[1] ထို့နောက် ကိုယ်တော်သည် ဂျေရိခေါမြို့သို့ဝင်၍ ထိုမြို့ကိုဖြတ်သွားတော်မူ၏။
[2] ထိုအရပ်တွင် ဇက္ခဲအမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် အခွန်ကောက်ခံသူတို့၏အကြီးအကဲဖြစ်ပြီး ချမ်းသာသောသူဖြစ်၏။
[3] သူသည် ယေရှုမည်သူဖြစ်သည်ကို မြင်ရရန်ကြိုးစားသော်လည်း အရပ်ပုသောကြောင့် လူထုပရိသတ်ကိုကျော်၍ မမြင်နိုင်ပေ။
[4] ထို့ကြောင့် သူသည် ကိုယ်တော်ကိုတွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပိုးစာပင်ပေါ်သို့တက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ထိုနေရာကိုဖြတ်သွားတော့မည်ဖြစ်၏။
[5] ယေရှုသည် ထိုနေရာသို့ရောက်သောအခါ မော့ကြည့်လျက် “ ဇက္ခဲ ၊ သင့် အိမ် တွင် ယနေ့ ငါ တည်းခို ရ မည် ဖြစ်၍ အမြန် ဆင်း ခဲ့ လော့ ” ဟု မိန့်တော်မူ၏။
[6] ဇက္ခဲသည်အမြန်ဆင်းလာ၍ ကိုယ်တော်ကို ဝမ်းမြောက်စွာ လက်ခံကြိုဆို၏။
[7] ဤအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်သား၏အိမ်သို့ဝင်၍တည်းခိုပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
[8] ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
[9] ယေရှုကလည်း“ ယနေ့ ပင် ကယ်တင် ခြင်း သည် ဤ အိမ် ပေါ်သို့ သက်ရောက် လေ ပြီ ။ အကြောင်းမူကား သူ သည် လည်း အာဗြဟံ ၏ သား ဖြစ် ၏ ။
[10] အမှန်စင်စစ် လူ့သား သည် ပျောက်ဆုံး သော သူ တို့ ကို ရှာ ၍ ကယ်တင် ရန် ကြွလာ ၏ ” ဟု မိန့်တော်မူ၏။
[11] ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို နားထောင်နေသောသူတို့အား ပုံဥပမာတစ်ခုကိုထပ်မံ၍ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာသဖြင့် ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းလာမည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။
[12] ကိုယ်တော်က“ မြင့်မြတ် သော ပုဂ္ဂိုလ် တစ် ဦး သည် နိုင်ငံ တော် အုပ်စိုး ခွင့် ကို ခံယူ ပြီး ပြန်လာ ရန် ဝေးလံ သော တိုင်းပြည် သို့ ခရီး သွား လေ ၏ ။
[13] ခရီး မ ပြု မီ မိမိ ၏ အစေအပါး ဆယ် ဦး ကို ခေါ် ၍ ငွေ ဆယ် မိနာ့ ပေး လျက် ‘ ငါ ပြန်လာ သည် အထိ စီးပွား ရှာ ကြ လော့ ’ ဟု မှာထား ခဲ့ ၏ ။
[14] သို့သော် သူ ၏ ပြည်သူ ပြည်သား တို့ သည် သူ့ ကို မုန်း သဖြင့် သူ့ နောက်မှ သံတမန် ကို စေလွှတ် ၍ ‘ အကျွန်ုပ် တို့ အပေါ် ဤ သူ အုပ်ချုပ် မည် ကို အကျွန်ုပ် တို့ အလို မ ရှိ ပါ ’ ဟု လျှောက် ထား စေ ကြ ၏ ။
[15] ထို့နောက် သူ သည် နိုင်ငံ တော် အုပ်စိုး ခွင့် ကို ခံယူ ပြီး ပြန်လာ သောအခါ ငွေ ပေး ထား ခဲ့ သော အစေအပါး တို့ သည် စီးပွား ရှာ ၍ အမြတ် မည်မျှ ရ ကြ သည် ကို သိရှိ နိုင် မည့် အကြောင်း သူ တို့ ကို မိမိ ထံသို့ ခေါ် လာ ရန် အမိန့် ရှိ ၏ ။
[16] ပထမ တစ် ဦး သည် လာ ၍ ‘ သခင် ၊ သခင် ၏ ငွေ တစ် မိနာ့ အားဖြင့် ငွေ ဆယ် မိနာ့ အမြတ် ရ ပါ သည် ’ ဟု လျှောက် လေ ၏ ။
[17] သခင် က လည်း ‘ ကောင်းလေစွ ။ အစေအပါး ကောင်း ၊ သင် သည် သေးငယ် သော အမှု ၌ သစ္စာရှိ သောကြောင့် မြို့ ဆယ် မြို့ ကို အုပ်ချုပ် လော့ ’ ဟု ဆို လေ ၏ ။
[18] ဒုတိယ တစ် ဦး သည် လည်း လာ ၍ ‘ သခင် ၊ သခင် ၏ ငွေ တစ် မိနာ့ အားဖြင့် ငွေ ငါး မိနာ့ အမြတ် ရ ပါ သည် ’ ဟု လျှောက် လေ ၏ ။
[19] သခင် က လည်း ‘ သင် သည် မြို့ ငါး မြို့ ကို အုပ်ချုပ် လော့ ’ ဟု ဆို ၏ ။
[20] ထို့နောက် အခြား တစ် ဦး သည် လာ ၍ ‘ သခင် ၊ ကြည့် ပါ ။ ပဝါ ထဲ၌ အကျွန်ုပ် ထုပ် ၍ သိမ်း ထား သော သခင် ၏ ငွေ တစ် မိနာ့ ရှိ ပါ သည် ။
[21] သခင် သည် စည်းကမ်းကြီး ၍ တိကျ သော သူ ဖြစ် ပြီး မိမိ မ ထည့်သွင်း ထား သော အရာ ကို ထုတ်ယူ လျက် မိမိ မ စိုက်ပျိုး သည့် အရာ ကို ရိတ်သိမ်း တတ် သောကြောင့် အကျွန်ုပ် ကြောက် ပါ သည် ’ ဟု လျှောက် လေ ၏ ။
[22] သခင် က လည်း ‘ ဆိုးညစ် သော အစေအပါး ၊ သင် ၏ နှုတ်ထွက် စကား အတိုင်း သင့် ကို ငါ စီရင် မည် ။ ငါ သည် မ ထည့်သွင်း ထား သော အရာ ကို ထုတ်ယူ ၍ မ စိုက်ပျိုး သည့် အရာ ကို ရိတ်သိမ်း တတ် သည့် စည်းကမ်းကြီး ၍ တိကျ သော သူ ဖြစ် ကြောင်း သင် သိ သည် မှန် လျှင်
[23] အဘယ်ကြောင့် ငါ ၏ ငွေ ကို ငွေတိုး ပေး သူ လက် ၌ မ အပ်ထား သနည်း ။ အပ်ထား လျှင် ငါ ပြန်လာ သောအခါ ၎င်း ကို အတိုး နှင့်တကွ ငါ ရရှိ ခဲ့ ပေ လိမ့်မည် ’ ဟု ဆို လေ ၏ ။
[24] ထို့နောက် အနီး ၌ ရပ် နေ သော သူ တို့ အား ‘ ထို ငွေ တစ် မိနာ့ ကို သူ့ ထံမှ ယူ ၍ ငွေ ဆယ် မိနာ့ ရှိ သူ အား ပေး ကြ လော့ ’ ဟု ဆို ၏ ။
[25] သူ တို့ က လည်း ‘ သခင် ၊ ထို သူ ၌ ငွေ ဆယ် မိနာ့ ရှိ နေ ပါ ပြီ ’ ဟု လျှောက် ကြ လျှင်
[26] သခင် က ‘ သင် တို့ ကို ငါ ဆို သည် ကား ရှိ သော သူ တိုင်း အား ထပ်၍ ပေး ဦး မည် ။ မ ရှိ သော သူ ထံမှ မူကား သူ ၌ ရှိ သော အရာ ကို ပင် သိမ်းယူ လိမ့်မည် ။
[27] ထိုမှတစ်ပါး ငါ အုပ်ချုပ် ရန် အလို မ ရှိ ကြ သော ငါ ၏ ရန်သူ များ ကို ဤ နေရာ သို့ ခေါ်ဆောင် ခဲ့ ၍ ငါ ၏ ရှေ့မှောက် တွင် သူ တို့ ကို ကွပ်မျက် ကြ လော့ ’ ဟု ဆို လေ ၏ ” ဟူ၍ မိန့်တော်မူ၏။
[28] ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် ရှေ့သို့ခရီးသွားလျက် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
[29] သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍
[30] “ သင် တို့ ရှေ့ က ရွာ ထဲသို့ သွား ကြ လော့ ။ ရွာ ထဲသို့ ဝင် သည် နှင့် မည်သူမျှ မ စီး ဖူး သော မြည်း ကလေး တစ် ကောင် ချည် ထား သည် ကို တွေ့ ကြ လိမ့်မည် ။ ၎င်း ကို ကြိုး ဖြေ ၍ ခေါ်ဆောင် လာ ကြ လော့ ။
[31] တစ်စုံတစ်ယောက် က ‘ အဘယ်ကြောင့် ကြိုး ဖြေ ကြ သနည်း ’ ဟု သင် တို့ ကို မေး လျှင် ‘ သခင် ဘုရား အလို ရှိ သည် ’ ဟု ပြော ကြ လော့ ” ဟူ၍ မိန့်တော်မူ၏။
[32] စေလွှတ်ခြင်းခံရသောသူတို့သည်လည်း ထွက်သွား၍ သူတို့အားကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့မြင်ကြ၏။
[33] သူတို့သည် မြည်းကလေးကိုကြိုးဖြေနေကြစဉ် ၎င်း၏ပိုင်ရှင်တို့က “အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်း”ဟု မေးကြ၏။
[34] သူတို့ကလည်း “သခင်ဘုရားအလိုရှိသည်”ဟု ဖြေကြ၏။
[35] ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းပေါ်၌ သူတို့၏အဝတ်များကိုခင်း၍ ယေရှုအားစီးစေကြ၏။
[36] ကိုယ်တော်ကြွတော်မူစဉ်တွင် လူတို့သည် မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။
[37] ကိုယ်တော်သည် သံလွင်တောင်၏အဆင်းလမ်းအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်အစုအဝေးအပေါင်းတို့သည် မိမိတို့တွေ့မြင်ခဲ့ရသည့် တန်ခိုးလက္ခဏာအားလုံးအတွက် ဝမ်းမြောက်လျက် ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကိုချီးမွမ်းကာ
[38] “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောရှင်ဘုရင်သည်မင်္ဂလာရှိ စေ သတည်း ။ ကောင်းကင်၌ ငြိမ်သက်ခြင်းရှိ၍ အမြင့်ဆုံးသောအရပ်၌ ဘုန်းကြီးတော်မူစေသတည်း”ဟု ကြွေးကြော်ကြ၏။
[39] ထိုအခါ လူထုပရိသတ်ထဲမှ ဖာရိရှဲအချို့တို့က “ဆရာ၊ ဆရာ့တပည့်များကိုဆုံးမပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
[40] ကိုယ်တော်ကလည်း“ သင် တို့ အား ငါ ဆို မည် ။ ဤ သူ တို့ တိတ်ဆိတ် စွာ နေ ကြ လျှင် ကျောက်ခဲ တို့ သည် ကြွေးကြော် ကြ လိမ့်မည် ” ဟု ပြန်၍မိန့်တော်မူ၏။
[41] ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
[42] “ သင် သာ ငြိမ်သက် ခြင်း ကို ရ စေ သည့် အရာ တို့ ကို ယနေ့ ပင် သိ ခဲ့ လျှင် ... သို့ရာတွင် ထို အရာ သည် ယခု သင် ၏ မျက်စိ ရှေ့မှ ကွယ်ဝှက် ထား ခြင်း ခံရ ၏ ။
[43] အကြောင်းမူကား သင် ၏ ရန်သူ တို့ သည် ကတုတ် တည် ၍ သင့် ကို ဝိုင်းရံ လျက် အဘက်ဘက် မှ သင့် ကို ပိတ်ဆို့ ထား ကာ
[44] သင် မှစ၍ သင့် အထဲ၌ ရှိ သော သင် ၏ သားသမီး တို့ ကို မြေ နှင့် တစ်ညီ တည်း ဖြစ် စေ သဖြင့် သင့် အထဲတွင် ကျောက်တုံး တစ် တုံး ကို မျှ အခြား ကျောက်တုံး တစ် တုံး ပေါ်၌ မ ကျန်ရစ် စေ မည့် အချိန် ကာလ သည် ရောက်လာ လိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် သင့် ထံ အကြည့်အရှု ကြွလာ တော်မူ သော အချိန် ကို သင် မ သိ သောကြောင့် ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[45] ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ရောင်းဝယ်နေသောသူတို့ကို နှင်ထုတ်တော်မူပြီး
[46] ထိုသူတို့အား“ ‘ ငါ့ အိမ် သည် ဆုတောင်း ရာ အိမ် ဖြစ် လိမ့်မည် ’ ဟု ကျမ်းစာ ၌ ရေး ထား သော်လည်း သင် တို့ သည် ၎င်း ကို ဓားပြ တို့ ခိုအောင်း ရာ ဖြစ် စေ ကြ ပြီ တကား ” ဟု မိန့်တော်မူ၏။
[47] ကိုယ်တော်သည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သွန်သင်လျက်နေတော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် လူထုခေါင်းဆောင်များသည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသော်လည်း
[48] လူအပေါင်းတို့သည် ကိုယ်တော်ကို အာရုံစိုက်၍နားထောင်နေကြသောကြောင့် မည်သို့မျှမပြုနိုင်ကြချေ။