[1] ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူခံသေတ္တာထဲသို့ မိမိတို့၏အလှူငွေများထည့်နေကြသည်ကို မြင်တော်မူ၏။
[2] ဆင်းရဲသောမုဆိုးမတစ်ဦးသည်လည်း ထိုအလှူခံသေတ္တာထဲသို့ လတ္တာ နှစ်ပြားထည့်နေသည်ကို မြင်တော်မူ၏။
[3] ထိုအခါ ကိုယ်တော်က“ သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ ဆင်းရဲ သော မုဆိုးမ သည် အခြား သူ အားလုံး ထက် ပို၍ ထည့် လေ ပြီ ။
[4] အကြောင်းမူကား ဤ သူ အားလုံး တို့ သည် မိမိ တို့ ၏ ကြွယ်ဝ ပြည့်စုံ မှု ထဲမှ အလှူ ငွေ ကို ထည့် ကြ ၏ ။ ဤ မုဆိုးမ မူကား မိမိ ၏ ဆင်းရဲ ချို့တဲ့ မှု ထဲမှ သူ ၌ ရှိ သော အသက်မွေး စရာ အားလုံး ကို ထည့် လေ ပြီ ” ဟု မိန့်တော်မူ၏။
[5] ဗိမာန်တော်ကို လှပသောကျောက်တုံးများမှစ၍ လှူဒါန်းထားသောဝတ္ထုပစ္စည်းများဖြင့် တန်ဆာဆင်ထားကြောင်း လူအချို့တို့ကပြောဆိုနေကြ၏။
[6] ကိုယ်တော်က“ ဤ အရာ များ ကို သင် တို့ မြင် ရ ကြ ၏ ။ ၎င်း ထဲမှ ကျောက်တုံး တစ် တုံး သည် ဖြိုချ မ ခံရ ဘဲ အခြား ကျောက်တုံး တစ် တုံး ပေါ်၌ ကျန်ရစ် ခဲ့ သည် ဟူ၍ မ ရှိ သော နေ့ရက် ကာလ ရောက် လာ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[7] သူတို့ကလည်း “ဆရာ၊ သို့ဖြစ်လျှင် ထိုအခြင်းအရာများသည် မည်သည့်အချိန်၌ ဖြစ်ပျက်လာမည်နည်း။ ၎င်းတို့ဖြစ်ပျက်လာတော့မည့်အချိန်တွင် မည်သည့်အတိတ်နိမိတ်ပေါ်ထွန်းလာမည်နည်း”ဟု မေးလျှောက်ကြ၏။
[8] ကိုယ်တော်ကလည်း“ သင် တို့ သည် လှည့်ဖြား ခြင်း မ ခံရ စေရန် သတိပြု ကြ လော့ ။ အကြောင်းမူကား များစွာ သော သူ တို့ သည် ငါ့ အဖြစ် အယောင်ဆောင် လျက် ရောက်လာ ၍ ‘ ငါ သည် ထို သူ ပင် ဖြစ် ၏ ’ ဟူ၍ လည်းကောင်း ၊ ‘ အချိန် နီးကပ် လာ ပြီ ’ ဟူ၍ လည်းကောင်း ဆို ကြ လိမ့်မည် ။ ထို သူ တို့ ၏ နောက် သို့ မ လိုက် ကြ နှင့် ။
[9] သင် တို့ သည် စစ်ပွဲ များ နှင့် ရုန်းရင်းဆန်ခတ် ဖြစ် ခြင်း အကြောင်း များ ကို ကြား ရ သောအခါ ထိတ်လန့် ခြင်း မ ရှိ ကြ နှင့် ။ အကြောင်းမူကား ထို အရာ များ သည် ဦးစွာ ဖြစ်ပျက် ရ မည် ။ သို့သော် အဆုံး သည် ချက်ချင်း မ ရောက် သေး ” ဟု မိန့်တော်မူ၏။
[10] ထို့နောက် ကိုယ်တော်က“ လူမျိုး တစ်မျိုး နှင့် တစ်မျိုး ၊ နိုင်ငံ တစ် နိုင်ငံ နှင့် တစ် နိုင်ငံ တို့ သည် ရန်ဘက်ပြု ကြ ၍
[11] အရပ်ရပ် တို့ ၌ ပြင်းထန် သော ငလျင် လှုပ် ခြင်း ၊ ငတ်မွတ် ခေါင်းပါး ခြင်း နှင့် ကပ်ရောဂါ ဆိုက် ခြင်း တို့ ဖြစ် ကြ လိမ့်မည် ။ မိုး ကောင်းကင် ၌ လည်း ကြောက်မက် ဖွယ် ရာ များ နှင့် ကြီးမား သော အတိတ် နိမိတ် များ ပေါ်ထွန်း ကြ လိမ့်မည် ။
[12] သို့သော် ဤ အခြင်းအရာ အားလုံး မ ဖြစ် မီ လူ တို့ သည် သင် တို့ ကို ဖမ်းဆီး ၍ ညှဉ်းဆဲ ကာ ဝတ်ပြု စည်းဝေး ကျောင်း များ နှင့် ထောင် များ ထဲသို့ ပို့ ကြ လိမ့်မည် ။ သင် တို့ သည် ငါ့ နာမ ကြောင့် ရှင်ဘုရင် များ နှင့် ဘုရင်ခံ များ ရှေ့သို့ ခေါ်ဆောင် သွား ခြင်း ခံရ ကြ လိမ့်မည် ။
[13] ဤ အမှုအရာ သည် သင် တို့ သက်သေ ခံရ သော အခွင့်အရေး ဖြစ်လာ လိမ့်မည် ။
[14] ထို့ကြောင့် မည်သို့ ချေပ ပြောဆို ရ မည် ကို ကြိုတင် ၍ မ စဉ်းစား ရန် သင် တို့ ၏ စိတ်နှလုံး ထဲ၌ ဆုံးဖြတ် ထား ကြ လော့ ။
[15] အကြောင်းမူကား သင် တို့ ကို ဆန့်ကျင် သော သူ တစ်စုံတစ်ဦး မျှ မ ငြင်းခုံ မ ဟန့်တား နိုင် သော နှုတ် အစွမ်း နှင့် ဉာဏ်ပညာ တို့ ကို သင် တို့ အား ငါ ပေး မည် ။
[16] သင် တို့ ၏ မိဘ ၊ ညီအစ်ကို ၊ ဆွေမျိုး နှင့် မိတ်ဆွေ တို့ ပင်လျှင် သင် တို့ ကို အပ်နှံ ကြ လိမ့်မည် ။ သင် တို့ တွင် အချို့ တို့ သည် အသေ သတ် ခြင်း ခံရ ကြ လိမ့်မည် ။
[17] လူ အပေါင်း တို့ သည် လည်း ငါ့ နာမ ကြောင့် သင် တို့ ကို မုန်းတီး ကြ လိမ့်မည် ။
[18] သို့သော် သင် တို့ ဦးခေါင်း မှ ဆံပင် တစ် ပင် မျှ မ ပျက်စီး ရ ။
[19] သင် တို့ သည် သည်းခံ သော အားဖြင့် သင် တို့ အသက် ကို ရရှိ ကြ လိမ့်မည် ။
[20] ဂျေရုဆလင် မြို့ အား စစ်မက် ဗိုလ်ခြေ တို့ ဝိုင်းရံ ကြ သည် ကို သင် တို့ တွေ့မြင် ကြ သောအခါ ထို မြို့ ၏ ပျက်စီး ဆိတ်သုဉ်း ခြင်း နီးကပ် လာ ပြီ ဖြစ်ကြောင်း သိမှတ် ကြ လော့ ။
[21] ထိုအခါ ယုဒ နယ် ၌ ရှိ သော သူ တို့ သည် တောင် များ ပေါ်သို့ ထွက်ပြေး ကြ စေ ။ မြို့ ထဲ ၌ ရှိ သော သူ တို့ သည် မြို့ ပြင် သို့ ထွက် ကြ စေ ။ ကျေးလက် ဒေသ ၌ ရှိ သော သူ တို့ သည် လည်း မြို့ ထဲသို့ မ ဝင် ကြ စေ နှင့် ။
[22] အကြောင်းမူကား ထို နေ့ရက် များ သည် ကျမ်းစာ ၌ ရေး ထား သော အရာ အားလုံး ပြည့်စုံ မည့် ပြစ်ဒဏ် ပေး ရာ နေ့ရက် များ ဖြစ် ၏ ။
[23] ထို နေ့ရက် များ ၌ ကိုယ်ဝန်ဆောင် အမျိုးသမီး များ နှင့် နို့စို့ ကလေး ငယ် ရှိ သော မိခင် များ သည် စိတ် မချမ်းမြေ့ ဖွယ် ဖြစ် ကြ လိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် ဤ ပြည် အပေါ် ၌ ကြီးစွာ သော ဒုက္ခ ဆင်းရဲ ခြင်း ကျရောက် ၍ ဤ လူမျိုး အပေါ်၌ အမျက် တော် သက်ရောက် လိမ့်မည် ။
[24] သူ တို့ သည် ဓား ဘေး ဖြင့် ကျဆုံး ၍ အခြား သော ပြည် အရပ်ရပ် သို့ ဖမ်းဆီး ခေါ်ဆောင် သွား ခြင်း ခံရ ကြ လိမ့်မည် ။ လူမျိုးခြား တို့ သည် လည်း မိမိ တို့ အချိန်အခါ များ ပြည့်စုံ သည် အထိ ဂျေရုဆလင် မြို့ ကို နင်းခြေ ကြ လိမ့်မည် ။
[25] ထို့နောက် နေ ၊ လ ၊ ကြယ် တာရာ များ ၌ အတိတ် နိမိတ် များ ဖြစ်ပေါ် လာ လိမ့်မည် ။ ကမ္ဘာ မြေကြီး ပေါ် ရှိ လူမျိုး တကာ တို့ သည် ပင်လယ် လှိုင်းတံပိုး သံ ကြောင့် စိတ် မငြိမ်မသက် ဖြစ် လျက် တုန်လှုပ် ချောက်ချား ကြ လိမ့်မည် ။
[26] အာကာသ ကောင်းကင် ၏ စွမ်းအား တို့ သည် တုန်လှုပ် ကြ မည် ဖြစ်၍ လူ တို့ သည် ကမ္ဘာ ပေါ်တွင် သက်ရောက် လာ မည့် အရာ များ ကို ကြိုတွေး လျက် ကြောက်ရွံ့ သဖြင့် သတိလစ် မေ့မြော ကြ လိမ့်မည် ။
[27] ထိုအခါ လူ့သား သည် တန်ခိုး နှင့် ကြီးမား သော ဘုန်း အသရေ တို့ ဖြင့် မိုးတိမ် ကို စီး လျက် ကြွလာ သည် ကို လူ တို့ မြင် ရ ကြ လိမ့်မည် ။
[28] ဤ အရာ များ စတင် ဖြစ်ပျက် လာ သောအခါ သင် တို့ ကို ရွေးနုတ် တော်မူ သော အချိန် နီးကပ် လာ ပြီ ဖြစ်၍ တည့်မတ် စွာ ရပ် လျက် သင် တို့ ခေါင်း ကို မော့ ထား ကြ လော့ ” ဟု မိန့်တော်မူ၏။
[29] ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ“ သဖန်းပင် နှင့် အခြား သစ်ပင် အားလုံး တို့ ကို ကြည့် ကြ လော့ ။
[30] ရွက်နု ထွက်လာ သောအခါ သင် တို့ သည် မြင် ၍ နွေ ရာသီ နီး ပြီ ဖြစ် ကြောင်း အလိုအလျောက် သိ ကြ ၏ ။
[31] ထိုနည်းတူ ဤ အရာ များ ဖြစ်ပျက် နေ သည် ကို သင် တို့ မြင် ရ သောအခါ ဘုရားသခင် ၏ နိုင်ငံ တော် ပေါ်ထွန်း လုနီး ပြီ ဖြစ်ကြောင်း သိမှတ် ကြ လော့ ။
[32] သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ အရာ အားလုံး မ ဖြစ်ပျက် မီ ဤ မျိုးဆက် သည် မည်သည့်အခါမျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။
[33] ကောင်းကင် နှင့် မြေကြီး သည် ကွယ်ပျောက် သွား လိမ့်မည် ။ ငါ့ စကား မူကား မည်သည့်အခါမျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။
[34] သင် တို့ သည် ကိုယ့်ကိုယ်ကိုယ် သတိထား ကြ လော့ ။ သို့မဟုတ်လျှင် အပျော်ကြူး ခြင်း ၊ သောက်စား မူးယစ် ခြင်း နှင့် အသက်ရှင် ရေး အတွက် စိုးရိမ် ပူပန် ခြင်း တို့ ကြောင့် သင် တို့ စိတ်နှလုံး လေးလံ ထိုင်းမှိုင်း နေ ကြ စဉ် ထို နေ့ရက် သည် ကျော့ကွင်း ကဲ့သို့ သင် တို့ အပေါ်သို့ ရုတ်တရက် ကျရောက် လာ လိမ့်မည် ။
[35] အကြောင်းမူကား ထို နေ့ရက် သည် မြေ တစ်ပြင်လုံး ၌ နေထိုင် သူ အပေါင်း တို့ အပေါ်သို့ သက်ရောက် လာ လိမ့်မည် ။
[36] ထို့ကြောင့် သင် တို့ သည် ဖြစ်ပျက် တော့မည့် ဤ အမှု ခပ်သိမ်း တို့ မှ လွတ်မြောက် ၍ လူ့သား ၏ ရှေ့ တော် ၌ မတ်တတ်ရပ် နိုင် ရန် အချိန် ရှိသရွေ့ နိုးနိုးကြားကြား ရှိ လျက် ဆုတောင်း ကြ လော့ ” ဟု မိန့်တော်မူ၏။
[37] ကိုယ်တော်သည် နေ့အခါများ၌ ဗိမာန်တော်တွင် သွန်သင်တော်မူပြီး ညအခါများ၌မူ အပြင်သို့ထွက်သွား၍ သံလွင်အမည်ရှိသောတောင်ပေါ်၌ ညကိုကုန်လွန်စေတော်မူ၏။
[38] လူအပေါင်းတို့သည်လည်း ကိုယ်တော်၏တရားတော်ကိုကြားနာရန် နံနက်စောစော ဗိမာန်တော်၌ရှိသောကိုယ်တော်ထံသို့ လာကြ၏။