[1] ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
[2] ကိုယ်တော်ကလည်း“ [ သင် တို့ သည် ညနေချမ်း အချိန် ရောက် သောအခါ ‘ မိုး ကောင်းကင် နီရဲ သည် ဖြစ်၍ ရာသီဥတု သာယာ လိမ့်မည် ’ ဟု ဆို တတ် ကြ ၏ ။
[3] နံနက် စောစော အချိန် တွင် လည်း ‘ မိုး ကောင်းကင် အုံ့မှိုင်း လျက် နီရဲ သည် ဖြစ်၍ ယနေ့ မုန်တိုင်း လာ လိမ့်မည် ’ ဟု ဆို တတ် ကြ ၏ ။ သင် တို့ သည် မိုး ကောင်းကင် ၏ အသွင်အပြင် ကို ပိုင်းခြား ၍ သိ ကြ သော်လည်း အချိန် ကာလ များ ၏ နိမိတ် လက္ခဏာ များ ကို မူ ပိုင်းခြား ၍ မ သိ နိုင် ကြ ။ ]
[4] ဆိုးညစ် ၍ ဖောက်ပြန် သော မျိုးဆက် သည် နိမိတ် လက္ခဏာ ကို တောင်းဆို သော်လည်း ယောန ၏ နိမိတ် လက္ခဏာ မှတစ်ပါး မည်သည့် နိမိတ် လက္ခဏာ ကို မျှ ပြ လိမ့်မည် မ ဟုတ် ” ဟု ပြန်၍မိန့်တော်မူပြီးလျှင် သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
[5] တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့လာကြသောအခါ မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြ၏။
[6] ထိုအခါ ယေရှုက“ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့ ၏ တဆေး ကို အထူး သတိထား ကြ လော့ ” ဟု မိန့်တော်မူ၏။
[7] တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
[8] ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင်“ ယုံကြည် ခြင်း အားနည်း သော သူ တို့ ၊ သင် တို့ ၌ မုန့် မ ပါ ကြောင်း ကို အဘယ်ကြောင့် အချင်းချင်း အချေအတင် ပြောဆို ကြ သနည်း ။
[9] သင် တို့ နား မ လည် ကြ သေး သလော ။ မုန့် ငါး လုံး ကို လူ ငါးထောင် စား ၍ ဘယ်နှ တောင်း ကောက် သိမ်း ခဲ့ ရ သည် ကို လည်းကောင်း ၊
[10] မုန့် ခုနစ် လုံး ကို လူ လေးထောင် စား ၍ ဘယ်နှ တောင်း ကောက် သိမ်း ခဲ့ ရ သည် ကို လည်းကောင်း မ မှတ်မိ ကြ သလော ။
[11] မုန့် နှင့် ပတ်သက်၍ သင် တို့ အား ငါ ပြော သည် မ ဟုတ် ကြောင်း ကို အဘယ်ကြောင့် သင် တို့ နား မ လည် ကြ သနည်း ။ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့ ၏ တဆေး ကို မူကား သတိထား ကြ လော့ ” ဟု မိန့်တော်မူ၏။
[12] ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
[13] ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပိနယ်မြေဒေသများသို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“ လူ တို့ သည် လူ့သား ကို မည်သူ ဖြစ် သည် ဟု ဆို ကြ သနည်း ” ဟူ၍ မေးတော်မူ၏။
[14] တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ၊ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
[15] ယေရှုက“ သင် တို့ မူကား ငါ့ ကို မည်သူ ဖြစ် သည် ဟု ဆို ကြ သနည်း ” ဟူ၍ မေးတော်မူလျှင်
[16] ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
[17] ထိုအခါ ယေရှုက“ ဗာယောန ရှိမုန် ၊ သင် သည် မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ဤ အရာ ကို အသွေး အသား က သင့် အား ဖွင့်ပြ သည် မ ဟုတ် ဘဲ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ့ ခမည်းတော် က ဖွင့်ပြ တော်မူ ၏ ။
[18] သင့် အား ငါ ဆို သည် ကား သင် သည် ပေတရု ဖြစ် ၏ ။ ဤ ကျောက် ပေါ်၌ ငါ ၏ အသင်းတော် ကို ငါ တည်ဆောက် မည် ။ မရဏာ နိုင်ငံ ၏ တံခါး တို့ သည် လည်း ထို အသင်းတော် ကို အနိုင်ရ ကြ မည် မ ဟုတ် ။
[19] ကောင်းကင် နိုင်ငံ တော် ၏ သော့ များ ကို သင့် အား ငါ ပေး မည် ။ မြေကြီး ပေါ်၌ သင် ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ ၌ ချည်နှောင် ခြင်း ခံရ လျက် ရှိ လိမ့်မည် ။ မြေကြီး ပေါ်၌ သင် ဖြေလွှတ် သမျှ သည် လည်း ကောင်းကင် ဘုံ ၌ ဖြေလွှတ် ခြင်း ခံရ လျက် ရှိ လိမ့်မည် ” ဟု ပြန်၍မိန့်တော်မူ၏။
[20] ထို့နောက် ကိုယ်တော်က မိမိသည်ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှမပြောရန် တပည့်တော်တို့အား မိန့်မှာတော်မူ၏။
[21] ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
[22] ထိုအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုကာ “သခင်ဘုရား၊ ဤအမှုသည် ကိုယ်တော်နှင့်လွဲပါစေ၊ ဖယ်ပါစေ။ ကိုယ်တော်၌ မည်သည့်အခါမျှ ဤသို့ဖြစ်မည်မဟုတ်”ဟု လျှောက်လေ၏။
[23] သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“ အချင်း စာတန် ၊ ငါ့ နောက် သို့ ဆုတ် လော့ ။ သင် သည် ငါ့ အတွက် မှားယွင်း စရာ အကြောင်း ဖြစ် ၏ ။ အကြောင်းမူကား သင် သည် ဘုရားသခင် နှင့်ဆိုင်သော အရာ များ ကို မ စွဲလမ်း ဘဲ လူ တို့ နှင့်ဆိုင်သော အရာ များ ကို သာ စွဲလမ်း ၏ ” ဟု မိန့်တော်မူ၏။
[24] ထို့နောက် ယေရှုက တပည့်တော်တို့အား“ မည်သူမဆို ငါ့ နောက် သို့ လိုက် လို လျှင် မိမိကိုယ်ကို ငြင်းပယ် ပြီး မိမိ ၏ လက်ဝါးကပ်တိုင် ကို ထမ်း လျက် ငါ့ နောက် သို့ လိုက် ရ မည် ။
[25] အကြောင်းမှာ မိမိ အသက် ကို ကယ်တင် လို သော သူ သည် အသက် ကို ဆုံးရှုံး ရ လိမ့်မည် ။ ငါ့ အတွက် မိမိ အသက် ကို ဆုံးရှုံး ရ သော သူ မူကား အသက် ကို တွေ့ရှိ လိမ့်မည် ။
[26] လူ သည် ကမ္ဘာ လောက တစ်ခုလုံး ကို ရရှိ သော်လည်း မိမိ အသက် ဝိညာဉ် ဆုံးရှုံး လျှင် မည်သည့် အကျိုး ရှိ မည်နည်း ။ တစ်နည်း အားဖြင့် လူ သည် မည်သည့် အရာ ကို ပေး ၍ မိမိ အသက် ဝိညာဉ် ကို ပြန်ရွေး နိုင် မည်နည်း ။
[27] အကြောင်းမူကား လူ့သား သည် မိမိ ၏ ကောင်းကင်တမန် များ နှင့်အတူ မိမိ ခမည်းတော် ၏ ဘုန်း အသရေ ကို ဆောင် လျက် ကြွလာ လိမ့်မည် ။ ထိုအခါ လူ အသီးသီး တို့ အား သူ တို့ ၏ လုပ်ဆောင်မှု နှင့်အညီ အကျိုး အပြစ် ကို ပေး တော်မူ လိမ့်မည် ။
[28] သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ နေရာ ၌ ရပ် နေ သော သူ တို့ တွင် လူ့သား သည် မိမိ ၏ နိုင်ငံ တော် နှင့် ကြွလာ သည် ကို မ မြင် မီ သေ ခြင်း ကို မ မြည်းစမ်း ရ သော သူ အချို့ ရှိ ၏ ” ဟု မိန့်တော်မူ၏။