Skip to content
Opens in a new window
Listen to this chapter • 8:22

[1] ထို့နောက် ယေရှု​သည် လူထု​ပရိသတ်​များ​နှင့် တပည့်​တော်​များ​အား မြွက်ဆို​တော်မူ​သည်​မှာ

[2] “ ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ သည် မောရှေ ၏ ထိုင်ခုံ ပေါ်၌ ထိုင် နေ ကြ ၏ ။

[3] ထို့ကြောင့် သင် တို့ အား သူ တို့ ပြော သမျှ သော အရာ အားလုံး ကို ကျင့်သုံး ၍ စောင့်ထိန်း ကြ လော့ ။ သို့သော် သူ တို့ ပြု သည့် အတိုင်း မ ပြု ကြ နှင့် ။ အကြောင်းမူကား သူ တို့ သည် ပြော သော်လည်း မ ကျင့်သုံး ကြ ။

[4] သူ တို့ သည် လေးလံ ၍ ထမ်းရခက် သော ဝန် များ ကို ထုပ်ပိုး လျက် လူ တို့ ၏ ပခုံး ပေါ် တင် တတ် ကြ ၏ ။ သူ တို့ ကိုယ်တိုင် က မူ ၎င်း တို့ ကို မိမိ တို့ ၏ လက်ဖျား နှင့် မျှ မ ရွှေ့ လို ကြ ။

[5] သူ တို့ သည် မိမိ တို့ ပြု သမျှ သော အမှု တို့ ကို လူ တို့ မြင် စေရန် သာ ပြု ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် မိမိ တို့ ၏ ကျမ်း လက်ဖွဲ့ အဆောင် များ ကို ကြီး စွာ လုပ် ၍ ဝတ်ရုံ ပန်းဖွား များ ကို ရှည်လျား စွာ ထား ကြ ၏ ။

[6] စားသောက်ပွဲ များ ၌ အထူး နေရာ ကို လည်းကောင်း ၊ ဝတ်ပြု စည်းဝေး ကျောင်း ​များ ၌ အထူး ထိုင်ခုံ များ ကို လည်းကောင်း ၊

[7] ဈေး အရပ် ၌ နှုတ်ဆက် ခံရ ခြင်း ကို လည်းကောင်း ၊ သူ တို့ ကို ရဗ္ဗိ ​ဟု လူ တို့ ခေါ်ဝေါ် ကြ သည် ကို လည်းကောင်း နှစ်သက် ကြ ၏ ။

[8] သို့သော် သင် တို့ သည် ရဗ္ဗိ ဟု ခေါ်ဝေါ် ခြင်း ကို မ ခံ ကြ နှင့် ။ အကြောင်းမူကား သင် တို့ ၏ ဆရာ သည် တစ်ပါးတည်း ​သာ ရှိ ၍ သင် တို့ အားလုံး သည် ညီအစ်ကို များ ဖြစ် ကြ ၏ ။

[9] မြေကြီး ပေါ်၌ မည်သူ့ ကို မျှ အဖ ဟူ၍ လည်း မ ခေါ် ကြ နှင့် ။ အကြောင်းမူကား သင် တို့ တွင် ကောင်းကင်ဘုံ ရှင် အဖ တစ်ပါးတည်း ရှိ တော်မူ ၏ ။

[10] သင် တို့ သည် ခေါင်းဆောင် ဟု လည်း ခေါ်ဝေါ် ခြင်း ကို မ ခံ ကြ နှင့် ။ အကြောင်းမူကား သင် တို့ ၏ ခေါင်းဆောင် သည် ခရစ်တော် တစ်ပါးတည်း ဖြစ် ၏ ။

[11] သင် တို့ တွင် အကြီးမြတ်ဆုံး ဖြစ် သော သူ သည် သင် တို့ ၏ အစေခံ ဖြစ် ရ မည် ။

[12] မိမိကိုယ်ကို ချီးမြှောက် သော သူ သည် နှိမ့်ချ ခြင်း ကို ခံရ ၍ မိမိကိုယ်ကို နှိမ့်ချ သော သူ သည် ချီးမြှောက် ခြင်း ကို ခံရ လိမ့်မည် ။

[13] သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ကောင်းကင် နိုင်ငံ တော် ကို လူ တို့ ရှေ့၌ ပိတ် ထား ၍ သင် တို့ ကိုယ်တိုင် လည်း မ ဝင် ၊ ဝင် လို သော သူ များ ကို လည်း ဝင် ခွင့် မ ပေး ကြ ။

[14] [ သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် မုဆိုးမ တို့ ၏ အိမ် ကို မတရား သိမ်းယူ ပြီး ဟန်ပြ ၍ ရှည်လျား စွာ ဆုတောင်း တတ် ကြ ၏ ။ ထို့ကြောင့် သင် တို့ သည် ပို၍ ကြီးလေး သော ပြစ်ဒဏ် စီရင် ခြင်း ကို ခံ ကြ ရ လိမ့်မည် ။ ]

[15] သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် လူ တစ် ဦး ကို ဂျူး ဘာသာဝင် ဖြစ်လာ စေရန် ပင်လယ် နှင့် ကုန်းမြေ တို့ တွင် လှည့်လည် ကြ ပြီး ဘာသာဝင် ဖြစ်လာ သောအခါ ထို သူ ကို သင် တို့ ထက် နှစ်ဆ ဆိုး သော ငရဲ သား ဖြစ်စေ ကြ ၏ ။

[16] မျက်စိ မ မြင် သော လမ်းပြ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ သင် တို့ က မည်သူမဆို ဗိမာန် တော် ကို တိုင်တည် ပြောဆို လျှင် အကျုံး မ ဝင် ။ သို့သော် ဗိမာန် တော် ၏ ရွှေ ကို တိုင်တည် ပြောဆို လျှင် ထို အတိုင်း ပြု ရန် တာဝန် ရှိ ၏ ဟု ဆို ကြ ၏ ။

[17] မိုက်မဲ သော မျက်မမြင် တို့ ၊ မည်သည့် အရာ သည် ပို၍ ကြီးမြတ် သနည်း ။ ထို ရွှေ လော ၊ သို့မဟုတ် ထို ရွှေ ကို သန့်ရှင်း စေ သည့် ဗိမာန် တော် လော ။

[18] ထို့ပြင် သင် တို့ က မည်သူမဆို ယဇ်ပလ္လင် ကို တိုင်တည် ပြောဆို လျှင် အကျုံး မ ဝင် ။ သို့သော် ယဇ်ပလ္လင် ပေါ်၌ ရှိ သော ပူဇော်သက္ကာ ကို တိုင်တည် ပြောဆို လျှင် ထို အတိုင်း ပြု ရန် တာဝန် ရှိ ၏ ’ ဟု ဆို ကြ ၏ ။

[19] မျက်မမြင် တို့ ၊ မည်သည့် အရာ သည် ပို၍ ကြီးမြတ် သနည်း ။ ပူဇော်သက္ကာ လော ၊ သို့မဟုတ် ပူဇော်သက္ကာ ကို သန့်ရှင်း စေ သည့် ယဇ်ပလ္လင် လော ။

[20] ထို့ကြောင့် ယဇ်ပလ္လင် ကို တိုင်တည် ပြောဆို သော သူ သည် ယဇ်ပလ္လင် နှင့်တကွ ၎င်း အပေါ်၌ ရှိသမျှ တို့ ကို တိုင်တည် ပြောဆို ၏ ။

[21] ထို့အတူ ဗိမာန် တော် ကို တိုင်တည် ပြောဆို သော သူ သည် ဗိမာန် တော် နှင့်တကွ ၎င်း တွင် ကိန်းဝပ် တော်မူ သော အရှင် ကို တိုင်တည် ပြောဆို ၏ ။

[22] ကောင်းကင် ကို တိုင်တည် ပြောဆို သော သူ သည် လည်း ဘုရားသခင် ၏ ပလ္လင် တော် နှင့်တကွ ၎င်း အပေါ်၌ ထိုင် တော်မူ သော အရှင် ကို တိုင်တည် ပြောဆို ၏ ။

[23] သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ပင်စိမ်း ၊ စမုန်စပါး နှင့် ဇီရာ တို့ ကို ဆယ်ဖို့တစ်ဖို့ ပေးလှူ ကြ ၏ ။ သို့သော် ပညတ် တရား ထဲမှ ပို၍ အရေးကြီး သော တရားမျှတ ခြင်း ၊ ကရုဏာ ထား ခြင်း နှင့် သစ္စာစောင့် ခြင်း တို့ ကို ချန်လှပ် ထား ကြ ၏ ။ ဤ အရာ များ ကို ပြု ရ မည် ဖြစ် ပြီး အထက် တွင် ဆို သော အရာ များ ကို လည်း ချန်လှပ် မ ထား ရ ။

[24] မျက်စိ မ မြင် သော လမ်းပြ တို့ ၊ သင် တို့ သည် မှက် ကောင် ကို စစ်ထုတ် ကြ သော်လည်း ကုလားအုပ် ကို မူကား မျိုချ ကြ ၏ ။

[25] သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ခွက် နှင့် ပန်းကန် တို့ ၏ အပြင် ဘက် ကို စင်ကြယ် စေ ကြ သော်လည်း အတွင်း ၌ ကား မတရား လုယူ ခြင်း နှင့် ကိုယ့် အလိုသို့လိုက် ခြင်း တို့ ဖြင့် ပြည့်နှက် လျက် ရှိ ကြ ၏ ။

[26] မျက်စိ မ မြင် သော ဖာရိရှဲ တို့ ၊ ခွက် ၏ ​အတွင်း ဘက် ကို ဦးစွာ စင်ကြယ် စေ ကြ လော့ ။ ထိုသို့ပြုလျှင် ၎င်း ၏ အပြင် ဘက် လည်း စင်ကြယ် လာ လိမ့်မည် ။

[27] သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ထုံးဖြူ သုတ် ထား သည့် သင်္ချိုင်း ဂူ များ နှင့် တူ ကြ ၏ ။ ၎င်း တို့ သည် အပြင် ဘက် ၌ တင့်တယ် စွာ ထင်ရှား သော်လည်း အတွင်း ၌ ကား လူသေ တို့ ၏ အရိုး များ နှင့် ညစ်ညူး သော အရာ အမျိုးမျိုး တို့ ဖြင့် ပြည့်နှက် လျက် ရှိ ကြ ၏ ။

[28] ထိုနည်းတူ သင် တို့ သည် လည်း အပြင် ဘက် ၌ လူ တို့ ရှေ့တွင် ဖြောင့်မတ် ဟန် ရှိ ကြ သော်လည်း အတွင်း ၌ ကား သူတော်ကောင်း ယောင်ဆောင် ခြင်း နှင့် တရားမဲ့ ခြင်း တို့ ဖြင့် ပြည့်နှက် လျက် ရှိ ကြ ၏ ။

[29] သူတော်ကောင်း ယောင်ဆောင် သော ကျမ်းပြု ဆရာ နှင့် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ပရောဖက် တို့ ၏ သင်္ချိုင်း ဂူ များ ကို တည်ဆောက် ၍ ဖြောင့်မတ် သော သူ တို့ ၏ သင်္ချိုင်း ဂူ များ ကို တန်ဆာဆင် ကာ

[30] ‘ ငါ တို့ သည် ငါ တို့ ၏ ဘိုးဘေး များ လက်ထက် ၌ ရှိ ခဲ့ လျှင် ပရောဖက် တို့ ကို သတ်ဖြတ် သော သူ တို့ ၏ အပေါင်းအဖော် ဖြစ် ကြ မည် မ ဟုတ် ’ ဟု ပြော ကြ ၏ ။

[31] ဤသို့ဖြင့် သင် တို့ သည် ပရောဖက် တို့ ကို သတ် ခဲ့ သော သူ တို့ ၏ အမျိုးအနွယ် များ ဖြစ် ကြောင်း သင် တို့ ကိုယ်တိုင် သက်သေခံ ကြ ၏ ။

[32] သင် တို့ သည် လည်း သင် တို့ ဘိုးဘေး များ ၏ အပြစ် ပမာဏ ကို ပြည့် အောင် ဖြည့်စွက် ကြ လော့ ။

[33] အချင်း မြွေ တို့ ၊ မြွေဆိုး အမျိုး တို့ ၊ သင် တို့ သည် ငရဲ ၌ အပြစ် စီရင် ခံရ ခြင်း မှ မည်ကဲ့သို့ လွတ်မြောက် နိုင် ကြ မည်နည်း ။

[34] ထို့ကြောင့် ငါ သည် ပရောဖက် များ ၊ ပညာရှိ များ နှင့် ကျမ်းပြု ဆရာ များ ကို သင် တို့ ထံသို့ စေလွှတ် မည် ။ ထိုအခါ သင် တို့ သည် သူ တို့ ထဲမှ အချို့ တို့ ကို သတ် ၍ လက်ဝါးကပ်တိုင် ပေါ် ၌ တင် ကြ လိမ့်မည် ။ အချို့ တို့ ကို သင် တို့ ၏ ဝတ်ပြု စည်းဝေး ကျောင်း များ ၌ ဒဏ်ခတ် ရိုက်နှက် ပြီး တစ် မြို့ မှ တစ် မြို့ သို့ လိုက်လံ ညှဉ်းဆဲ ကြ လိမ့်မည် ။

[35] သို့ဖြစ်၍ ဖြောင့်မတ် သော သူ အာဗေလ ၏ သွေး မှစ၍ ဗိမာန် တော် နှင့် ယဇ်ပလ္လင် ကြား တွင် သင် တို့ သတ် ခဲ့ သော ဗာရခိ ၏ သား ဇာခရိ ၏ သွေး တိုင်အောင် မြေကြီး ပေါ်၌ သွန်းလောင်း ခြင်း ခံရ သည့် ဖြောင့်မတ် သော သူ တို့ ၏ သွေး ကြွေး ရှိသမျှ သည် သင် တို့ အပေါ်သို့ ကျရောက် လိမ့်မည် ။

[36] သင် တို့ အား ငါ အမှန် ဆို မည် ။ ဤ အရာ အားလုံး တို့ သည် ဤ မျိုးဆက် အပေါ် ကျရောက် လိမ့်မည် ။

[37] အို ဂျေရုဆလင် မြို့ ၊ ဂျေရုဆလင် မြို့ ၊ ပရောဖက် များ ကို သတ် ၍ မိမိ ထံသို့ စေလွှတ် ခြင်း ခံရ သော သူ တို့ ကို ခဲ နှင့် ပေါက် သတ် သော မြို့ ၊ ကြက်မ သည် မိမိ ၏ ကြက်ကလေး များ ကို အတောင် အောက်၌ စုသိမ်း သကဲ့သို့ ငါ သည် သင် ၏ သားသမီး တို့ ကို စုသိမ်း ရန် ကြိမ်ဖန် များစွာ အလိုရှိ ခဲ့ ၏ ။ သို့သော် သင် သည် အလို မ ရှိ ။

[38] ကြည့်ရှု လော့ ။ သင် တို့ ၏ အိမ် သည် လူသူ ကင်းဝေး ရာ အရပ် အဖြစ် သင် တို့ ထံ၌ စွန့်ပစ် ထား ခြင်း ခံရ လိမ့်မည် ။

[39] သင် တို့ အား ငါ ဆို သည် ကား ‘ ထာဝရ ဘုရား ၏ နာမ တော် ၌ ကြွလာ တော်မူ သော အရှင် သည် မင်္ဂလာရှိ ​စေ ​သတည်း ’ ​ဟု သင် တို့ မ ပြော မီ တိုင်အောင် ယခု မှစ၍ သင် တို့ သည် ငါ့ ကို လုံးဝ မြင် ရ လိမ့်မည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

ရှင်မသ္သဲခရစ်ဝင် — Chapters