Skip to content
Opens in a new window
Listen to this chapter • 12:10

[1] ထိုအခါ ထောင်ပေါင်း​များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုဝေး​လာ​ကြ​၍ အချင်းချင်း​ပင်​နင်းမိမတတ်​ဖြစ်​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား ဦးစွာ​မြွက်ဆို​တော်မူ​သည်​မှာ“ ဖာရိရှဲ တို့ ၏ တဆေး ဖြစ် သည့် သူတော်ကောင်း ယောင်ဆောင် မှု ကို သတိထား ကြ လော့ ။

[2] ဖုံးအုပ် ထား သည့် အရာ များ တွင် ဖွင့်ပြ ခြင်း မ ခံရ မည့် အရာ တစ်စုံတစ်ခု မျှ မ ရှိ ။ ကွယ်ဝှက် ထား သော အရာ များ တွင် ဖော်ပြ ခြင်း မ ခံရ မည့် အရာ လည်း တစ်စုံတစ်ခု မျှ မ ရှိ ။

[3] သို့ဖြစ်၍ မှောင်မိုက် ၌ သင် တို့ ပြောဆို သော အရာ တို့ ကို အလင်း ၌ ကြား ကြ လိမ့်မည် ။ အိမ် အတွင်း ခန်း ထဲ၌ နား အပါး ကပ် ၍ သင် တို့ ပြောဆို သော အရာ များ ကို လေသာဆောင် ပေါ်မှ ကြေညာ ကြ လိမ့်မည် ။

[4] ငါ ၏ မိတ်ဆွေ များ ဖြစ် ကြ သော သင် တို့ အား ငါ ဆို မည် ။ ကိုယ်ခန္ဓာ ကို သတ် ပြီး သည့် နောက် တွင် အခြား မည်သည့် အရာ ကို မျှ ထပ်၍ မ ပြု နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့် ။

[5] သင် တို့ ကြောက် ရ မည့် သူ ကို သင် တို့ အား ငါ ပြောပြ မည် ။ ကိုယ်ခန္ဓာ ကို သတ် ပြီးနောက် ငရဲ ထဲသို့ ပစ်ချ ပိုင်ခွင့် ရှိ သော သူ ကို ကြောက် ကြ လော့ ။ မှန် ပေ ၏ ။ ထို သူ ကို ကြောက် ကြ လော့ ဟု သင် တို့ အား ငါ ဆို ၏ ။

[6] စာကလေး ငါး ကောင် ကို အဿရိ ​နှစ် ပြား နှင့် ရောင်း သည် မ ဟုတ် လော ။ သို့ရာတွင် ထို စာကလေး တစ် ကောင် ကို မျှ ဘုရားသခင် မေ့လျော့ တော် မ မူ ။

[7] သင် တို့ ဦးခေါင်း မှ ဆံပင် ရှိသမျှ ကို ပင် ရေတွက် ထား တော်မူ ၏ ။ မ ကြောက် ကြ နှင့် ။ သင် တို့ သည် စာကလေး များစွာ တို့ ထက် အဖိုးထိုက် ကြ ၏ ။

[8] သင် တို့ အား ငါ ဆို သည် ကား မည်သူမဆို လူ တို့ ရှေ့၌ ငါ့ ကို ဝန်ခံ လျှင် လူ့သား သည် လည်း ဘုရားသခင် ၏ ကောင်းကင်တမန် တို့ ရှေ့၌ ထို သူ ကို ဝန်ခံ မည် ။

[9] သို့သော် လူ တို့ ရှေ့ ၌ ငါ့ ကို ငြင်းပယ် သော သူ သည် ဘုရားသခင် ၏ ကောင်းကင်တမန် တို့ ရှေ့ ၌ ငြင်းပယ် ခြင်း ခံရ လိမ့်မည် ။

[10] လူ့သား အပေါ် ဆန့်ကျင် သည့် စကား ကို ပြောဆို သော သူ အားလုံး ခွင့်လွှတ် ခြင်း ခံရ မည် ဖြစ် သော်လည်း သန့်ရှင်း သော ဝိညာဉ် တော် ကို စော်ကား ပြောဆို သော သူ သည် ခွင့်လွှတ် ခြင်း ခံရ မည် မ ဟုတ် ။

[11] လူ တို့ သည် သင် တို့ ကို ဝတ်ပြု စည်းဝေး ကျောင်း ​များ သို့ လည်းကောင်း ၊ အုပ်ချုပ် သူ များ နှင့် အာဏာပိုင် များ ရှေ့သို့ လည်းကောင်း ခေါ်ဆောင် သွား ကြ သောအခါ မည်သည့် အရာ ကို မည်ကဲ့သို့ ချေပ ရ မည်နည်း ၊ သို့မဟုတ် မည်သည့် အရာ ကို ပြောဆို ရ မည်နည်း ဟူ၍ မ စိုးရိမ် ကြ နှင့် ။

[12] အကြောင်းမူကား သန့်ရှင်း သော ဝိညာဉ် တော် သည် ပြောဆို ရ မည့် အရာ တို့ ကို ထို အချိန် နာရီ ၌ ပင် သင် တို့ အား သွန်သင် ပေး တော်မူ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[13] ထိုအခါ လူထု​ပရိသတ်​ထဲမှ တစ်စုံတစ်ဦး​က ကိုယ်တော်​အား “ဆရာ၊ အကျွန်ုပ်​ကို​အမွေ​ခွဲဝေ​ပေး​ရန် အကျွန်ုပ်​၏​အစ်ကို​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[14] သို့သော် ကိုယ်တော်​က“ အချင်း လူ ၊ မည်သူ သည် ငါ့ ကို သင် တို့ ၏ တရားသူကြီး ၊ သို့မဟုတ် ခုံလူကြီး အဖြစ် ခန့်ထား သနည်း ” ​ဟု သူ့​အား​မိန့်​တော်မူ​၏။

[15] ထို့နောက် လူ​တို့​အား“ လောဘ လွန်ကျူး ခြင်း အမျိုးမျိုး ကို သတိပြု ၍ ရှောင်ကြဉ် ကြ လော့ ။ အကြောင်းမူကား လူ ၏ အသက် သည် သူ ၏ ဥစ္စာ ပစ္စည်း ကြွယ်ဝ မှု အပေါ်၌ တည် သည် မ ဟုတ် ” ​ဟု မိန့်​တော်မူ၏။

[16] တစ်ဖန် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“ သူဌေး တစ် ဦး သည် မိမိ လယ်ကွင်း မှ အသီးအနှံ ကောင်းစွာ ထွက် သဖြင့်

[17] ‘ ငါ ၏ အသီးအနှံ များ ကို သို ထား ရန် နေရာ မ ရှိ ။ ငါ သည် မည်သို့ ပြု ရ မည်နည်း ’ ဟု မိမိ စိတ် ထဲ၌ တွေးတော ဆင်ခြင် လေ ၏ ။

[18] ထို့နောက် သူ က ‘ ငါ ဤသို့ ပြု မည် ။ ငါ့ ကျီ များ ကို ဖျက် ၍ ပိုမို ကြီးမား သော ကျီ များ ကို ဆောက် ပြီးလျှင် ငါ ၏ ဂျုံဆန် နှင့် ကောင်း သော အရာ ရှိသမျှ တို့ ကို ထို နေရာ တွင် စုသိမ်း ထား မည် ။

[19] ငါ ၏ ဝိညာဉ် ကို လည်း အချင်း ဝိညာဉ် ၊ ကောင်း သော အရာ အမြောက်အမြား တို့ ကို နှစ် ပေါင်း များစွာ အတွက် သိုမှီး ထား လျက် ရှိ ပြီ ။ အနားယူ လော့ ။ စား သောက် ပျော်မွေ့ လော့ ဟူ၍ ငါ ပြော မည် ’ ဟု ဆို လေ ၏ ။

[20] သို့သော် ဘုရားသခင် သည် ထို သူ အား ‘ အချင်း လူမိုက် ၊ ဤ ည ၌ ပင် သင့် ဝိညာဉ် ကို သင့် ထံမှ ရုပ်သိမ်း ကြ လိမ့်မည် ။ သို့ဖြစ်လျှင် သင် ပြင်ဆင် ထား သော အရာ များ သည် မည်သူ့ ဥစ္စာ ဖြစ် လိမ့်မည် နည်း ’ ဟု မိန့် တော်မူ ၏ ။

[21] မိမိ အတွက် ဥစ္စာ များ ကို သိုမှီး ထား သော်လည်း ဘုရားသခင် ၏ ရှေ့ တော် ၌ ကြွယ်ဝ ခြင်း မ ရှိ သော သူ သည် ဤ သူဌေး နှင့် တူ ၏ ” ​ဟု မိန့်​တော်မူ​၏။

[22] ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ သို့ဖြစ်၍ သင် တို့ အား ငါ ဆို မည် ။ အသက်ရှင် ရေး အတွက် မည်သည့် အရာ ကို စား ရ မည်နည်း ဟူ၍ လည်းကောင်း ၊ ကိုယ်ခန္ဓာ အတွက် မည်သည့် အရာ ကို ဝတ် ရ မည်နည်း ဟူ၍ လည်းကောင်း မ စိုးရိမ် ကြ နှင့် ။

[23] အကြောင်းမူကား အသက် သည် အစာ ထက် အရေးကြီး ၏ ။ ကိုယ်ခန္ဓာ သည် လည်း အဝတ် ထက် အရေးကြီး ၏ ။

[24] ကျီးကန်း များ ကို ကြည့်ရှု ဆင်ခြင် ကြ လော့ ။ ၎င်း တို့ သည် မျိုးကြဲ ခြင်း မ ရှိ ။ ရိတ်သိမ်း ခြင်း လည်း မ ရှိ ။ သိုလှောင် ရုံ များ နှင့် ကျီ များ လည်း မ ရှိ ။ သို့သော် ဘုရားသခင် သည် ၎င်း တို့ ကို ကျွေးမွေး တော်မူ ၏ ။ သင် တို့ သည် ငှက် တို့ ထက် များစွာ အဖိုးထိုက် ကြ ၏ ။

[25] သင် တို့ တွင် မည်သူ သည် စိုးရိမ် သော အားဖြင့် မိမိ ၏ အသက် ကို တစ် တောင် ခန့်မျှ ပို၍ ရှည် စေ နိုင် သနည်း ။

[26] ထိုသို့ သေးငယ် သော အမှု ကို ပင် မ တတ်နိုင် ကြ လျှင် အဘယ်ကြောင့် အခြား သော အမှု များ အတွက် စိုးရိမ် ကြ သနည်း ။

[27] နှင်းပန်း များ မည်ကဲ့သို့ ကြီးထွား ကြ သည် ကို ဆင်ခြင် ကြ လော့ ။ ၎င်း တို့ သည် အလုပ် လည်း မ လုပ် ။ ဗိုင်း လည်း မ ငင် ကြ ချေ ။ သို့သော် သင် တို့ အား ငါ ဆို မည် ။ မိမိ ၏ ဘုန်း အသရေ ဖြင့် ပြည့်ဝ လျက် ရှိ သော ရှောလမုန် ပင်လျှင် ဤ နှင်းပန်း တစ် ပွင့် ကဲ့သို့ မ ဆင်မြန်း ခဲ့ ရ ပေ ။

[28] ယုံကြည် ခြင်း အားနည်း သော သူ တို့ ၊ ယနေ့ ရှင်သန် လျက် ရှိ သော်လည်း မနက်ဖြန် မီးဖို ထဲသို့ ပစ်ချ ခံရ မည့် တော မြက် ပင် ကို ပင် ဘုရားသခင် သည် ဤမျှလောက် ဆင်ယင် ပေး တော်မူ လျှင် သင် တို့ ကို မည်မျှ ပို၍ ဆင်ယင် ပေး တော်မူ လိမ့်မည်နည်း ။

[29] ထို့ကြောင့် သင် တို့ သည် မည်သည့် အရာ ကို စား ရ မည်နည်း ၊ မည်သည့် အရာ ကို သောက် ရ မည်နည်း ဟု မ ရှာကြံ ကြ နှင့် ။ စိုးရိမ် ပူပန် ခြင်း လည်း မ ရှိ ကြ နှင့် ။

[30] အကြောင်းမူကား ဤ လောက ရှိ လူမျိုးခြား အပေါင်း တို့ သည် ဤ အရာ များ ကို ကြိုးစား ရှာဖွေ တတ် ကြ ၏ ။ သို့သော် သင် တို့ အဖ သည် ဤ အရာ များ ကို သင် တို့ လိုအပ် ကြောင်း သိ တော်မူ ၏ ။

[31] သို့ဖြစ်၍ ဘုရားသခင် ၏ နိုင်ငံ တော် ကို ရှာ ကြ လော့ ။ ထိုအခါ ဤ အရာ များ ကို သင် တို့ အား ထပ်လောင်း ၍ ပေး တော်မူ လိမ့်မည် ။

[32] သိုးစု ငယ် ၊ မ ကြောက် နှင့် ။ အကြောင်းမူကား သင် တို့ အဖ သည် သင် တို့ အား နိုင်ငံ တော် ပေး ရ သည် ကို နှစ်သက် တော်မူ ၏ ။

[33] သင် တို့ ၏ ဥစ္စာ ပစ္စည်း များ ကို ရောင်း ၍ ပေးကမ်း စွန့်ကြဲ ကြ လော့ ။ မိမိ တို့ အတွက် မ ဟောင်းနွမ်း နိုင် သော ပိုက်ဆံ အိတ် များ ကို ပြုလုပ် ကြ ၍ သူခိုး မ ကပ် ၊ ပိုးမွှား လည်း မ ဖျက်ဆီး ရာ ကောင်းကင် ဘုံ ၌ မ ကုန်ခန်း နိုင် သော ဥစ္စာ ဘဏ္ဍာ ကို သိုမှီး ကြ လော့ ။

[34] အကြောင်းမူကား သင် တို့ ၏ ဥစ္စာ ဘဏ္ဍာ ရှိ သော နေရာ ၌ သင် တို့ ၏ စိတ်နှလုံး လည်း ရောက် တတ် ၏ ။

[35] သင် တို့ သည် ခါး ကို စည်း လျက် ဆီမီး တို့ ကို ထွန်း ထား ကြ လော့ ။

[36] မိမိ တို့ ၏ သခင် သည် မင်္ဂလာဆောင် ပွဲ မှ ပြန်လာ ၍ တံခါး ခေါက် သောအခါ သူ့ အတွက် ချက်ချင်း တံခါး ဖွင့် ပေး နိုင် ရန် သခင် ကို စောင့် နေ သူ များ ကဲ့သို့ ဖြစ် ကြ လော့ ။

[37] သခင် ပြန်လာ သောအခါ သတိ နှင့် စောင့် နေ ကြ သည် ကို သခင် တွေ့ ရ သော အစေအပါး တို့ သည် မင်္ဂလာရှိ ကြ ၏ ။ သင် တို့ အား ငါ အမှန် ဆို သည် ကား သခင် သည် မိမိ ခါး ကို စည်း လျက် သူ တို့ ကို ထိုင် ​စေ ပြီးလျှင် အနား သို့ လာ ၍ သူ တို့ ကို လုပ်ကျွေး ပြုစု လိမ့်မည် ။

[38] သခင် သည် ညဥ့်နက် အချိန် ​၌ ဖြစ်စေ ၊ သန်းခေါင် ကျော် အချိန် ​၌ ဖြစ်စေ ပြန်လာ ၍ ထိုသို့ စောင့် နေ ကြ သည် ကို တွေ့မြင် လျှင် သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။

[39] အိမ်ရှင် သည် သူခိုး လာ မည့် အချိန် ကို သိ ထား လျှင် မိမိ အိမ် ကို ဖောက်ထွင်း ခွင့်ပြု မည် မ ဟုတ် ကြောင်း သိမှတ် ကြ လော့ ။

[40] လူ့သား သည် သင် တို့ မ ထင်မှတ် သော အချိန် ၌ ကြွလာ မည် ဖြစ်၍ သင် တို့ သည် လည်း အသင့် ရှိ နေ ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[41] ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အတွက်​မိန့်​တော်မူ​သလော​၊ သို့မဟုတ် လူ​အပေါင်း​တို့​အတွက်​ပါ မိန့်​တော်မူ​သလော”​ဟု မေးလျှောက်​၏။

[42] သခင်​ဘုရား​က​လည်း“ မိမိ အိမ်သူအိမ်သား များ အား အချိန် တန် သောအခါ အစားအစာ များ စီစဉ် ပေး ရန် သူ တို့ အပေါ် သခင် ခန့်ထား သည့် သစ္စာ နှင့် ပညာ သတိ ရှိ သော အစေအပါး ခေါင်းဆောင် ကား မည်သူ နည်း ။

[43] မိမိ သခင် ပြန်လာ သောအခါ ထိုသို့ ဆောင်ရွက် နေ သည် ကို သခင် တွေ့ ရ သော အစေအပါး သည် မင်္ဂလာရှိ ၏ ။

[44] သင် တို့ အား ငါ အမှန် ဆို သည် ကား သခင် သည် မိမိ ၏ ဥစ္စာ ပစ္စည်း ရှိသမျှ ကို သူ့ အား ကြီးကြပ် စောင့်ရှောက် စေ လိမ့်မည် ။

[45] သို့သော် ထို အစေအပါး သည် မိမိ စိတ် ထဲ၌ ‘ ငါ့ သခင် ပြန်လာ ရန် ကြန့်ကြာ နေ ၏ ’ ဟု ဆို လျက် အစေခံ ယောက်ျား နှင့် အစေခံ မိန်းမ များ ကို ရိုက်နှက် ကာ စား သောက် ယစ်မူး လျက် နေ လျှင်

[46] ထို အစေအပါး ၏ သခင် သည် သူ မျှော်လင့် မ ထား သော နေ့ ၊ သူ မ သိ သော အချိန် တွင် ရောက်လာ ၍ သူ့ ကို ပြင်းစွာ ပြစ်ဒဏ် ပေး ကာ မ ယုံကြည် သူ တို့ နှင့်အတူ နေရာ ချ ထား လိမ့်မည် ။

[47] မိမိ သခင် ၏ အလို ကို သိ လျက် ပင် ပြင်ဆင် ထား ခြင်း မ ရှိ ၊ သို့မဟုတ် သခင် ၏ အလို အတိုင်း လုပ်ဆောင် ခြင်း မ ရှိ သော အစေအပါး သည် များစွာ ရိုက်နှက် ခြင်း ခံရ လိမ့်မည် ။

[48] သို့သော် သခင် ၏ အလို ကို မ သိ ဘဲ ရိုက်နှက် ခြင်း ဒဏ် နှင့် ထိုက် သော အမှု ကို ပြု မိ သော သူ သည် အနည်းငယ် သာ ရိုက်နှက် ခြင်း ခံရ မည် ။ များစွာ ရရှိ ထား သော သူ အားလုံး ထံမှ များစွာ တောင်းဆို လိမ့်မည် ။ များစွာ အပ်နှံ ထား သော သူ ထံမှ ပို၍ များစွာ တောင်း ကြ လိမ့်မည် ။

[49] မြေကြီး ပေါ်သို့ မီး ကို ပစ်ချ ရန် ငါ လာ ၏ ။ မီးစွဲ လောင် ပြီး သား ဖြစ် ရန် ပင် ငါ အလွန် အလိုရှိ ၏ ။

[50] သို့သော် ငါ ခံ မည့် ဗတ္တိဇံ ​တစ် ပါး ရှိ ၏ ။ ထို အမှု မ ပြီးဆုံး မီ တိုင်အောင် ငါ သည် ဖိစီး မှု ကို မည်မျှ ခံစား ရ ပါ မည်နည်း ။

[51] မြေကြီး ပေါ်၌ ငြိမ်သက် ခြင်း ကို ပေး ရန် ငါ လာ သည် ဟု ထင်မှတ် ကြ သလော ။ ထိုသို့ မ ဟုတ် ပေ ။ သင် တို့ အား ငါ ဆို သည် ကား ကွဲပြား စေရန် ငါ လာ ၏ ။

[52] အကြောင်းမူကား ယခု မှစ၍ လူ ငါး ယောက် ရှိ သည့် အိမ် တစ် အိမ် တွင် သုံး ယောက် သည် နှစ် ယောက် ကို လည်းကောင်း ၊ နှစ် ယောက် သည် သုံး ယောက် ကို လည်းကောင်း ဆန့်ကျင် လျက် ကွဲပြား ကြ လိမ့်မည် ။

[53] ဖခင် သည် သား ကို လည်းကောင်း ၊ သား သည် ဖခင် ကို လည်းကောင်း ၊ မိခင် သည် သမီး ကို လည်းကောင်း ၊ သမီး သည် မိခင် ကို လည်းကောင်း ၊ ယောက္ခမ သည် ချွေးမ ကို လည်းကောင်း ၊ ချွေးမ သည် ယောက္ခမ ကို လည်းကောင်း ဆန့်ကျင် လျက် ကွဲပြား ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[54] ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ သင် တို့ သည် အနောက် အရပ် တွင် မိုးတိမ် တက်လာ သည် ကို မြင် လျှင် မိုးသက်မုန်တိုင်း လာ နေ ပြီ ဟု ချက်ချင်း ပြော တတ် ကြ ၏ ။ ထိုအတိုင်း လည်း ဖြစ် တတ် ၏ ။

[55] တောင် လေ တိုက် လာ သောအခါ ၌ လည်း ပူအိုက် လိမ့်မည် ဟု ပြော တတ် ကြ ၏ ။ ထိုအတိုင်း လည်း ဖြစ် တတ် ၏ ။

[56] သူတော်ကောင်း ယောင်ဆောင် သော သူ တို့ ၊ သင် တို့ သည် မြေကြီး နှင့် ကောင်းကင် တို့ ၏ အသွင်အပြင် ကို ပိုင်းခြား ၍ သိ နိုင် ကြ သော်လည်း ဤ အချိန် ကာလ ကို အဘယ်ကြောင့် ပိုင်းခြား ၍ မ သိ နိုင် ကြ သနည်း ။

[57] ထိုမှတစ်ပါး မှန်ကန် သည့် အရာ ကို အဘယ်ကြောင့် မိမိ တို့ ကိုယ်တိုင် မ ဆင်ခြင် မ သုံးသပ် ကြ သနည်း ။

[58] သင့် ကို တရားစွဲဆို သူ နှင့်အတူ အကြီးအကဲ ထံသို့ သွား ကြ သောအခါ လမ်း ၌ သူ နှင့် ကျေအေး အောင် ကြိုးစား လော့ ။ သို့မဟုတ် ပါက သူ သည် သင့် ကို တရားသူကြီး ထံသို့ ဆွဲခေါ်သွား ၍ တရားသူကြီး သည် သင့် ကို မင်းမှုထမ်း လက် သို့ အပ် သဖြင့် မင်းမှုထမ်း သည် သင့် ကို ထောင် ထဲ၌ ထည့် ထား လိမ့်မည် ။

[59] သင့် အား ငါ ဆို မည် ။ နောက်ဆုံး လတ္တာ ​တစ် ပြား ကို သင် ပြန်၍ မ ဆပ် မချင်း ထို နေရာ မှ လုံးဝ ထွက် ရ မည် မ ဟုတ် ” ​ဟု ​မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် — Chapters