Skip to content
Opens in a new window
Listen to this chapter • 12:37

[1] ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား နတ်ဆိုး​အပေါင်း​တို့​ကို​နိုင်​၍ ရောဂါ​များ​ကို​ငြိမ်း​စေ​နိုင်​သော တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို​ပေး​တော်မူ​၏။

[2] ထို့နောက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​ရန်​နှင့် နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေရန် သူ​တို့​ကို​စေလွှတ်​တော်မူ​၍

[3] “ လမ်း ခရီး အတွက် မည်သည့် အရာ ကို မျှ မ ယူ သွား ကြ နှင့် ။ တောင်ဝှေး ၊ လွယ်အိတ် ၊ အစားအစာ ​နှင့် ငွေ တို့ ကို လည်း မ ယူ သွား ကြ နှင့် ။ အင်္ကျီ ကို လည်း အပို မ ဆောင် ကြ နှင့် ။

[4] မည်သည့် အိမ် သို့ မဆို သင် တို့ ဝင် ကြ သောအခါ ထို အရပ် မှ ပြန်လည် ထွက်ခွာ သည့် တိုင်အောင် ထို အိမ် ၌ တည်းခို ကြ လော့ ။

[5] မည်သူ မျှ သင် တို့ ကို လက် မ ခံ လျှင် ထို မြို့ မှ ထွက်သွား ကြ စဉ် သူ တို့ တစ်ဖက် ၌ သက်သေ ဖြစ် စေရန် သင် တို့ ခြေဖဝါး မှ မြေမှုန့် ကို ခါချ ခဲ့ ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[6] သူ​တို့​သည်​လည်း ထွက်သွား​ပြီးလျှင် တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ အရပ်ရပ်​တို့​တွင် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။

[7] နယ်စား​ဟေရုဒ်​သည် ဖြစ်ပျက်​နေ​သော​အရာ​အားလုံး​ကို​ကြား​ရ​သောအခါ ဝေခွဲမရ​ဖြစ်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် လူ​အချို့​တို့​က “ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ”​ဟူ၍​လည်းကောင်း၊

[8] အချို့​တို့​က “ဧလိယ​ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ အချို့​တို့​က​လည်း “ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။

[9] ဟေရုဒ်​က​လည်း “ယောဟန်​၏​ဦးခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့ရာတွင် ဤမျှလောက် ငါ​သတင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်သူ​နည်း”​ဟု ဆို​လျက် ကိုယ်တော်​ကို​တွေ့မြင်​ရ​ရန် ရှာကြံ​လေ​၏။

[10] တမန်တော်​တို့​သည် ပြန်လာ​၍ သူ​တို့​ပြု​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား ကြားလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်ဇဲဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​၏။

[11] သို့သော် လူထု​ပရိသတ်​များ​သည် သိ​ကြ​သဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ကြိုဆို​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။ ကျန်းမာ​ခြင်း​လိုအပ်​သော​သူ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။

[12] ညနေစောင်း​သောအခါ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​သောကြောင့် လူထု​ပရိသတ်​တို့​သည် ဝန်းကျင်​ရှိ ကျေးလက်​တောရွာ​များ​သို့​သွား​၍ တည်းခို​နိုင်​ရန်​နှင့် အစားအစာ​များ​ရရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

[13] သို့သော် ကိုယ်တော်​က“ သင် တို့ ကိုယ်တိုင် သူ တို့ အား စား စရာ ပေး ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အားလုံး​အတွက် အစားအစာ​များ​ကို အကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​လျှင် အကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

[14] (ထိုသို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါးထောင်​ခန့်မျှ​ရှိ​သောကြောင့်​ဖြစ်​၏။) ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“ လူ တို့ ကို ငါးဆယ် ခန့် စီ စု ၍ ထိုင် ​စေ ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[15] တပည့်​တော်​တို့​သည်​လည်း အမိန့်​တော်​အတိုင်း​ဆောင်ရွက်​ကြ​လျက် လူ​အားလုံး​တို့​ကို​ထိုင်​စေ​ကြ​၏။

[16] ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူထု​ပရိသတ်​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။

[17] လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​ရ​ကြ​၏။

[18] တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ လူထု ပရိသတ် တို့ သည် ငါ့ ကို မည်သူ ဖြစ် သည် ဟု ဆို ကြ သနည်း ” ​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။

[19] သူ​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆိုကြ​၍ အချို့​တို့​က​လည်း ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်လျှောက်​ကြ​၏။

[20] ယေရှု​က​လည်း“ သင် တို့ မူကား ငါ့ ကို မည်သူ ဖြစ် သည် ဟု ဆို ကြ သနည်း ” ​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ဘုရားသခင်​၏​ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်လျှောက်​လေ​၏။

[21] ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင်

[22] “ လူ့သား သည် ဒုက္ခ ဝေဒနာ များစွာ ခံစား ရ လျက် သက်ကြီးဝါကြီး များ ၊ ယဇ်ပုရောဟိတ် အကြီးအကဲ များ နှင့် ကျမ်းပြု ဆရာ များ ၏ ငြင်းပယ် ခြင်း ကို ခံရ ၍ အသေ သတ် ခြင်း ခံရ ပြီး သုံး ရက် မြောက် သော နေ့ ၌ ထမြောက် ရ မည် ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[23] ထို့နောက် လူ​အပေါင်း​တို့​အား“ မည်သူမဆို ငါ့ နောက် သို့ လိုက် လို လျှင် မိမိကိုယ်ကို ငြင်းပယ် ပြီး မိမိ ၏ လက်ဝါးကပ်တိုင် ကို နေ့စဉ် ထမ်း လျက် ငါ့ နောက် သို့ လိုက် ရ မည် ။

[24] အကြောင်းမှာ မိမိ အသက် ကို ကယ်တင် လို သော သူ သည် အသက် ကို ဆုံးရှုံး ရ လိမ့်မည် ။ ငါ့ အတွက် မိမိ အသက် ကို ဆုံးရှုံး ရ သော သူ မူကား မိမိ အသက် ကို ကယ်တင် လိမ့်မည် ။

[25] လူ သည် ကမ္ဘာ လောက တစ်ခုလုံး ကို ရရှိ သော်လည်း သူကိုယ်တိုင် ပျက်စီး လျှင် ၊ သို့မဟုတ် ဆုံးရှုံး လျှင် မည်သည့် အကျိုး ရှိ မည်နည်း ။

[26] မည်သူမဆို ငါ နှင့် ငါ့ တရား စကား အတွက် ရှက် လျှင် လူ့သား သည် လည်း မိမိ ၏ ဘုန်း အသရေ ၊ ခမည်းတော် ၏ ဘုန်း အသရေ နှင့် သန့်ရှင်း သော ကောင်းကင်တမန် များ ၏ ဘုန်း အသရေ တို့ ကို ဆောင် လျက် ကြွလာ သောအခါ ထို သူ အတွက် ရှက် လိမ့်မည် ။

[27] သင် တို့ အား ငါ အမှန် ဆို မည် ။ ဤ နေရာ ၌ ရပ် နေ သော သူ တို့ တွင် ဘုရားသခင် ၏ နိုင်ငံ တော် ကို မ မြင် မီ သေ ခြင်း ကို မ မြည်းစမ်း ရ သော သူ အချို့ ရှိ ၏ ” ​ဟု မိန့်​တော်မူ​၏။

[28] ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီးနောက် ရှစ်​ရက်​ခန့်​ကြာ​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယောဟန်​နှင့် ယာကုပ်​တို့​ကို​ခေါ်​၍ ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​သွား​တော်မူ​၏။

[29] ကိုယ်တော်​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် မျက်နှာ​တော်​၏​အဆင်း​သဏ္ဌာန်​သည် ထူးခြား​လာ​၍ အဝတ်​တော်​သည် ဖြူဖွေး​တောက်ပ​လာ​၏။

[30] ထို​အချိန်​တွင် လူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​နေ​ကြ​၏။ ထို​သူ​တို့​မှာ မောရှေ​နှင့်​ဧလိယ​တို့​ဖြစ်​ကြ​၏။

[31] သူ​တို့​သည် ဘုန်း​အသရေ​နှင့်တကွ​ပေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင်​ပြည့်စုံ​တော့မည့် ကိုယ်တော်​၏​အသေ​ခံ​တော်မူ​ခြင်း ​အကြောင်း​ကို ပြောဆို​နေ​ကြ​၏။

[32] ပေတရု​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် မျက်စိ​လေး​၍ အိပ်မောကျ​နေ​ကြ​၏။ သို့သော် ကောင်းစွာ​နိုး​လာ​သောအခါ ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​နှင့်အတူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်းကောင်း မြင်​ကြ​၏။

[33] ထို​သူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​ကြ​စဉ် ပေတရု​က “သခင်၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု မိမိ​မည်သည့်​အရာ​ပြောဆို​နေ​သည်​ကို​မ​သိ​ဘဲ ယေရှု​အား လျှောက်ထား​လေ​၏။

[34] ထိုသို့ ပေတရု​လျှောက်ထား​စဉ် မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိုးတိမ်​ထဲသို့ ရောက်​သွား​စဉ် ကြောက်ရွံ့​ကြ​၏။

[35] ထိုအခါ မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၍ “ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​သား​ပေတည်း။ သူ​၏​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

[36] ထို​အသံ​တော်​ထွက်ပေါ်​လာ​ပြီး​သည့်​နောက် ယေရှု​တစ်ပါးတည်း​ကို​သာ​တွေ့မြင်​ရ​တော့​၏။ တပည့်​တော်​တို့​သည် မိမိ​တို့​တွေ့မြင်​ရ​သည့်​အရာ​ကို ထို​နေ့ရက်​များ​၌ မည်သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏။

[37] နောက်တစ်နေ့​တွင် သူ​တို့​သည် တောင်​ပေါ်မှ​ဆင်း​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။

[38] ထိုအခါ လူထု​ပရိသတ်​ထဲမှ လူ​တစ်​ဦး​က “ဆရာ၊ အကျွန်ုပ်​၏​သား​ကို​ကြည့်ရှု​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​၏။ အကြောင်းမူကား သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်း​သော​သား​ဖြစ်​ပါ​၏။

[39] နတ်​သည် သူ့​ကို​ဝင်​ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်​တတ်​ပါ​၏။ ထို့နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါးစပ်​မှ​အမြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်းပဲ့​နာကျင်​စေ​ပြီးလျှင် သူ့​အထဲမှ​ထွက်​ခဲ​လှ​ပါ​၏။

[40] သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန်​တောင်းပန်​သော်လည်း သူ​တို့​သည် မ​တတ်နိုင်​ကြ​ပါ”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။

[41] ယေရှု​က​လည်း“ အို ယုံကြည် ခြင်း မ ရှိ ၊ ဖောက်ပြန် လမ်းလွဲ သော မျိုးဆက် ၊ ငါ သည် သင် တို့ နှင့်အတူ မည်မျှ ကြာအောင် နေ ၍ သင် တို့ ကို သည်းခံ ရ မည်နည်း ။ သင် ၏ သား ကို ဤ နေရာ သို့ ခေါ် ခဲ့ လော့ ” ​ဟု မိန့်​တော်မူ​၏။

[42] သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။

[43] ထိုအခါ လူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ ကိုယ်တော် ​ပြု​တော်မူ​သော​အရာ​အားလုံး​ကို လူ​အပေါင်း​တို့​အံ့သြ​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား

[44] “ ဤ စကား များ ကို သင် တို့ နား ထဲ၌ စွဲမြဲ စေ ကြ လော့ ။ လူ့သား သည် လူ တို့ ၏ လက် သို့ အပ်နှံ ခြင်း ခံရ တော့မည် ” ​ဟု မိန့်​တော်မူ​၏။

[45] သို့သော် ထို​စကား​ကို တပည့်​တော်​တို့​နား​မ​လည်​စေရန် ဖုံးကွယ်​ထား​သဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စကား​နှင့်​ပတ်သက်၍ ကိုယ်တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။

[46] ထို့နောက် တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု အချင်းချင်း​ငြင်းခုံ​ကြ​၏။

[47] ယေရှု​သည် သူ​တို့​၏​စိတ်နှလုံး​တွေးတော​ဆင်ခြင်​မှု​ကို သိ​တော်မူ​လျက် သူငယ်​တစ်​ဦး​ကို​ခေါ်​၍ မိမိ​အနား​တွင်​ရပ်​စေ​ပြီးလျှင်

[48] “ ဤ သူငယ် တစ် ဦး ကို ငါ ၏ နာမ ၌ လက်ခံ သော သူ သည် ငါ့ ကို လက်ခံ ၏ ။ ငါ့ ကို လက်ခံ သော သူ သည် ငါ့ ကို စေလွှတ် တော်မူ သော အရှင် ကို လက်ခံ ၏ ။ အကြောင်းမူကား သင် တို့ အားလုံး တွင် အငယ်ဆုံး သော သူ သည် ကြီးမြတ် သော သူ ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[49] ထိုအခါ ယောဟန်​က “သခင်၊ သခင်​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။

[50] သို့သော် ယေရှု​က“ မ တားမြစ် ကြ နှင့် ။ အကြောင်းမူကား သင် တို့ ကို မ ဆန့်ကျင် သော သူ သည် သင် တို့ ဘက်သား ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[51] ကိုယ်တော်​သည် ကောင်းကင်ဘုံ​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​မည့်​နေ့ရက် နီးကပ်​လာ​သောအခါ ဂျေရုဆလင်​မြို့​သို့​ကြွ​ရန် ရှေးရှု​လျက်

[52] စေတမန်​တို့​ကို မိမိ​ရှေ့​မှ​စေလွှတ်​တော်မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်တော်​အတွက်​ပြင်ဆင်​ထား​ရန် ရှမာရိ​နယ်သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။

[53] သို့သော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ဦးတည်​လျက် ခရီး​သွား​နေ​သည်​ဖြစ်​သောကြောင့် ထို​ရွာသား​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။

[54] တပည့်​တော်​ယာကုပ်​နှင့်​ယောဟန်​တို့​သည် ထို​အဖြစ်​ကို​မြင်​လျှင် “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မိုး​ကောင်းကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်ကျွမ်း​စေရန် ကိုယ်တော်​အလိုရှိ​ပါ​သလော”​ဟု မေးလျှောက်​ကြ​၏။

[55] သို့သော် ကိုယ်တော်​သည်​လှည့်​၍ သူ​တို့​ကို​ဆုံးမ​တော်မူ​၏။

[56] ထို့နောက် သူ​တို့​သည် အခြား​သော​ရွာ​သို့​သွား​ကြ​၏။

[57] သူ​တို့​သည် လမ်း​၌​ခရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်တော်​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။

[58] ယေရှု​က​လည်း“ မြေခွေး တို့ ၌ တွင်း ရှိ ကြ ၏ ။ မိုး ကောင်းကင် ငှက် တို့ ၌ လည်း အသိုက် များ ရှိ ကြ ၏ ။ လူ့သား ၌ မူကား ခေါင်း ချ စရာ နေရာ မ ရှိ ” ​ဟု မိန့်​တော်မူ​၏။

[59] ကိုယ်တော်​သည် အခြား​သော​သူ​တစ်​ဦး​အား“ ငါ့ နောက် သို့ လိုက် လော့ ” ​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​သူ​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[60] ကိုယ်တော် ​က​လည်း“ လူသေ တို့ သည် မိမိ တို့ ၏ လူသေ တို့ ကို သင်္ဂြိုဟ် ကြ ပါလေစေ ။ သင် မူကား သွား ၍ ဘုရားသခင် ၏ နိုင်ငံ တော် အကြောင်း ကို ဟောပြော လော့ ” ​ဟု မိန့်​တော်မူ​၏။

[61] အခြား​သော​သူ​တစ်​ဦး​က​လည်း “သခင်​ဘုရား၊ အကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့သော် အကျွန်ုပ်​၏​အိမ်သူအိမ်သား​များ​ကို ဦးစွာ​သွား​၍ နှုတ်ဆက်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[62] ယေရှု​က​လည်း“ ထွန်ကိုင်း ကို ကိုင် လျက် နောက် သို့ လှည့်ကြည့် သော သူ သည် ဘုရားသခင် ၏ နိုင်ငံ တော် နှင့် မ ထိုက်တန် ” ​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် — Chapters