[1] ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်စအချိန်၌ သူတို့သည် မိမိတို့ပြင်ဆင်ထားသောအမွှေးနံ့သာကိုယူဆောင်၍ သင်္ချိုင်းတော်သို့သွားကြရာ
[2] ကျောက်တုံးကို သင်္ချိုင်းဂူမှ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကိုတွေ့ကြ၏။
[3] အတွင်းသို့ဝင်ကြသောအခါ သခင်ယေရှု၏အလောင်းတော်ကိုမတွေ့ကြချေ။
[4] သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။
[5] အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။
[6] ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။
[7] ကိုယ်တော်က‘ လူ့သား သည် အပြစ်သား တို့ ၏ လက် သို့ အပ်နှံ ခြင်း ကို ခံရ လျက် လက်ဝါးကပ်တိုင် ပေါ်၌ တင် ခြင်း ခံရ ပြီး သုံး ရက် မြောက် သော နေ့ ၌ ထမြောက် ရ မည် ’ ဟူ၍ မိန့်တော်မူခဲ့သည် မဟုတ်လော”ဟု မြွက်ဆိုကြ၏။
[8] ထိုအခါ အမျိုးသမီးတို့သည် ကိုယ်တော်၏စကားတော်များကို သတိရ၍
[9] သင်္ချိုင်းတော်မှ ပြန်သွားပြီးလျှင် တစ်ဆယ့်တစ်ပါးသောတပည့်တော်နှင့် အခြားသောသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။
[10] တမန်တော်တို့အား ဤအကြောင်းအရာများကိုပြောပြသောသူတို့မှာ မာဂဒလမြို့သူမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သူမာရိမှစ၍ သူတို့နှင့်အတူရှိသော အခြားအမျိုးသမီးများဖြစ်ကြ၏။
[11] သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။
[12] သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည် ကိုသာတွေ့သဖြင့် ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။
[13] ထိုနေ့၌ပင် သူတို့ထဲမှနှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ် မိုင်ခန့်ဝေးသည့် ဧမောက်ဟုခေါ်သောရွာသို့ သွားကြ၏။
[14] သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။
[15] ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။
[16] သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။
[17] ကိုယ်တော်ကလည်း“ သင် တို့ သည် လမ်းသွား ရင်း မည်သည့် အကြောင်းအရာ များ ကို အချင်းချင်း ဆွေးနွေး နေ ကြ သနည်း ” ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။
[18] ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။
[19] ကိုယ်တော်ကလည်း“ မည်သည့် အရာ များ နည်း ” ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုနှင့်ပတ်သက်သောအရာများဖြစ်၏။ သူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် လုပ်ဆောင်မှုနှင့်ပြောဆိုမှုတို့၌ အစွမ်းသတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏။
[20] သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ငါတို့ကိုအုပ်ချုပ်သူများသည် သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံ၍ လက်ဝါးကပ်တိုင်ပေါ်၌ တင်ခဲ့ကြ၏။
[21] ထိုအရှင်သည် အစ္စရေးလူမျိုးကို ရွေးနုတ်ကယ်တင်မည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့်ထားကြ၏။ ထိုမျှမက ဤအမှုအရာများဖြစ်ပျက်ခဲ့ပြီးနောက် ယခုသုံးရက်မြောက်ဖြစ်သောအခါ
[22] ငါတို့ထဲမှ အမျိုးသမီးအချို့တို့သည် ငါတို့ကိုအံ့ဩငေးမောစေကြ၏။ သူတို့သည် နံနက်စောစောသင်္ချိုင်းသို့သွားကြရာ
[23] ထိုအရှင်၏အလောင်းကိုမတွေ့ခဲ့ကြပေ။ သူတို့သည်ပြန်လာ၍ ထိုအရှင်အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌တွေ့မြင်ရကြောင်း ပြောပြကြ၏။
[24] ငါတို့ထဲမှ လူအချို့တို့သည် သင်္ချိုင်းသို့သွားကြရာ အမျိုးသမီးများပြောခဲ့သည့်အတိုင်းဖြစ်ပြီး ထိုအရှင်ကိုမတွေ့ခဲ့ကြပါ”ဟု ဆိုကြ၏။
[25] ထိုအခါ ကိုယ်တော်က“ အို မိုက်မဲ ၍ ပရောဖက် များ ဟောပြော ခဲ့ သမျှ တို့ ကို ယုံကြည် ရန် စိတ်နှလုံး ထိုင်းမှိုင်း သော သူ တို့ ၊
[26] ခရစ်တော် သည် ဤသို့ ဒုက္ခ ဝေဒနာ ခံစား ရ ၍ မိမိ ၏ ဘုန်း အသရေ ထဲသို့ ဝင်စား ရ မည် မ ဟုတ် လော ” ဟု သူတို့အား မိန့်တော်မူ၏။
[27] ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။
[28] သူတို့သွားနေသည့်ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ရှိသဖြင့်
[29] သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
[30] သူတို့နှင့်အတူ စားပွဲ၌ထိုင် တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။
[31] ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
[32] သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။
[33] သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြရာ တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့နှင့် သူတို့၏အပေါင်းအဖော်များ စုဝေးနေကြသည်ကိုတွေ့ရကြ၏။
[34] ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။
[35] ထိုသူနှစ်ဦးတို့ကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်းသိခဲ့ရပုံတို့ကို ပြောပြကြ၏။
[36] ဤအကြောင်းအရာများကို သူတို့ပြောဆိုနေကြစဉ် ကိုယ်တော်သည် သူတို့အလယ်၌ရပ်လျက်“ သင် တို့ ၌ ငြိမ်သက် ခြင်း ရှိ ပါ စေ ” ဟု မိန့်တော်မူ၏။
[37] သို့သော် သူတို့သည် တစ္ဆေကိုမြင်နေကြသည်ဟုထင်မှတ်၍ ထိတ်လန့်ကြောက်ရွံ့ကြ၏။
[38] ကိုယ်တော်ကလည်း“ အဘယ်ကြောင့် တုန်လှုပ် ချောက်ချား ကြ သနည်း ။ အဘယ်ကြောင့် သင် တို့ ၏ စိတ်နှလုံး ထဲ၌ သံသယ ဖြစ် ကြ သနည်း ။
[39] ငါ့ လက် နှင့် ငါ့ ခြေ တို့ ကို ကြည့် ကြ လော့ ။ ငါ ကိုယ်တိုင် ပင် ဖြစ် ၏ ။ ငါ့ ကို တို့ထိ စမ်းသပ် ၍ ကြည့်ရှု ကြ လော့ ။ အကြောင်းမူကား တစ္ဆေ ၌ အရိုး ၊ အသား မ ရှိ ။ ငါ ၌ မူကား သင် တို့ မြင် ရ သည့် အတိုင်း အရိုး ၊ အသား ရှိ ၏ ” ဟု
[40] မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။
[41] သူတို့သည် ဝမ်းမြောက်သဖြင့် မယုံနိုင်သေးဘဲရှိ၍ အံ့ဩလျက်နေကြစဉ် ကိုယ်တော်က“ ဤ နေရာ တွင် စားစရာ တစ်စုံတစ်ခု ရှိ သလော ” ဟု မေးတော်မူ၏။
[42] ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြရာ
[43] ကိုယ်တော်သည်ယူ၍ သူတို့ရှေ့တွင် သုံးဆောင်တော်မူ၏။
[44] တစ်ဖန် ကိုယ်တော်က“ သင် တို့ နှင့်အတူ ရှိ စဉ် သင် တို့ အား ငါ ပြော ခဲ့ သော စကား မှာ မောရှေ ၏ ပညတ် တရား ကျမ်း ၊ ပရောဖက် ကျမ်း များ နှင့် ဆာလံ ကျမ်း တွင် ငါ နှင့် ပတ်သက်၍ ရေး ထား သမျှ တို့ သည် ပြည့်စုံ ခြင်း သို့ ရောက် ရ မည် ဟူ၍ ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[45] ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင်
[46] သူတို့အားမြွက်ဆိုတော်မူသည်မှာ“ ကျမ်းစာ ၌ ရေး ထား သည် ကား ခရစ်တော် သည် ဒုက္ခ ဝေဒနာ ခံစား ရ ၍ သုံး ရက် မြောက် သော နေ့ ၌ သေ သော သူ တို့ ထဲမှ ထမြောက် ရ မည် ။
[47] ထို့နောက် သူ ၏ နာမ တော် အားဖြင့် အပြစ် များ ခွင့်လွှတ် ခြင်း ကျေးဇူး နှင့်ဆိုင်သော နောင်တ တရား ကို ဂျေရုဆလင် မြို့ မှ အစပြု ၍ လူမျိုး တကာ တို့ အား ဟောပြော ရ မည် ဟူ၍ ဖြစ် ၏ ။
[48] သင် တို့ သည် ဤ အကြောင်းအရာ တို့ ၏ သက်သေ များ ဖြစ် ကြ ၏ ။
[49] ငါ သည် ငါ့ ခမည်းတော် ၏ ကတိ တော် ကို သင် တို့ ထံသို့ စေလွှတ် မည် ။ သို့သော် သင် တို့ သည် အထက် ကောင်းကင် မှ တန်ခိုး ဖြင့် လွှမ်းခြုံ ခြင်း ခံရ သည် အထိ ဂျေရုဆလင် မြို့ ၌ နေ ကြ ဦး လော့ ” ဟု မိန့်တော်မူ၏။
[50] ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။
[51] ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
[52] သူတို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြကာ
[53] ဗိမာန်တော်၌ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။