Skip to content
Opens in a new window
Listen to this chapter • 8:52

[1] ယေရှု​သည် ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​အား ဗိမာန်​တော်​အဆောက်အအုံ​များ​ကို​ပြ​ကြ​၏။

[2] ကိုယ်တော် ​က​လည်း“ ဤ အရာ အားလုံး ကို သင် တို့ မြင် ကြ သည် မ ဟုတ် လော ။ သင် တို့ အား ငါ အမှန် ဆို မည် ။ ဤ နေရာ ၌ ကျောက်တုံး တစ် တုံး သည် ဖြိုချ မ ခံရ ဘဲ အခြား ကျောက်တုံး တစ် တုံး ပေါ်၌ ကျန်ရစ် ခဲ့ သည် ဟူ၍ လုံးဝ ရှိ လိမ့်မည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[3] ထို့နောက် သံလွင်​တောင်​ပေါ်၌ ကိုယ်တော်​ထိုင်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် သူတို့​ချည်းသာ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌​ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ကိုယ်တော်​ကြွလာ​တော်မူ​ချိန်​နှင့် ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​တို့​၌ မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

[4] ယေရှု​က​လည်း“ မည်သူမျှ သင် တို့ ကို မ လှည့်ဖြား စေရန် သတိပြု ကြ လော့ ။

[5] အကြောင်းမူကား များစွာ သော သူ တို့ သည် ငါ ၏ နာမ ကို ခံယူ သုံးစွဲ ၍ ရောက်လာ ကာ ‘ ငါ သည် ခရစ်တော် ဖြစ် ၏ ’ ဟု ဆို ကြ ပြီး လူ အမြောက်အမြား တို့ ကို လှည့်ဖြား ကြ လိမ့်မည် ။

[6] စစ်ပွဲ များ အကြောင်း နှင့် စစ်မက် သတင်း တို့ ကို လည်း သင် တို့ ကြား ကြ လိမ့်မည် ။ သတိပြု လျက် စိုးရိမ် ထိတ်လန့် ခြင်း မ ရှိ ကြ နှင့် ။ အကြောင်းမူကား ထို အရာ များ သည် ဖြစ်ပျက် ရ မည် ။ သို့သော် အဆုံး သည် မ ရောက် သေး ။

[7] လူမျိုး တစ်မျိုး နှင့် တစ်မျိုး ၊ နိုင်ငံ တစ် နိုင်ငံ နှင့် တစ် နိုင်ငံ တို့ သည် ရန်ဘက်ပြု ကြ ၍ အရပ်ရပ် တို့ ၌ ငတ်မွတ် ခေါင်းပါး ခြင်း ​နှင့် ငလျင် လှုပ် ခြင်း များ ဖြစ် ကြ လိမ့်မည် ။

[8] ဤ အရာ အားလုံး တို့ သည် သားဖွား ခြင်း ဝေဒနာ ၏ အစ ဖြစ် ၏ ။

[9] ထို့နောက် လူ တို့ သည် သင် တို့ ကို နှိပ်စက် ရန် အပ်နှံ ၍ သင် တို့ ကို သတ်ဖြတ် ကြ လိမ့်မည် ။ သင် တို့ သည် ငါ့ နာမ ကြောင့် လူမျိုး တကာ တို့ ၏ မုန်းတီး ခြင်း ကို ခံရ ကြ လိမ့်မည် ။

[10] ထို ကာလ ၌ များစွာ သော လူ တို့ သည် စိတ်ပျက် ကြ ၍ အချင်းချင်း အပ်နှံ လျက် အချင်းချင်း မုန်းတီး ကြ လိမ့်မည် ။

[11] များစွာ သော ပရောဖက် အတုအယောင် တို့ သည် ပေါ်လာ ၍ လူ အမြောက်အမြား တို့ ကို လှည့်ဖြား ကြ လိမ့်မည် ။

[12] တရားမဲ့ ခြင်း သည် လည်း များပြား လာ သဖြင့် များစွာ သော လူ တို့ ၏ ချစ် ခြင်း မေတ္တာ သည် ခေါင်းပါး လိမ့်မည် ။

[13] သို့သော် အဆုံး တိုင်အောင် တည်ကြည် သော သူ သည် ကယ်တင် ခြင်း ခံရ လိမ့်မည် ။

[14] နိုင်ငံ တော် နှင့်ဆိုင်သည့် ဤ ကောင်းမြတ် သော သတင်း ကို လည်း လူမျိုး တကာ တို့ ထံ သက်သေ ဖြစ် မည့်အကြောင်း ကမ္ဘာ တစ်ဝန်းလုံး ၌ ဟောပြော ကြ လိမ့်မည် ။ ထို့နောက်မှ အဆုံး သည် ရောက်လာ လိမ့်မည် ။

[15] ထို့ကြောင့် ပရောဖက် ဒံယေလ အားဖြင့် မိန့် တော်မူ ခဲ့ သည့် ပျက်စီး ဆိတ်သုဉ်း ခြင်း နှင့်ဆိုင်သော ရွံရှာ ဖွယ် အရာ ​သည် သန့်ရှင်း သော နေရာ ၌ ရပ် နေ သည် ကို သင် တို့ မြင် ကြ သောအခါ ( ဖတ် သော သူ နားလည် ပါစေ )

[16] ယုဒ နယ် ၌ ရှိ သော သူ တို့ သည် တောင် များ ပေါ်သို့ ထွက်ပြေး ကြ စေ ။

[17] လေသာဆောင် ပေါ်၌ ရှိ သော သူ သည် မိမိ အိမ် ထဲမှ ပစ္စည်း များ ကို ယူ ရန် အောက်သို့ မ ဆင်း စေ နှင့် ။

[18] လယ် ၌ ရှိ သော သူ သည် လည်း မိမိ ၏ ဝတ်ရုံ ကို ယူ ရန် နောက် သို့ ပြန် မ လှည့် စေ နှင့် ။

[19] ထို နေ့ရက် တို့ ၌ ကိုယ်ဝန်ဆောင် အမျိုးသမီး များ နှင့် နို့စို့ ကလေး ငယ် ရှိ သော မိခင် များ သည် စိတ် မချမ်းမြေ့ ဖွယ် ဖြစ် ကြ လိမ့်မည် ။

[20] သင် တို့ ထွက်ပြေး ရ မည့် အချိန် သည် ဆောင်း ရာသီ နှင့် ဥပုသ်နေ့ တို့ မ ဖြစ် စေရန် ဆုတောင်း ကြ လော့ ။

[21] အကြောင်းမူကား ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး ၊ နောင်တွင် လည်း လုံးဝ ဖြစ် မည် မ ဟုတ် သော ကြီးမား သည့် ဆင်းရဲ ဒုက္ခ မျိုး သည် ထို ကာလ ၌ ကျရောက် လိမ့်မည် ။

[22] ထို နေ့ရက် တို့ ကို တိုတောင်း စေ တော် မ မူ လျှင် မည်သူမျှ လွတ် နိုင် မည် မ ဟုတ် ။ သို့သော် ရွေးကောက် ခံရ သော သူ တို့ အတွက် ထို နေ့ရက် တို့ ကို တိုတောင်း စေ တော်မူ လိမ့်မည် ။

[23] ထိုအခါ တစ်စုံတစ်ယောက် က သင် တို့ အား ’ ကြည့် လော့ ။ ခရစ်တော် သည် ဤ အရပ် ၌ ရှိ ၏ ’ သို့မဟုတ် ‘ ထို အရပ် ၌ ရှိ ၏ ’ ဟု ဆို လျှင် လည်း မ ယုံ ကြ နှင့် ။

[24] အကြောင်းမူကား ခရစ်တော် အတုအယောင် များ နှင့် ပရောဖက် အတုအယောင် များ ပေါ်လာ ၍ ဖြစ်နိုင် လျှင် ရွေးကောက် ခံရ သော သူ တို့ ကို ပင် လှည့်ဖြား ရန် ကြီးမား သော နိမိတ် လက္ခဏာ များ နှင့် အံ့ဩဖွယ်ရာ များ ကို ပြု ကြ လိမ့်မည် ။

[25] နားထောင် ကြ လော့ ။ သင် တို့ အား ငါ ကြိုတင် ပြော ထား ပြီ ။

[26] ထို့ကြောင့် လူ တို့ က ‘ ကြည့် လော့ ။ ကိုယ်တော် သည် တော ကန္တာရ ၌ ရှိ သည် ’ ဟု ပြော လျှင် လည်း ထွက် မ သွား ကြ နှင့် ။ ‘ ကြည့် လော့ ။ အိမ် အတွင်း ခန်း ထဲ၌ ရှိ သည် ’ ဟု ပြော လျှင် လည်း မ ယုံ ကြ နှင့် ။

[27] အကြောင်းမူကား လျှပ်စီး သည် အရှေ့ အရပ် မှ လက် ပြီး အနောက် အရပ် တိုင်အောင် ထွန်းလင်း သကဲ့သို့ လူ့သား ၏ ကြွလာ ခြင်း သည် လည်း ထိုနည်းတူ ဖြစ် လိမ့်မည် ။

[28] အသေကောင် ရှိ ရာ အရပ် ၌ လင်းတ တို့ သည် စုဝေး ကြ လိမ့်မည် ။

[29] ထို နေ့ရက် တို့ ၏ ဆင်းရဲ ဒုက္ခ ပြီးဆုံး သည် နှင့် ချက်ချင်း ပင် နေ သည် မှောင်မည်း သွား ၍ လ သည် လည်း မိမိ ၏ အလင်းရောင် ကို မ ပေး ဘဲ နေ လိမ့်မည် ။ ကြယ် တို့ သည် လည်း ကောင်းကင် မှ ကြွေကျ ကာ အာကာသ ကောင်းကင် ၏ စွမ်းအား တို့ သည် တုန်လှုပ် ကြ လိမ့်မည် ။

[30] ထို့နောက် လူ့သား ၏ နိမိတ် လက္ခဏာ သည် ကောင်းကင် ၌ ထင်ရှား လိမ့်မည် ။ ထိုအခါ ကမ္ဘာ မြေကြီး ပေါ် ရှိ လူမျိုး နွယ်စု အားလုံး တို့ သည် ရင်ဘတ် စည်တီး လျက် မြည်တမ်း ကာ လူ့သား သည် တန်ခိုး နှင့် ကြီးမား သော ဘုန်း အသရေ တို့ ဖြင့် ကောင်းကင် မှ မိုးတိမ် များ စီး လျက် ကြွလာ သည် ကို မြင် ရ ကြ လိမ့်မည် ။

[31] ထို့နောက် လူ့သား သည် ကျယ်လောင် သော တံပိုးမှုတ်သံ နှင့်အတူ မိမိ ၏ ကောင်းကင်တမန် တို့ ကို စေလွှတ် သဖြင့် သူ တို့ သည် ကိုယ်တော် ရွေးကောက် ထား သော သူ တို့ ကို ကောင်းကင် အစွန်း တစ်ဖက် မှ အခြား အစွန်း တစ်ဖက် တိုင်အောင် အရပ် လေး မျက်နှာ မှ စုစည်း ကြ လိမ့်မည် ။

[32] သဖန်းပင် မှ ပုံ ဥပမာ ကို သင်ယူ ကြ လော့ ။ ၎င်း ၏ အကိုင်းအခက် သည် နု လာ ပြီး အရွက် များ ထွက်လာ သောအခါ နွေ ရာသီ နီး ပြီ ဖြစ် ကြောင်း သင် တို့ သိ ကြ ၏ ။

[33] ထိုနည်းတူ သင် တို့ သည် လည်း ဤ အရာ အားလုံး ကို မြင် ရ သောအခါ လူ့သား သည် တံခါးဝ အနီး သို့ ရောက် ရှိ နေ ပြီ ဖြစ် ကြောင်း သိမှတ် ကြ လော့ ။

[34] သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ အရာ အားလုံး မ ဖြစ်ပျက် မီ တိုင်အောင် ဤ မျိုးဆက် သည် မည်သည့်အခါမျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။

[35] ကောင်းကင် နှင့် မြေကြီး သည် ကွယ်ပျောက် သွား လိမ့်မည် ။ ငါ့ စကား မူကား မည်သည့်အခါမျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။

[36] ထို နေ့ရက် ၊ ထို အချိန် နာရီ နှင့် ပတ်သက်၍ မူကား ခမည်းတော် တစ်ပါးတည်း မှလွဲ၍ မည်သူမျှ မ သိ ။ ကောင်းကင် ဘုံ ရှိ ကောင်းကင်တမန် များ လည်း မ သိ ။ သား တော် လည်း မ သိ ။

[37] လူ့သား ၏ ကြွလာ ခြင်း သည် နောဧ ၏ နေ့ရက် များ ကဲ့သို့ ဖြစ် လိမ့်မည် ။

[38] မည်သို့နည်း ဟူမူကား ရေ မ လွှမ်းမိုး မီ ကာလ ၌ နောဧ သည် သင်္ဘော ထဲသို့ ဝင် သည့် နေ့ တိုင်အောင် လူ တို့ သည် စား သောက် လျက် ၊ ထိမ်းမြား စုံဖက် လျက် ၊ ပေးစား ဆောင်နှင်း လျက် နေ ၍

[39] ရေ လွှမ်းမိုး ခြင်း ရောက်လာ ပြီး သူတို့ အားလုံး ကို ဖယ်ရှား သုတ်သင် သည့် တိုင်အောင် သတိ ကင်းမဲ့ ​လျက် နေ ကြ ၏ ။ လူ့သား ကြွလာ သောအခါ ၌ လည်း ထိုနည်းတူ ဖြစ် လိမ့်မည် ။

[40] ထိုအခါ လယ် ၌ ရှိ သော လူ နှစ် ဦး တို့ တွင် တစ် ဦး သည် ခေါ်ဆောင် သွား ခြင်း ခံရ ၍ တစ် ဦး သည် ကျန်ရစ် ရ လိမ့်မည် ။

[41] ကြိတ်ဆုံ ကြိတ် နေ သော အမျိုးသမီး နှစ် ဦး တို့ တွင် တစ် ဦး သည် ခေါ်ဆောင် သွား ခြင်း ခံရ ၍ တစ် ဦး သည် ကျန်ရစ် ရ လိမ့်မည် ။

[42] သို့ဖြစ်၍ သတိ နှင့် စောင့် နေ ကြ လော့ ။ သင် တို့ သခင် သည် မည်သည့် နေ့ရက် ၌ ​ကြွလာ မည် ကို သင် တို့ မ သိ ကြ ။

[43] အိမ်ရှင် သည် သူခိုး လာ မည့် အချိန် ကို သိ ထား လျှင် သတိ နှင့် စောင့် နေ လျက် မိမိ အိမ် ကို ဖောက်ထွင်း ခွင့်ပြု မည် မ ဟုတ် ကြောင်း သိမှတ် ကြ လော့ ။

[44] ထို့ကြောင့် လူ့သား သည် သင် တို့ မ ထင်မှတ် သော အချိန် ၌ ကြွလာ မည် ဖြစ်၍ သင် တို့ သည် လည်း အသင့် ရှိ နေ ကြ လော့ ။

[45] မိမိ ၏ အိမ်သူအိမ်သား များ အား အချိန် တန် သောအခါ အစားအစာ ကို စီစဉ် ပေး ရန် သူ တို့ အပေါ် သခင် ခန့်ထား သည့် သစ္စာ နှင့် ပညာ သတိ ရှိ သော အစေအပါး ကား မည်သူ နည်း ။

[46] မိမိ သခင် ပြန်လာ သောအခါ ထို အတိုင်း ဆောင်ရွက် နေ သည် ကို သခင် တွေ့ ရ သော အစေအပါး သည် မင်္ဂလာရှိ ၏ ။

[47] သင် တို့ အား ငါ အမှန် ဆို သည် ကား သခင် သည် မိမိ ၏ ဥစ္စာ ပစ္စည်း ရှိသမျှ ကို ထိန်းသိမ်း စောင့်ရှောက် ရန် သူ ကို ခန့်ထား လိမ့်မည် ။

[48] သို့သော် ဆိုးယုတ် သော အစေအပါး သည် မိမိ ၏ စိတ် ထဲ၌ ‘ ငါ့ သခင် ကြန့်ကြာ ​နေ ၏ ’ ဟု ဆို လျက်

[49] အစေအပါး ချင်း တို့ ကို ရိုက်နှက် ကာ ယစ်မူး သော သူ များ နှင့်အတူ စား သောက် လျက် နေ လျှင်

[50] ထို အစေအပါး ၏ သခင် သည် သူ မျှော်လင့် မ ထား သော နေ့ ၊ သူ မ သိ သော အချိန် တွင် ရောက်လာ ၍

[51] သူ့ ကို ပြင်းစွာ ပြစ်ဒဏ် ပေး ​ကာ သူတော်ကောင်း ယောင်ဆောင် သော သူ တို့ နှင့်အတူ နေရာ ချ ထား လိမ့်မည် ။ ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ လိမ့်မည် ။

ရှင်မသ္သဲခရစ်ဝင် — Chapters