[1] တစ်ဖန် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ
[2] “ ကောင်းကင် နိုင်ငံ တော် သည် မိမိ သား အတွက် မင်္ဂလာဆောင် ပွဲ ကျင်းပ သော ဘုရင် တစ် ပါး နှင့် တူ ၏ ။
[3] သူ သည် ဖိတ်ခေါ် ထား သော သူ တို့ ကို မင်္ဂလာဆောင် ပွဲ သို့ ခေါ် လာ ရန် မိမိ ၏ အစေအပါး တို့ ကို စေလွှတ် သော်လည်း သူ တို့ သည် မ လာ လို ကြ ပေ ။
[4] တစ်ဖန် သူ သည် အခြား သော အစေအပါး တို့ အား ‘ ငါ ၏ ဧည့်ခံပွဲ ကို ငါ ပြင်ဆင် ထား ပြီ ။ ငါ ၏ နွားလား နှင့် ဆူဖြိုး သော တိရစ္ဆာန် များ ကို သတ် ပြီး ပြီ ။ အားလုံး အဆင်သင့် ဖြစ် ပြီ ။ မင်္ဂလာဆောင် ပွဲ သို့ ကြွ ကြ ပါ ဟု ဖိတ်ခေါ် ထား သော သူ တို့ ကို ပြော ကြ လော့ ’ ဟူ၍ မှာကြား လျက် စေလွှတ် လေ ၏ ။
[5] သို့သော် သူ တို့ သည် ဂရုမစိုက် ကြ ဘဲ တစ် ဦး သည် မိမိ လယ် သို့ လည်းကောင်း ၊ အခြား တစ် ဦး သည် မိမိ ကုန်သွယ် ရာ သို့ လည်းကောင်း သွား ကြ ၏ ။
[6] အခြား သော သူ တို့ မူကား ဘုရင် ၏ အစေအပါး တို့ ကို ဖမ်းဆီး လျက် နှိပ်စက် ကာ သတ်ဖြတ် ကြ ၏ ။
[7] ထိုအခါ ဘုရင် သည် အမျက်ထွက် ၍ သူ ၏ စစ်သား များ ကို စေလွှတ် ကာ ထို လူသတ်သမား တို့ ကို ဖျက်ဆီး စေ ပြီး သူ တို့ ၏ မြို့ ကို မီးရှို့ စေ ၏ ။
[8] ထို့နောက် သူ ၏ အစေအပါး တို့ အား ‘ မင်္ဂလာဆောင် ပွဲ သည် အဆင်သင့် ဖြစ် သော်လည်း ဖိတ်ခေါ် ထား သော သူ တို့ သည် မ ထိုက်တန် ကြ သောကြောင့်
[9] လမ်းဆုံလမ်းခွ များ သို့ သွား ၍ တွေ့ သမျှ သော သူ တို့ ကို မင်္ဂလာဆောင် ပွဲ သို့ ဖိတ်ခေါ် ကြ လော့ ’ ဟု မိန့် တော်မူ ၏ ။
[10] ထိုအခါ အစေအပါး တို့ သည် လမ်း များ သို့ သွား ၍ လူ ဆိုး ဖြစ်စေ ၊ လူ ကောင်း ဖြစ်စေ တွေ့ သမျှ သော သူ တို့ ကို စုဝေး စေ ကြ သဖြင့် မင်္ဂလာဆောင် ပွဲ သည် ဧည့်သည် များ နှင့် ပြည့် သွား လေ ၏ ။
[11] ဘုရင် သည် ဧည့်သည် များ ကို ကြည့်ရှု ရန် ကြွလာ သောအခါ ထို နေရာ ၌ မင်္ဂလာဆောင် ပွဲထိုင် ဝတ်စုံ မ ဝတ် ထား သော လူ တစ် ယောက် ကို မြင် လျှင်
[12] ‘ အဆွေ ၊ သင် သည် မင်္ဂလာဆောင် ပွဲထိုင် ဝတ်စုံ ကို မ ဝတ် ဘဲ မည်ကဲ့သို့ ဤ နေရာ သို့ ဝင် လာ သနည်း ’ ဟု ထို သူ အား မေး တော်မူ ၏ ။ သို့သော် သူ သည် နှုတ်ဆိတ် လျက် နေ လေ ၏ ။
[13] ထိုအခါ ဘုရင် က ‘ ထို သူ ၏ ခြေ နှင့် လက် တို့ ကို ချည်နှောင် ၍ သူ့ ကို အပြင် ဘက် အမှောင် ထဲသို့ နှင်ထုတ် ကြ လော့ ။ ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ လိမ့်မည် ’ ဟု အစေခံ တို့ အား မိန့် တော်မူ ၏ ။
[14] အကြောင်းမူကား ခေါ်ယူ တော်မူ ခြင်း ခံရ သော သူ တို့ သည် များစွာ ရှိ ကြ သော်လည်း ရွေးကောက် ခံရ သော သူ တို့ သည် နည်း ကြ ၏ ” ဟု မိန့်တော်မူ၏။
[15] ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
[16] ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
[17] သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။
[18] သို့သော် ယေရှုသည် သူတို့၏ဆိုးညစ်မှုကိုသိတော်မူ၍“ သူတော်ကောင်း ယောင်ဆောင် သော သူ တို့ ၊ အဘယ်ကြောင့် ငါ့ ကို စမ်းသပ် ကြ သနည်း ။
[19] အခွန် ငွေဒင်္ဂါး တစ် ပြား ကို ငါ့ အား ပြ ကြ လော့ ” ဟု မိန့်တော်မူလျှင် သူတို့သည် ဒေနာရိတစ်ပြား ကို အထံတော်သို့ယူလာကြ၏။
[20] ကိုယ်တော်ကလည်း“ ဤသည်ကား မည်သူ ၏ ပုံ ၊ မည်သူ ၏ ကမ္ပည်းစာ ဖြစ် သနည်း ” ဟု မေးတော်မူလျှင်
[21] သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ သို့ဖြစ်လျှင် ဆီဇာ ဧကရာဇ် နှင့်ဆိုင်သော အရာ များ ကို ဆီဇာ ဧကရာဇ် အား ဆက်သ ၍ ဘုရားသခင် နှင့်ဆိုင်သော အရာ များ ကို ဘုရားသခင် အား ဆက်သ ကြ လော့ ” ဟု မိန့်တော်မူ၏။
[22] သူတို့သည် ထိုစကားကိုကြားရသောအခါ အံ့ဩ၍ ကိုယ်တော်ထံမှ ထွက်သွားကြ၏။
[23] ထိုနေ့၌ပင် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသောဇဒ္ဒုကဲတို့သည် အထံတော်သို့ ချဉ်းကပ်လာ၍
[24] “ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည် ဟု မောရှေညွှန်ကြားခဲ့ပါသည်။
[25] အကျွန်ုပ်တို့ထံတွင် ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး မျိုးဆက်မရှိဘဲ သေဆုံးလျက် သူ၏မယားကို သူ့ညီထံ ထားရစ်ခဲ့ပါသည်။
[26] ဒုတိယညီနှင့်တတိယညီမှစ၍ ခုနစ်ယောက်မြောက်တိုင်အောင် ထိုနည်းတူဖြစ်ကြပါသည်။
[27] နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
[28] သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် ထိုခုနစ်ဦးတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား သူတို့အားလုံးသည် ထိုမိန်းမနှင့်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
[29] ယေရှုကလည်း“ သင် တို့ သည် ကျမ်းစာ ကို လည်းကောင်း ၊ ဘုရားသခင် ၏ တန်ခိုး တော် ကို လည်းကောင်း မ သိ ၍ အယူလွဲ နေ ကြ ၏ ။
[30] အကြောင်းမူကား ရှင်ပြန် ထမြောက် ရာ ကာလ ၌ လူ တို့ သည် ထိမ်းမြား စုံဖက် ခြင်း ကို မ ပြု ၊ ပေးစား ဆောင်နှင်း ခြင်း လည်း မ ရှိ ဘဲ ကောင်းကင် ၌ ရှိ သော ကောင်းကင်တမန် များ ကဲ့သို့ ဖြစ် ကြ ၏ ။
[31] သေ သော သူ တို့ ၏ ရှင်ပြန် ထမြောက် ခြင်း နှင့် ပတ်သက်၍ ဘုရားသခင် က ‘ ငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား ဖြစ် ၏ ’ ဟု သင် တို့ အား မိန့် တော်မူ ခဲ့ သော စကား ကို မ ဖတ် ဖူး ကြ သလော ။ ဘုရားသခင် သည် သေ သော သူ တို့ ၏ ဘုရား မ ဟုတ် ဘဲ အသက်ရှင် သော သူ တို့ ၏ ဘုရား ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[33] လူထုပရိသတ်တို့သည် ကြားသောအခါ ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
[34] ဇဒ္ဒုကဲတို့ကို ကိုယ်တော်နှုတ်ဆိတ်စေတော်မူခဲ့ကြောင်း ဖာရိရှဲတို့ကြားလျှင် အတူတကွစုဝေးလာကြ၍
[35] သူတို့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့်
[36] “ဆရာ၊ ပညတ်တရားထဲတွင် မည်သည့်ပညတ်ချက်သည် ကြီးမြတ်သနည်း”ဟု မေးလျှောက်လေ၏။
[37] ကိုယ်တော်က လည်း“ ‘ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ကို သင် ၏ စိတ်နှလုံး အကြွင်းမဲ့ ၊ သင် ၏ စိတ် ဝိညာဉ် တစ်ခုလုံး နှင့် သင် ၏ အသိဉာဏ် ရှိသမျှ တို့ ဖြင့် ချစ် ရ မည် ။ ’
[38] ဤသည်ကား ကြီးမြတ် သည့် ပထမ ပညတ် ချက် ဖြစ် ၏ ။
[39] ဒုတိယ ပညတ်ချက် သည် လည်း ၎င်း နည်းတူ ဖြစ် ပြီး ‘ ကိုယ့် ဝန်းကျင် ၌ ရှိ သော သူ ကို ကိုယ် နှင့်အမျှ ချစ် ရ မည် ’ ဟူ၍ ဖြစ် ၏ ။
[40] ပညတ် တရား ကျမ်း နှင့် ပရောဖက် ကျမ်း အလုံးစုံ တို့ သည် ဤ ပညတ် ချက် နှစ် ပါး အပေါ်တွင် တည် ၏ ” ဟု မိန့်တော်မူ၏။
[41] ထို့နောက် ဖာရိရှဲတို့စုဝေးနေကြစဉ် ယေရှုက
[42] “ သင် တို့ သည် ခရစ်တော် နှင့် ပတ်သက်၍ မည်သို့ ထင်မြင် ကြ သနည်း ။ သူ သည် မည်သူ ၏ သား ဖြစ် သနည်း ” ဟု မေးတော်မူလျှင် သူတို့က “ဒါဝိဒ်၏သားဖြစ်ပါသည်”ဟု ပြန်လျှောက်ကြ၏။
[43] ကိုယ်တော်ကလည်း“ သို့ဖြစ်လျှင် ဒါဝိဒ် သည် သူ့ ကို ဝိညာဉ် တော် အားဖြင့် ‘ သခင် ’ ဟု ခေါ် လျက်
[44] ‘ ထာဝရ ဘုရား သည် ငါ ၏ သခင် အား သင် ၏ ရန်သူ တို့ ကို သင် ၏ ခြေဖဝါး အောက်၌ ငါ ချ ထား သည့် တိုင်အောင် ငါ ၏ လက်ယာ ဘက် ၌ ထိုင် နေ လော့ ဟု မိန့် တော်မူ ၏ ’ ဟူ၍ ဆိုထား သည် မှာ မည်သို့ နည်း ။
[45] ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟု ခေါ် လျှင် ခရစ်တော် သည် မည်ကဲ့သို့ သူ ၏ သား ဖြစ် နိုင် မည်နည်း ” ဟု မိန့်တော်မူ၏။
[46] ထိုအခါ ကိုယ်တော်ကို စကားတစ်ခွန်းပြန်လျှောက်ရန်ပင် မည်သူမျှ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။