Skip to content
Opens in a new window
Listen to this chapter • 7:28

[1] ထို​အချိန်​၌​ပင် လူ​အချို့​တို့​သည်​ရောက်လာ​၍ ပိလတ်​မင်း​သည် ဂါလိလဲ​နယ်သား​အချို့​တို့​၏​သွေး​ကို သူ​တို့​ပူဇော်​သော​ယဇ်​များ​နှင့်​ရောနှော​ခဲ့​ကြောင်း ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။

[2] ကိုယ်တော် ​က​လည်း“ ထို ဂါလိလဲ နယ်သား တို့ သည် ထိုသို့ သော ဒုက္ခ ဝေဒနာ ကို ခံစား ကြ ရ သောကြောင့် အခြား ဂါလိလဲ နယ်သား အားလုံး တို့ ထက် အပြစ် များ သည် ဟု သင် တို့ ထင် ကြ သလော ။

[3] ထိုသို့ မ ဟုတ် ပေ ။ သင် တို့ အား ငါ ဆို သည် ကား သင် တို့ အားလုံး သည် လည်း နောင်တ မ ရ လျှင် ထိုနည်းတူ ပျက်စီး ကြ လိမ့်မည် ။

[4] ထို့ပြင် ရှိလောင် မျှော်စင် ပြိုကျ သဖြင့် ပိ မိ ၍ သေဆုံး သော သူ တစ်ဆယ့်ရှစ် ယောက် တို့ သည် ဂျေရုဆလင် မြို့ တွင် နေထိုင် ကြ သော အခြား သူ အားလုံး တို့ ထက် အပြစ် များ သည် ဟု သင် တို့ ထင် ကြ သလော ။

[5] ထိုသို့ မ ဟုတ် ပေ ။ သင် တို့ အား ငါ ဆို သည် ကား သင် တို့ အားလုံး သည် လည်း နောင်တ မ ရ လျှင် ထိုနည်းတူ ပျက်စီး ကြ လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[6] ထို့နောက် ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး​၍ မြွက်ဆို​တော်မူ​သည်​မှာ“ လူ တစ် ဦး တွင် မိမိ စပျစ်ခြံ ထဲ၌ စိုက် ထား သော သဖန်းပင် တစ် ပင် ရှိ ၏ ။ သူ သည် ထို အပင် မှ အသီး ကို လာ ရှာ သော်လည်း မ တွေ့ ရ ချေ ။

[7] ထိုအခါ သူ သည် ဥယျာဉ်မှူး အား ‘ ကြည့် လော့ ။ ငါ သည် သုံး နှစ် တိုင်တိုင် ဤ သဖန်းပင် မှ အသီး ကို လာ ရှာ သော်လည်း မ တွေ့ ရ ။ ဤ သဖန်းပင် ကို ခုတ် ပစ် လော့ ။ အဘယ်ကြောင့် မြေ ကို အကျိုးမဲ့ ဖြစ် စေ မည်နည်း ’ ဟု ဆို ၏ ။

[8] သို့သော် ဥယျာဉ်မှူး က ‘ သခင် ၊ ဤ အပင် ကို ယခု နှစ် လည်း ထား ပါ ဦး ။ အပင် ပတ်လည် ကို အကျွန်ုပ် တူးဆွ ၍ မြေသြဇာ ထည့် ပါ ဦး မည် ။

[9] ထိုသို့ပြုလျှင် နောက် နှစ် တွင် အသီး သီး ကောင်း သီး ပါ လိမ့်မည် ။ အကယ်၍ မ သီး ပါက ခုတ် ပစ် နိုင် ပါ သည် ’ ဟု ပြန် လျှောက် ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

[10] ကိုယ်တော်​သည် ဥပုသ်နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း ​တစ်​ကျောင်း​တွင် သွန်သင်​လျက်​နေ​တော်မူ​၏။

[11] ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။

[12] ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍“ အချင်း မိန်းမ ၊ သင် သည် သင် ၏ နာမကျန်း ဖြစ် ခြင်း မှ လွတ်မြောက် ပြီ ” ​ဟု မိန့်​တော်မူ​ပြီးလျှင်

[13] သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​ခါး​သည် ပြန်လည်​တည့်မတ်​သွား​၍ သူ​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လေ​၏။

[14] သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်” ​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။

[15] သခင်​ဘုရား​က​လည်း“ သူတော်ကောင်း ယောင်ဆောင် သော သူ တို့ ၊ သင် တို့ အသီးသီး သည် ဥပုသ်နေ့ ၌ မိမိ တို့ နွား ၊ သို့မဟုတ် မြည်း ကို တင်းကုပ် မှ လွှတ် ၍ ရေ တိုက် ရန် ခေါ်ဆောင် သွား ကြ သည် မ ဟုတ် လော ။

[16] သို့ဖြစ်လျှင် တစ်ဆယ့် ရှစ် နှစ် ပတ်လုံး စာတန် ချည်နှောင် ထား သည့် အာဗြဟံ ၏ သမီး ဖြစ် သော ဤ သူ ကို ဥပုသ် နေ့ ၌ ထို ချုည်နှောင် ခြင်း မှ လွတ် စေ သင့် သည် မ ဟုတ် လော ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[17] ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​သောအခါ ကိုယ်တော်​ကို​ဆန့်ကျင်​နေ​သော​သူ​ရှိသမျှ​တို့​သည် အရှက်ရ​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သည့် ထူးမြတ်​သော​အမှု​အလုံးစုံ​တို့​အတွက် ဝမ်းမြောက်​ကြ​၏။

[18] ထို့ကြောင့် ကိုယ်တော်​က“ ဘုရားသခင် ၏ နိုင်ငံ တော် သည် မည်သည့် အရာ နှင့် တူ သနည်း ။ ၎င်း ကို မည်သည့် အရာ နှင့် ခိုင်းနှိုင်း ရ မည်နည်း ။

[19] ၎င်း သည် မုန်ညင်းနက် စေ့ နှင့် တူ ၏ ။ လူ တစ် ဦး သည် ထို အစေ့ ကို ယူ ၍ မိမိ ဥယျာဉ် ထဲ၌ ကြဲ သောအခါ ထို အစေ့ သည် အပင်ပေါက် ကြီးထွား ၍ အပင် ကြီး ​ဖြစ်လာ ကာ မိုး ကောင်းကင် ငှက် တို့ သည် ၎င်း ၏ အကိုင်း များ တွင် အသိုက်ဖွဲ့ ၍ နေ ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[20] တစ်ဖန် ကိုယ်တော်​က“ ဘုရားသခင် ၏ နိုင်ငံ တော် ကို မည်သည့် အရာ နှင့် ခိုင်းနှိုင်း ရ မည်နည်း ။

[21] ၎င်း သည် တဆေး နှင့် တူ ၏ ။ အမျိုးသမီး တစ် ဦး သည် တဆေး ကို ယူ ၍ ဂျုံမှုန့် သုံး စိတ် ​ထဲတွင် ထည့် လိုက် သော် မုန့်ညက် တစ်ပုံလုံး ကို ဖောင်းပွ စေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[22] ထို့နောက် ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​၍ သွန်သင်​တော်မူ​ရင်း ဂျေရုဆလင်​မြို့​သို့​ခရီး​ပြု​တော်မူ​၏။

[23] ထိုအခါ လူ​တစ်​ဦး​က “သခင်၊ ကယ်တင်​ခြင်း​ခံရ​သူ အနည်းငယ်​သာ​ရှိ​သလော”​ဟု မေးလျှောက်​၏။ ကိုယ်တော်​က​လည်း

[24] “ ကျဉ်း သော တံခါး မှ ဝင် ရန် ကြိုးစား ကြ လော့ ။ အကြောင်းမူကား လူ များစွာ တို့ သည် ဝင် ရန် ရှာကြံ ကြ သော်လည်း မ ဝင် နိုင် ကြ ဟု သင် တို့ အား ငါ ဆို ၏ ။

[25] အိမ်ရှင် သည် ထ ၍ တံခါး ကို ပိတ် ပြီးမှ သင် တို့ သည် အပြင် ၌ ရပ် ၍ တံခါး ကို ခေါက် လျက် ‘ သခင် ၊ အကျွန်ုပ် တို့ အား တံခါး ဖွင့် ပေး ပါ ’ ​ဟု ဆို ကြ သော်လည်း သခင် က ‘ သင် တို့ သည် အဘယ် က လာ ကြ သည် ကို ငါ မ သိ ’ ဟု ပြန် ၍ ဆို လိမ့်မည် ။

[26] ထိုအခါ သင် တို့ က ‘ အကျွန်ုပ် တို့ သည် ကိုယ်တော် နှင့်အတူ စား သောက် ခဲ့ ကြ ပါ ၏ ။ ကိုယ်တော် သည် လည်း အကျွန်ုပ် တို့ ၏ လမ်းမ ပေါ်တွင် သွန်သင် ပေး ခဲ့ ပါ ၏ ’ ဟု လျှောက် ကြ လိမ့်မည် ။

[27] သို့သော် သခင် က ‘ သင် တို့ သည် အဘယ် က လာ ကြ သည် ကို ငါ မ သိ ။ မတရားမှု ကို ပြု သော သူ အပေါင်း တို့ ၊ ငါ့ ထံမှ ထွက်သွား ကြ လော့ ’ ဟု သင် တို့ အား ဆို လိမ့်မည် ။

[28] ထိုအခါ အာဗြဟံ ၊ ဣဇက် ၊ ယာကုပ် နှင့် ပရောဖက် အပေါင်း တို့ သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲ၌ ရှိ ကြ သည် ကို သင် တို့ မြင် ရ ကြ သော်လည်း သင် တို့ ကိုယ်တိုင် မူကား အပြင် သို့ နှင်ထုတ် ခြင်း ခံရ သဖြင့် ထို နေရာ ၌ ငိုကြွေး ခြင်း နှင့် အံကြိတ် ခြင်း ရှိ ကြ လိမ့်မည် ။

[29] တစ်ဖန် လူ တို့ သည် အရှေ့ အရပ် နှင့် အနောက် အရပ် တို့ မှ လည်းကောင်း ၊ တောင် အရပ် နှင့် မြောက် အရပ် တို့ မှ လည်းကောင်း လာ ၍ ဘုရားသခင် ၏ နိုင်ငံ တော် တွင် စားသောက်ပွဲ ၌ ထိုင် ​ကြ လိမ့်မည် ။

[30] အဦးဆုံး ဖြစ် မည့် နောက်ဆုံး သော သူ များ ရှိ ကြ ၏ ။ နောက်ဆုံး ဖြစ် မည့် အဦးဆုံး သော သူ များ လည်း ရှိ ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[31] ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။

[32] ကိုယ်တော်​က​လည်း“ သွား ၍ ထို မြေခွေး ကို ပြော ကြ လော့ ။ ငါ သည် ယနေ့ နှင့် မနက်ဖြန် နတ်ဆိုး တို့ ကို နှင်ထုတ် ၍ အနာရောဂါ များ ကို ငြိမ်း စေ ပြီး သုံး ရက် မြောက် သော နေ့ ၌ အမှု ကို ပြီးမြောက် စေ မည် ။

[33] သို့ရာတွင် ငါ သည် ယနေ့ ၊ မနက်ဖြန် နှင့် နောက်တစ်နေ့ တို့ ၌ ခရီး သွား ရ ဦး မည် ။ အကြောင်းမူကား ပရောဖက် သည် ဂျေရုဆလင် မြို့ မှတစ်ပါး အခြား အရပ် ၌ သေ ရ သည် ဟူ၍ မ ရှိ နိုင် ။

[34] အို ဂျေရုဆလင် မြို့ ၊ ဂျေရုဆလင် မြို့ ၊ ပရောဖက် များ ကို သတ် ၍ မိမိ ထံသို့ စေလွှတ် ခြင်း ခံရ သော သူ တို့ ကို ခဲ နှင့် ပေါက် သတ် သော မြို့ ၊ ကြက်မ သည် မိမိ ၏ ကြက်ကလေး များ ကို အတောင် အောက်၌ စုသိမ်း သကဲ့သို့ ငါ သည် သင် ၏ သားသမီး တို့ ကို စုသိမ်း ရန် ကြိမ်ဖန် များစွာ အလိုရှိ ခဲ့ ၏ ။ သို့သော် သင် သည် အလို မ ရှိ ။

[35] ကြည့်ရှု လော့ ။ သင် တို့ ၏ အိမ် သည် သင် တို့ ထံ၌ စွန့်ပစ် ထား ခြင်း ခံရ လိမ့်မည် ။ သင် တို့ အား ငါ ဆို သည် ကား ‘ ထာဝရ ဘုရား ၏ နာမ တော် ၌ ကြွလာ တော်မူ သော အရှင် သည် မင်္ဂလာရှိ ​စေ ​သတည်း ’ ​ဟု သင် တို့ ပြော သည့် အချိန် မ ရောက် မီ တိုင်အောင် သင် တို့ သည် ငါ့ ကို လုံးဝ မြင် ရ လိမ့်မည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် — Chapters