိခင် ကို ဖြစ်စေ ပို၍ ချစ် သော သူ သည် ငါ နှင့် မ ထိုက်တန် ။ ငါ့ ထက် သား ကို ဖြစ်စေ ၊ သမီး ကို ဖြစ်စေ ပို၍ ချစ် သော သူ သည် လည်း ငါ နှင့် မ ထိုက်တန် ။
[38] မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့ မ လိုက် သော သူ သည် လည်း ငါ နှင့် မ ထိုက်တန် ။
[39] မိမိ အသက် ကို တွေ့ရှိ သော သူ သည် အသက် ဆုံးရှုံး လိမ့်မည် ။ ငါ့ အတွက် မိမိ အသက် ကို အဆုံးရှုံး ခံ သော သူ မူကား အသက် ကို တွေ့ရှိ လိမ့်မည် ။
[40] သင် တို့ ကို လက်ခံ သော သူ သည် ငါ့ ကို လက်ခံ ၏ ။ ငါ့ ကို လက်ခံ သော သူ သည် လည်း ငါ့ အား စေလွှတ် တော်မူ သော အရှင် ကို လက်ခံ ၏ ။
[41] ပရောဖက် ဟူသော အမည် နာမ ကို ထောက်၍ ပရောဖက် ကို လက်ခံ သော သူ သည် ပရောဖက် နှင့်ဆိုင်သော အကျိုးကျေးဇူး ကို ရရှိ လိမ့်မည် ။ ဖြောင့်မတ် သော သူ ဟူသော အမည် နာမ ကို ထောက်၍ ဖြောင့်မတ် သော သူ ကို လက်ခံ သော သူ သည် လည်း ဖြောင့်မတ် သော သူ နှင့်ဆိုင်သော အကျိုးကျေးဇူး ကို ရရှိ လိမ့်မည် ။
[42] သင် တို့ အား ငါ အမှန် ဆို မည် ။ တပည့် တော် ဟူသော အမည် နာမ ကို ထောက်၍ ဤ ငယ် သော သူ များ ထဲမှ တစ်စုံတစ်ဦး အား ရေအေး တစ် ခွက် မျှပင် တိုက် သော သူ သည် အကျိုးကျေးဇူး ကို လုံးဝ ဆုံးရှုံး ရ မည် မ ဟုတ် ” ဟု မိန့်တော်မူ၏။