Skip to content
Opens in a new window
Listen to this chapter • 5:53

[1] အခွန်​ကောက်ခံ​သူ​တို့​နှင့် အပြစ်သား​အပေါင်း​တို့​သည် ကိုယ်တော်​၏​တရား​တော်​ကို​နားထောင်​ရန် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။

[2] ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “ဤ​သူ​သည် အပြစ်သား​များ​ကို​လက်ခံ​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။

[3] သို့သော် ကိုယ်တော်​သည် သူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ

[4] “ သင် တို့ ထဲမှ တစ်စုံတစ်ဦး ၌ သိုး အကောင် တစ်ရာ ရှိ ပြီး ၎င်း တို့ ထဲမှ တစ် ကောင် သည် ပျောက်ဆုံး လျှင် သူ သည် ကိုးဆယ့်ကိုး ကောင် ကို တော ကန္တာရ ၌ ထား ခဲ့ ၍ ပျောက်ဆုံး သော သိုး ကို မတွေ့မချင်း လိုက်ရှာ မည် မ ဟုတ် လော ။

[5] ထို သိုး ကို တွေ့ လျှင် သူ သည် ဝမ်းမြောက် လျက် ၎င်း ကို မိမိ ပခုံး ပေါ် တင် ၍

[6] အိမ် သို့ ပြန်လာ ပြီးလျှင် မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် လျက် ‘ ပျောက်ဆုံး သော ငါ့ သိုး ကို ပြန် တွေ့ ပြီ ဖြစ်၍ ငါ နှင့်အတူ ဝမ်းမြောက် ကြ လော့ ’ ဟု ဆို လိမ့်မည် ။

[7] ထိုနည်းတူ နောင်တရ စရာ မ လို သည့် ဖြောင့်မတ် သော သူ ကိုးဆယ့်ကိုး ဦး အတွက် ထက် နောင်တရ သည့် အပြစ်သား တစ် ဦး အတွက် ကောင်းကင် ဘုံ ၌ ပို၍ ကြီးမား သော ဝမ်းမြောက် ခြင်း ရှိ လိမ့်မည် ဟု သင် တို့ အား ငါ ဆို ၏ ။

[8] ထိုမှတစ်ပါး အမျိုးသမီး တစ်ဦး ၌ ငွေ ဒင်္ဂါး ဆယ် ပြား ရှိ ပြီး ၎င်း တို့ ထဲမှ တစ် ပြား သည် ပျောက်ဆုံး လျှင် သူ သည် ဆီမီး ထွန်း ၍ အိမ် ကို လှဲကျင်း ကာ ၎င်း ကို မတွေ့မချင်း သေချာ စွာ ရှာ မည် မ ဟုတ် လော ။

[9] ထို ဒင်္ဂါး ကို တွေ့ လျှင် သူ သည် မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် လျက် ‘ ပျောက်ဆုံး သော ငွေ ဒင်္ဂါး ကို ငါ ပြန် တွေ့ ပြီ ဖြစ်၍ ငါ နှင့်အတူ ဝမ်းမြောက် ကြ လော့ ’ ဟု ဆို လိမ့်မည် ။

[10] ထိုနည်းတူ နောင်တရ သော အပြစ်သား တစ် ဦး အတွက် ဘုရားသခင် ၏ ကောင်းကင်တမန် များ ထဲတွင် ဝမ်းမြောက် ခြင်း ရှိ ၏ ဟု သင် တို့ အား ငါ ဆို ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

[11] တစ်ဖန် ကိုယ်တော်​က“ လူ တစ် ဦး ၌ သား နှစ် ယောက် ရှိ ၏ ။

[12] သားငယ် သည် ဖခင် အား ‘ အဖေ ၊ အကျွန်ုပ် ရ ထိုက် သော အမွေ ပစ္စည်း ကို ခွဲဝေ ပေး ပါ ’ ဟု ဆို သဖြင့် ဖခင် သည် သူ ၏ ဥစ္စာ ပစ္စည်း များ ကို သူ တို့ အား ခွဲဝေ ပေး လေ ၏ ။

[13] ထို့နောက် ရက် များ မကြာမီ သားငယ် သည် မိမိ ၌ ရှိသမျှ တို့ ကို စုစည်း ပြီးလျှင် ဝေးလံ သော တိုင်းပြည် သို့ ခရီးထွက် ၍ ထို အရပ် ၌ အထိန်း အကွပ် မ ရှိ အသက်ရှင် လျက် မိမိ ၏ အမွေ ပစ္စည်း များ ကို ဖြုန်းတီး လေ ၏ ။

[14] မိမိ ၌ ရှိသမျှ တို့ ကို အကုန် သုံးစွဲ ပြီး သောအခါ ထို ပြည် အနှံ့ တွင် ကြီးစွာ သော ငတ်မွတ် ခေါင်းပါး ခြင်း ဘေး ကျရောက် သဖြင့် သူ သည် ဆင်းရဲ နွမ်းပါး ခြင်း သို့ ရောက် လေ ၏ ။

[15] ထိုအခါ သူ သည် ထို ပြည် မှ ပြည်သား တစ် ဦး ထံ သွားရောက် မှီခို ရာ ထို သူ သည် ဝက် တို့ ကို ထိန်းကျောင်း ရန် သူ့ ကို မိမိ လယ် သို့ စေလွှတ် လေ ၏ ။

[16] သူ သည် ဝက် များ စား နေ သော ပဲတောင့် များ ဖြင့် မိမိ ဝမ်း ကို ဖြည့် ရန် တောင့်တ ခဲ့ ၏ ။ သို့သော် မည်သူ က မျှ သူ့ ကို စားစရာ မ ပေး ခဲ့ ချေ ။

[17] ထိုအခါ သူ သည် အသိတရား ပြန် ရ ၍ ‘ ငါ့ အဖေ ထံ၌ အလုပ်သမား မည်မျှပင် များ စေကာမူ သူ တို့ တွင် စားစရာ ​အလျှံပယ် ရှိ ၏ ။ ငါ မူကား ဤ အရပ် ၌ အစာငတ် လျက် သေ လုမတတ် ဖြစ် နေ ရ ၏ ။

[18] ငါ သည် ထ ၍ ငါ့ အဖေ ထံသို့ သွား ပြီး ‘ အဖေ ၊ အကျွန်ုပ် သည် ကောင်းကင် ကို လည်းကောင်း ၊ အဖေ့ ကို လည်းကောင်း ပြစ်မှား ခဲ့ ပါ ပြီ ။

[19] အကျွန်ုပ် သည် အဖေ ၏ သား ဟူ၍ အခေါ် ခံ ရန် မ ထိုက်တန် တော့ ပါ ။ အကျွန်ုပ် ကို အဖေ ၏ အလုပ်သမား တစ် ဦး အဖြစ် ထား ပါ ’ ဟူ၍ ငါ ပြော မည် ဟု ဆို ပြီးလျှင်

[20] ထ ၍ မိမိ ဖခင် ထံသို့ ပြန်လာ လေ ၏ ။ သူ သည် အဝေး ၌ ရှိ နေ စဉ် ပင် သူ ၏ ဖခင် သည် သူ့ ကို မြင် လျှင် ကြင်နာ စိတ် ရှိ သဖြင့် ပြေး လာ ၍ သူ့ ကို ဖက် လျက် နမ်း လေ ၏ ။

[21] သား က လည်း ‘ အဖေ ၊ အကျွန်ုပ် သည် ကောင်းကင် ကို လည်းကောင်း ၊ အဖေ့ ကို လည်းကောင်း ပြစ်မှား ခဲ့ ပါ ပြီ ။ အကျွန်ုပ် သည် အဖေ ၏ သား ဟူ၍ အခေါ် ခံ ရန် မ ထိုက်တန် တော့ ပါ ’ ဟု ဆို ၏ ။

[22] သို့သော် ဖခင် သည် မိမိ အစေအပါး တို့ အား ‘ အကောင်းဆုံး သော ဝတ်လုံ ကို အမြန် ယူခဲ့ ၍ သူ့ ကို ဝတ် ပေး ကြ လော့ ။ လက် ၌ လက်စွပ် ကို စွပ် ပေး ၍ ခြေ ၌ ဖိနပ် ကို စီး စေ ကြ လော့ ။

[23] ဆူဖြိုး သော နွားသငယ် ကို လည်း ဆွဲ လာ ၍ သတ် ကြ လော့ ။ ငါ တို့ သည် ပျော်ရွှင် စွာ စား ကြ စို့ ။

[24] အကြောင်းမူကား ငါ ၏ ဤ သား သည် သေဆုံး ခဲ့ သော်လည်း ပြန် ရှင်လာ ပြီး ပျောက်ဆုံး ခဲ့ သော်လည်း ပြန် တွေ့ ရ ပြီ ’ ဟု ဆို လေ ၏ ။ ထို့နောက် သူ တို့ သည် ပျော်ပွဲရွှင်ပွဲ ကို အစပြု ကြ လေ ၏ ။

[25] လယ် ၌ ရှိ သော သား ကြီး သည် ပြန်လာ ၍ အိမ် အနီး သို့ ရောက်လာ သောအခါ တီးမှုတ် သံ နှင့် ကခုန် သံ တို့ ကို ကြား ရ သဖြင့်

[26] အစေခံ တစ် ဦး ကို ခေါ် ၍ ‘ မည်သည့် အခြင်းအရာ များ ဖြစ်ပျက် နေ သနည်း ’ ဟု မေးမြန်း လေ ၏ ။

[27] အစေခံ က လည်း ‘ သင် ၏ ညီ ပြန် ရောက်လာ ပြီ ။ သူ့ ကို ကျန်းမာ စွာ ဖြင့် ပြန် တွေ့ ရ သည့် အတွက် သင် ၏ ဖခင် သည် ဆူဖြိုး သော နွားသငယ် ကို သတ် ပါ ပြီ ’ ဟု ပြောဆို ၏ ။

[28] ထိုအခါ သား ကြီး သည် အမျက်ထွက် ၍ အထဲသို့ မ ဝင် လို သောကြောင့် သူ ၏ ဖခင် သည် အပြင် သို့ ထွက်လာ ၍ သူ့ ကို ဖျောင်းဖျ လေ ၏ ။

[29] သို့ရာတွင် သူ သည် ဖခင် အား ‘ အကျွန်ုပ် သည် နှစ် ပေါင်း များစွာ အဖေ့ ကို အစေခံ ၍ အဖေ ၏ အမိန့် ကို တစ်ခါမျှ မ လွန်ဆန် ခဲ့ ပါ ။ သို့သော် အကျွန်ုပ် သည် အကျွန်ုပ် ၏ မိတ်ဆွေ များ နှင့်အတူ ပျော်ရွှင် ရန် အဖေ သည် အကျွန်ုပ် အား ဆိတ် တစ် ကောင် ကို မျှ မ ပေး ဖူး ပါ ။

[30] သို့ရာတွင် အဖေ ၏ ဥစ္စာ ပစ္စည်း များ ကို ပြည့်တန်ဆာ များ နှင့် ဖြုန်းတီး ခဲ့ သည့် အဖေ ၏ ဤ သား ပြန်လာ သောအခါ ၌ မူ သူ့ အတွက် ဆူဖြိုး သော နွားသငယ် ကို သတ် ပေး သည် တကား ’ ဟု ဆို ၏ ။

[31] ဖခင် က လည်း ‘ ငါ့ သား ၊ သင် သည် ငါ နှင့်အတူ အမြဲ ရှိ နေ ၏ ။ ငါ ၏ ဥစ္စာ ရှိသမျှ သည် သင် ၏ ဥစ္စာ ဖြစ် ၏ ။

[32] သို့သော် သင် ၏ ညီ သည် သေဆုံး ခဲ့ သော်လည်း အသက် ပြန် ရှင် ပြီး ပျောက်ဆုံး ခဲ့ သော်လည်း ပြန် တွေ့ ရ သည် ဖြစ်၍ ယခု ဝမ်းမြောက် ပျော်ရွှင် သင့် ၏ ’ ဟု ဆို လေ ၏ ” ​ဟူ၍ မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် — Chapters