Skip to content
Opens in a new window
Listen to this chapter • 9:24

[1] ထို ကာလ ၌ ကောင်းကင် နိုင်ငံ တော် သည် မိမိ တို့ မီးခွက် များ ကို ယူဆောင် လျက် သတို့သား ကို ကြိုဆို ရန် ထွက်သွား သည့် အပျို ကညာ ဆယ် ယောက် နှင့် တူ လိမ့်မည် ။

[2] ထို သူ တို့ ထဲမှ ငါး ယောက် သည် မိုက်မဲ သော သူ ဖြစ် ကြ ပြီး ငါး ယောက် သည် ပညာ သတိ ရှိ သော သူ ဖြစ် ကြ ၏ ။

[3] မိုက်မဲ သော သူ တို့ သည် မိမိ တို့ ၏ မီးခွက် ကို ယူ သွား ကြ သော်လည်း မိမိ တို့ နှင့်အတူ ဆီ ကို မ ယူ သွား ကြ ။

[4] ပညာ သတိ ရှိ သော သူ တို့ မူကား မိမိ တို့ မီးခွက် နှင့်အတူ ဆီ ကို ဘူး ထဲ၌ ယူ သွား ကြ ၏ ။

[5] သတို့သား သည် ကြန့်ကြာ နေ သောကြောင့် သူ တို့ အားလုံး သည် ငိုက်မျဉ်း ၍ အိပ်ပျော် ကြ ၏ ။

[6] ည သန်းခေါင် ၌ ‘ ကြည့်ရှု လော့ ။ သတို့သား ရောက်လာ ပြီ ။ သူ့ ကို ကြိုဆို ရန် ထွက် ခဲ့ ကြ လော့ ’ ဟူသော အော်ဟစ် သံ ထွက်ပေါ် လာ ရာ

[7] အပျို ကညာ အားလုံး တို့ သည် ထ ၍ မိမိ တို့ ၏ မီးခွက် များ ကို ပြင်ဆင် ကြ ၏ ။

[8] ထိုအခါ မိုက်မဲ သော သူ တို့ က ‘ ငါ တို့ မီးခွက် များ မီး ငြိမ်း တော့မည် ဖြစ်၍ သင် တို့ ၏ ဆီ အချို့ ကို ငါ တို့ အား ပေး ကြ ပါ ’ ဟု ပညာ သတိ ရှိ သော သူ တို့ ကို ပြော ကြ ၏ ။

[9] သို့သော် ပညာ သတိ ရှိ သော သူ တို့ က ‘ ထိုသို့ပြုလျှင် သင် တို့ နှင့် ငါ တို့ အတွက် လုံလောက် မည် မ ဟုတ် ပါ ။ ဆီ ရောင်း သော သူ တို့ ထံသို့ သာ သွား ၍ မိမိ တို့ အတွက် ဝယ်ယူ ကြ ပါ ’ ဟု ပြန် ပြော ကြ ၏ ။

[10] သူ တို့ သွား ၍ ဝယ် နေ ကြ စဉ် သတို့သား ရောက်လာ သဖြင့် အသင့် ရှိ နေ သော သူ တို့ သည် သတို့သား နှင့်အတူ မင်္ဂလာဆောင် ပွဲ သို့ ဝင် ကြ ၏ ။ ထိုအခါ တံခါး ကို ပိတ် ကြ ၏ ။

[11] ထို့နောက် အခြား သော အပျို ကညာ တို့ သည် လည်း ရောက်လာ ၍ ‘ အရှင် ၊ အရှင် ၊ ကျွန်မ တို့ အား တံခါး ဖွင့် ပေး ပါ ’ ​ဟု ဆို ကြ ၏ ။

[12] သို့သော် သတို့သား က ‘ သင် တို့ အား ငါ အမှန် ဆို မည် ။ သင် တို့ ကို ငါ မ သိ ’ ဟု ပြန်ပြော လေ ၏ ။

[13] သို့ဖြစ်၍ သတိ နှင့် စောင့် နေ ကြ လော့ ။ အကြောင်းမူကား ထို နေ့ရက် နှင့် ထို အချိန် နာရီ ကို သင် တို့ မ သိ ကြ ။

[14] ဤ သည် ကား ခရီးထွက် မည့် လူ တစ် ဦး သည် မိမိ ၏ အစေအပါး တို့ ကို ခေါ် ၍ သူ ၏ ဥစ္စာ ပစ္စည်း များ ကို သူ တို့ အား အပ်နှင်း ခဲ့ သည် နှင့် တူ ၏ ။

[15] သူ သည် အစေအပါး အသီးသီး တို့ အား သူ တို့ ၏ အရည်အချင်း နှင့်အညီ တစ် ဦး ကို ငါး တာလန် ၊ အခြား တစ် ဦး ကို နှစ် တာလန် နှင့် နောက် တစ် ဦး ကို တစ် တာလန် စသည် ဖြင့် ပေးအပ် ပြီးလျှင် ခရီးထွက် လေ ၏ ။

[16] ငါး တာလန် ရ သော သူ သည် ချက်ချင်း သွား ၍ ထို ငွေ များ ဖြင့် ကုန်သွယ် လျက် နောက်ထပ် ငါး တာလန် အမြတ် ရ လေ ၏ ။

[17] ထိုနည်းတူ နှစ် တာလန် ရ သော သူ သည် လည်း နောက်ထပ် နှစ် တာလန် အမြတ် ရ လေ ၏ ။

[18] တစ် တာလန် ရ သော သူ မူကား သွား ၍ မြေ ၌ တွင်းတူး ကာ မိမိ သခင် ၏ ငွေ ကို ဝှက် ထား လေ ၏ ။

[19] ကာလ အတန်ကြာ ပြီးနောက် ထို အစေအပါး တို့ ၏ သခင် သည် ပြန်လာ ၍ သူ တို့ နှင့် စာရင်း ရှင်း လေ ၏ ။

[20] ထိုအခါ ငါး တာလန် ရ သော သူ သည် ချဉ်းကပ် ၍ နောက်ထပ် ငါး တာလန် ကို ဆက်သ ကာ ‘ သခင် ၊ သခင် သည် အကျွန်ုပ် အား ငါး တာလန် အပ်နှင်း ခဲ့ ပါ သည် ။ ကြည့် ပါ ။ အကျွန်ုပ် သည် နောက်ထပ် ငါး တာလန် အမြတ် ရ ပါ ပြီ ’ ဟု လျှောက် လေ ၏ ။

[21] သူ ၏ သခင် က လည်း ‘ ကောင်းလေစွ ။ သစ္စာရှိ သော အစေအပါး ကောင်း ၊ သင် သည် အနည်းငယ် သော အရာ ၌ သစ္စာရှိ ၏ ။ များစွာ သော အရာ တို့ ကို သင့် အား ကြီးကြပ် စောင့်ရှောက် စေ မည် ။ သင့် သခင် ၏ ဝမ်းမြောက် ခြင်း ၌ ပါဝင် ဆင်နွှဲ လော့ ’ ဟု ဆို လေ ၏ ။

[22] နှစ် တာလန် ရ သော သူ သည် လည်း ချဉ်းကပ် ၍ ‘ သခင် ၊ သခင် သည် အကျွန်ုပ် အား နှစ် တာလန် အပ်နှင်း ခဲ့ ပါ သည် ။ ကြည့် ပါ ။ အကျွန်ုပ် သည် နောက်ထပ် နှစ် တာလန် အမြတ် ရ ပါ ပြီ ’ ဟု လျှောက် လေ ၏ ။

[23] သူ ၏ သခင် က လည်း ‘ ကောင်းလေစွ ။ သစ္စာရှိ သော အစေအပါး ကောင်း ၊ သင် သည် အနည်းငယ် သော အရာ ၌ သစ္စာရှိ ၏ ။ များစွာ သော အရာ တို့ ကို သင့် အား ကြီးကြပ် စောင့်ရှောက် စေ မည် ။ သင့် သခင် ၏ ဝမ်းမြောက် ခြင်း ၌ ပါဝင် ဆင်နွှဲ လော့ ’ ဟု ဆို လေ ၏ ။

[24] တစ် တာလန် ရ သော သူ သည် လည်း ချဉ်းကပ် ၍ ‘ သခင် ၊ သခင် သည် မိမိ မ စိုက်ပျိုး သည့် နေရာ မှ ရိတ်သိမ်း ပြီး မိမိ မ ကြဲဖြန့် သည့် နေရာ မှ စုသိမ်း တတ် သည့် ခက်ထန် သော သူ ဖြစ် ကြောင်း အကျွန်ုပ် သိ ပါ သည် ။

[25] ထို့ကြောင့် အကျွန်ုပ် သည် ကြောက် သဖြင့် သွား ၍ သခင် ၏ ငွေ ကို မြေ ၌ ဝှက် ထား ပါ သည် ။ ကြည့် ပါ ။ သခင် ၏ ဥစ္စာ ရှိ ပါ သည် ’ ဟု လျှောက် လေ ၏ ။

[26] သူ ၏ သခင် က လည်း ‘ ဆိုးညစ် ၍ ပျင်းရိ သော အစေအပါး ၊ ငါ သည် မ စိုက်ပျိုး သည့် နေရာ မှ ရိတ်သိမ်း ပြီး မ ကြဲဖြန့် သည့် နေရာ မှ စုသိမ်း တတ် ကြောင်း သင် သိ သည် မှန် လျှင်

[27] ငါ ၏ ငွေ ကို ငွေတိုး ပေး သူ လက် ၌ အပ် ထား သင့် ၏ ။ သို့ပြုလျှင် ငါ ပြန်လာ သောအခါ ငါ ၏ ငွေ ကို အတိုး နှင့်တကွ ရရှိ ခဲ့ ပေ လိမ့်မည် ။

[28] ထို့ကြောင့် တစ် တာလန် ကို သူ့ ထံမှ ယူ ၍ ဆယ် တာလန် ရှိ သော သူ အား ပေး ကြ လော့ ။

[29] အကြောင်းမူကား ရှိ သော သူ တိုင်း အား ထပ်၍ ပေး သဖြင့် သူ တို့ သည် ကြွယ်ဝ ပြည့်စုံ လိမ့်မည် ။ မ ရှိ သော သူ ထံမှ မူကား သူ ၌ ရှိ သော အရာ ကို ပင် သိမ်းယူ လိမ့်မည် ။

[30] အကျိုးမပြု သော ဤ အစေအပါး ကို ကား အပြင် ဘက် အမှောင် ထဲသို့ နှင်ထုတ် ကြ လော့ ။ ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ လိမ့်မည် ’ ​ဟု ဆို လေ ၏ ။

[31] လူ့သား သည် မိမိ ၏ ဘုန်း အသရေ ကို ဆောင် လျက် ကောင်းကင်တမန် အပေါင်း တို့ နှင့်တကွ ကြွလာ သောအခါ ဘုန်း အသရေ နှင့် ပြည့်စုံ သော မိမိ ၏ ပလ္လင် ပေါ်၌ ထိုင် တော်မူ လိမ့်မည် ။

[32] ထိုအခါ လူမျိုး အပေါင်း တို့ ကို ရှေ့ တော် ၌ စုဝေး စေ ကြ လိမ့်မည် ။ ထို့နောက် သိုးထိန်း သည် သိုး တို့ ကို ဆိတ် တို့ နှင့် သီးခြား ခွဲထား သကဲ့သို့ ကိုယ်တော် သည် သူ တို့ ကို တစ်ဦး နှင့် တစ်ဦး သီးခြား ခွဲထား ကာ

[33] သိုး များ ကို မိမိ ၏ လက်ယာ တော် ဘက် ၌ လည်းကောင်း ၊ ဆိတ် များ ကို လက်ဝဲ တော် ဘက် ၌ လည်းကောင်း ထား တော်မူ လိမ့်မည် ။

[34] ထို့နောက် မင်းကြီး သည် မိမိ ၏ လက်ယာ တော် ဘက် ၌ ရှိ သော သူ တို့ အား ‘ ငါ့ ခမည်းတော် ထံမှ ကောင်းချီး မင်္ဂလာ ခံစား ရ သော သူ တို့ ၊ ကမ္ဘာ တည် ကတည်းက သင် တို့ အတွက် ပြင်ဆင် ထား သော နိုင်ငံ တော် ကို လာ ၍ အမွေ ဆက်ခံ ကြ လော့ ။

[35] အကြောင်းမူကား ငါ သည် ဆာလောင် သောအခါ သင် တို့ သည် ငါ့ ကို စား စရာ ပေး ကြ ၏ ။ ငါ သည် ရေငတ် သောအခါ သင် တို့ သည် ငါ့ ကို သောက် စရာ ပေး ကြ ၏ ။ ငါ သည် သူစိမ်း ဧည့်သည် ဖြစ် သောအခါ သင် တို့ သည် ငါ့ ကို ကြိုဆို လက်ခံ ကြ ၏ ။

[36] ငါ သည် အဝတ်မပါ အချည်းစည်း ဖြစ် သောအခါ သင် တို့ သည် ငါ့ ကို ဝတ်စရာ ပေး ကြ ၏ ။ ငါ သည် နာမကျန်း ဖြစ် သောအခါ သင် တို့ သည် ငါ့ ကို ကြည့်ရှု ကြ ၏ ။ ငါ သည် ထောင် ကျ သောအခါ သင် တို့ သည် ငါ့ ထံသို့ လာ ကြ ၏ ’ ဟု မိန့် တော်မူ လိမ့်မည် ။

[37] ထိုအခါ ဖြောင့်မတ် သော သူ တို့ က ‘ သခင် ဘုရား ၊ အကျွန်ုပ် တို့ သည် မည်သည့် အခါ တွင် ကိုယ်တော် ဆာလောင် တော်မူ သည် ကို မြင် ၍ ကျွေးမွေး ခဲ့ ပါ သနည်း ။ သို့မဟုတ် ရေငတ် တော်မူ သည် ကို မြင် ၍ သောက် စရာ ပေး ခဲ့ ပါ သနည်း ။

[38] မည်သည့် အခါ တွင် ကိုယ်တော် သည် သူစိမ်း ဧည့်သည် ဖြစ် တော်မူ သည် ကို မြင် ၍ ကြိုဆို လက်ခံ ခဲ့ ပါ သနည်း ။ သို့မဟုတ် အဝတ်မပါ အချည်းစည်း ဖြစ် တော်မူ သည် ကို မြင် ၍ ဝတ်စရာ ပေး ခဲ့ ပါ သနည်း ။

[39] မည်သည့် အခါ တွင် ကိုယ်တော် နာမကျန်း ဖြစ် တော်မူ သည် ကို လည်းကောင်း ၊ ထောင် ကျ တော်မူ သည် ကို လည်းကောင်း မြင် ၍ ကိုယ်တော် ထံ လာ ခဲ့ ပါ သနည်း ’ ဟု မင်းကြီး အား ပြန် လျှောက် ကြ လိမ့်မည် ။

[40] မင်းကြီး က လည်း ‘ သင် တို့ အား ငါ အမှန် ဆို မည် ။ ငါ ၏ ဤ ညီအစ်ကို တို့ တွင် အငယ်ဆုံး သော သူ တို့ ထဲမှ တစ်ဦးတစ်ယောက် အား သင် တို့ ပြု ခဲ့ သမျှ သည် ငါ့ ကို ပြု ခဲ့ ခြင်း ဖြစ် ၏ ’ ​ဟု ပြန် ၍ မိန့် တော်မူ လိမ့်မည် ။

[41] ထို့နောက် မင်းကြီး သည် လက်ဝဲ တော် ဘက် ၌ ရှိ သော သူ တို့ အား လည်း ‘ ကျိန်ဆဲ ခြင်း ခံရ သော သူ တို့ ၊ ငါ့ ထံမှ ထွက်ခွာ ၍ မာရ်နတ် နှင့် သူ ၏ စေတမန် များ အတွက် ပြင်ဆင် ထား သော ထာဝရ မီး ထဲသို့ သွား ကြ လော့ ။

[42] အကြောင်းမူကား ငါ သည် ဆာလောင် သောအခါ သင် တို့ သည် ငါ့ ကို စား စရာ မ ပေး ကြ ။ ငါ သည် ရေငတ် သောအခါ သင် တို့ သည် ငါ့ ကို သောက် စရာ မ ပေး ကြ ။

[43] ငါ သည် သူစိမ်း ဧည့်သည် ဖြစ် သောအခါ သင် တို့ သည် ငါ့ ကို ကြိုဆို လက်ခံ ခြင်း မ ရှိ ကြ ။ ငါ သည် အဝတ်မပါ အချည်းစည်း ဖြစ် သောအခါ သင် တို့ သည် ငါ့ ကို ဝတ်စရာ မ ပေး ကြ ။ ငါ သည် နာမကျန်း ဖြစ် သောအခါ နှင့် ထောင် ကျ သောအခါ တွင် လည်း သင် တို့ သည် ငါ့ ကို မ ကြည့်ရှု ကြ ’ ဟု မိန့် တော်မူ လိမ့်မည် ။

[44] ထိုအခါ သူ တို့ သည် လည်း ‘ သခင် ဘုရား ၊ အကျွန်ုပ် တို့ သည် မည်သည့် အခါ တွင် ကိုယ်တော် ဆာလောင် တော်မူ သည် ကို လည်းကောင်း ၊ ရေငတ် တော်မူ သည် ကို လည်းကောင်း ၊ သူစိမ်း ဧည့်သည် ဖြစ် တော်မူ သည် ကို လည်းကောင်း ၊ အဝတ်မပါ အချည်းစည်း ဖြစ် တော်မူ သည် ကို လည်းကောင်း ၊ နာမကျန်း ဖြစ် တော်မူ သည် ကို လည်းကောင်း ၊ ထောင် ကျ တော်မူ သည် ကို လည်းကောင်း မြင် ၍ ကိုယ်တော် ကို မ လုပ်ကျွေး မ ပြုစု ဘဲ နေ ကြ သနည်း ’ ဟု ပြန် လျှောက် ကြ လိမ့်မည် ။

[45] မင်းကြီး က လည်း ‘ သင် တို့ အား ငါ အမှန် ဆို မည် ။ ဤ အငယ်ဆုံး သော သူ တို့ ထဲမှ တစ်ဦးတစ်ယောက် အား သင် တို့ မ ပြု ခဲ့ သမျှ သည် ငါ့ ကို မ ပြု ခြင်း ဖြစ် ၏ ’ ဟု ပြန် ၍ မိန့် တော်မူ လိမ့်မည် ။

[46] ထိုအခါ ဤ သူ တို့ သည် ထာဝရ အပြစ်ဒဏ် ခံ ရာ သို့ သွား ကြ လိမ့်မည် ။ ဖြောင့်မတ် သော သူ တို့ မူကား ထာဝရ အသက်ရှင် ရာ သို့ သွား ကြ လိမ့်မည် ” ဟု မိန့် တော်မူ ၏ ။

ရှင်မသ္သဲခရစ်ဝင် — Chapters