[1] ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား“ မှားယွင်း စေ သော အရာ များ သည် ဧကန်မုချ သက်ရောက် မည် ဖြစ် ၏ ။ သို့သော် ထို အရာ များ ကို သက်ရောက် စေ သော သူ သည် အမင်္ဂလာရှိ ၏ ။
[2] ထို သူ သည် ဤ ငယ် သော သူ များ ထဲမှ တစ်စုံတစ်ဦး ကို မှားယွင်း စေ သည် ထက် ကြိတ်ဆုံ ကျောက် ကို မိမိ လည်ပင်း ၌ ဆွဲ လျက် ပင်လယ် ထဲသို့ ပစ်ချ ခံရ လျှင် သူ့ အတွက် သာ၍ ကောင်း ၏ ။
[3] သင် တို့ သည် မိမိတို့ကိုယ်ကို သတိထား ကြ လော့ ။ သင် ၏ ညီအစ်ကို သည် သင့် ကို ပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့ ။ သူ သည် နောင်တရ လျှင် သူ့ ကို ခွင့်လွှတ် လော့ ။
[4] တစ် နေ့ အတွင်း သင့် ကို ခုနစ်ကြိမ် ပြစ်မှား လျက် သင့် ထံသို့ ခုနစ်ကြိမ် တိုင်တိုင် လာ ၍ ‘ အကျွန်ုပ် နောင်တရ ပါ ၏ ’ ဟု ဆို လျှင် သူ့ ကို ခွင့်လွှတ် ရ မည် ” ဟု မိန့်တော်မူ၏။
[5] ထိုအခါ တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”ဟု လျှောက်ကြ၏။
[6] သခင်ဘုရားကလည်း“ သင် တို့ တွင် မုန်ညင်းနက် စေ့ ခန့်မျှ ယုံကြည် ခြင်း ရှိ ပါက ဤ ပိုးစာပင် အား ‘ အမြစ် ပါ ကျွတ် ၍ ပင်လယ် ထဲမှာ စိုက် လျက် နေ လော့ ’ ဟု ပြော လျှင် ၎င်း သည် သင် တို့ ကို နာခံ လိမ့်မည် ။
[7] သင် တို့ တွင် လယ်လုပ် သော အစေအပါး ၊ သို့မဟုတ် သိုး ကို ထိန်းကျောင်း သော အစေအပါး ရှိ ၍ ထို အစေအပါး သည် လယ် မှ ပြန်လာ သောအခါ ‘ အလျင်အမြန် လာ ပြီး ထိုင် ၍ စား လော့ ’ ဟု ဆို မည့် သူ ရှိ သလော ။
[8] ထိုသို့ မ ဆို ဘဲ ‘ ငါ့ အတွက် စားစရာ တစ်စုံတစ်ခု ပြင်ဆင် ၍ ငါ စား သောက် ပြီး သည် အထိ ခါးစည်း လျက် ငါ အလိုရှိ ရာ ကို ဆောင်ရွက် လော့ ။ ထို့နောက်မှ သင် သည် စား သောက် လော့ ’ ဟု ဆို မည် မ ဟုတ် လော ။
[9] အစေအပါး သည် စေခိုင်း ထား သည့် အတိုင်း ဆောင်ရွက် သောကြောင့် သခင် သည် သူ့ ကို ကျေးဇူး တင် သလော ။
[10] ထိုနည်းတူ သင် တို့ သည် လည်း သင် တို့ အား စေခိုင်း သည့် အရာ အားလုံး ကို ဆောင်ရွက် ပြီး သောအခါ ‘ အကျွန်ုပ် တို့ သည် အကျိုးမပြု သော အစေအပါး များ ဖြစ် ကြ ပါ ၏ ။ ဆောင်ရွက် ရ မည့် အမှု ကို ဆောင်ရွက် ခဲ့ ခြင်း သာ ဖြစ် ပါ ၏ ’ ဟု ဆို ကြ လော့ ” ဟူ၍ မိန့်တော်မူ၏။
[11] ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ကြွတော်မူစဉ် ရှမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။
[12] ရွာတစ်ရွာသို့ဝင်တော်မူသောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အဝေး၌ရပ်လျက်
[13] အသံကိုကျယ်စွာပြု၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ”ဟု လျှောက်ကြ၏။
[14] ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“ သင် တို့ သည် ယဇ်ပုရောဟိတ် များ ထံသို့ သွား ၍ မိမိတို့ကိုယ်ကို ပြ ကြ လော့ ” ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။
[15] သူတို့ထဲမှတစ်ဦးသည် မိမိအနာရောဂါပျောက်ကင်းသွားကြောင်းသိမြင်သောအခါ ကျယ်လောင်သောအသံဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် ပြန်လာကာ
[16] ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။
[17] ယေရှုကလည်း“ စင်ကြယ် ခြင်း သို့ ရောက် သော သူ မှာ လူ ဆယ် ဦး မ ဟုတ် လော ။ အခြား ကိုး ဦး ကား အဘယ်မှာ နည်း ။
[18] ဘုရားသခင် ၏ ဘုန်း တော် ကို ချီးမွမ်း ရန် ပြန်လာ သော သူ သည် ဤ တစ်ပါးအမျိုးသား မှလွဲ၍ တစ် ဦး မျှ မ ရှိ သလော ” ဟု မိန့်တော်မူ၏။
[19] ထို့နောက် ထိုသူအား“ ထ ၍ သွား လော့ ။ သင် ၏ ယုံကြည် ခြင်း သည် သင့် ကို ကျန်းမာ စေ ပြီ ” ဟု မိန့်တော်မူ၏။
[20] တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ ဘုရားသခင် ၏ နိုင်ငံ တော် သည် မျက်မြင် တွေ့ နိုင် သော အရာ အဖြစ် ပေါ်ထွန်း မည် မ ဟုတ် ။
[21] ကြည့် လော့ ။ ဤ အရပ် ၌ ရှိ သည် ၊ သို့မဟုတ် ထို အရပ် ၌ ရှိ သည် ဟူ၍ လည်း မ ပြော နိုင် ။ အကြောင်းမူကား ဘုရားသခင် ၏ နိုင်ငံ တော် သည် သင် တို့ ၏ အထဲ၌ ရှိ ၏ ” ဟု မိန့်တော်မူ၏။
[22] ထို့နောက် တပည့်တော်တို့အား“ သင် တို့ သည် လူ့သား ၏ နေ့ရက် များ ထဲမှ တစ် ရက် ကို ပင် အလွန် တွေ့မြင် လို သော်လည်း မ တွေ့မြင် ရ သည့် နေ့ရက် များ ရောက်လာ လိမ့်မည် ။
[23] ထိုအခါ လူ တို့ က သင် တို့ အား ‘ ကြည့် လော့ ။ ထို အရပ် ၌ ရှိ ၏ ’ သို့မဟုတ် ကြည့် လော့ ။ ဤ အရပ် ၌ ရှိ ၏ ’ ဟု ဆို ကြ လျှင် လည်း လိုက် မ သွား ကြ နှင့် ။
[24] အကြောင်းမူကား လျှပ်စီး သည် လက် ၍ မိုး ကောင်းကင် တစ်ဖက် မှ မိုး ကောင်းကင် အခြား တစ်ဖက် တိုင်အောင် ထွန်းလင်း သကဲ့သို့ လူ့သား သည် မိမိ နေ့ရက် ၌ ထိုနည်းတူ ဖြစ် လိမ့်မည် ။
[25] သို့သော် သူ သည် ပထမ ဦးစွာ ဒုက္ခ ဝေဒနာ များစွာ ခံစား ရ ၍ ဤ မျိုးဆက် ၏ ငြင်းပယ် ခြင်း ကို ခံ ရ လိမ့်မည် ။
[26] နောဧ ၏ နေ့ရက် များ ၌ ဖြစ် သကဲ့သို့ လူ့သား ၏ နေ့ရက် များ ၌ လည်း ဖြစ် လိမ့်မည် ။
[27] နောဧ သည် သင်္ဘော ထဲသို့ ဝင် သည့် နေ့ တိုင်အောင် လူ တို့ သည် စား သောက် လျက် ၊ ထိမ်းမြား စုံဖက် လျက် ၊ ပေးစား ဆောင်နှင်း လျက် နေ ၍ ရေ လွှမ်းမိုး ခြင်း ရောက်လာ ကာ သူတို့ အားလုံး ကို ဖျက်ဆီး လေ ၏ ။
[28] ထိုနည်းတူ လောတ ၏ နေ့ရက် များ ၌ လည်း လူ တို့ သည် စား သောက် လျက် ၊ ရောင်း ဝယ် လျက် ၊ စိုက်ပျိုး တည်ဆောက် လျက် နေ ခဲ့ ကြ ၏ ။
[29] သို့သော် လောတ သည် သောဒုံ မြို့ မှ ထွက်ခွာ သွား သော နေ့ ၌ ပင် မိုး ကောင်းကင် မှ ကန့် နှင့် မီး ရွာသွန်း ၍ သူတို့ အားလုံး ကို ဖျက်ဆီး လေ ၏ ။
[30] လူ့သား ပေါ်ထွန်း သော နေ့ရက် ၌ လည်း ထိုနည်းတူ ဖြစ် လိမ့်မည် ။
[31] ထို နေ့ရက် ၌ လေသာဆောင် ပေါ်တွင် ရှိ သော သူ သည် အိမ် ထဲ၌ မိမိ ဥစ္စာ ပစ္စည်း များ ရှိ လျှင် ၎င်း တို့ ကို ယူ ရန် အောက်သို့ မ ဆင်း စေ နှင့် ။ ထိုနည်းတူ လယ် ၌ ရှိ သော သူ သည် လည်း နောက် သို့ ပြန် မ လှည့် စေ နှင့် ။
[32] လောတ ၏ ဇနီး ကို သတိရ ကြ လော့ ။
[33] မိမိ အသက် ကို ထိန်းသိမ်း စောင့်ရှောက် ရန် ကြိုးစား သော သူ သည် အသက် ကို ဆုံးရှုံး ရ လိမ့်မည် ။ မိမိ အသက် ကို ဆုံးရှုံး ရ သော သူ မူကား အသက် ကို ထိန်းသိမ်း စောင့်ရှောက် လိမ့်မည် ။
[34] သင် တို့ အား ငါ ဆို မည် ။ ထို ည တွင် ခုတင် တစ် ခု ပေါ်၌ ရှိ သော လူ နှစ် ဦး တို့ တွင် တစ် ဦး သည် ခေါ်ဆောင် သွား ခြင်း ခံရ ၍ အခြား တစ် ဦး သည် ကျန်ရစ် ရ လိမ့်မည် ။
[35] ကြိတ်ဆုံ အတူ ကြိတ် နေ သော အမျိုးသမီး နှစ် ဦး တို့ တွင် တစ် ဦး သည် ခေါ်ဆောင် သွား ခြင်း ခံရ ၍ အခြား တစ် ဦး သည် ကျန်ရစ် ရ လိမ့်မည် ။
[36] [ လယ် ၌ ရှိ သော လူ နှစ် ဦး တို့ တွင် တစ် ဦး သည် ခေါ်ဆောင် သွား ခြင်း ခံရ ၍ အခြား တစ် ဦး သည် ကျန်ရစ် ရ လိမ့်မည် ] ” ဟု မိန့်တော်မူ၏။
[37] တပည့်တော်တို့ကလည်း “သခင်၊ မည်သည့်အရပ်၌ ထိုသို့ဖြစ်မည်နည်း”ဟု မေးလျှောက်ကြသော် ကိုယ်တော်က“ အသေကောင် ရှိ ရာ အရပ် ၌ လင်းတ တို့ သည် လည်း စုဝေး ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။