Skip to content
Opens in a new window
Listen to this chapter • 7:28

[1] သင် တို့ ၏ ဖြောင့်မတ် သော ​အမှု ကို လူ တို့ မြင် စေရန် လူ တို့ ရှေ့၌ မ ပြု ကြ မည့် အကြောင်း သတိထား ကြ လော့ ။ သို့မဟုတ် လျှင် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ အဖ ထံမှ အကျိုးကျေးဇူး ကို သင် တို့ ရ ကြ လိမ့်မည် မ ဟုတ် ။

[2] ထို့ကြောင့် သင် သည် ပေးကမ်း စွန့်ကြဲ သောအခါ သူတော်ကောင်း ယောင်ဆောင် သော သူ တို့ သည် လူ တို့ ၏ ချီးမွမ်း ခြင်း ကို ခံရ ရန် အတွက် ဝတ်ပြု စည်းဝေး ကျောင်း ​များ နှင့် လမ်းကြား များ တွင် ပြု တတ် ကြ သကဲ့သို့ မိမိ ၏ ရှေ့၌ တံပိုး ကို မ မှုတ် စေ နှင့် ။ သင် တို့ အား ငါ အမှန် ဆို မည် ။ သူ တို့ သည် မိမိ တို့ ၏ အကျိုးကျေးဇူး ကို ရ ကြ လေ ပြီ ။

[3] သင် မူကား ပေးကမ်း စွန့်ကြဲ သောအခါ သင် ၏ ပေးကမ်း စွန့်ကြဲ ခြင်း သည် မထင်ရှား မည့် အကြောင်း သင် ၏ လက်ယာ လက် ပြု သည့် အရာ ကို သင် ၏ လက်ဝဲ လက် အား မ သိ စေ နှင့် ။

[4] ထိုအခါ မထင်ရှား သော အရာ ကို မြင် တော်မူ သော သင် ၏ အဖ သည် သင့် အား ဆုလာဘ် ကို ပေး ​တော်မူ လိမ့်မည် ။

[5] သင် တို့ ဆုတောင်း သောအခါ တွင် လည်း သူတော်ကောင်း ယောင်ဆောင် သော သူ တို့ ကဲ့သို့ မ ပြု ကြ နှင့် ။ အကြောင်းမူကား သူ တို့ သည် လူ တို့ မြင် စေရန် ဝတ်ပြု စည်းဝေး ကျောင်း များ နှင့် လမ်းဆုံလမ်းခွ များ တွင် မတ်တတ်ရပ် လျက် ဆုတောင်း သည် ကို နှစ်သက် ကြ ၏ ။ သင် တို့ အား ငါ အမှန် ဆို မည် ။ သူ တို့ သည် မိမိ တို့ ၏ အကျိုးကျေးဇူး ကို ရ ကြ လေ ပြီ ။

[6] သင် မူကား ဆုတောင်း သောအခါ သင် ၏ အိမ် အတွင်း ခန်း သို့ ဝင် ၍ တံခါး ကို ပိတ် ပြီးလျှင် မထင်ရှား သော အရပ် ၌ ရှိ တော်မူ သော သင် ၏ အဖ ထံသို့ ဆုတောင်း လော့ ။ ထိုအခါ မထင်ရှား သော အရာ ကို မြင် တော်မူ သော သင် ၏ အဖ သည် သင့် အား ဆုလာဘ် ကို ပေး ​တော်မူ လိမ့်မည် ။

[7] ထို့ပြင် သင် တို့ ဆုတောင်း သောအခါ သာသနာပ လူမျိုးခြား တို့ ကဲ့သို့ တတွတ်တွတ် အချည်းနှီး မ ရွတ်ဆို ကြ နှင့် ။ သူ တို့ သည် များစွာ သော စကား တို့ ကို ရွတ်ဆို လျှင် သူ တို့ ကို နားထောင် ပေး လိမ့်မည် ဟု ထင်မှတ် ကြ ၏ ။

[8] သို့ဖြစ်၍ သူ တို့ ကဲ့သို့ မ ပြု ကြ နှင့် ။ အကြောင်းမူကား သင် တို့ အဖ သည် သင် တို့ မ တောင်း မီ က ပင် သင် တို့ လိုအပ် သော အရာ များ ကို သိ နှင့် တော်မူ ၏ ။

[9] ထို့ကြောင့် ဤသို့ ဆုတောင်း ကြ လော့ ။ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော အကျွန်ုပ် တို့ အဖ ၊ ကိုယ်တော် ၏ နာမ တော် သည် ရိုသေလေးမြတ် ခြင်း ခံရ ပါစေသော ။

[10] နိုင်ငံ တော် ပေါ်ထွန်း ပါစေသော ။ အလို တော် သည် ကောင်းကင် ဘုံ ၌ ပြည့်စုံ သကဲ့သို့ မြေကြီး ပေါ်၌ လည်း ပြည့်စုံ ပါစေသော ။

[11] အကျွန်ုပ် တို့ အတွက် တစ်နေ့တာ လိုအပ် သော အစာ ​ကို ယနေ့ ပေး သနား တော်မူ ပါ ။

[12] အကျွန်ုပ် တို့ အပေါ် အပြစ် ကြွေး ရှိ သူ များ ကို အကျွန်ုပ် တို့ ခွင့်လွှတ် သကဲ့သို့ အကျွန်ုပ် တို့ ၏ အပြစ် ကြွေး များ ကို လည်း ခွင့်လွှတ် တော်မူ ပါ ။

[13] ဖြားယောင်း သွေးဆောင် ရာ သို့ မ လိုက် မ ပါ စေ ဘဲ မကောင်း သော အမှုအရာ မှ အကျွန်ုပ် တို့ ကို ကယ်နုတ် တော်မူ ပါ ။ [ အကြောင်းမူကား နိုင်ငံ တော် ၊ တန်ခိုး တော် နှင့် ဘုန်း အသရေ တော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော် ၌ ရှိ ပါ ၏ ။ အာမင် ။ ]

[14] သင် တို့ သည် သူတစ်ပါး ​ကျူးလွန် သော အပြစ် များ ကို ခွင့်လွှတ် လျှင် ကောင်းကင်ဘုံ ရှင် သင် တို့ အဖ သည် လည်း သင် တို့ ကို ခွင့်လွှတ် တော်မူ လိမ့်မည် ။

[15] သို့သော် သင် တို့ သည် သူတစ်ပါး ကို ​ခွင့် မ လွှတ် လျှင် သင် တို့ အဖ သည် လည်း သင် တို့ ကျူးလွန် သော အပြစ် များ ကို ခွင့်လွှတ် တော်မူ မည် မ ဟုတ် ။

[16] သင် တို့ သည် အစာရှောင် ကြ သောအခါ သူတော်ကောင်း ယောင်ဆောင် သော သူ တို့ ကဲ့သို့ မျက်နှာ ညှိုးငယ် ခြင်း မ ရှိ စေ ကြ နှင့် ။ အကြောင်းမူကား သူ တို့ သည် မိမိ တို့ အစာရှောင် နေ ကြောင်း လူ တို့ ရှေ့၌ ထင်ရှား စေရန် မျက်နှာ ရှုံ့မဲ့ ထား တတ် ကြ ၏ ။ သင် တို့ အား ငါ အမှန် ဆို မည် ။ သူ တို့ သည် မိမိ တို့ ၏ အကျိုးကျေးဇူး ကို ရ ကြ လေ ပြီ ။

[17] သို့သော် သင် သည် အစာရှောင် သောအခါ မိမိ အစာရှောင် နေ ကြောင်း ကို လူ တို့ ရှေ့၌ မ ထင်ရှား စေ ဘဲ မထင်ရှား သော အရပ် ၌ ရှိ တော်မူ သော သင် ၏ အဖ ရှေ့ တော် ၌ သာ ထင်ရှား စေရန် သင် ၏ ခေါင်း ကို ဆီ လိမ်း ၍ သင် ၏ မျက်နှာ ကို သစ် လော့ ။ ထိုအခါ မထင်ရှား သော အရာ ကို မြင် တော်မူ သော သင် ၏ အဖ သည် သင့် အား ဆုလာဘ် ကို ပေး ​တော်မူ လိမ့်မည် ။

[19] ပိုးမွှား နှင့် သံချေး ဖျက်ဆီး တတ် ၍ သူခိုး များ ဖောက်ထွင်း ခိုးယူ နိုင် ရာ မြေကြီး ပေါ်၌ ဥစ္စာ ဘဏ္ဍာ များ ကို သင် တို့ အတွက် သိုမှီး မ ထား ကြ နှင့် ။

[20] ပိုးမွှား နှင့် သံချေး မ ဖျက်ဆီး တတ် ၊ သူခိုး များ လည်း မ ဖောက်ထွင်း မ ခိုးယူ နိုင် ရာ ကောင်းကင် ဘုံ ၌ သင် တို့ အတွက် ဥစ္စာ ဘဏ္ဍာ များ ကို သိုမှီး ထား ကြ လော့ ။

[21] အကြောင်းမူကား သင် ၏ ဥစ္စာ ဘဏ္ဍာ ရှိ သော နေရာ ၌ သင် ၏ စိတ်နှလုံး လည်း ရောက် တတ် ၏ ။

[22] မျက်စိ သည် ကိုယ်ခန္ဓာ ၏ ဆီမီး ဖြစ် ၏ ။ ထို့ကြောင့် သင် ၏ မျက်စိ ကောင်း လျှင် သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး တောက်ပ နေ လိမ့်မည် ။

[23] သို့သော် သင် ၏ မျက်စိ မကောင်း လျှင် သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး မှောင်မိုက် နေ လိမ့်မည် ။ သို့ဖြစ်၍ သင် ၌ ရှိ သော အလင်း သည် အမှောင် ဖြစ် လျှင် ထို အမှောင် သည် မည်မျှလောက် မှောင် လိမ့်မည် နည်း ။

[24] မည်သူမျှ သခင် နှစ် ဦး ကို အစေခံ ၍ မ ရ နိုင် ။ အကြောင်းမူကား သူ သည် တစ် ဦး ကို မုန်း ၍ တစ် ဦး ကို ချစ် လိမ့်မည် ။ သို့မဟုတ် တစ် ဦး ကို သစ္စာစောင့် ၍ တစ် ဦး ကို မထီမဲ့မြင် ပြု လိမ့်မည် ။ သင် တို့ သည် ဘုရားသခင် နှင့် လောကီ စည်းစိမ် တို့ ကို တစ်ပြိုင်တည်း အစေခံ ၍ မ ရ နိုင် ကြ ။

[25] သို့ဖြစ်၍ သင် တို့ အား ငါ ဆို မည် ။ သင် တို့ ၏ အသက်ရှင် ရေး အတွက် မည်သည့် အရာ ကို စား ရ မည်နည်း ၊ မည်သည့် အရာ ကို သောက် ရ မည်နည်း ဟူ၍ လည်းကောင်း ၊ သင် တို့ ၏ ကိုယ်ခန္ဓာ အတွက် မည်သည့် အရာ ကို ဝတ် ရ မည်နည်း ဟူ၍ လည်းကောင်း မ စိုးရိမ် ကြ နှင့် ။ အသက် သည် အစာ ထက် အရေးကြီး သည် မ ဟုတ် လော ။ ကိုယ်ခန္ဓာ သည် လည်း အဝတ် ထက် အရေးကြီး သည် မ ဟုတ် လော ။

[26] မိုး ကောင်းကင် ငှက် တို့ ကို ကြည့်ရှု ဆင်ခြင် ကြ လော့ ။ ၎င်း တို့ သည် မျိုးကြဲ ခြင်း မ ရှိ ၊ ရိတ်သိမ်း ခြင်း နှင့် ကျီ ၌ စုသိမ်း ခြင်း တို့ ကို လည်း မ ပြု ကြ ။ သို့သော် ကောင်းကင်ဘုံ ရှင် သင် တို့ အဖ သည် ၎င်း တို့ ကို ကျွေးမွေး တော်မူ ၏ ။ သင် တို့ သည် ထို ငှက် တို့ ထက် အဖိုးထိုက် ကြ သည် မ ဟုတ် လော ။

[27] သင် တို့ တွင် မည်သူ သည် စိုးရိမ် သော အားဖြင့် မိမိ ၏ အသက် ​ကို တစ် တောင် ခန့်မျှ ပို၍ ရှည် စေ နိုင် သနည်း ။

[28] အဝတ် အတွက် လည်း အဘယ်ကြောင့် စိုးရိမ် ကြ သနည်း ။ တော ၌ ရှိ သော နှင်းပန်း များ မည်ကဲ့သို့ ကြီးထွား ကြ သည် ကို ကြည့်ရှု ဆင်ခြင် ကြ လော့ ။ ၎င်း တို့ သည် အလုပ် လည်း မ လုပ် ။ ဗိုင်း လည်း မ ငင် ကြ ချေ ။

[29] သို့သော် သင် တို့ အား ငါ ဆို သည် ကား မိမိ ၏ ဘုန်း အသရေ ဖြင့် ပြည့်ဝ လျက် ရှိ သော ရှောလမုန် ပင်လျှင် ဤ နှင်းပန်း တစ် ပွင့် ကဲ့သို့ မ ဆင်မြန်း ခဲ့ ရ ပေ ။

[30] ယုံကြည် ခြင်း အားနည်း သော သူ တို့ ၊ ယနေ့ ရှင်သန် လျက် ရှိ သော်လည်း မနက်ဖြန် မီးဖို ထဲသို့ ပစ်ချ ခံရ မည့် တော မြက် ပင် ကို ပင် ဘုရားသခင် သည် ဤမျှလောက် ဆင်ယင် ပေး တော်မူ လျှင် သင် တို့ ကို ပို၍ ကောင်းစွာ ဆင်ယင် ပေး တော်မူ လိမ့်မည် မ ဟုတ် လော ။

[31] ထို့ကြောင့် မည်သည့် အရာ ကို စား ရ မည်နည်း ၊ မည်သည့် အရာ ကို သောက် ရ မည်နည်း ၊ မည်သည့် အရာ ကို ဝတ် ရ မည်နည်း ဟု ဆို လျက် မ စိုးရိမ် ကြ နှင့် ။

[32] အကြောင်းမူကား လူမျိုးခြား တို့ သည် ဤ အရာ အားလုံး တို့ ကို ကြိုးစား ရှာဖွေ တတ် ကြ ၏ ။ သို့သော် ကောင်းကင်ဘုံ ရှင် သင် တို့ အဖ သည် ဤ အရာ အားလုံး ကို သင် တို့ လိုအပ် ကြောင်း သိ တော်မူ ၏ ။

[33] ဘုရားသခင် ၏ နိုင်ငံ တော် နှင့် ကိုယ်တော် ၏ ဖြောင့်မတ် ခြင်း ကို ဦးစွာ ရှာ ကြ လော့ ။ ထိုအခါ ဤ အရာ အားလုံး တို့ ကို သင် တို့ အား ထပ်လောင်း ၍ ပေး တော်မူ လိမ့်မည် ။

[34] ထို့ကြောင့် မနက်ဖြန် အတွက် မ စိုးရိမ် ကြ နှင့် ။ အကြောင်းမူကား မနက်ဖြန် သည် မိမိ အတွက် စိုးရိမ် လိမ့်မည် ။ နေ့ တစ် နေ့ ၌ ကြုံ တွေ့ရ သည့် မကောင်း မသင့် သော အရာ သည် ထို နေ့ အတွက် လုံလောက် ပေ ၏ ။

ရှင်မသ္သဲခရစ်ဝင် — Chapters