Skip to content
Opens in a new window
Listen to this chapter • 10:39

[1] ကိုယ်တော်​သည် ဤ​တရား​စကား​အားလုံး​ကို လူ​တို့​အား​ဟောကြား​ပြီးနောက် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​၏။

[2] ထိုစဉ် တပ်မှူး​တစ်​ယောက်​၏​အလွန်​အားထား​ရ​သော အစေအပါး​တစ်​ဦး​သည် နာမကျန်း​ဖြစ်​ပြီး သေအံ့ဆဲဆဲ​ဖြစ်​နေ​၏။

[3] ထို​တပ်မှူး​သည် ယေရှု​၏​သတင်း​ကို​ကြား​သောအခါ ဂျူး​လူမျိုး​တို့​၏​သက်ကြီးဝါကြီး​များ​ကို ကိုယ်တော်​ထံသို့​စေလွှတ်​ကာ ကြွလာ​၍ သူ့​အစေအပါး​ကို ကျန်းမာ​စေ​တော်မူ​မည့်​အကြောင်း လျှောက်​စေ​၏။

[4] သူ​တို့​သည် ယေရှု​ထံသို့​ရောက်လာ​၍ “သူ့​အတွက် ထိုသို့​ကိုယ်တော်​ပြု​ပေး​ခြင်း​ကို သူ​ခံထိုက်​ပါ​သည်။

[5] အကြောင်းမူကား သူ​သည် အကျွန်ုပ်​တို့​လူမျိုး​ကို​ချစ်​၍ အကျွန်ုပ်​တို့​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်တော်​ကို အလေးအနက်​တောင်းပန်​ကြ​၏။

[6] ထိုအခါ ယေရှု​သည် ထို​သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ တပ်မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေရာ​သို့​ရောက်​တော်မူ​သောအခါ တပ်မှူး​သည် မိတ်ဆွေ​များ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ အပင်ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွ​ဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံ​ထိုက်​ပါ။

[7] ထို့ကြောင့် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း ကိုယ်တော်​ထံသို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်ယူ​ပါ​သည်။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။

[8] ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်​အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​စေ​၏။

[9] ယေရှု​သည် ထို​စကား​တို့​ကို​ကြား​လျှင် တပ်မှူး​ကို​အံ့သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်ကြည့်​ကာ“ သင် တို့ အား ငါ ဆို မည် ။ ဤမျှလောက် ကြီးမား သော ယုံကြည် ခြင်း ကို အစ္စရေး လူမျိုး ၌ ပင် ငါ မ တွေ့ ဖူး ချေ ” ​ဟု မိန့်​တော်မူ​၏။

[10] စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သောအခါ ထို​အစေအပါး ​ကျန်းမာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။

[11] နောက်တစ်နေ့​တွင် ကိုယ်တော်​သည် နာဣန​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​ရာ တပည့်​တော်​တို့​မှစ၍ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏။

[12] မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။

[13] သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍“ မ ငို နှင့် ” ​ဟု မိန့်​တော်မူ​၏။

[14] ထို့နောက် ချဉ်းကပ်​လျက် အလောင်းစင်​ကို တို့ထိ​တော်မူ​ရာ အလောင်းစင်​ထမ်း​သော​သူ​တို့​သည် ရပ်တန့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ အချင်း လူငယ် ၊ သင့် အား ငါ ဆို မည် ။ ထ လော့ ” ​ဟု မိန့်​တော်မူ​ရာ

[15] သေ​သော​သူ​သည် ထ​ထိုင်​ပြီး စကား​ပြော​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​ကို သူ့​မိခင်​ထံ​ပြန်အပ်​တော်မူ​၏။

[16] လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။

[17] ကိုယ်တော်​၏​သတင်း​သည်​လည်း ယုဒ​နယ်​တစ်လျှောက်လုံး​နှင့် ပတ်ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။

[18] ယောဟန်​၏​တပည့်​များ​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ယောဟန်​အား ပြောပြ​ကြ​၏။ ထိုအခါ ယောဟန်​သည် မိမိ​တပည့်​နှစ်​ဦး​ကို​ခေါ်​၍

[19] သခင်​ဘုရား ​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။

[20] သူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထံသို့​စေလွှတ်​၍ ‘ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော’​ဟု မေးလျှောက်​စေ​ပါ​သည်”​ဟူ၍ လျှောက်ထား​ကြ​၏။

[21] ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။

[22] ကိုယ်တော် ​က​လည်း ယောဟန်​၏​တပည့်​တို့​အား“ သင် တို့ မြင် ရ ၊ ကြား ရ သမျှ တို့ ကို သွား ၍ ယောဟန် အား ပြောပြ ကြ လော့ ။ မျက်မမြင် တို့ သည် မျက်စိ မြင် ရ ကြ ၏ ။ ခြေ မသန်စွမ်း သူ တို့ သည် လမ်းလျှောက် နိုင် ကြ ၏ ။ အနာကြီး ရောဂါသည် တို့ သည် စင်ကြယ် ခြင်း သို့ ရောက် ကြ ၏ ။ နားမကြား သော သူ တို့ သည် ကြား ရ ကြ ၏ ။ သေ သော သူ တို့ သည် ထမြောက် စေ ခြင်း ကို ခံရ ကြ ၏ ။ ဆင်းရဲသား တို့ သည် ကောင်းမြတ် သော သတင်း ကို ကြား ရ ကြ ၏ ။

[23] ငါ့ ကြောင့် စိတ် မ ပျက် သော သူ သည် မင်္ဂလာရှိ ၏ ” ​ဟု မိန့်​တော်မူ​၏။

[24] ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“ သင် တို့ သည် မည်သည့် အရာ ကို ကြည့်ရှု ရန် တော ကန္တာရ သို့ ထွက်သွား ကြ သနည်း ။ လေ တိုက် ၍ လှုပ် နေ သော ကျူပင် ကို လော ။

[25] သို့မဟုတ် လျှင် မည်သည့် အရာ ကို ကြည့်ရှု ရန် ထွက်သွား ကြ သနည်း ။ နူးညံ့ သော အဝတ် များ ဝတ်ဆင် ထား သော သူ ကို လော ။ တင့်တယ် သော အဝတ် များ ဝတ်ဆင် လျက် သောက်စား ပျော်ပါး နေ သော သူ တို့ သည် နန်းတော် များ ၌ ရှိ ကြ ၏ ။

[26] ထိုသို့မဟုတ်လျှင် မည်သည့် အရာ ကို ကြည့်ရှု ရန် ထွက်သွား ကြ သနည်း ။ ပရောဖက် ကို လော ။ မှန် ပေ ၏ ။ ပရောဖက် ထက် ပင် ကြီးမြတ် သော သူ ဖြစ် သည် ဟု သင် တို့ အား ငါ ဆို ၏ ။

[27] ‘ ကြည့်ရှု လော့ ။ သင့် ရှေ့၌ သင် ၏ လမ်း ကို ပြင်ဆင် မည့် ငါ ၏ စေတမန် ကို သင့် ထက် အလျင် ဦးစွာ ငါ စေလွှတ် မည် ’ ​ဟု ကျမ်းစာ ၌ ရေး ထား သည် မှာ ဤ သူ ၏ အကြောင်း ပင် ဖြစ် ၏ ။

[28] သင် တို့ အား ငါ ဆို မည် ။ မိန်းမ တို့ မှ မွေးဖွား လာ သော သူ တို့ တွင် ယောဟန် ​ထက် ကြီးမြတ် သော သူ တစ် ယောက် မျှ မ ရှိ ။ သို့သော် ဘုရားသခင် ၏ နိုင်ငံ တော် ၌ အငယ်ဆုံး သော သူ သည် သူ့ ထက် ကြီးမြတ် ၏ ။ ”

[29] (အခွန်​ကောက်ခံ​သူ​များ​မှစ၍ လူ​အပေါင်း​တို့​သည် ယောဟန်​၏​ဗတ္တိဇံ​ကို​ခံယူ​ခဲ့​သဖြင့် ဤ​စကား​ကို​ကြားနာ​ရ​သောအခါ ဘုရားသခင်​ဖြောင့်မတ်​ကြောင်း​ဝန်ခံ​ကြ​၏။

[30] သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။)

[31] “ ထို့ကြောင့် ဤ ခေတ်ကာလ လူ တို့ ကို မည်သည့် အရာ နှင့် ခိုင်းနှိုင်း ရ မည်နည်း ။ သူ တို့ သည် မည်သည့် အရာ နှင့် တူ ကြ သနည်း ။

[32] သူ တို့ သည် ဈေး အရပ် ၌ ထိုင် လျက် ‘ ငါ တို့ သည် သင် တို့ အတွက် ပလွေ မှုတ် ပေး သော်လည်း သင် တို့ သည် မ က ကြ ။ ငိုချင်း ကို ဖွဲ့နွဲ့ သီဆို သော်လည်း သင် တို့ သည် မ ငိုကြွေး ကြ ’ ဟု တစ်ဦး ကို တစ်ဦး လှမ်း ၍ ပြောဆို နေ ကြ သော ကလေး သူငယ် များ နှင့် တူ ကြ ၏ ။

[33] အကြောင်းမူကား ဗတ္တိဇံ ဆရာ ယောဟန် သည် ရောက်လာ ၍ အစာ ​ကို မ စား ၊ စပျစ် ဝိုင် ကို လည်း မ သောက် ဘဲ နေ သော် ‘ သူ ၌ နတ်ဆိုး ပူး နေ သည် ’ ဟု ဆို ကြ ၏ ။

[34] လူ့သား သည် ရောက်လာ ၍ စား သောက် လျက် နေ သော် ‘ ကြည့်ရှု လော့ ။ အစားကြူး သော သူ ၊ သေသောက်ကြူး သော သူ ၊ အခွန် ကောက်ခံ သူ များ နှင့် အပြစ်သား များ ၏ အပေါင်းအသင်း ’ ဟု ဆို ကြ ပြန် ၏ ။

[35] သို့သော် ဉာဏ်ပညာ တော် သည် ဖြောင့်မတ် ကြောင်း မိမိ သားသမီး ရှိသမျှ တို့ က ဖော်ပြ ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[36] ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင် ​တော်မူ​၏။

[37] ထိုအခါ ထို​မြို့​၌​နေ​သည့် အပြစ်​များ​သော​အမျိုးသမီး​တစ်​ဦး​သည် ဖာရိရှဲ​၏​အိမ်​တွင် ကိုယ်တော်​ထိုင်​၍​စားသောက်​နေ​ကြောင်း​သိ​သဖြင့် ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​တစ်​လုံး​ကို ယူဆောင်​လာ​ပြီးလျှင်

[38] ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။

[39] ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။

[40] ထိုအခါ ယေရှု​က“ ရှိမုန် ၊ သင့် ကို ငါ ပြော စရာ တစ် ခု ရှိ ၏ ” ​ဟု မိန့်​တော်မူ​ရာ သူ​က “ပြော​ပါ ဆရာ”​ဟု ပြန်​လျှောက်​လေ​၏။

[41] ယေရှု​က​လည်း“ ကြွေးရှင် တစ် ဦး တွင် အကြွေးတင် သူ နှစ် ဦး ရှိ ၏ ။ တစ် ဦး သည် ဒေနာရိ ​ငါးရာ ၊ အခြား တစ် ဦး သည် ဒေနာရိ ငါးဆယ် အကြွေး တင် ၏ ။

[42] သူ တို့ ၌ အကြွေး ဆပ် စရာ မ ရှိ သောကြောင့် ကြွေးရှင် သည် နှစ်ဦးစလုံး တို့ ၏ အကြွေး ကို လျှော်ပစ် လိုက် လေ ၏ ။ သို့ဖြစ်လျှင် ထို သူ နှစ် ဦး တွင် မည်သူ သည် ကြွေးရှင် ကို ပို၍ ချစ် မည်နည်း ” ​ဟု မေး​တော်မူ​၏။

[43] ရှိမုန်​က​လည်း “ပို၍​များ​သော​အကြွေး​ကို လျှော်ပစ်​ခြင်း​ခံရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်တော်​က“ သင် ယူဆ သည့် အတိုင်း မှန် ၏ ” ​ဟု မိန့်​တော်မူ​၏။

[44] ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ ဤ အမျိုးသမီး ကို မြင် သလော ။ ငါ သည် သင် ၏ အိမ် သို့ ဝင် စဉ် သင် သည် ငါ့ အတွက် ခြေ ဆေး ရေ ကို မ ပေး ။ သို့သော် သူ သည် မျက်ရည် ဖြင့် ငါ့ ခြေ ကို စို စေ ၍ မိမိ ဆံပင် ဖြင့် သုတ် ပေး ၏ ။

[45] သင် သည် ငါ့ ကို မ နမ်း ။ သို့သော် သူ သည် ဝင်လာ သည့် အချိန် မှစ၍ ငါ့ ခြေ ကို အဆက်မပြတ် နမ်း လျက် နေ ၏ ။

[46] သင် သည် ငါ ၏ ခေါင်း ကို ဆီ ဖြင့် မ လိမ်း ။ သို့သော် သူ သည် ငါ ၏ ခြေ ကို ဆီမွှေး ဖြင့် လိမ်း ပေး ၏ ။

[47] ထို့ကြောင့် သင့် အား ငါ ဆို မည် ။ သူ ၏ များပြား လှ သော အပြစ် တို့ သည် ခွင့်လွှတ် ခြင်း ခံရ ပြီ ။ အကြောင်းမူကား သူ သည် များစွာ ချစ် ၏ ။ အနည်းငယ် သာ ခွင့်လွှတ် ခြင်း ခံရ သော သူ သည် အနည်းငယ် သာ ချစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[48] ထို့နောက် ထို​အမျိုးသမီး​အား“ သင် ၏ အပြစ် များ ခွင့်လွှတ် ခြင်း ခံရ ပြီ ” ​ဟု မိန့်​တော်မူ​၏။

[49] ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[50] သို့သော် ကိုယ်တော်​သည် ထို​အမျိုးသမီး​အား“ သင် ၏ ယုံကြည် ခြင်း သည် သင့် ကို ကယ်တင် ပြီ ။ ငြိမ်းချမ်း စွာ သွား လော့ ” ​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် — Chapters