Skip to content
Opens in a new window
Listen to this chapter • 6:30

[1] ယေရှု​သည် ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ ဂါလိလဲ​နယ်​မှ​ထွက်ခွာ​၍ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။

[2] များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​၌ သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။

[3] ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “လူ​သည် မည်သည့်​အကြောင်း​ကြောင့်​မဆို မိမိ​မယား​ကို ကွာရှင်း​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။

[4] ကိုယ်တော်​က​လည်း“ ဖန်ဆင်း တော်မူ သော အရှင် သည် အစအဦး က ပင် သူ တို့ ကို ယောက်ျား နှင့် မိန်းမ အဖြစ် ဖန်ဆင်း တော်မူ လျက်

[5] ‘ ထို အကြောင်း ကြောင့် ယောက်ျား သည် မိမိ ၏ မိခင် နှင့် ဖခင် တို့ ကို စွန့်ခွာ ၍ မိမိ မယား နှင့် ပေါင်းဖော် သဖြင့် ထို သူ နှစ် ဦး တို့ သည် တစ်သား တစ်ကိုယ် တည်း ဖြစ် ကြ လိမ့်မည် ’ ​ဟု မိန့် တော်မူ ခဲ့ ကြောင်း သင် တို့ မ ဖတ် ဖူး ကြ သလော ။

[6] သို့ဖြစ်၍ သူ တို့ သည် နှစ် ဦး မ ဟုတ် တော့ ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ် ကြ ၏ ။ ထို့ကြောင့် ဘုရားသခင် တွဲဖက် ၍ ထမ်းပိုး တင် တော်မူ သော အရာ ကို လူ က မ ကွဲကွာ စေ နှင့် ” ​ဟု မိန့်​တော်မူ​၏။

[7] ဖာရိရှဲ​တို့​က “သို့ဖြစ်လျှင် ဖြတ်စာ​ကို​ပေး​၍ မယား​ကို​ကွာရှင်း​ရန် အဘယ်ကြောင့် မောရှေ​သည် ပညတ်​ခဲ့​သနည်း”​ဟု မေးလျှောက်​ကြ​၏။

[8] ကိုယ်တော်​က​လည်း“ သင် တို့ ၏ စိတ်နှလုံး မာကျော သောကြောင့် မောရှေ သည် သင် တို့ အား မယား ကို ကွာရှင်း ခွင့်ပြု ခဲ့ ၏ ။ သို့သော် အစအဦး မှစ၍ ထိုကဲ့သို့ ဖြစ် သည် မ ဟုတ် ။

[9] သို့ဖြစ်၍ သင် တို့ အား ငါ ဆို သည် ကား တရားနှင့်မညီ မေထုန်ပြု ခြင်း ကြောင့် မ ဟုတ် ဘဲ မိမိ မယား ကို ကွာရှင်း ၍ အခြား မိန်းမ နှင့် ထိမ်းမြား စုံဖက် သော သူ သည် အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ၏ ” ​ဟု မိန့်​တော်မူ​၏။

[10] တပည့်​တော်​တို့​က “လင်​နှင့်​မယား​တို့​၏​ဆက်နွှယ်​မှု​သည် ထိုသို့​ဖြစ်​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။

[11] ကိုယ်တော်​က​လည်း“ ဤ စကား ကို လူ တိုင်း ခံယူ နိုင် သည် မ ဟုတ် ။ ထိုသို့ ပြု ခွင့် ရ သော သူ တို့ သာ ခံယူ နိုင် ကြ ၏ ။

[12] အကြောင်းမူကား အမိ ဝမ်းတွင်း က ပင် အိမ်ထောင် ပြု နိုင်စွမ်း မ ရှိ ဘဲ မွေး လာ သော သူ များ ရှိ ကြ ၏ ။ လူ တို့ ကြောင့် အိမ်ထောင်ပြု နိုင်စွမ်း ကို စွန့်လွှတ် ရ သော သူ များ လည်း ရှိ ကြ ၏ ။ ကောင်းကင် နိုင်ငံ တော် အတွက် အိမ်ထောင်ပြု နိုင်စွမ်း ကို ကိုယ်တိုင် စွန့်လွှတ် သော သူ များ လည်း ရှိ ကြ ၏ ။ ဤ အရာ ကို ခံယူ နိုင် သော သူ သည် ခံယူ စေ ” ​ဟု မိန့်​တော်မူ​၏။

[13] ထို့နောက် လက်​တော်​တင်​လျက် ဆုတောင်း​ပေး​စေရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။

[14] ယေရှု​က​လည်း“ ကလေး သူငယ် တို့ ကို ရှိ ကြ ပါလေစေ ။ ငါ့ ထံသို့ သူ တို့ လာ ကြ သည် ကို မ တားဆီး ကြ နှင့် ။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော် သည် ထိုသို့ သော သူ တို့ ၏ နိုင်ငံ ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​လျက်

[15] သူ​တို့​အပေါ်​၌ လက်​တော်​တင်​ပြီးလျှင် ထို​နေရာ​မှ ကြွ​တော်မူ​၏။

[16] ထို့နောက် လူ​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမြတ်​သော​အမှု​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။

[17] ကိုယ်တော်​က​လည်း“ ကောင်းမြတ် သော အမှု နှင့် ပတ်သက်၍ အဘယ်ကြောင့် ငါ့ ကို မေး သနည်း ။ ကောင်းမြတ် သော အရှင် တစ်ပါးတည်း သာ ရှိ ​တော်မူ ၏ ။ သင် သည် အသက်ရှင် ခြင်း သို့ ဝင်စား လို လျှင် ပညတ် တော် တို့ ကို စောင့်ထိန်း လော့ ” ​ဟု မိန့်​တော်မူ​၏။

[18] ထို​သူ​က​လည်း “မည်သည့်​ပညတ်တော်​များ​နည်း”​ဟု မေးလျှောက်​ပြန်​သော် ယေရှု​က“ လူ မ သတ် ရ ။ အိမ်ထောင်ရေး ဖောက်ပြန် မှု ကို မ ကျူးလွန် ရ ။ မ ခိုးယူ ရ ။ မမှန် သော သက်သေ ထွက်ဆို ခြင်း မ ပြု ရ ။

[19] မိခင် နှင့် ဖခင် တို့ ကို ရိုသေ လော့ ။ ကိုယ့် ဝန်းကျင် ၌ ရှိ သော သူ ကို ကိုယ် နှင့်အမျှ ချစ် ရ မည် ” ​ဟု မိန့်​တော်မူ​၏။

[20] ထို​လူငယ်​က “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို​စောင့်ထိန်း​ပါ​ပြီ။ မည်သည့်​အရာ​လို​ပါ​သေး​သနည်း”​ဟု လျှောက်​လေ​၏။

[21] ယေရှု​က“ သင် သည် စုံလင် ခြင်း သို့ ရောက် လို လျှင် သွား ၍ သင် ၏ ဥစ္စာ ပစ္စည်း များ ကို ရောင်း ပြီးလျှင် ဆင်းရဲသား တို့ အား ပေးကမ်း လော့ ။ ထိုသို့ပြုလျှင် သင် သည် ကောင်းကင် ဘုံ ၌ ဥစ္စာ ဘဏ္ဍာ ကို ရ လိမ့်မည် ။ ထို့နောက် လာ ၍ ငါ့ နောက် သို့ လိုက် လော့ ” ​ဟု မိန့်​တော်မူ​၏။

[22] ထို​လူငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် ဝမ်းနည်း​လျက် ထွက်သွား​လေ​၏။

[23] ထိုအခါ ယေရှု​က“ သင် တို့ အား ငါ အမှန် ဆို သည် ကား ချမ်းသာ သော သူ သည် ကောင်းကင် နိုင်ငံ တော် သို့ ဝင် ရန် ခဲယဉ်း လှ ၏ ။

[24] တစ်ဖန် သင် တို့ အား ငါ ဆို သည် ကား ချမ်းသာ သော သူ သည် ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ရန် ထက် ကုလားအုပ် သည် အပ် နဖားပေါက် မှ လျှိုဝင် ရန် ပို၍ လွယ်ကူ ၏ ” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

[25] တပည့်​တော်​တို့​သည် ထို​စကား​ကို​ကြား​လျှင် အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။

[26] သို့သော် ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ ဤ အရာ သည် လူ တို့ အတွက် မ ဖြစ်နိုင် သော်လည်း ဘုရားသခင် အတွက် အရာ ခပ်သိမ်း သည် ဖြစ်နိုင် ၏ ” ​ဟု မိန့်​တော်မူ​၏။

[27] ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်​တို့ မည်သည့်​အရာ​ကို ရရှိ​ပါ​မည်နည်း”​ဟု လျှောက်​လေ​၏။

[28] ယေရှု​က​လည်း“ သင် တို့ အား ငါ အမှန် ဆို သည် ကား အလုံးစုံ တို့ ကို အသစ် ပြုပြင် သော ကာလ ၌ လူ့သား သည် မိမိ ၏ ဘုန်း အသရေ နှင့် ပြည့်စုံ သော ပလ္လင် ပေါ်တွင် ထိုင် သောအခါ ငါ့ နောက် သို့ လိုက် သော သင် တို့ သည် လည်း ပလ္လင် တစ်ဆယ့်နှစ် ခု ပေါ် ထိုင် လျက် အစ္စရေး မျိုးနွယ်စု တစ်ဆယ့်နှစ် စု ကို တရား စီရင် ရ ကြ လိမ့်မည် ။

[29] ငါ ၏ နာမ ကြောင့် အိမ် ကို ဖြစ်စေ ၊ ညီအစ်ကို မောင်နှမ များ ကို ဖြစ်စေ ၊ အဖ ကို ဖြစ်စေ ၊ အမိ ကို ဖြစ်စေ ၊ သားသမီး များ ကို ဖြစ်စေ ၊ မြေယာ များ ကို ဖြစ်စေ စွန့် သော သူ တိုင်း သည် အဆ တစ်ရာ သော အကျိုး ကို ခံစားရ လျက် ထာဝရ အသက် ကို အမွေ ဆက်ခံ ရ လိမ့်မည် ။

[30] သို့သော် အဦးဆုံး သော သူ များစွာ တို့ သည် နောက်ဆုံး ဖြစ် ကြ ပြီး နောက်ဆုံး သော သူ များစွာ တို့ သည် အဦးဆုံး ဖြစ် ကြ လိမ့်မည် ။

ရှင်မသ္သဲခရစ်ဝင် — Chapters