[1] တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာ သုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။
[2] ကိုယ်တော်၏ရှေ့၌ ရေဖျဉ်းစွဲသောသူတစ်ဦးရှိ၏။
[3] ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား“ ဥပုသ်နေ့ ၌ အနာရောဂါ ကို ငြိမ်း စေ ခြင်း သည် တရား တော် နှင့် ညီ သလော ၊ သို့မဟုတ် မ ညီ သလော ” ဟု မေးတော်မူ၏။
[4] သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ကိုယ်တော်သည် ထိုလူနာကို ခေါ်၍ အနာရောဂါပျောက်ကင်းစေပြီးလျှင် ပြန်လွှတ်တော်မူ၏။
[5] ထို့နောက် ထိုသူတို့အား“ သင် တို့ တွင် မိမိ သား ၊ သို့မဟုတ် နွား သည် ဥပုသ် နေ့ ၌ ရေတွင်း ထဲသို့ ကျ ခဲ့ လျှင် မည်သူ သည် ချက်ချင်း မ ဆွဲတင် ဘဲ နေ မည်နည်း ” ဟု မိန့်တော်မူ၏။
[6] သူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆို၍မရနိုင်ကြချေ။
[7] ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ
[8] “ တစ်စုံတစ်ယောက် သည် သင့် ကို မင်္ဂလာဆောင် ပွဲ သို့ ဖိတ်ခေါ် သောအခါ အထူး နေရာ ၌ မ ထိုင် နှင့် ။ သူ သည် သင့် ထက် ဂုဏ်သရေ ရှိ သော သူ ကို ဖိတ် ထား ကောင်း ဖိတ် ထား လိမ့်မည် ။
[9] ထိုအခါ သင် တို့ နှစ်ဦး စလုံး ကို ဖိတ်ခေါ် ထား သော သူ သည် သင့် ထံသို့ လာ ၍ ‘ သင့် နေရာ ကို ဤ သူ အား ပေး လိုက် ပါ ’ ဟု ဆို လျှင် သင် သည် အရှက်ရ လျက် နောက်ဆုံး နေရာ ကို ယူ ရ လိမ့်မည် ။
[10] ထို့ကြောင့် ဖိတ်ခေါ် ခြင်း ခံရ သောအခါ နောက်ဆုံး နေရာ ၌ သွား ၍ ထိုင် လော့ ။ သို့ပြုလျှင် သင့် ကို ဖိတ်ခေါ် ထား သော သူ သည် လာ ၍ ‘ မိတ်ဆွေ ရှေ့သို့ ကြွ ပါ ’ ဟု သင့် အား ဆို လိမ့်မည် ။ ထိုအခါ သင် သည် သင် နှင့်အတူ ထိုင် နေ သော သူ အားလုံး တို့ ရှေ့ ၌ ဂုဏ်သရေ ရှိ လိမ့်မည် ။
[11] အကြောင်းမူကား မိမိကိုယ်ကို ချီးမြှောက် သော သူ တိုင်း သည် နှိမ့်ချ ခြင်း ကို ခံရ ၍ မိမိကိုယ်ကို နှိမ့်ချ သော သူ သည် ချီးမြှောက် ခြင်း ကို ခံရ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[12] ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား“ သင် သည် ဧည့်ခံပွဲ ၊ သို့မဟုတ် ညစာ စားပွဲ ကို ကျင်းပ သောအခါ သင် ၏ မိတ်ဆွေ များ ၊ ညီအစ်ကို များ ၊ ဆွေမျိုး များ နှင့် ချမ်းသာ သော အိမ်နီးချင်း များ ကို မ ဖိတ် နှင့် ။ ထိုသို့ ဖိတ် လျှင် သူ တို့ သည် လည်း သင့် ကို ပြန် ဖိတ် ၍ ကျေးဇူး တုံ့ပြန် ကြ လိမ့်မည် ။
[13] သို့သော် ဧည့်ခံပွဲ ကျင်းပ သောအခါ ဆင်းရဲသား များ ၊ အင်္ဂါ ချို့တဲ့ သူ များ ၊ ခြေ မသန်စွမ်း သူ များ နှင့် မျက်မမြင် များ ကို ဖိတ်ခေါ် လော့ ။
[14] သို့ပြုလျှင် သူ တို့ သည် သင့် အား ကျေးဇူး မ တုံ့ပြန် နိုင် ကြ သောကြောင့် သင် သည် မင်္ဂလာရှိ လိမ့်မည် ။ ဖြောင့်မတ် သော သူ တို့ ၏ ရှင်ပြန် ထမြောက် ရာ ကာလ ၌ သင် သည် ကျေးဇူး တုံ့ပြန် ခြင်း ကို အမှန်ပင် ခံရ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[15] ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင် ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။
[16] ကိုယ်တော်ကလည်း“ လူ တစ် ဦး သည် ညစာ စားပွဲ ကြီး တစ် ခု ကို ပြင်ဆင် လျက် လူ များစွာ တို့ ကို ဖိတ်ခေါ် ထား ၏ ။
[17] ပွဲ အချိန် ရောက် သောအခါ ဖိတ်ခေါ် ထား သူ များ ထံသို့ မိမိ အစေအပါး ကို စေလွှတ် လျက် ‘ ယခု အဆင်သင့် ဖြစ် ပြီ ဖြစ်၍ ကြွ ကြ ပါ ’ ဟု ပြောကြား စေ ၏ ။
[18] ထိုအခါ အားလုံး တို့ သည် မ လာ နိုင် ကြောင်း တညီတညွတ်တည်း ဆင်ခြေ ပေး ကြ ၏ ။ ပထမ လူ က ‘ အကျွန်ုပ် သည် လယ် တစ် ကွက် ဝယ် ထား သည် ဖြစ်၍ ထို လယ် ကို မဖြစ်မနေ သွား ကြည့် ရ ပါ မည် ။ အကျွန်ုပ် ကို ခွင့်လွှတ် ရန် တောင်းပန် ပါ သည် ’ ဟု ဆို လေ ၏ ။
[19] အခြား တစ် ဦး က လည်း ‘ အကျွန်ုပ် သည် နွား ငါး ရှဉ်း ကို ဝယ် ထား သည် ဖြစ်၍ ထို နွား တို့ ကို စမ်းသပ် ရန် သွား ရ တော့မည် ။ အကျွန်ုပ် ကို ခွင့်လွှတ် ရန် တောင်းပန် ပါ သည် ’ ဟု ဆို လေ ၏ ။
[20] နောက် တစ် ဦး က လည်း ‘ အကျွန်ုပ် သည် မိန်းမ နှင့် ထိမ်းမြား စုံဖက် ပြီ ဖြစ်၍ မ လာ နိုင် ပါ ’ ဟု ဆို ၏ ။
[21] အစေအပါး သည် ပြန်လာ ၍ ထို အကြောင်းအရာ များ ကို မိမိ သခင် အား ကြားလျှောက် လေ ၏ ။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍ မိမိ အစေအပါး အား ‘ မြို့ ထဲ ရှိ လမ်းမ ၊ လမ်းကြား များ ထဲသို့ အမြန် သွား ၍ ဆင်းရဲသား များ ၊ အင်္ဂါ ချို့တဲ့ သူ များ ၊ ခြေ မသန်စွမ်း သူ များ နှင့် မျက်မမြင် များ ကို ဤ နေရာ သို့ ခေါ် ခဲ့ လော့ ’ ဟု ဆို ၏ ။
[22] ထို့နောက် အစေအပါး က ‘ သခင် ၊ သခင် စေခိုင်း သည့် အတိုင်း ဆောင်ရွက် ပြီး ပါ ပြီ ။ သို့သော် နေရာ ရှိ ပါ သေး ၏ ’ ဟု လျှောက် လေ ၏ ။
[23] သခင် က လည်း ‘ ခရီး သွား လမ်းမ များ နှင့် တော လမ်းကြား များ သို့ သွား ၍ ငါ့ အိမ် ပြည့် အောင် လူ တို့ ကို မရမက ခေါ် ခဲ့ လော့ ။
[24] သင် တို့ အား ငါ ဆို သည် ကား ယခင် ဖိတ်ခေါ် ထား သူ တို့ ထဲမှ မည်သူ မျှ ငါ ၏ ညစာ စားပွဲ ကို မြည်းစမ်း ရ မည် မ ဟုတ် ’ ဟု အစေအပါး အား ဆို လေ ၏ ” ဟူ၍ မိန့်တော်မူ၏။
[25] ထို့နောက် များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြသဖြင့် ကိုယ်တော်သည် လှည့်ကြည့်၍ ထိုသူတို့အားမြွက်ဆိုတော်မူသည်မှာ
[26] “ တစ်စုံတစ်ဦး သည် ငါ့ ထံသို့ လာ ၍ မိမိ ၏ မိခင် ၊ ဖခင် ၊ သား မယား နှင့် ညီအစ်ကို မောင်နှမ တို့ ကို သာမက မိမိ အသက် ကို ပင် မ မုန်း လျှင် ထို သူ သည် ငါ ၏ တပည့် မ ဖြစ် နိုင် ။
[27] မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့ မ လိုက် သော သူ သည် ငါ ၏ တပည့် မ ဖြစ် နိုင် ။
[28] သင် တို့ ထဲတွင် တစ်စုံတစ်ဦး သည် မျှော်စင် တစ် ခု ဆောက် လို လျှင် ပြီးစီး သည် အထိ လုံလောက် သော ငွေ ရှိ ၊ မ ရှိ ဦးစွာ ထိုင် ၍ ကုန်ကျ စရိတ် ကို မ တွက်ချက် ဘဲ နေ မည် လော ။
[29] ထိုသို့ မ တွက်ချက် ဘဲ အုတ်မြစ် ချ ၍ အဆုံး မ သတ် နိုင် လျှင် မြင် သူ အပေါင်း တို့ သည် သူ့ ကို ပြောင်လှောင် လျက်
[30] ‘ ဤ သူ သည် စတင် တည်ဆောက် ခဲ့ သော်လည်း အဆုံး မ သတ် နိုင် ပါ တကား ’ ဟု ဆို ကြ လိမ့်မည် ။
[31] ထိုမှတစ်ပါး မည်သည့် ဘုရင် သည် အခြား ဘုရင် တစ် ပါး နှင့် စစ်တိုက် ရန် ချီတက် မည် ပြု စဉ် စစ်သည် နှစ်သောင်း နှင့် ချီတက် လာ သော အခြား တစ်ဖက် ကို စစ်သည် တစ်သောင်း ဖြင့် ရင်ဆိုင် ၍ ရ ၊ မရ ဦးစွာ ထိုင် လျက် မ သုံးသပ် ဘဲ နေ မည်နည်း ။
[32] ရင်ဆိုင် ၍ မ ရ နိုင် ပါက အခြား ဘုရင် သည် အဝေး ၌ ရှိ နေ စဉ် သံတမန် ကို စေလွှတ် ၍ စစ်ပြေငြိမ်း ရေး အတွက် စကား ကမ်းလှမ်း ရ ပေ လိမ့်မည် ။
[33] ထိုနည်းတူ သင် တို့ အားလုံး သည် လည်း မိမိ ဥစ္စာ ပစ္စည်း ရှိသမျှ တို့ ကို မ စွန့်ခွာ နိုင် လျှင် ငါ ၏ တပည့် မ ဖြစ် နိုင် ။
[34] ဆား သည် ကောင်း ၏ ။ သို့သော် ဆား သည် အငန် ဓာတ် ကင်းမဲ့ သွား လျှင် ၎င်း ကို မည်သည့် အရာ ဖြင့် အရသာ ပြန် ရှိ စေ မည်နည်း ။
[35] မြေကြီး အတွက် ဖြစ်စေ ၊ မြေသြဇာ အတွက် ဖြစ်စေ အသုံး မ ဝင် တော့ သဖြင့် ၎င်း ကို အပြင် သို့ ပစ် လိုက် တတ် ကြ ၏ ။ ကြား စရာ နား ရှိ သော သူ သည် ကြား ပါစေ ” ဟု မိန့်တော်မူ၏။