[1] ပသခါပွဲတော်ဟုခေါ်သော တဆေးမဲ့မုန့်ပွဲတော် နီးကပ်လာ၏။
[2] ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။
[3] ထိုအခါ စာတန်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့တွင် အပါအဝင်ဖြစ်သည့် ဣရှကာရုတ်ဟုခေါ်သော ယုဒထဲသို့ဝင်သဖြင့်
[4] သူသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဗိမာန်တော်အစောင့်တပ်မှူးများထံသို့သွား၍ ကိုယ်တော်ကို သူတို့လက်သို့ မည်ကဲ့သို့အပ်နှံရမည်နည်းဟု သူတို့နှင့်အတူတိုင်ပင်လေ၏။
[5] သူတို့သည် ဝမ်းမြောက်၍ ယုဒကိုငွေပေးရန် သဘောတူဆုံးဖြတ်ကြ၏။
[6] ယုဒသည်လည်း သဘောတူ၍ လူထုပရိသတ်မရှိသည့်အချိန်၌ ကိုယ်တော်ကို သူတို့လက်သို့အပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
[7] တဆေးမဲ့မုန့်ပွဲတော်နေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့ရောက်လာသဖြင့်
[8] ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ ပသခါ ပွဲတော် ကို ငါ တို့ စား ရန် သွား ၍ ပြင်ဆင် ကြ လော့ ” ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
[9] သူတို့ကလည်း “ကိုယ်တော်သည် အကျွန်ုပ်တို့အား အဘယ်မှာပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြသော်
[10] ကိုယ်တော်က“ သင် တို့ သည် မြို့ ထဲသို့ ဝင် သောအခါ ရေ အိုး ထမ်း သော လူ တစ် ဦး သည် သင် တို့ ကို ကြိုဆို လိမ့်မည် ။ ထို သူ ဝင် သော အိမ် ထဲသို့ လိုက် သွား ပြီးလျှင်
[11] အိမ်ရှင် အား ‘ ဆရာ က ငါ ၏ တပည့် များ နှင့်အတူ ပသခါ ပွဲတော် ညစာ ကို သုံးဆောင် ရ မည့် အခန်း သည် အဘယ်မှာ ရှိ သနည်း ဟု သင့် အား မေး လိုက် ပါ သည် ’ ဟူ၍ ပြော ကြ လော့ ။
[12] ထို သူ သည် ခင်းကျင်း ထား သော အပေါ်ထပ် ခန်းမ ကို သင် တို့ အား ပြ လိမ့်မည် ။ ထို နေရာ ၌ ပြင်ဆင် ကြ လော့ ” ဟု မိန့်တော်မူ၏။
[13] သူတို့သည်လည်း သွား၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
[14] အချိန်ရောက်သောအခါ ကိုယ်တော်သည် တမန်တော် တို့နှင့်အတူ စားပွဲ၌ထိုင် တော်မူ၏။
[15] ကိုယ်တော်က“ ငါ သည် ဒုက္ခ ဝေဒနာ မ ခံစား ရ မီ ဤ ပသခါ ပွဲတော် ကို သင် တို့ နှင့်အတူ စား ရန် အလွန် အလိုရှိ ၏ ။
[16] သင် တို့ အား ငါ ဆို သည် ကား ပသခါ ပွဲတော် သည် ဘုရားသခင် ၏ နိုင်ငံ တော် တွင် ပြည့်စုံ ခြင်း သို့ မ ရောက် မီ တိုင်အောင် ဤ ပွဲတော် ကို ငါ လုံးဝ စား မည် မ ဟုတ် ” ဟု သူတို့အား မိန့်တော်မူ၏။
[17] ထို့နောက် ခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင်“ ဤ ခွက် ကို ယူ ၍ အချင်းချင်း ဝေ သောက် ကြ လော့ ။
[18] သင် တို့ အား ငါ ဆို သည် ကား ယခု မှစ၍ ဘုရားသခင် ၏ နိုင်ငံ တော် မ ပေါ်ထွန်း မီ တိုင်အောင် စပျစ် သီး မှ ဖြစ် သော အရည် ကို ငါ လုံးဝ သောက် မည် မ ဟုတ် ” ဟု မိန့်တော်မူ၏။
[19] တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ ဤ မုန့် ကား သင် တို့ အတွက် စွန့် သော ငါ ၏ ကိုယ်ခန္ဓာ ဖြစ် ၏ ။ ငါ့ ကို အောက်မေ့ ဖို့ရန် ဤသို့ ပြု ကြ လော့ ” ဟု မိန့်တော်မူ၏။
[20] ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍“ ဤ ခွက် ကား သင် တို့ အတွက် သွန်းလောင်း သော ငါ ၏ သွေး ၌ တည် သည့် ပဋိညာဉ် သစ် ဖြစ် ၏ ။
[21] သို့သော် ငါ့ ကို အပ်နှံ မည့် သူ ၏ လက် သည် ငါ နှင့်အတူ စားပွဲ ပေါ်၌ ရှိ ၏ ။
[22] လူ့သား သည် ချမှတ် ထား ခြင်း ခံရ သည့် အတိုင်း သွား ရ မည် မှန် ၏ ။ သို့သော် လူ့သား ကို အပ်နှံ သော သူ သည် အမင်္ဂလာရှိ ၏ ” ဟု မိန့်တော်မူ၏။
[23] ထိုအခါ တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် ထိုသို့ပြုရန်ကြံရွယ်နေသနည်းဟု အချင်းချင်းမေးမြန်းကြ၏။
[24] ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။
[25] သို့သော် ကိုယ်တော်က“ လူမျိုးခြား တို့ ၏ ဘုရင် များ သည် ပြည်သူ တို့ အပေါ် အစိုးတရ ပြု တတ် ကြ ၏ ။ လူ တို့ အပေါ် အာဏာ ရှိ သော သူ များ သည် လည်း အများ အကျိုးဆောင် သူ ဟု ခေါ်ဝေါ် ခြင်း ကို ခံရ ကြ ၏ ။
[26] သင် တို့ မူကား ထိုသို့ မ ဖြစ် ရ ။ သင် တို့ တွင် အကြီးမြတ်ဆုံး ဖြစ် သော သူ သည် အငယ်ဆုံး သော သူ ကဲ့သို့ ဖြစ် ရ မည် ။ ဦးဆောင် သော သူ သည် လုပ်ကျွေး ပြုစု သော သူ ကဲ့သို့ ဖြစ် ရ မည် ။
[27] စားပွဲ ၌ ထိုင် နေ သော သူ နှင့် လုပ်ကျွေး ပြုစု သော သူ တို့ တွင် မည်သူ သည် ပို၍ ကြီးမြတ် သနည်း ။ စားပွဲ ၌ ထိုင် နေ သော သူ မ ဟုတ် လော ။ သို့သော် ငါ သည် သင် တို့ အလယ် တွင် လုပ်ကျွေး ပြုစု သော သူ ကဲ့သို့ ဖြစ် ၏ ။
[28] စုံစမ်း နှောင့်ယှက် ခြင်း များ ကို ငါ ခံရ စဉ် သင် တို့ သည် ငါ နှင့်အတူ ရပ်တည် ခဲ့ သော သူ များ ဖြစ် ကြ ၏ ။
[29] ငါ ၏ ခမည်းတော် သည် နိုင်ငံ တော် ကို ငါ့ အား အပ်နှင်း တော်မူ သကဲ့သို့ ငါ သည် လည်း နိုင်ငံ တော် ကို သင် တို့ အား အပ်နှင်း သဖြင့်
[30] သင် တို့ သည် ငါ ၏ နိုင်ငံ တော် ၌ ငါ ၏ စားပွဲ တွင် ထိုင် လျက် စား သောက် ရ ကြ လိမ့်မည် ။ ထို့ပြင် ပလ္လင် များ ပေါ် ထိုင် လျက် အစ္စရေး မျိုးနွယ်စု တစ်ဆယ့်နှစ် စု တို့ ကို တရား စီရင် ရ ကြ လိမ့်မည် ။
[31] ရှိမုန် ၊ ရှိမုန် ၊ နားထောင် လော့ ။ ဂျုံ ကို ဆန်ခါချ သကဲ့သို့ စာတန် သည် သင် တို့ ကို ဆန်ခါချ ရန် အခွင့် တောင်း လေ ပြီ ။
[32] သို့သော် သင် ၏ ယုံကြည် ခြင်း မ ဆုံးရှုံး မည့်အကြောင်း သင့် အတွက် ငါ ဆုတောင်း ပြီ ။ သို့ဖြစ်၍ သင် သည် သတိတရား ပြန် ရ သောအခါ သင် ၏ ညီအစ်ကို များ ကို ခိုင်ခံ့ မြဲမြံ စေ လော့ ” ဟု မိန့်တော်မူ၏။
[33] ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။
[34] ကိုယ်တော်ကလည်း“ ပေတရု ၊ သင့် အား ငါ ဆို မည် ။ ယနေ့ ပင် ကြက် မ တွန် မီ သင် သည် ငါ့ ကို မ သိ ဟု သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[35] ထို့နောက် ကိုယ်တော်က“ ငါ သည် သင် တို့ ကို ငွေ အိတ် ၊ လွယ်အိတ် နှင့် ဖိနပ် မ ပါ ဘဲ စေလွှတ် သောအခါ သင် တို့ တွင် လိုအပ် မှု တစ်စုံတစ်ရာ ရှိ ခဲ့ သလော ” ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။
[36] ကိုယ်တော်ကလည်း“ ယခု မူကား ငွေ အိတ် ရှိ သော သူ သည် ယူသွား စေ ။ ထိုနည်းတူ လွယ်အိတ် ကို လည်း ယူသွား စေ ။ ဓား မ ရှိ သော သူ သည် မိမိ အဝတ် ကို ရောင်း ၍ ဓား ကို ဝယ် စေ ။
[37] သင် တို့ အား ငါ ဆို သည် ကား ‘ သူ သည် တရားမဲ့ သော သူ တို့ ၏ စာရင်း တွင် ထည့်သွင်း ခြင်း ခံရ ၏ ’ ဟု ရေး ထား သော အရာ သည် ငါ ၌ ပြည့်စုံ ရ မည် ။ အမှန်စင်စစ် ငါ နှင့် ပတ်သက် သော အရာ သည် ဆုံးခန်း သို့ ရောက် နေ ပြီ ” ဟု မိန့်တော်မူ၏။
[38] ထိုအခါ သူတို့က “သခင်၊ ဤမှာဓားနှစ်လက်ရှိပါ၏”ဟု လျှောက်ကြလျှင် ကိုယ်တော်က“ လုံလောက် ပြီ ” ဟု မိန့်တော်မူ၏။
[39] ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
[40] ထိုအရပ်သို့ရောက်တော်မူသောအခါ ကိုယ်တော်က“ ဖြားယောင်း သွေးဆောင် ရာ ထဲသို့ မ ကျရောက် စေရန် ဆုတောင်း ကြ လော့ ” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
[41] ထို့နောက် ကိုယ်တော်သည် သူတို့ထံမှခဲတစ်ပစ်စာခန့်ခွာသွား၍ ဒူးထောက်လျက်
[42] “ အို အဖ ၊ အလို တော် ရှိ လျှင် ဤ ခွက် ကို အကျွန်ုပ် ထံမှ ဖယ်ရှား ပေး တော်မူ ပါ ။ သို့သော် အကျွန်ုပ် ၏ အလို အတိုင်း မ ဟုတ် ဘဲ ကိုယ်တော် ၏ အလို တော် အတိုင်း ဖြစ်စေ တော်မူ ပါ ” ဟု ဆုတောင်းတော်မူ၏။
[43] ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။
[44] ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
[45] ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
[46] “ အဘယ်ကြောင့် အိပ်ပျော် နေ ကြ သနည်း ။ ဖြားယောင်း သွေးဆောင် ရာ ထဲသို့ မ ကျရောက် စေရန် ထ ၍ ဆုတောင်း ကြ လော့ ” ဟု မိန့်တော်မူ၏။
[47] ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။
[48] သို့သော် ယေရှုက“ ယုဒ ၊ သင် သည် လူ့သား ကို အနမ်း ဖြင့် အပ်နှံ မည် လော ” ဟု မေးတော်မူ၏။
[49] ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင်
[50] သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။
[51] ထိုအခါ ယေရှုက“ ဤမျှနှင့် ရပ် လော့ ” ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။
[52] ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးများအား“ သင် တို့ သည် ဓားပြ ကို ဖမ်း သကဲ့သို့ တုတ် ၊ ဓား များ ကိုင်ဆောင် လျက် လာ ကြ သလော ။
[53] ငါ သည် နေ့ တိုင်း သင် တို့ နှင့်အတူ ဗိမာန် တော် ၌ ရှိ စဉ် သင်တို့ သည် ငါ့ ကို မ ဖမ်းဆီး ကြ ။ သို့သော် ဤသည်ကား သင် တို့ ၏ အချိန် ဖြစ် ပြီး မှောင်မိုက် ခြင်း ၏ အခွင့် အာဏာ ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[54] ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
[55] သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။
[56] ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။
[57] သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။
[58] ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။
[59] တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။
[60] သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။
[61] ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း“ ယနေ့ ပင် ကြက် မ တွန် မီ သင် သည် ငါ့ ကို သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ” ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့်
[62] အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။
[63] ယေရှုကိုစောင့်ကြပ်နေသောသူတို့သည် ကိုယ်တော်ကိုပြောင်လှောင်၍ရိုက်နှက်ကြကာ
[64] မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
[65] ထို့ပြင် အခြားစကားအမျိုးမျိုးတို့ဖြင့် ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။
[66] မိုးလင်းသောအခါ လူထုထဲမှ လူကြီးအဖွဲ့ဝင်များ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် စုဝေးကြ၍ ကိုယ်တော်ကို မိမိတို့၏တရားလွှတ်တော်ထံသို့ ခေါ်ဆောင်သွားပြီးလျှင်
[67] “သင်သည် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့ကိုပြောလော့”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း“ သင် တို့ ကို ငါ ပြော လျှင် သင် တို့ ယုံ ကြ မည် မ ဟုတ် ။
[68] သင် တို့ ကို ငါ မေး လျှင် လည်း သင် တို့ ဖြေ ကြ မည် မ ဟုတ် ။
[69] သို့သော် ယခု မှစ၍ လူ့သား သည် ဘုရားသခင် ၏ တန်ခိုး တော် လက်ယာ ဘက် ၌ ထိုင် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[70] ထိုအခါ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်ဖြစ်သလော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း“ သင် တို့ ဆို သည့် အတိုင်း ငါ ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[71] သူတို့ကလည်း “ငါတို့ကိုယ်တိုင် သူ၏နှုတ်မှ ထိုစကားကိုကြားရပြီဖြစ်၍ မည်သည့်သက်သေလိုသေးသနည်း”ဟု ဆိုကြ၏။