[1] ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“ သူဌေး တစ် ဦး တွင် ဘဏ္ဍာစိုး တစ် ယောက် ရှိ ၏ ။ ထို ဘဏ္ဍာစိုး သည် သူဌေး ၏ ဥစ္စာ ပစ္စည်း များ ကို ဖြုန်းတီး နေ ကြောင်း တိုင်ကြား သူ ရှိ သဖြင့်
[2] သူဌေး သည် ဘဏ္ဍာစိုး ကို ခေါ် ၍ ‘ သင့် အကြောင်း ငါ ကြား ရ သည့် အရာ မှာ မည်သို့ နည်း ။ သင့် ကို ဘဏ္ဍာစိုး အရာ ၌ ဆက် ၍ မ ထား နိုင် သောကြောင့် သင် ၏ စီမံ ခန့်ခွဲ မှု စာရင်း ကို တင်ပြ လော့ ’ ဟု ဆို ၏ ။
[3] ထိုအခါ ဘဏ္ဍာစိုး က ‘ ငါ မည်သို့ ပြု ရ မည်နည်း ။ ငါ့ သခင် သည် ငါ့ ကို ဘဏ္ဍာစိုး အရာ မှ ဖယ်ရှား လေ ပြီ ။ ငါ သည် မြေ တူး ရန် အား မ ရှိ ။ တောင်းစား ရန် လည်း ရှက် ၏ ။
[4] ဘဏ္ဍာစိုး အရာ မှ ငါ့ ကို ဖယ်ရှား သောအခါ လူ တို့ သည် သူ တို့ ၏ အိမ် ၌ ငါ့ ကို လက်ခံ ကြ စေရန် မည်သို့ ပြု ရ မည် ကို ငါ သိ ပြီ ’ ဟု မိမိ စိတ် ထဲ၌ ဆို လေ ၏ ။
[5] ထို့နောက် မိမိ သခင် ထံ အကြွေးတင် သူ တို့ ကို တစ်ဦးစီ ခေါ် ၍ ပထမ လူ အား ‘ သင် သည် ငါ့ သခင် ထံ အကြွေး မည်မျှ ရှိ သနည်း ’ ဟု မေး လေ ၏ ။
[6] ထို သူ က ‘ ဆီ အပုံး တစ်ရာ ရှိ ပါ သည် ’ ဟု ပြန် ပြော လျှင် ဘဏ္ဍာစိုး က ‘ သင် ၏ စာရင်း ကို ယူ ၍ ထိုင် ပြီး ပုံး ငါးဆယ် ဟူ၍ အမြန် ရေး လော့ ’ ဟု ဆို ၏ ။
[7] တစ်ဖန် အခြား သူ တစ် ယောက် အား ‘ သင် သည် လည်း အကြွေး မည်မျှ ရှိ သနည်း ’ ဟု မေး လျှင် ထို သူ က ‘ ဂျုံဆန် အိတ် တစ်ရာ ရှိ ပါ သည် ’ ဟု ဆို ၏ ။ ဘဏ္ဍာစိုး က လည်း ‘ သင် ၏ စာရင်း ကို ယူ ၍ အိတ် ရှစ်ဆယ် ဟူ၍ ရေး လော့ ’ ဟု ဆို လေ ၏ ။
[8] ထိုအခါ သခင် သည် မတရား သော ဘဏ္ဍာစိုး ၏ ပါးနပ် သည့် လုပ်ဆောင် မှု အတွက် သူ့ ကို ချီးမွမ်း လေ ၏ ။ အကြောင်းမူကား ဤ လောက ၏ သားသမီး များ သည် မိမိ တို့ ခေတ်ကာလ လူ တို့ နှင့် ဆက်ဆံ ရာ တွင် အလင်း ၏ သားသမီး များ ထက် လိမ္မာ ပါးနပ် ကြ ၏ ။
[9] တစ်ဖန် သင် တို့ အား ငါ ဆို မည် ။ မတရားမှု မကင်း သော လောကီ စည်းစိမ် အားဖြင့် မိမိ တို့ အတွက် မိတ်ဆွေ များ ရ အောင် ပြု ကြ လော့ ။ သို့ပြုလျှင် ထို စည်းစိမ် များ ကုန်ဆုံး သောအခါ သူ တို့ သည် သင် တို့ ကို ထာဝရ နေထိုင်ရာ အရပ် ၌ လက်ခံ ကြ လိမ့်မည် ။
[10] သေးငယ် သော အမှု ၌ သစ္စာရှိ သော သူ သည် ကြီး သော အမှု ၌ လည်း သစ္စာရှိ ၏ ။ သေးငယ် သော အမှု ၌ မ ဖြောင့်မတ် သော သူ သည် ကြီး သော အမှု ၌ လည်း မ ဖြောင့်မတ် ပေ ။
[11] သို့ဖြစ်၍ သင် တို့ သည် မ ဖြောင့်မတ် သော လောကီ စည်းစိမ် ၌ သစ္စာ မ ရှိ ကြ လျှင် စစ်မှန် သော စည်းစိမ် ကို မည်သူ က သင် တို့ ၌ ယုံကြည် အပ်နှံ ထား မည်နည်း ။
[12] သင် တို့ သည် သူတစ်ပါး ၏ ဥစ္စာ ၌ သစ္စာ မ ရှိ ကြ လျှင် မည်သူ သည် သင် တို့ ပိုင်ဆိုင် ရန် ဥစ္စာ ကို သင် တို့ အား ပေး မည်နည်း ။
[13] မည်သည့် အစေခံ မျှ သခင် နှစ် ဦး ကို အစေခံ ၍ မ ရ နိုင် ။ အကြောင်းမူကား သူ သည် တစ် ဦး ကို မုန်း ၍ တစ် ဦး ကို ချစ် လိမ့်မည် ။ သို့မဟုတ် တစ် ဦး ကို သစ္စာစောင့် ၍ တစ် ဦး ကို မထီမဲ့မြင် ပြု လိမ့်မည် ။ သင် တို့ သည် ဘုရားသခင် နှင့် လောကီ စည်းစိမ် တို့ ကို တစ်ပြိုင်တည်း အစေခံ ၍ မ ရ နိုင် ကြ ” ဟု မိန့်တော်မူ၏။
[14] ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
[15] သို့သော် ကိုယ်တော်က“ သင် တို့ သည် လူ တို့ ရှေ့ ၌ မိမိတို့ကိုယ်ကို ဖြောင့်မတ် ကြောင်း ဖော်ပြ တတ် သူ များ ဖြစ် ကြ ၏ ။ သို့ရာတွင် ဘုရားသခင် သည် သင် တို့ ၏ စိတ်နှလုံး ကို သိ တော်မူ ၏ ။ လူ တို့ အမြတ်တနိုး ထား သော အရာ သည် ဘုရားသခင် ၏ ရှေ့ တော် ၌ ရွံရှာ ဖွယ် ဖြစ် ၏ ။
[16] ပညတ် တရား ကျမ်း နှင့် ပရောဖက် ကျမ်း များ သည် ယောဟန် လက်ထက် တိုင်အောင် ဖြစ် ၏ ။ ထို အချိန် မှစ၍ ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ဆိုင်သည့် ကောင်းမြတ် သော သတင်း ကို ဟောပြော ကြ ၏ ။ လူ အပေါင်း တို့ သည် လည်း ထို နိုင်ငံ တော် ထဲသို့ အတင်း တိုးဝင် ကြ ၏ ။
[17] သို့ရာတွင် ပညတ် တရား ကျမ်း ထဲမှ ဗိန္ဒု တစ် လုံး ပျက်ပြယ် ရန် ထက် ကောင်းကင် နှင့် မြေကြီး ကွယ်ပျောက် ရန် ပို၍ လွယ်ကူ ၏ ။
[18] မိမိ မယား ကို ကွာရှင်း ၍ အခြား သော မိန်းမ နှင့် ထိမ်းမြား စုံဖက် သော သူ တိုင်း သည် အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ၏ ။ ခင်ပွန်း က ကွာရှင်း ထား သော မိန်းမ နှင့် ထိမ်းမြား စုံဖက် သော သူ သည် လည်း အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ၏ ။
[19] တစ်ခါက ခရမ်းရောင် ဝတ်ရုံ နှင့် ပိတ်ချော ထည် များ ကို ဝတ်ဆင် ကာ နေ့စဉ် စည်းစိမ် ခံစား လျက် ပျော်မွေ့ နေ သည့် သူဌေး တစ် ဦး ရှိ ၏ ။
[20] သူ ၏ အိမ် တံခါးဝ ၌ ကား တစ်ကိုယ်လုံး အနာစိမ်း ပေါက် နေ သော လာဇရု အမည် ရှိ ဆင်းရဲသား တစ် ယောက် လဲလျောင်း နေ ၏ ။
[21] သူ သည် သူဌေး ၏ စားပွဲ ပေါ်မှ ကျ သော အစာ များ ဖြင့် မိမိ ဝမ်း ကို ဖြည့် ရန် တောင့်တ နေ ၏ ။ ခွေး များ သည် လည်း သူ ၏ အနာစိမ်း များ ကို လာ ၍ လျက် ကြ ၏ ။
[22] ထို့နောက် ထို ဆင်းရဲသား သည် သေလွန် သွား ရာ ကောင်းကင်တမန် တို့ သည် သူ့ ကို အာဗြဟံ ၏ ရင်ခွင် ထဲသို့ ခေါ်ဆောင် သွား ကြ ၏ ။ သူဌေး သည် လည်း သေလွန် သဖြင့် သင်္ဂြိုဟ် ခြင်း ကို ခံရ ၏ ။
[23] သူ သည် မရဏာ နိုင်ငံ တွင် ဝေဒနာ ခံစား ရ လျက် မျှော်ကြည့် သောအခါ အာဗြဟံ နှင့် သူ ၏ ရင်ခွင် ထဲ၌ ရှိ သော လာဇရု တို့ ကို အဝေး မှ မြင် ရ လေ ၏ ။
[24] ထိုအခါ သူ က ‘ အဖ အာဗြဟံ ၊ အကျွန်ုပ် ကို သနား ပါ ။ အကျွန်ုပ် သည် ဤ မီးလျှံ ထဲတွင် ဝေဒနာ ပြင်းစွာ ခံစား နေ ရ သောကြောင့် လာဇရု သည် သူ ၏ လက် ဖျား ကို ရေ ၌ နှစ် ၍ အကျွန်ုပ် ၏ လျှာ ကို အေး စေ ဖို့ရန် သူ့ ကို စေလွှတ် ပေး ပါ ’ ဟု အော်ဟစ် ပြောဆို လေ ၏ ။
[25] သို့သော် အာဗြဟံ က ‘ ငါ့ သား ၊ သင် သည် အသက်ရှင် စဉ်အခါ မိမိ အတွက် ကောင်း သော အရာ များ ကို ရရှိ ခဲ့ ၍ လာဇရု သည် မကောင်း သော အရာ များ ကို ရရှိ ခဲ့ ကြောင်း သတိရ လော့ ။ ယခု မူကား သူ သည် ဤ နေရာ တွင် နှစ်သိမ့် ခြင်း ကို ခံစားရ ၍ သင် သည် ဝေဒနာ ပြင်းစွာ ခံစား နေ ရ ၏ ။
[26] ထိုမျှမက သင် တို့ နှင့် ငါ တို့ ကြား တွင် အလွန် နက် သော ချောက်ကြီး ရှိ သဖြင့် ဤ နေရာ မှ သင် တို့ ထံသို့ လည်းကောင်း ၊ သင် တို့ နေရာ မှ ငါ တို့ ထံသို့ လည်းကောင်း ကူး လို သော်လည်း မ ကူး နိုင် ကြ ’ ဟု ပြန် ပြော လေ ၏ ။
[27] သူဌေး က လည်း ‘ အဖ ၊ သို့ဖြစ်လျှင် လာဇရု ကို အကျွန်ုပ် အဖေ ၏ အိမ် သို့ စေလွှတ် ပေး ပါ ရန် အကျွန်ုပ် တောင်းပန် ပါ ၏ ။
[28] အကြောင်းမူကား အကျွန်ုပ် ၌ ညီအစ်ကို ငါး ဦး ရှိ ပါ ၏ ။ သူ တို့ သည် ဝေဒနာ ခံ ရာ ဤ အရပ် သို့ မ ရောက် မည့် အကြောင်း သူ တို့ အား သွား ၍ သတိပေး စေ လို ပါ ၏ ’ ဟု လျှောက် လေ ၏ ။
[29] သို့သော် အာဗြဟံ က ‘ သူ တို့ ၌ မောရှေ နှင့် ပရောဖက် များ ရှိ ကြ ၏ ။ ထို သူ တို့ ၏ စကား ကို သူ တို့ နားထောင် ကြ ပါစေ ’ ဟု ဆို ၏ ။
[30] သူဌေး က လည်း ‘ အဖ အာဗြဟံ ၊ ထိုသို့ မ ဟုတ် ပါ ။ သေ သော သူ တို့ ထဲမှ တစ်စုံတစ်ယောက် သည် သူ တို့ ထံသို့ သွား လျှင် သူ တို့ နောင်တရ ကြ ပါ လိမ့်မည် ’ ဟု ဆို ၏ ။
[31] သို့သော် အာဗြဟံ က ‘ သူ တို့ သည် မောရှေ နှင့် ပရောဖက် တို့ ၏ စကား ကို နား မ ထောင် လျှင် တစ်စုံတစ်ယောက် သည် သေ သော သူ တို့ ထဲမှ ထမြောက် လျှင် လည်း သူ တို့ ယုံကြည် ကြ လိမ့်မည် မ ဟုတ် ’ ဟု ဆို လေ ၏ ” ဟူ၍ မိန့်တော်မူ၏။