[1] ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီ၊ နှစ်ဦးစီ စေလွှတ်တော်မူ၏။
[2] ကိုယ်တော်သည် ထိုသူတို့အား“ ရိတ်သိမ်း စရာ များစွာ ရှိ သော်လည်း လုပ်သား သည် နည်း လှ ၏ ။ ထို့ကြောင့် ရိတ်သိမ်း ခြင်း အတွက် လုပ်သား များ ကို စေလွှတ် ပေး တော်မူ ရန် ရိတ်သိမ်း ခြင်း ၏ အရှင် ထံ ဆုတောင်း ကြ လော့ ။
[3] သွား ကြ ။ ဝံပုလွေ များ ထဲသို့ သိုးသငယ် များ ကို စေလွှတ် သကဲ့သို့ သင် တို့ ကို ငါ စေလွှတ် ၏ ။
[4] ပိုက်ဆံ အိတ် ၊ လွယ်အိတ် နှင့် ဖိနပ် တို့ ကို မ ယူ သွား ကြ နှင့် ။ လမ်း ၌ မည်သူ့ ကို မျှ နှုတ် မ ဆက် ကြ နှင့် ။
[5] မည်သည့် အိမ် သို့ မဆို သင် တို့ ဝင် ကြ သောအခါ ‘ ဤ အိမ် ၌ ငြိမ်သက် ခြင်း ရှိ ပါစေ ’ ဟူ၍ ဦးစွာ နှုတ်ဆက် ကြ လော့ ။
[6] ထို နေရာ တွင် ငြိမ်သက် ခြင်း ၏ သား ရှိ လျှင် သင် တို့ ၏ ငြိမ်သက် ခြင်း သည် ထို သူ အပေါ် သက်ရောက် လိမ့်မည် ။ မ ရှိ လျှင် မူကား ထို ငြိမ်သက် ခြင်း သည် သင် တို့ ထံ ပြန် လာ လိမ့်မည် ။
[7] ထို တစ် အိမ် တည်း မှာ ပင် တည်းခို ၍ သူ တို့ ထံ၌ စား သောက် ကြ လော့ ။ အကြောင်းမူကား အလုပ် လုပ် သော သူ သည် လုပ်အားခ ကို ရ ထိုက် ၏ ။ တစ် အိမ် မှ တစ် အိမ် သို့ မ ပြောင်း ကြ နှင့် ။
[8] မည်သည့် မြို့ သို့ မဆို သင် တို့ ဝင် ၍ လူ တို့ သည် သင် တို့ ကို လက်ခံ လျှင် သင် တို့ ရှေ့၌ တည်ခင်း သော အရာ များ ကို စား ကြ လော့ ။
[9] ထို မြို့ ရှိ နာမကျန်း ဖြစ် သူ များ ကို ကျန်းမာ စေ ၍ ‘ ဘုရားသခင် ၏ နိုင်ငံ တော် သည် သင် တို့ ၌ ပေါ်ထွန်း လုနီး ပြီ ’ ဟု သူ တို့ အား ဟောပြော ကြ လော့ ။
[10] မည်သည့် မြို့ သို့ မဆို သင် တို့ ဝင် ၍ လူ တို့ သည် သင် တို့ ကို လက် မ ခံ လျှင် ထို မြို့ ၏ လမ်းမ ပေါ်သို့ ထွက် ပြီးလျှင်
[11] ‘ ငါ တို့ ခြေ တွင် ကပ် နေ သည့် သင် တို့ မြို့ မှ မြေမှုန့် ကို ပင် ငါ တို့ ခါချ ခဲ့ ၏ ။ သို့သော် ဘုရားသခင် ၏ နိုင်ငံ တော် သည် သင် တို့ ၌ ပေါ်ထွန်း လုနီး ပြီ ဖြစ်ကြောင်း သိမှတ် ကြ လော့ ’ ဟု ဟောပြော ကြ လော့ ။
[12] သင် တို့ အား ငါ ဆို မည် ။ ထို နေ့ ၌ သောဒုံ မြို့ သည် ထို မြို့ ထက် ခံသာ လိမ့်မည် ။
[13] ခေါရာဇိန် မြို့ ၊ သင် သည် အမင်္ဂလာရှိ ၏ ။ ဗက်ဇဲဒ မြို့ ၊ သင် သည် အမင်္ဂလာရှိ ၏ ။ အကြောင်းမူကား သင် တို့ ၌ ပြု ခဲ့ သော တန်ခိုး လက္ခဏာ များ ကို တိုင်ရာ မြို့ နှင့် ဆီဒုန် မြို့ တို့ ၌ ပြု ခဲ့ လျှင် သူ တို့ သည် ရှေးယခင် ကပင် လျှော်တေ အဝတ် ကို ဝတ် လျက် ပြာ ထဲ၌ ထိုင် ကာ နောင်တရ ခဲ့ ကြ ပေ လိမ့်မည် ။
[14] သို့သော် တရား စီရင် တော်မူ သောအခါ တိုင်ရာ မြို့ နှင့် ဆီဒုန် မြို့ တို့ သည် သင် တို့ ထက် ခံသာ ကြ လိမ့်မည် ။
[15] ကပေရနောင် မြို့ ၊ သင် သည် ကောင်းကင် အထိ ချီးမြှောက် ခြင်း ကို ခံရ ပါ မည် လော ။ သင် သည် မရဏာ နိုင်ငံ တိုင်အောင် ကျဆင်း ရ လိမ့်မည် ။
[16] သင် တို့ စကား ကို နားထောင် သော သူ သည် ငါ့ စကား ကို နားထောင် ၏ ။ သင် တို့ ကို ငြင်းပယ် သော သူ သည် ငါ့ ကို ငြင်းပယ် ၏ ။ ငါ့ ကို ငြင်းပယ် သော သူ သည် ငါ့ အား စေလွှတ် တော်မူ သော အရှင် ကို ငြင်းပယ် ၏ ” ဟု မိန့်တော်မူ၏။
[17] ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
[18] ကိုယ်တော်ကလည်း“ စာတန် သည် လျှပ်စီးလက် သကဲ့သို့ မိုး ကောင်းကင် မှ ကျ သည် ကို ငါ မြင် ရ ၏ ။
[19] ငါ သည် သင် တို့ အား မြွေ များ နှင့် ကင်းမြီးကောက် များ ကို နင်းခြေ ၍ ရန်သူ ၏ တန်ခိုး အလုံးစုံ တို့ ကို နိုင် ရ သော အခွင့် အာဏာ ကို ပေးအပ် ထား ပြီ ဖြစ်၍ မည်သည့် အရာ က မျှ သင် တို့ ကို အနာတရ ဖြစ် စေ မည် မ ဟုတ် ။
[20] သို့သော် နတ် ဆိုး တို့ သည် သင် တို့ ကို နာခံ ကြ သည့် အတွက် ဝမ်းမြောက် ခြင်း မ ရှိ ကြ နှင့် ။ သင် တို့ ၏ နာမည် များ ကို ကောင်းကင် ၌ ရေးမှတ် ထား သည့် အတွက် ဝမ်းမြောက် ကြ လော့ ” ဟု မိန့်တော်မူ၏။
[21] ထိုအချိန်တွင် ကိုယ်တော် သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ ကောင်းကင် နှင့် မြေကြီး ၏ အရှင် သခင် ဖြစ် တော်မူ သော အဖ ၊ ကိုယ်တော် သည် ပညာရှိ များ နှင့် ဉာဏ်ထက်မြက် သော သူ များ အား ဤ အရာ တို့ ကို ဝှက် ထား လျက် ကလေး သူငယ် များ အား ဖွင့်ပြ တော်မူ သောကြောင့် ကိုယ်တော် ကို ချီးမွမ်း ပါ ၏ ။ မှန် ပါ ၏ အဖ ၊ ဤသည်ကား ရှေ့ တော် ၌ နှစ်သက် တော်မူ သော အရာ ဖြစ် ပါ ၏ ။
[22] ငါ ၏ ခမည်းတော် သည် အရာ ခပ်သိမ်း တို့ ကို ငါ့ အား အပ်နှင်း တော်မူ ပြီ ။ သား တော် သည် မည်သူ ဖြစ် ကြောင်း ကို ခမည်းတော် မှတစ်ပါး မည်သူ မျှ မ သိ ။ ခမည်းတော် သည် မည်သူ ဖြစ် ကြောင်း ကို လည်း သား တော် နှင့် သား တော် က ဖွင့်ပြ လို သော သူ တို့ မှတစ်ပါး မည်သူ မျှ မ သိ ” ဟု မြွက်ဆိုတော်မူ၏။
[23] ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍“ သင် တို့ မြင် နေ ရ သည့် အရာ များ ကို မြင် ရ သော မျက်စိ တို့ သည် မင်္ဂလာရှိ ကြ ၏ ။
[24] သင် တို့ အား ငါ ဆို သည် ကား များစွာ သော ပရောဖက် တို့ နှင့် ရှင်ဘုရင် တို့ သည် သင် တို့ မြင် နေ ရ သော အရာ တို့ ကို မြင် ရ ရန် အလို ရှိ သော်လည်း မ မြင် ခဲ့ ရ ကြ ပေ ။ သင် တို့ ကြား နေ ရ သော အရာ တို့ ကို ကြား ရ ရန် အလို ရှိ သော်လည်း မ ကြား ခဲ့ ရ ကြ ပေ ” ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
[25] တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
[26] ကိုယ်တော်ကလည်း“ ပညတ် တရား ကျမ်း တွင် မည်သို့ ရေး ထား သနည်း ။ သင် မည်သို့ ဖတ် ရ သနည်း ” ဟု မေးတော်မူလျှင်
[27] ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည် ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည် ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
[28] ကိုယ်တော်ကလည်း“ မှန် ပေ ၏ ။ ထို အတိုင်း ပြု လော့ ။ သို့ပြုလျှင် အသက်ရှင် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[29] ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
[30] ယေရှုက“ လူ တစ် ဦး သည် ဂျေရုဆလင် မြို့ မှ ဂျေရိခေါ မြို့ သို့ ဆင်း လာ စဉ် ဓားပြ များ နှင့် ကြုံတွေ့ ရ ၏ ။ ဓားပြ တို့ သည် သူ ၏ အဝတ် များ ကို ချွတ် ယူ ပြီး ရိုက်နှက် ကာ သူ့ ကို သေလုမြောပါး အခြေအနေ ၌ ထားခဲ့ ၍ ထွက်သွား ကြ ၏ ။
[31] ယဇ်ပုရောဟိတ် တစ် ပါး သည် အကြောင်း တိုက်ဆိုင် ၍ ထို လမ်း အတိုင်း ဆင်း လာ ပြီး ထို သူ ကို မြင် လျှင် လမ်း ၏ အခြား တစ်ဖက် မှ ရှောင်ကွင်း သွား လေ ၏ ။
[32] ထိုနည်းတူ လေဝိ အနွယ်ဝင် တစ် ဦး သည် လည်း ထို နေရာ သို့ ရောက်လာ ၍ သူ့ ကို မြင် လျှင် လမ်း ၏ အခြား တစ်ဖက် မှ ရှောင်ကွင်း သွား လေ ၏ ။
[33] သို့သော် ရှမာရိ နယ်သား တစ် ဦး သည် ခရီး သွား ရင်း သူ့ အနား သို့ ရောက်လာ ၍ သူ့ ကို မြင် လျှင် ကြင်နာ စိတ် ရှိ သဖြင့်
[34] ချဉ်းကပ် လျက် သူ ၏ ဒဏ်ရာ များ အပေါ် ဆီ နှင့် စပျစ် ဝိုင် ကို လောင်း ထည့် ကာ အဝတ် နှင့် ပတ်စည်း ပေး ၏ ။ ထို့နောက် သူ့ ကို မိမိ ၏ တိရစ္ဆာန် ပေါ် တင် လျက် တည်းခိုခန်း သို့ ခေါ်ဆောင် သွား ၍ ပြုစု စောင့်ရှောက် လေ ၏ ။
[35] နောက်တစ်နေ့ တွင် ဒေနာရိ နှစ် ပြား ကို ထုတ် ၍ တည်းခိုခန်း ပိုင်ရှင် အား ပေး ပြီးလျှင် ‘ ဤ သူ ကို ပြုစု စောင့်ရှောက် ပေး ပါ ။ နောက်ထပ် ကုန်ကျ သမျှ ကို အကျွန်ုပ် ပြန်လာ သောအခါ သင့် အား ပြန် ပေး ပါ မည် ’ ဟု ပြော လေ ၏ ။
[36] ထို သူ သုံး ဦး တို့ တွင် မည်သူ သည် ဓားပြ လက် တွင်း သို့ ကျရောက် ခဲ့ သူ ၏ ဝန်းကျင် ၌ ရှိ သော သူ ဖြစ် သည် ဟု သင် ထင် သနည်း ” ဟူ၍ မေးတော်မူ၏။
[37] ထိုသူကလည်း “သူ့အပေါ်ကရုဏာပြသောသူဖြစ်ပါ၏”ဟု လျှောက်လျှင် ယေရှုက“ သင် သည် လည်း သွား ၍ ထိုနည်းတူ ပြု လော့ ” ဟု မိန့်တော်မူ၏။
[38] သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌ လက်ခံကြိုဆိုလေ၏။
[39] ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။
[40] မာသမူကား ဧည့်ခံခြင်းအမှုများကြောင့် စိတ်ပူပန်သဖြင့် အထံတော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ဦးတည်းသာ ဧည့်ဝတ်ပြုရန်ပစ်ထားခဲ့သည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော။ ကျွန်မကိုကူညီရန် သူ့အား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
[41] သခင်ဘုရား ကလည်း“ မာသ ၊ မာသ ၊ သင် သည် များစွာ သော အမှု တို့ အတွက် စိုးရိမ် လျက် နှောင့်ယှက် ခြင်း ကို ခံ နေ ရ ၏ ။
[42] သို့သော် လိုအပ် သော အရာ သည် တစ်ခုတည်း ရှိ ၏ ။ မာရိ သည် ထို ကောင်းမြတ် သည့် အပိုင်း ကို ရွေးချယ် ပြီ ဖြစ်၍ ၎င်း ကို သူ့ ထံမှ မ နုတ် မ ပယ် ရာ ” ဟု မိန့်တော်မူ၏။