[1] သင် တို့ သည် စီရင် ခြင်း မ ခံရ မည့် အကြောင်း သူတစ်ပါး ကို မ စီရင် ကြ နှင့် ။
[2] အကြောင်းမူကား သင် တို့ စီရင် သည့် နည်းလမ်း အတိုင်း သင် တို့ သည် စီရင် ခြင်း ခံရ ၍ သင် တို့ တိုင်းတာ ခြင်တွယ် သည့် စံနှုန်း အတိုင်း သင် တို့ အတွက် တိုင်းတာ ခြင်တွယ် ပေး လိမ့်မည် ။
[3] သင် သည် မိမိ မျက်စိ ၌ ရှိ သော သစ်တုံး ကို သတိ မ မူ ဘဲ သင့် ညီအစ်ကို ၏ မျက်စိ ၌ ရှိ သော သစ် အမှုန် အစ ကို အဘယ်ကြောင့် မြင် သနည်း ။
[4] သင် သည် မိမိ မျက်စိ ၌ သစ်တုံး ရှိ လျက် ပင် သင့် ညီအစ်ကို အား ‘ သင် ၏ မျက်စိ ထဲမှ သစ် အမှုန် အစ ကို ထုတ် ပေး ပါရစေ ’ ဟု မည်သို့ ပြော နိုင် မည်နည်း ။
[5] သူတော်ကောင်း ယောင်ဆောင် သော သူ ၊ သင် ၏ မျက်စိ ထဲမှ သစ်တုံး ကို ဦးစွာ ထုတ် ပစ် လော့ ။ ထိုအခါ သင့် ညီအစ်ကို ၏ မျက်စိ ထဲမှ သစ် အမှုန် အစ ကို ထုတ် ပစ် ရန် ရှင်းလင်း စွာ မြင် ရ လိမ့်မည် ။
[6] သန့်ရှင်း သော အရာ ကို ခွေး တို့ အား မ ပေး ကြ နှင့် ။ သင် တို့ ၏ ပုလဲ များ ကို လည်း ဝက် တို့ ရှေ့၌ မ ချ ထား ကြ နှင့် ။ ၎င်း တို့ သည် ထို အရာ များ ကို မိမိ တို့ ခြေ ဖြင့် နင်းခြေ ပြီးလျှင် လှည့် လာ ၍ သင် တို့ ကို ကိုက်ဖြတ် ကြ မည် ကို စိုးရိမ် ရ ၏ ။
[7] တောင်း ကြ လော့ ။ တောင်း လျှင် သင် တို့ ရ ကြ လိမ့်မည် ။ ရှာ ကြ လော့ ။ ရှာ လျှင် သင် တို့ တွေ့ ကြ လိမ့်မည် ။ တံခါး ကို ခေါက် ကြ လော့ ။ ခေါက် လျှင် သင် တို့ ကို ဖွင့် ပေး လိမ့်မည် ။
[8] အကြောင်းမူကား တောင်း သော သူ တိုင်း သည် ရ ၏ ။ ရှာ သော သူ သည် လည်း တွေ့ ၏ ။ တံခါး ခေါက် သော သူ ကို လည်း ဖွင့် ပေး လိမ့်မည် ။
[9] သင် တို့ တွင် မည်သူ သည် မိမိ ၏ သား က မုန့် ကို တောင်း သောအခါ ကျောက်ခဲ ကို ပေး မည်နည်း ၊
[10] သို့မဟုတ် ငါး ကို တောင်း သောအခါ မြွေ ကို ပေး မည်နည်း ။
[11] သင် တို့ သည် မကောင်း သော သူ များ ဖြစ် ကြ လျက် ပင် မိမိ တို့ ၏ သားသမီး များ အား ကောင်း သော လက်ဆောင် များ ပေး ရ မည် ကို သိ ကြ လျှင် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ ၏ အဖ သည် မိမိ ထံ တောင်းလျှောက် သော သူ များ အား ကောင်း သည့် အရာ များ ကို သာ၍ ပင် ပေး တော်မူ မည် မ ဟုတ် လော ။
[12] သို့ဖြစ်၍ သင် တို့ သည် သူတစ်ပါး အား သင် တို့ အပေါ် ပြု စေ လို သမျှ အတိုင်း သူတစ်ပါး အပေါ် ပြု ကြ လော့ ။ ဤသည်ကား ပညတ် တရား ကျမ်း နှင့် ပရောဖက် ကျမ်း များ ၏ အချုပ် ဖြစ် ၏ ။
[13] ကျဉ်း သော တံခါး မှ ဝင် ကြ လော့ ။ အကြောင်းမူကား ပျက်စီး ခြင်း သို့ ရောက် သော တံခါး သည် ကျယ်ဝန်း ၍ လမ်း သည် ပြန့်ပြူး ၏ ။ ထို တံခါး မှ ဝင် သော သူ တို့ သည် လည်း များပြား လှ ၏ ။
[14] အသက်ရှင် ခြင်း သို့ ရောက် သော တံခါး သည် ကျဉ်း ၍ လမ်း သည် ကြမ်းတမ်း ၏ ။ ထို တံခါး ကို တွေ့ရှိ သော သူ တို့ သည် လည်း နည်း လှ ၏ ။
[15] ပရောဖက် အတုအယောင် များ ကို သတိထား ကြ လော့ ။ သူ တို့ သည် သိုးရေ ခြုံ လျက် သင် တို့ ထံသို့ လာ သော်လည်း အတွင်း ၌ ကား အငမ်းမရ ဖြစ် သည့် ဝံပုလွေ ကဲ့သို့ ဖြစ် ကြ ၏ ။
[16] သူ တို့ ၏ အသီး များ အားဖြင့် သူ တို့ ကို သင် တို့ သိ ကြ လိမ့်မည် ။ ဆူးပင် မှ စပျစ်သီး ကို လည်းကောင်း ၊ ဆူးလေပင် မှ သဖန်းသီး ကို လည်းကောင်း ဆွတ်ခူး ရ လေ့ ရှိ သလော ။
[17] ထိုနည်းတူ ကောင်း သော အပင် တိုင်း သည် ကောင်း သော အသီး ကို သီး တတ် ၏ ။ မကောင်း သော အပင် မူကား မကောင်း သော အသီး ကို သီး တတ် ၏ ။
[18] ကောင်း သော အပင် သည် မကောင်း သော အသီး ကို မ သီး နိုင် ။ မကောင်း သော အပင် သည် လည်း ကောင်း သော အသီး ကို မ သီး နိုင် ။
[19] ကောင်း သော အသီး မ သီး သော အပင် တိုင်း သည် ခုတ်လှဲ ခြင်း ခံရ ၍ မီး ထဲသို့ ပစ်ချ ခြင်း ခံရ လိမ့်မည် ။
[20] သို့ဖြစ်၍ သူ တို့ ၏ အသီး များ အားဖြင့် သူ တို့ ကို သင် တို့ သိ ကြ လိမ့်မည် ။
[21] ‘ သခင် ဘုရား ၊ သခင် ဘုရား ’ ဟု ငါ့ ကို ခေါ် သော သူ တိုင်း ကောင်းကင် နိုင်ငံ တော် သို့ ဝင် ရ မည် မ ဟုတ် ။ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် ၏ အလို တော် ကို ဆောင်ရွက် သော သူ သာ ဝင် ရ လိမ့်မည် ။
[22] ထို နေ့ရက် တွင် များစွာ သော သူ တို့ သည် ‘ သခင် ဘုရား ၊ သခင် ဘုရား ၊ အကျွန်ုပ် တို့ သည် ကိုယ်တော် ၏ နာမ တော် အားဖြင့် ပရောဖက်ပြု ဟောပြော လျက် ကိုယ်တော် ၏ နာမ တော် အားဖြင့် နတ်ဆိုး များ ကို နှင်ထုတ် ကာ ကိုယ်တော် ၏ နာမ တော် အားဖြင့် တန်ခိုး လက္ခဏာ များစွာ တို့ ကို ပြု ခဲ့ ကြ သည် မ ဟုတ် လော ’ ဟု ငါ့ အား လျှောက် ကြ လိမ့်မည် ။
[23] ထိုအခါ ငါ သည် သူ တို့ အား ‘ သင် တို့ ကို ငါ လုံးဝ မ သိ ။ တရားမဲ့ သော အမှု ကို ပြု သော သူ တို့ ၊ ငါ့ ထံမှ ထွက်သွား ကြ လော့ ’ ဟု အတိအလင်း ပြော မည် ။
[24] သို့ဖြစ်၍ ငါ ဟောပြော သော ဤ တရား စကား တို့ ကို ကြား ၍ ကျင့်သုံး သော သူ တိုင်း သည် ကျောက် ပေါ်၌ မိမိ အိမ် ကို ဆောက် သည့် ပညာ သတိ ရှိ သော သူ နှင့် တူ ၏ ။
[25] မိုး ရွာ ၍ မြစ် ရေ စီးဆင်း လာ ကာ လေ ထန် သဖြင့် ထို အိမ် ကို တိုက်ခတ် သော်လည်း ကျောက် ပေါ်၌ အုတ်မြစ် ချ ထား သောကြောင့် ထို အိမ် သည် မ ပြိုလဲ ပေ ။
[26] ငါ ဟောပြော သော ဤ တရား စကား တို့ ကို ကြား ၍ မ ကျင့်သုံး သော သူ တိုင်း သည် သဲ ပေါ်၌ မိမိ အိမ် ကို ဆောက် သည့် မိုက်မဲ သော သူ နှင့် တူ ၏ ။
[27] မိုး ရွာ ၍ မြစ် ရေ စီးဆင်း လာ ကာ လေ ထန် သဖြင့် ထို အိမ် ကို တိုက်ခတ် သောအခါ ထို အိမ် သည် ပြိုလဲ သွား ၏ ။ ၎င်း ၏ ပြိုလဲ ခြင်း သည် လည်း ဆိုးရွား လှ ပေ ၏ ။ ”
[28] ဤတရားစကားတို့ကို ယေရှုသွန်သင်တော်မူပြီးသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
[29] အကြောင်းမူကား ကိုယ်တော်သည် သူတို့၏ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သွန်သင်တော်မူ၏။