Skip to content
Opens in a new window
Listen to this chapter • 8:18

[1] ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ

[2] “ မြို့ တစ် မြို့ ၌ ဘုရားသခင် ကို မ ကြောက် ၊ လူ ကို လည်း မ လေးစား သော တရားသူကြီး တစ် ဦး ရှိ ၏ ။

[3] ထို မြို့ ၌ ရှိ သော မုဆိုးမ တစ် ဦး သည် သူ့ ထံသို့ အကြိမ်ကြိမ် လာ ပြီး ‘ ကျွန်မ ဘက် ၌ နေ ၍ ကျွန်မ ကို တရားစွဲဆို သူ အား တရားသဖြင့် စီရင် ပေး ပါ ’ ဟု လျှောက် လေ ၏ ။

[4] သူ သည် အတန် ကြာ မျှ စီရင် ပေး လို စိတ် မ ရှိ ခဲ့ သော်လည်း နောက်ဆုံး တွင် မိမိ စိတ် ထဲ၌ ‘ ငါ သည် ဘုရားသခင် ကို မ ကြောက် ၊ လူ ကို လည်း မ လေးစား တတ် ။

[5] သို့သော် ဤ မုဆိုးမ သည် ငါ့ ကို အနှောင့်အယှက် ပေး လှ သည် ဖြစ်၍ သူ့ အတွက် တရားသဖြင့် စီရင် ပေး မည် ။ သို့မဟုတ် လျှင် သူ သည် အဖန်ဖန် လာ ၍ နောက်ဆုံး ၌ ငါ့ ကို ပင်ပန်း နွမ်းနယ် စေ လိမ့်မည် ’ ဟု ဆို လေ ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

[6] ထို့နောက် သခင်​ဘုရား​က“ ထို မတရား သော တရားသူကြီး ပြောဆို သည့် အရာ ကို ကြား ကြ သလော ။

[7] ဘုရားသခင် သည် လည်း မိမိ ထံ နေ့ ည မပြတ် အော်ဟစ် တောင်းလျှောက် နေ သည့် မိမိ ရွေးကောက် တော်မူ သော သူ တို့ အတွက် တရားသဖြင့် မ စီရင် ဘဲ ကြာရှည် စွာ ဆိုင်း ထား တော်မူ လိမ့်မည် လော ။

[8] သင် တို့ အား ငါ ဆို သည် ကား ဘုရားသခင် သည် သူ တို့ အတွက် တရားသဖြင့် လျင်မြန် စွာ စီရင် ပေး တော်မူ လိမ့်မည် ။ သို့သော် လူ့သား ကြွလာ သောအခါ မြေကြီး ပေါ်၌ ယုံကြည် ခြင်း ကို တွေ့ ရ ပါ မည် လော ” ​ဟု မိန့်​တော်မူ​၏။

[9] မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယုံမှတ်​လျက် သူတစ်ပါး​တို့​ကို မထီမဲ့မြင်​ပြု​တတ်​သော​သူ​အချို့​တို့​အား ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး၍​မြွက်ဆို​တော်မူ​သည်​မှာ

[10] “ လူ နှစ် ဦး တို့ သည် ဆုတောင်း ရန် ဗိမာန် တော် သို့ တက် သွား ကြ ၏ ။ တစ် ဦး သည် ဖာရိရှဲ ဖြစ် ပြီး အခြား တစ် ဦး သည် အခွန် ကောက်ခံ သူ ဖြစ် ၏ ။

[11] ဖာရိရှဲ သည် တစ်ဦးတည်း ရပ် လျက် ‘ အို ဘုရားသခင် ၊ အကျွန်ုပ် သည် အခြား သူ များ ကဲ့သို့ လိမ်လည် လုယူ သော သူ ၊ မ ဖြောင့်မတ် သော သူ ၊ အိမ်ထောင်ရေး ဖောက်ပြန် မှု ကျူးလွန် သော သူ မ ဟုတ် သည့် အပြင် ဤ အခွန် ကောက်ခံ သူ ကဲ့သို့ လည်း မ ဟုတ် သောကြောင့် ကိုယ်တော် ကို ကျေးဇူးတင် ပါ ၏ ။

[12] အကျွန်ုပ် သည် တစ်ပတ် လျှင် နှစ် ကြိမ် အစာရှောင် ပြီး ရရှိ သမျှ အားလုံး ၏ ဆယ်ဖို့တစ်ဖို့ ကို လှူ ပါ ၏ ’ ဟု ဆုတောင်း လေ ၏ ။

[13] အခွန် ကောက်ခံ သူ မူကား အဝေး ၌ ရပ် လျက် ကောင်းကင် သို့ ပင် မော် မ ကြည့် ဝံ့ ဘဲ ရင်ဘတ်စည်တီး လျက် ‘ အို ဘုရားသခင် ၊ အပြစ် များ သော အကျွန်ုပ် ကို သနား တော်မူ ပါ ’ ဟု ဆုတောင်း ၏ ။

[14] သင် တို့ အား ငါ ဆို သည် ကား ဖြောင့်မတ် သည် ဟု အသိအမှတ်ပြု ခြင်း ခံရ လျက် မိမိ အိမ် သို့ ပြန်သွား သော သူ မှာ ဤ အခွန် ကောက်ခံ သူ ဖြစ် ၍ ထို ဖာရိရှဲ မ ဟုတ် ။ အကြောင်းမူကား မိမိကိုယ်ကို ချီးမြှောက် သော သူ တိုင်း သည် နှိမ့်ချ ခြင်း ကို ခံရ ၍ မိမိကိုယ်ကို နှိမ့်ချ သော သူ သည် ချီးမြှောက် ခြင်း ကို ခံရ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[15] ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေးငယ်​များ​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​မြင်​လျှင် သူ​တို့​ကို​ဆူငေါက်​ကြ​၏။

[16] သို့ရာတွင် ယေရှု​သည် ထို​ကလေး​သူငယ်​များ​ကို​ခေါ်​၍“ ကလေး သူငယ် တို့ ငါ့ ထံသို့ လာ ကြ ပါလေစေ ။ သူ တို့ ကို မ တားဆီး ကြ နှင့် ။ အကြောင်းမူကား ဘုရားသခင် ၏ နိုင်ငံ တော် သည် ထိုသို့သော သူ တို့ ၏ နိုင်ငံ ဖြစ် ၏ ။

[17] သင် တို့ အား ငါ အမှန် ဆို မည် ။ ဘုရားသခင် ၏ နိုင်ငံ တော် ကို သူငယ် တစ်ဦး ကဲ့သို့ လက် မ ခံ သော သူ သည် ထို နိုင်ငံ တော် သို့ မည်သည့် အခါ မျှ ဝင် ရ လိမ့်မည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[18] တစ်ခါ​က အကြီးအကဲ​တစ်​ဦး​သည် ကိုယ်တော်​အား “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။

[19] ယေရှု​က“ ငါ့ ကို ကောင်းမြတ် သော သူ ဟု အဘယ်ကြောင့် ခေါ် သနည်း ။ ဘုရားသခင် တစ်ပါးတည်း မှလွဲ၍ ကောင်းမြတ် သော သူ တစ်စုံတစ်ဦး မျှ မ ရှိ ။

[20] ‘ အိမ်ထောင်ရေး ဖောက်ပြန် မှု ကို မ ကျူးလွန် ရ ။ လူ မ သတ် ရ ။ မ ခိုးယူ ရ ။ မမှန် သော သက်သေ ထွက်ဆို ခြင်း မ ပြု ရ ။ သင် ၏ မိခင် နှင့် ဖခင် တို့ ကို ရိုသေ လော့ ’ ​ဟူသော ပညတ် တော် တို့ ကို သင် သိ သည် မ ဟုတ် လော ” ​ဟု မိန့်​တော်မူ​၏။

[21] ထို​သူ​က​လည်း “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

[22] ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“ သင် ၌ တစ် ခု လို သေး ၏ ။ သင် ၌ ရှိ သမျှ သော အရာ အားလုံး တို့ ကို ရောင်း ပြီးလျှင် ဆင်းရဲသား တို့ အား ခွဲဝေ ပေး လော့ ။ ထိုသို့ပြုလျှင် သင် သည် ကောင်းကင် ဘုံ ၌ ဥစ္စာ ဘဏ္ဍာ ကို ရ လိမ့်မည် ။ ထို့နောက် လာ ၍ ငါ့ နောက် သို့ လိုက် လော့ ” ​ဟု မိန့်​တော်မူ​၏။

[23] ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။

[24] ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင်“ ငွေကြေး ချမ်းသာ သော သူ တို့ သည် ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ရန် ခဲယဉ်း လှ သည် တကား ။

[25] ချမ်းသာ သော သူ သည် ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ရန် ထက် ကုလားအုပ် သည် အပ် နဖားပေါက် မှ လျှို ဝင် ရန် ပို၍ လွယ်ကူ ၏ ” ​ဟု မိန့်​တော်မူ​၏။

[26] ထို​စကား​ကို​ကြား​သော​သူ​တို့​က “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။

[27] ကိုယ်တော်​က​လည်း“ လူ တို့ အတွက် မ ဖြစ်နိုင် သော အရာ များ သည် ဘုရားသခင် အတွက် ဖြစ်နိုင် ၏ ” ​ဟု မိန့်​တော်မူ​၏။

[28] ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို ​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

[29] ကိုယ်တော်​က​လည်း“ သင် တို့ အား ငါ အမှန် ဆို သည် ကား ဘုရားသခင် ၏ နိုင်ငံ တော် အတွက် အိမ် ကို ဖြစ်စေ ၊ ဇနီး ကို ဖြစ်စေ ၊ ညီအစ်ကို ကို ဖြစ်စေ ၊ မိဘ ကို ဖြစ်စေ ၊ သားသမီး များ ကို ဖြစ်စေ စွန့် သော သူ တို့ တွင်

[30] ယခု ဘဝ ၌ အဆ ပေါင်း များစွာ သော အကျိုး ကို လည်းကောင်း ၊ နောင် ဘဝ ၌ ထာဝရ အသက် ကို လည်းကောင်း မ ရ ဘဲ နေ မည့် သူ တစ်စုံတစ်ဦး မျှ မ ရှိ ” ​ဟု မိန့်​တော်မူ​၏။

[31] ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍“ နားထောင် ကြ လော့ ။ ငါ တို့ သည် ဂျေရုဆလင် မြို့ သို့ သွား နေ ကြ ၏ ။ လူ့သား နှင့် ပတ်သက်၍ ပရောဖက် တို့ ရေး ထား သော အရာ အားလုံး တို့ သည် ပြည့်စုံ ရ လိမ့်မည် ။

[32] အကြောင်းမူကား သူ သည် လူမျိုးခြား တို့ ထံ အပ်နှံ ခြင်း ကို ခံရ လျက် ပြောင်လှောင် ခြင်း ၊ နှိပ်စက် ခြင်း ၊ တံတွေး နှင့် ထွေး ခြင်း တို့ ကို ခံရ လိမ့်မည် ။

[33] ထို့နောက် သူ တို့ သည် သူ့ ကို ဒဏ်ခတ် ရိုက်နှက် ၍ အသေ သတ် ကြ လိမ့်မည် ။ သို့သော် သူ သည် သုံး ရက် မြောက် သော နေ့ ၌ ထမြောက် လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[34] သို့ရာတွင် တပည့်​တော်​တို့​သည် ထို​အကြောင်းအရာ​တစ်စုံတစ်ခု​ကို​မျှ သဘော​မ​ပေါက်​ကြ။ ထို​အရာ​သည် သူ​တို့​ထံမှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​သည်​ဖြစ်​၍ မိန့်​တော်မူ​သော​အရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။

[35] ကိုယ်တော်​သည် ဂျေရိခေါ​မြို့​အနီး​သို့​ရောက်လာ​စဉ်တွင် မျက်မမြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်းစား​နေ​၏။

[36] သူ​သည် လူထု​ပရိသတ်​ဖြတ်​သွား​သည်​ကို​ကြား​၍ မည်သည့်​အရာ​ဖြစ်​နေ​သည်​ကို မေးမြန်း​လေ​၏။

[37] လူ​တို့​က​နာဇရက်​မြို့သား​ယေရှု​ဖြတ်​သွား​တော်မူ​ကြောင်း သူ့​အား ပြောပြ​ကြ​လျှင်

[38] ထို​သူ​က “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။

[39] ရှေ့​မှ​သွား​သော​သူ​တို့​သည် သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​လေ​၏။

[40] ထိုအခါ ယေရှု​သည် ရပ်တန့်​လျက် ထို​သူ​ကို မိမိ​ထံသို့​ခေါ်​ခဲ့​ရန် အမိန့်​ပေး​တော်မူ​၏။ သူ​သည် အနီး​သို့​ရောက်လာ​သောအခါ ကိုယ်တော်​က

[41] “ သင့် အတွက် မည်သည့် အမှု ကို ပြု စေ လို သနည်း ” ​ဟု မေး​တော်မူ​လျှင် ထို​သူ​က “မျက်စိ​မြင်​အောင်​လုပ်ပေး​စေ​လို​ပါ​သည် သခင်​ဘုရား”​ဟု လျှောက်​လေ​၏။

[42] ယေရှု​က​လည်း“ မျက်စိ မြင် စေ ။ သင် ၏ ယုံကြည် ခြင်း သည် သင့် ကို ကယ်တင် ပြီ ” ​ဟု မိန့်​တော်မူ​၏။

[43] ထို​ခဏချင်း​တွင် သူ​သည် မျက်စိ​မြင်​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။ တွေ့မြင်​သော​သူ​အပေါင်း​တို့​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​ကြ​၏။

ရှင်လုကာခရစ်ဝင် — Chapters