[1] တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူတို့အားသွန်သင်လျက် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများသည် ရောက်လာ၍
[2] “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသည်ကိုလည်းကောင်း အကျွန်ုပ်တို့ကိုပြောပါ”ဟု ကိုယ်တော်အား ဆိုကြ၏။
[3] ကိုယ်တော်ကလည်း“ ငါ သည် လည်း သင် တို့ ကို မေးခွန်း တစ် ခု မေး ဦး မည် ။ ငါ့ ကို ဖြေ ကြ လော့ ။
[4] ယောဟန် ၏ ဗတ္တိဇံ သည် ကောင်းကင် မှ ဖြစ် သလော ၊ သို့မဟုတ် လူ တို့ ထံမှ ဖြစ် သလော ” ဟု ပြန်၍မေးတော်မူ၏။
[5] ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
[6] ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် သူတို့သည် ငါတို့ကို ခဲနှင့်ပေါက်သတ်ကြလိမ့်မည်”ဟု ပြောဆိုကြ၏။
[7] ထို့ကြောင့် သူတို့က “အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့မသိပါ”ဟု ပြန်ဖြေကြ၏။
[8] ထိုအခါ ယေရှုက“ ငါ သည် လည်း ဤ အမှုအရာ များ ကို မည်သည့် အခွင့် အာဏာ နှင့် ပြု ကြောင်း သင် တို့ ကို မ ပြော ” ဟု သူတို့အား မိန့်တော်မူ၏။
[9] ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ“ လူ တစ် ဦး သည် စပျစ်ခြံ ကို စိုက်ပျိုး ၍ ခြံသမား တို့ အား ငှားရမ်း ပြီးလျှင် ကာလ အတန်ကြာ ခရီးထွက် လေ ၏ ။
[10] အသီး ပေါ် ချိန် ရောက် သောအခါ စပျစ်ခြံ ထွက် အသီး အချို့ ကို မိမိ အား ပေး စေရန် အစေအပါး တစ် ဦး ကို ခြံသမား တို့ ထံသို့ စေလွှတ် လေ ၏ ။ သို့သော် ခြံသမား တို့ သည် ထို အစေအပါး ကို ရိုက်နှက် ကာ လက်ချည်း သက်သက် ပြန်လွှတ် ကြ ၏ ။
[11] တစ်ဖန် အခြား အစေအပါး တစ် ဦး ကို ထပ်၍ စေလွှတ် လေ ၏ ။ သို့သော် သူ့ ကို လည်း ရိုက်နှက် ၍ အရှက်ခွဲ ပြီးလျှင် လက်ချည်း သက်သက် ပြန်လွှတ် ကြ ၏ ။
[12] နောက်တစ်ဖန် တတိယ အစေအပါး ကို ထပ်၍ စေလွှတ် လေ ၏ ။ သို့သော် ထို အစေအပါး ကို လည်း အနာတရ ဖြစ် စေ ပြီးမှ နှင်ထုတ် ကြ ၏ ။
[13] ထိုအခါ စပျစ်ခြံ ပိုင်ရှင် က ‘ ငါ မည်သို့ ပြု ရ မည်နည်း ။ ငါ ၏ ချစ် သား ကို ငါ စေလွှတ် မည် ။ သူ တို့ သည် သူ့ ကို ရိုသေ ကောင်း ရိုသေ ကြ လိမ့်မည် ’ ဟု ဆို ၏ ။
[14] သို့သော် ခြံသမား တို့ သည် သူ့ သား ကို မြင် လျှင် ‘ ဤ သူ သည် အမွေခံ ဖြစ် ၏ ။ အမွေ သည် ငါ တို့ ဥစ္စာ ဖြစ်လာ ရန် သူ့ ကို သတ် ကြ စို့ ’ ဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ ပြီးလျှင်
[15] သူ့ ကို စပျစ်ခြံ အပြင် သို့ နှင်ထုတ် ကာ သတ် ပစ် ကြ ၏ ။ သို့ဖြစ်လျှင် စပျစ်ခြံ ပိုင်ရှင် သည် ထို သူ တို့ ကို မည်သို့ ပြု မည်နည်း ။
[16] သူ သည် လာ ၍ ထို ခြံသမား တို့ ကို အဆုံးစီရင် ကာ စပျစ်ခြံ ကို အခြား သော သူ တို့ အား ပေး လိမ့်မည် ” ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။
[17] ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်လျက်“ ‘ တိုက် ဆောက် သူ များ ပယ် ထား သော ကျောက် သည် ထိပ်ဆုံး ထောင့်ချုပ် ကျောက် ဖြစ်လာ ၏ ’ ဟု ရေး ထား သော အရာ သည် မည်သည့် အရာ ကို ဆိုလို သနည်း ။
[18] ထို ကျောက် ပေါ်သို့ ကျ သော သူ တိုင်း သည် အပိုင်းပိုင်း ကျိုး လိမ့်မည် ။ ထို ကျောက် သည် တစ်စုံတစ်ဦး အပေါ်သို့ ကျ လျှင် ထို သူ သည် ညက်ညက်ကြေ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[19] ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော်သူတို့သည် လူတို့ကိုကြောက်ကြ၏။
[20] ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
[21] ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။
[22] ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
[23] သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍
[24] “ ငါ့ ကို ဒေနာရိ တစ် ပြား ပြ ကြ လော့ ။ ၎င်း တွင် မည်သူ ၏ ပုံ ၊ မည်သူ ၏ ကမ္ပည်းစာ ပါ သနည်း ” ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့် ကမ္ပည်းစာပါပါသည်”ဟု လျှောက်ကြ၏။
[25] ကိုယ်တော်ကလည်း“ ဆီဇာ ဧကရာဇ် နှင့်ဆိုင်သော အရာ များ ကို ဆီဇာ ဧကရာဇ် အား ဆက်သ ၍ ဘုရားသခင် နှင့်ဆိုင်သော အရာ များ ကို ဘုရားသခင် အား ဆက်သ ကြ လော့ ” ဟု မိန့်တော်မူ၏။
[26] သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
[27] ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲအချို့တို့သည် ချဉ်းကပ်လာ၍
[28] “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည် ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။
[29] တစ်ခါက ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး သားသမီးမထွန်းကားဘဲသေဆုံးသွားပါသည်။
[30] ထိုအခါ ဒုတိယညီ၊
[31] ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။
[32] နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
[33] သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
[34] ယေရှုကလည်း“ မျက်မှောက် ကာလ ၏ သားသမီး တို့ သည် ထိမ်းမြား စုံဖက် ၍ ပေးစား ဆောင်နှင်း တတ် ကြ ၏ ။
[35] သို့သော် တမလွန် ကာလ သို့ ဝင်စား ရန် နှင့် သေ သော သူ တို့ ထဲမှ ရှင်ပြန် ထမြောက် ရန် ထိုက်တန် သည် ဟု မှတ်ယူ ခြင်း ခံရ သော သူ တို့ သည် ထိမ်းမြား စုံဖက် ခြင်း ကို မ ပြု ၊ ပေးစား ဆောင်နှင်း ခြင်း လည်း မ ရှိ ။
[36] နောက်တစ်ဖန် သေ သည် ဟူ၍ လည်း မ ရှိ နိုင် ကြ ။ အကြောင်းမူကား သူ တို့ သည် ကောင်းကင်တမန် များ နှင့် တူ ကြ ၏ ။ သူ တို့ သည် ရှင်ပြန် ထမြောက် ခြင်း ၏ သား များ ဖြစ် ကြ သောကြောင့် ဘုရားသခင် ၏ သား များ လည်း ဖြစ် ကြ ၏ ။
[37] မောရှေ သည် လည်း ချုံပုတ် အကြောင်း ရေး ထား သော အခန်း တွင် ထာဝရ ဘုရား ကို ‘ အာဗြဟံ ၏ ဘုရား ၊ ဣဇက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား ’ ဟု ခေါ် ၍ သေလွန် သော သူ တို့ ၏ ထမြောက် ခြင်း အကြောင်း ကို ဖော်ပြ ခဲ့ ၏ ။
[38] ဘုရားသခင် သည် သေလွန် သော သူ တို့ ၏ ဘုရား မ ဟုတ် ဘဲ အသက်ရှင် သော သူ တို့ ၏ ဘုရား ဖြစ် ၏ ။ အကြောင်းမူကား လူ အပေါင်း တို့ သည် ဘုရားသခင် ၌ အသက်ရှင် လျက် ရှိ ကြ ၏ ” ဟု မိန့်တော်မူ၏။
[39] ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဆရာ၊ ဆရာသည် လျောက်ပတ်စွာဖြေကြားလေပြီ”ဟု လျှောက်ကြ၏။
[40] ထိုအချိန်မှစ၍ သူတို့သည် ကိုယ်တော်အား မည်သည့်အရာကိုမျှ မမေးဝံ့တော့ချေ။
[41] ထို့နောက် ကိုယ်တော်က“ ခရစ်တော် သည် ဒါဝိဒ် ၏ သား ဖြစ် သည် ဟု မည်သို့ ပြောဆို နိုင် ကြ မည်နည်း ။
[42] အကြောင်းမူကား ဒါဝိဒ် ကိုယ်တိုင် သည် ဆာလံ ကျမ်း တွင် ‘ ထာဝရ ဘုရား သည် ငါ ၏ သခင် အား
[43] သင့် ရန်သူ တို့ ကို သင် ၏ ခြေ တင် ခုံ အဖြစ် ငါ ချ ထား သည့် တိုင်အောင် ငါ ၏ လက်ယာ ဘက် ၌ ထိုင် နေ လော့ ဟု မိန့် တော်မူ ၏ ’ ဟူ၍ ဆို ထား ၏ ။
[44] ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟု ခေါ် လျှင် ခရစ်တော် သည် မည်ကဲ့သို့ သူ ၏ သား ဖြစ် နိုင် မည်နည်း ” ဟု မိန့်တော်မူ၏။
[45] လူအပေါင်းတို့သည် နားထောင်လျက်နေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား
[46] “ ကျမ်းပြု ဆရာ တို့ ကို သတိထား ကြ လော့ ။ သူ တို့ သည် ဝတ်လုံ ကို ဝတ် လျက် သွားလာ ရန် အလိုရှိ ကြ ၍ ဈေး အရပ် ၌ နှုတ်ဆက် ခံရ ခြင်း ကို လည်းကောင်း ၊ ဝတ်ပြု စည်းဝေး ကျောင်း များ ၌ အထူး ထိုင်ခုံ များ ကို လည်းကောင်း ၊ စားသောက်ပွဲ များ ၌ အထူး နေရာ များ ကို လည်းကောင်း နှစ်သက် ကြ ၏ ။
[47] သူ တို့ သည် မုဆိုးမ တို့ ၏ အိမ် ကို မတရား သိမ်းယူ ပြီး ဟန်ပြ ၍ ရှည်လျား စွာ ဆုတောင်း တတ် ကြ ၏ ။ သူ တို့ သည် ပို၍ ကြီးလေး သော ပြစ်ဒဏ် စီရင် ခြင်း ကို ခံ ကြ ရ လိမ့်မည် ” ဟု မိန့်တော်မူ၏။