[1] ကောင်းကင် နိုင်ငံ တော် သည် မိမိ ၏ စပျစ်ခြံ အတွက် အလုပ်သမား များ ကို ငှား ရန် နံနက် စောစော ထွက်သွား သည့် ခြံ ပိုင်ရှင် နှင့် တူ ၏ ။
[2] သူ သည် တစ် နေ့ လျှင် ဒေနာရိ တစ် ပြား နှုန်း ဖြင့် အလုပ်သမား များ နှင့် သဘောတူ လျက် သူ တို့ ကို မိမိ ၏ စပျစ်ခြံ သို့ စေလွှတ် လေ ၏ ။
[3] ထို့နောက် သူ သည် နံနက် ကိုး နာရီ ခန့် တွင် ထွက်သွား ရာ အခြား သော သူ တို့ သည် အလုပ် မ လုပ် ဘဲ ဈေး အရပ် ၌ ရပ် နေ ကြ သည် ကို တွေ့မြင် လျှင်
[4] ထို သူ တို့ အား ‘ သင် တို့ လည်း စပျစ်ခြံ သို့ သွား ကြ လော့ ။ ထိုက်သင့် သည့် လုပ်အားခ ကို သင် တို့ အား ငါ ပေး မည် ’ ဟု ဆို သဖြင့် သူ တို့ သည် သွား ကြ ၏ ။
[5] တစ်ဖန် မွန်းတည့် ချိန် နှင့် မွန်းလွဲ သုံး နာရီ အချိန် ခန့် တို့ တွင် လည်း ထွက် ၍ ထိုနည်းတူ ပြု လေ ၏ ။
[6] ညနေ ငါး နာရီ ခန့် တွင် လည်း ထွက် ၍ အခြား သော သူ တို့ ရပ် နေ ကြ သည် ကို တွေ့ သဖြင့် ‘ အဘယ်ကြောင့် အလုပ် မ လုပ် ဘဲ ဤ နေရာ ၌ တစ်နေ့လုံး ရပ် နေ ကြ သနည်း ’ ဟု မေး လေ ၏ ။
[7] ထို သူ တို့ က လည်း ‘ မည်သူမျှ အကျွန်ုပ် တို့ ကို မ ငှား သောကြောင့် ဖြစ် ပါ သည် ’ ဟု ဖြေ ကြ လျှင် ခြံ ပိုင်ရှင် က ‘ သင် တို့ သည် လည်း စပျစ်ခြံ သို့ သွား ကြ လော့ ’ ဟု ဆို လေ ၏ ။
[8] ညနေချမ်း အချိန် ရောက် သောအခါ စပျစ်ခြံ ပိုင်ရှင် က သူ ၏ အိမ်မှု ကိစ္စ စီမံ ကွပ်ကဲ သူ အား ‘ အလုပ်သမား များ ကို ခေါ် ၍ နောက်ဆုံး လာ သော သူ တို့ က စ ပြီး ပထမ ဦးဆုံး လာ သော သူ တို့ အထိ သူ တို့ ၏ လုပ်အားခ ကို ပေး လော့ ’ ဟု ဆို လေ ၏ ။
[9] ထိုအခါ ညနေ ငါး နာရီ ခန့် တွင် ငှား ထား သော သူ တို့ သည် လာ ၍ ဒေနာရိ တစ် ပြား စီ ရ ကြ ၏ ။
[10] ပထမ ဦးဆုံး ငှား ထား သော သူ တို့ သည် လည်း လာ ကြ ကာ မိမိ တို့ ပို၍ ရ လိမ့်မည် ဟု ထင် ကြ ၏ ။ သို့သော် သူ တို့ သည် လည်း ဒေနာရိ တစ် ပြား စီ ရ ကြ ၏ ။
[11] ထို ငွေ ကို ရရှိ ကြ သောအခါ သူ တို့ က
[12] ‘ နောက်ဆုံး လာ သော ဤ သူ တို့ သည် တစ် နာရီ မျှသာ အလုပ် လုပ် ခဲ့ ကြ သော်လည်း အရှင် သည် သူ တို့ ကို တစ်နေကုန် နေပူ ထဲတွင် အပင်ပန်း ခံရ သည့် အကျွန်ုပ် တို့ နှင့် တန်းတူ ဖြစ် စေ ပါ သည် တကား ’ ဟု ခြံ ပိုင်ရှင် အား မကျေမနပ် ပြောဆို ကြ ၏ ။
[13] သို့သော် ခြံ ပိုင်ရှင် က ထို သူ တို့ အထဲမှ တစ် ယောက် အား ‘ အဆွေ ၊ ငါ သည် သင့် အပေါ် မတရား ပြု သည် မ ဟုတ် ။ သင် သည် ငါ နှင့် ဒေနာရိ တစ် ပြား နှုန်း ဖြင့် သဘောတူ သည် မ ဟုတ် လော ။
[14] သင် ၏ လုပ်အားခ ကို ယူ ၍ သွား လော့ ။ သင့် ကို ငါ ပေး သကဲ့သို့ နောက်ဆုံး လာ သော ဤ သူ ကို လည်း ငါ ပေး လို ၏ ။
[15] ငါ ပိုင်ဆိုင် သော ဥစ္စာ ဖြင့် ငါ ပြု လို သည့် အရာ ကို ငါ ပြု ပိုင် ခွင့် မ ရှိ သလော ။ သို့မဟုတ် ငါ သည် သဘော ကောင်း သောကြောင့် သင် သည် မရှုဆိတ် ဖြစ် နေ သလော ’ ဟု ဆို လေ ၏ ။
[16] ထိုနည်းတူ နောက်ဆုံး သော သူ တို့ သည် အဦးဆုံး ဖြစ် ကြ ပြီး အဦးဆုံး သော သူ တို့ သည် နောက်ဆုံး ဖြစ် ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[17] ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်သွားတော်မူစဉ် လမ်းခရီး၌ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို သီးသန့်ခေါ်၍
[18] “ နားထောင် ကြ လော့ ။ ငါ တို့ သည် ဂျေရုဆလင် မြို့ သို့ သွား နေ ကြ ၏ ။ လူ့သား သည် ယဇ်ပုရောဟိတ် အကြီးအကဲ များ နှင့် ကျမ်းပြု ဆရာ များ ထံ အပ်နှံ ခြင်း ခံရ လိမ့်မည် ။ သူ တို့ သည် သူ့ ကို သေဒဏ် စီရင် ကြ ၍
[19] ပြောင်လှောင် ခြင်း ၊ ဒဏ်ခတ် ရိုက်နှက် ခြင်း နှင့် လက်ဝါးကပ်တိုင် ပေါ်၌ တင် ထား ခြင်း စ သည် တို့ ကို ပြု စေရန် သူ့ ကို လူမျိုးခြား တို့ ထံ အပ်နှံ ကြ လိမ့်မည် ။ သို့သော် သုံး ရက် မြောက် သော နေ့ ၌ သူ သည် ထမြောက် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[20] ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။
[21] ကိုယ်တော်ကလည်း“ သင် သည် မည်သည့် အရာ ကို အလိုရှိ သနည်း ” ဟု မေးတော်မူလျှင် သူက “ကျွန်မ၏ဤသားနှစ်ယောက်တို့သည် ကိုယ်တော်၏နိုင်ငံတော်၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ရမည့်အကြောင်း အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
[22] သို့သော် ယေရှုက“ သင် တို့ သည် မည်သည့် အရာ တောင်း နေ သည် ကို သင် တို့ မ သိ ကြ ။ ငါ သောက် မည့် ခွက် ကို သင် တို့ သောက် နိုင် သလော ” ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။
[23] ကိုယ်တော်ကလည်း“ ငါ ၏ ခွက် ကို သင် တို့ သောက် ကြ မည် မှန် ၏ ။ သို့သော် ငါ ၏ လက်ယာ ဘက် နှင့် လက်ဝဲ ဘက် တို့ ၌ ထိုင် ရ သော အခွင့် ကို ငါ ပေး သည် မ ဟုတ် ။ ထို နေရာ သည် ငါ ၏ ခမည်းတော် ပြင်ဆင် ပေး ထား သော သူ တို့ အတွက် သာ ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[24] တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။
[25] သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက်“ လူမျိုးခြား တို့ တွင် အုပ်ချုပ်သူ တို့ သည် ပြည်သူ တို့ အပေါ် စိုးမိုး ခြယ်လှယ် ကြ ၍ အကြီးအကဲ တို့ သည် သူ တို့ အပေါ် အာဏာ သုံး တတ် ကြ သည် ကို သင် တို့ သိ ကြ ၏ ။
[26] သင် တို့ အထဲ၌ မူကား ထိုသို့ မ ဖြစ် ရ ။ လူ့သား သည် လုပ်ကျွေး ပြုစု ခြင်း ကို ခံ ရန် မ ဟုတ် ဘဲ လုပ်ကျွေး ပြုစု ရန် နှင့် များစွာ သော သူ တို့ အတွက် ရွေးနုတ် စရာ အဖိုးအခ အဖြစ် မိမိ အသက် ကို စွန့် ရန် လာ သကဲ့သို့ သင် တို့ တွင် အကြီးအကဲ ဖြစ် လို သော သူ သည် သင် တို့ ၏ အစေခံ ဖြစ် ရ မည် ။ သင် တို့ တွင် ခေါင်းဆောင် ဖြစ် လို သော သူ သည် သင် တို့ ၏ အစေအပါး ဖြစ် ရ မည် ” ဟု မိန့်တော်မူ၏။
[29] ထို့နောက် သူတို့သည် ဂျေရိခေါမြို့မှ ထွက်ခွာလာကြရာ များစွာသောလူထုပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။
[30] ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။
[31] လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။
[32] ထိုအခါ ယေရှုသည် ရပ်တန့်လျက် သူတို့ကိုခေါ်၍“ သင် တို့ အတွက် မည်သည့် အမှု ကို ပြု စေ လို ကြ သနည်း ” ဟု မေးတော်မူ၏။
[33] သူတို့ကလည်း “အကျွန်ုပ်တို့ကို မျက်စိမြင်အောင် ပြုလုပ်ပေးစေလိုပါ၏ သခင်ဘုရား”ဟု လျှောက်ကြ၏။
[34] ယေရှုသည် ကြင်နာစိတ်ရှိ၍ သူတို့၏မျက်စိကို တို့တော်မူ၏။ ထိုခဏချင်းတွင် သူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်သွားကြ၏။