[1] တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဂျုံနှံများကိုဆွတ်ခူး၍ လက်နှင့်ပွတ်နယ်ပြီးစားကြ၏။
[2] ထိုအခါ ဖာရိရှဲအချို့တို့က “သင်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ဆိုကြ၏။
[3] ယေရှုကလည်း“ ဒါဝိဒ် သည် သူ မှစ၍ သူ နှင့်အတူ ရှိ သော သူ တို့ ဆာလောင် ကြ သောအခါ မည်သည့် အရာ ပြု ခဲ့ သည် ကို သင် တို့ မ ဖတ် ဖူး ကြ သလော ။
[4] သူ သည် ဘုရားသခင် ၏ အိမ် တော် သို့ ဝင် ၍ ယဇ်ပုရောဟိတ် များ မှတစ်ပါး အခြား မည်သူမျှ စား ခွင့် မ ရှိ သော ရှေ့ တော် မုန့် ကို ယူ စား ပြီးလျှင် သူ နှင့်အတူ ရှိ သော သူ တို့ ကို လည်း ပေး ခဲ့ ၏ ” ဟု ပြန်၍မိန့်တော်မူပြီးလျှင်
[5] “ လူ့သား သည် ဥပုသ်နေ့ ၏ အရှင် သခင် ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[6] အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်း သို့ဝင်၍ သွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေသောသူတစ်ဦးလည်းရှိ၏။
[7] ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်၊ မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။
[8] ကိုယ်တော်သည် သူတို့၏တွေးတောဆင်ခြင်မှုများကို သိတော်မူသဖြင့် လက်သေသောသူအား“ ထ ၍ အားလုံး ရှေ့၌ မတ်တတ်ရပ် လော့ ” ဟု မိန့်တော်မူရာ သူသည်ထ၍ မတ်တတ်ရပ်လေ၏။
[9] ထိုအခါ ယေရှုသည် ထိုသူတို့အား“ သင် တို့ ကို ငါ မေး မည် ။ တရား တော် အရ ဥပုသ်နေ့ ၌ ကောင်း သော အမှု ကို ပြု အပ် သလော ၊ သို့မဟုတ် ဆိုး သော အမှု ကို ပြု အပ် သလော ။ အသက် ကို ကယ် အပ် သလော ၊ သို့မဟုတ် ဖျက်ဆီး အပ် သလော ” ဟု မေးတော်မူ၏။
[10] ထို့နောက် ထိုသူအပေါင်းတို့ကို ပတ်ပတ်လည်ကြည့်ရှုတော်မူပြီး လက်တစ်ဖက်သေသောသူအား“ သင် ၏ လက် ကို ဆန့် လော့ ” ဟု မိန့်တော်မူ၏။ သူသည်လည်းဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိ ဖြစ်လေ၏။
[11] ထိုအခါ သူတို့သည် ဒေါသစိတ်မွှန်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။
[12] ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
[13] မိုးလင်းသောအခါ တပည့်တော်များကိုခေါ်၍ ထိုသူတို့အထဲမှ တစ်ဆယ့်နှစ်ပါးတို့ကိုရွေးကောက်ပြီးလျှင် တမန်တော်ဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထိုသူတို့မှာ
[14] ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊
[15] မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်ကြသောရှိမုန်၊
[16] ယာကုပ်၏သားယုဒနှင့် သစ္စာဖောက်သောသူဖြစ်သွားသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
[17] ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ပေါ်မှကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူ၏။ ထိုနေရာ၌ တပည့်တော်တို့၏အစုအဝေးကြီးမှစ၍ ယုဒနယ်အရပ်ရပ်တို့နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့မှလည်းကောင်း လာကြသော လူအမြောက်အမြားရှိကြ၏။
[18] သူတို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့ရောဂါများငြိမ်းစေခြင်းကိုခံယူရန် ရောက်လာသူများဖြစ်ကြ၏။ ညစ်ညူးသောနတ်တို့၏ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း အကောင်းပကတိဖြစ်လာကြ၏။
[19] ကိုယ်တော်ထံမှတန်ခိုးတော်ထွက်၍ လူအပေါင်းတို့ကိုကျန်းမာစေသောကြောင့် လူထုပရိသတ်အားလုံးသည် ကိုယ်တော်ကိုတို့ထိနိုင်ရန် ကြိုးစားကြ၏။
[20] ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ“ ဆင်းရဲ နွမ်းပါး သော သင် တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား ဘုရားသခင် ၏ နိုင်ငံ တော် သည် သင် တို့ ၏ နိုင်ငံ ဖြစ် ၏ ။
[21] ယခု ဆာလောင် နေ သော သင် တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ဝပြော ခြင်း သို့ ရောက် ကြ လိမ့်မည် ။ ယခု ငိုကြွေး နေ သော သင် တို့ သည် မင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ရယ်မော ကြ လိမ့်မည် ။
[22] လူ့သား ကြောင့် လူ တို့ သည် သင် တို့ ကို မုန်းတီး သောအခါ ၌ လည်းကောင်း ၊ သင် တို့ ကို ဝိုင်းပယ် ၍ ကဲ့ရဲ့ ပြစ်တင် ကာ သင် တို့ ၏ နာမည် ကို ဖျက် သောအခါ ၌ လည်းကောင်း သင် တို့ သည် မင်္ဂလာရှိ ကြ ၏ ။
[23] ထို နေ့ရက် ၌ ဝမ်းမြောက် လျက် ကခုန် ကြ လော့ ။ အကြောင်းမူကား ကောင်းကင် ဘုံ ၌ သင် တို့ ၏ ဆုလာဘ် သည် ကြီးမား လှ ပေ ၏ ။ သူ တို့ ၏ ဘိုးဘေး များ သည် လည်း ပရောဖက် များ ကို ထိုနည်းတူ ပြု ကြ ၏ ။
[24] သို့သော် ချမ်းသာ သော သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် မိမိ တို့ ခံစားရ မည့် နှစ်သိမ့် မှု ကို ရရှိ ကြ ပြီ ဖြစ် ၏ ။
[25] ယခု ဝ လင် စွာ စား ရ သော သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ဆာလောင် ကြ လိမ့်မည် ။ ယခု ရယ်မော သော သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ဝမ်းနည်း ကြေကွဲ လျက် ငိုကြွေး ကြ လိမ့်မည် ။
[26] လူ အပေါင်း တို့ သည် သင် တို့ ကို ချီးမွမ်း ကြ သောအခါ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သူ တို့ ၏ ဘိုးဘေး များ သည် ပရောဖက် အတုအယောင် များ အပေါ် ထိုနည်းတူ ပြု ကြ ၏ ။
[27] သို့သော် ယခု နားထောင် နေ သော သင် တို့ အား ငါ ဆို မည် ။ သင် တို့ ၏ ရန်သူ များ ကို ချစ် ကြ လော့ ။ သင် တို့ ကို မုန်း သော သူ တို့ အပေါ် ကောင်း စွာ ပြု ကြ လော့ ။
[28] သင် တို့ ကို ကျိန်ဆဲ သော သူ တို့ အား ကောင်းချီး ပေး ကြ လော့ ။ သင် တို့ ကို ကဲ့ရဲ့ ရှုတ်ချ သော သူ တို့ အတွက် ဆုတောင်း ပေး ကြ လော့ ။
[29] သင် ၏ ပါး တစ်ဖက် ကို ရိုက် သော သူ အား နောက် တစ်ဖက် ကို လည်း လှည့် ပေး ဦး လော့ ။ သင် ၏ ဝတ်ရုံ ကို ယူ သော သူ အား အင်္ကျီ ကို လည်း ယူ ခွင့် ပေး ဦး လော့ ။
[30] သင့် ထံ တောင်း သော သူ တိုင်း အား ပေးကမ်း လော့ ။ သင့် ပစ္စည်း များ ကို ယူ သွား သော သူ တို့ ထံမှ ပြန် ၍ မ တောင်း နှင့် ။
[31] သင် တို့ သည် သူတစ်ပါး အား သင် တို့ အပေါ် ပြု စေ လို သည့် အတိုင်း သူတစ်ပါး အပေါ် ပြု ကြ လော့ ။
[32] သင် တို့ ကို ချစ် သော သူ တို့ အား သင် တို့ ချစ် လျှင် သင် တို့ ၌ မည်သည့် ဂုဏ်ယူ စရာ ရှိ သနည်း ။ အကြောင်းမူကား အပြစ်သား တို့ ပင်လျှင် မိမိ တို့ အား ချစ် သော သူ တို့ ကို ချစ် ကြ ၏ ။
[33] သင် တို့ အတွက် ကောင်း သော အမှု ကို ပြု သော သူ တို့ အပေါ် ကောင်း သော အမှု ကို ပြု လျှင် သင် တို့ ၌ မည်သည့် ဂုဏ်ယူ စရာ ရှိ သနည်း ။ အကြောင်းမူကား အပြစ်သား တို့ ပင်လျှင် ထိုနည်းတူ ပြု ကြ ၏ ။
[34] ပြန်လည် ရရှိ မည် ဟု မျှော်လင့် လျက် သူတစ်ပါး အား သင် တို့ ချေးငှား လျှင် သင် တို့ ၌ မည်သည့် ဂုဏ်ယူ စရာ ရှိ သနည်း ။ အပြစ်သား တို့ ပင်လျှင် မူလ ပမာဏ အတိုင်း ပြန်လည် ရရှိ ရန် သူ တို့ အချင်းချင်း ချေးငှား ကြ ၏ ။
[35] သို့သော် သင် တို့ သည် သင် တို့ ၏ ရန်သူ များ ကို ချစ် ကြ လော့ ။ ကောင်း သော အမှု ကို ပြု ကြ လော့ ။ မည်သည့် အရာ မျှ ပြန်လည် ရရှိ ရန် မ မျှော်လင့် ဘဲ ချေးငှား ကြ လော့ ။ ထိုသို့ပြုလျှင် သင် တို့ ရရှိ မည့် ဆုလာဘ် သည် ကြီးမား ၍ သင် တို့ သည် အမြင့်ဆုံး သော ဘုရား ၏ သား သမီး များ ဖြစ် ကြ လိမ့်မည် ။ အကြောင်းမူကား ထို အရှင် သည် ကျေးဇူး မ သိ သော သူ နှင့် ဆိုး သော သူ တို့ အား လည်း ကျေးဇူးပြု တော်မူ ၏ ။
[36] သင် တို့ ၏ အဖ သည် ကရုဏာ နှင့် ပြည့်စုံ တော်မူ သည့် နည်းတူ သင် တို့ သည် လည်း ကရုဏာ နှင့် ပြည့်စုံ ကြ လော့ ။
[37] သူတစ်ပါး ကို မ စီရင် ကြ နှင့် ။ သို့ပြုလျှင် သင် တို့ သည် လည်း စီရင် ခြင်း ကို လုံးဝ ခံရ မည် မ ဟုတ် ။ သူတစ်ပါး ကို အပြစ် ရှိ သည် ဟု မ သတ်မှတ် ကြ နှင့် ။ သို့ပြုလျှင် သင် တို့ သည် လည်း အပြစ် ရှိ သည် ဟု သတ်မှတ် ခြင်း ကို လုံးဝ ခံရ မည် မ ဟုတ် ။ သူတစ်ပါး ကို ခွင့်လွှတ် ကြ လော့ ။ သို့ပြုလျှင် သင် တို့ သည် လည်း ခွင့်လွှတ် ခြင်း ကို ခံရ ကြ လိမ့်မည် ။
[38] ပေးကမ်း ကြ လော့ ။ သို့ပြုလျှင် သင် တို့ ကို လည်း ပေးကမ်း လိမ့်မည် ။ အလျှံပယ် သိပ် လျက် ၊ ခါ လျက် ၊ ပြည့်လျှံ အောင် သင် တို့ အိတ် ထဲသို့ ထည့် ပေး ကြ လိမ့်မည် ။ အကြောင်းမူကား သင် တို့ တိုင်းတာ ခြင်တွယ် သည့် စံနှုန်း အတိုင်း သင် တို့ အတွက် တိုင်းတာ ခြင်တွယ် ပေး ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[39] ထို့နောက် သူတို့အားပုံဥပမာတစ်ခု မြွက်ဆိုတော်မူသည်မှာ“ မျက်မမြင် သည် မျက်မမြင် ကို လမ်းပြ နိုင် သလော ။ နှစ်ဦးစလုံး တွင်း ထဲသို့ ကျ ကြ လိမ့်မည် မ ဟုတ် လော ။
[40] တပည့် သည် ဆရာ ထက် မြတ် သည် မ ဟုတ် ။ သို့သော် ပြည့်စုံ စွာ သင်ယူ တတ်မြောက် သော သူ တိုင်း သည် မိမိ ဆရာ ကဲ့သို့ ဖြစ် လိမ့်မည် ။
[41] သင် သည် မိမိ မျက်စိ ၌ ရှိ သော သစ်တုံး ကို သတိ မ မူ ဘဲ သင့် ညီအစ်ကို ၏ မျက်စိ ၌ ရှိ သော သစ် အမှုန် အစ ကို အဘယ်ကြောင့် မြင် သနည်း ။
[42] သင် သည် မိမိ မျက်စိ ထဲမှ သစ်တုံး ကို မ မြင် ဘဲ ‘ ညီအစ်ကို ၊ သင် ၏ မျက်စိ ထဲမှ သစ် အမှုန် အစ ကို ထုတ်ပေး ပါရစေ ’ ဟု သင့် ညီအစ်ကို အား မည်သို့ ပြော နိုင် မည်နည်း ။ သူတော်ကောင်း ယောင်ဆောင် သော သူ ၊ သင် ၏ မျက်စိ ထဲမှ သစ်တုံး ကို ဦးစွာ ထုတ်ပစ် လော့ ။ ထိုအခါ သင့် ညီအစ်ကို ၏ မျက်စိ ထဲမှ သစ် အမှုန် အစ ကို ထုတ်ပစ် ရန် ရှင်းလင်း စွာ မြင် ရ လိမ့်မည် ။
[43] မကောင်း သော အသီး ကို သီး သော ကောင်း သည့် အပင် မ ရှိ ။ ကောင်း သော အသီး ကို သီး သော မကောင်း သည့် အပင် လည်း မ ရှိ ။
[44] အပင် တိုင်း ကို ၎င်း ၏ အသီး အားဖြင့် သိ ရ ၏ ။ အကြောင်းမူကား ဆူးပင် မှ သဖန်းသီး ကို ဆွတ်ခူး ၍ မ ရ နိုင် ။ ချုံပုတ် မှ လည်း စပျစ်သီး ကို မ စုသိမ်း နိုင် ။
[45] ကောင်း သော သူ သည် ကောင်း သော အရာ ကို ကောင်း သော စိတ်နှလုံး ဘဏ္ဍာတိုက် ထဲမှ ထုတ်ဖော် တတ် ၏ ။ မကောင်း သော သူ သည် လည်း မကောင်း သော အရာ ကို မကောင်း သော စိတ်နှလုံး ဘဏ္ဍာတိုက် ထဲမှ ထုတ်ဖော် တတ် ၏ ။ အကြောင်းမူကား စိတ်နှလုံး ၌ ပြည့်လျှံ နေ သည့် အရာ ကို နှုတ် က ပြောဆို တတ် ၏ ။
[46] သင် တို့ သည် ငါ့ ကို ‘ သခင် ၊ သခင် ’ ဟု ခေါ် ကြ ပြီး အဘယ်ကြောင့် ငါ ပြော သော အရာ ကို မ ကျင့်သုံး ဘဲ နေ ကြ သနည်း ။
[47] ငါ့ ထံသို့ လာ ပြီး ငါ့ တရား စကား တို့ ကို ကြား ၍ ကျင့်သုံး သော သူ တိုင်း သည် မည်သူ နှင့် တူ သည် ကို သင် တို့ အား ငါ ပြောပြ မည် ။
[48] သူ သည် မြေ ကို နက် စွာ တူး ပြီးလျှင် ကျောက် ပေါ်၌ အုတ်မြစ် ချ ၍ အိမ် ဆောက် သော သူ နှင့် တူ ၏ ။ ရေ လွှမ်းမိုး ၍ မြစ် ရေ သည် ထို အိမ် ကို ရိုက်ခတ် သော်လည်း ခိုင်ခံ့ စွာ တည်ဆောက် ထား သောကြောင့် ထို အိမ် ကို မ လှုပ်ရှား စေ နိုင် ။
[49] သို့သော် ကြား ၍ မ ကျင့်သုံး သော သူ မူကား အုတ်မြစ် မ ချ ဘဲ မြေ ပေါ်၌ အိမ် ဆောက် သော သူ နှင့် တူ ၏ ။ မြစ် ရေ သည် ထို အိမ် ကို ရိုက်ခတ် သောအခါ ချက်ချင်း ပြိုလဲ သွား ၏ ။ ထို အိမ် ၏ ပျက်စီး မှု သည် လည်း ကြီးမား လှ ပေ ၏ ” ဟု မိန့်တော်မူ၏။