[1] ထို့နောက် မကြာမီ ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည်လည်း ကိုယ်တော်နှင့်အတူလိုက်ကြ၏။
[2] သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊
[3] နယ်စားဟေရုဒ်၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္နမှစ၍ ရှုရှန္နအပါအဝင် အခြားအမျိုးသမီးအမြောက်အမြားရှိကြ၏။ ဤအမျိုးသမီးတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ကို လုပ်ကျွေးပြုစုကြ၏။
[4] များစွာသောလူထုပရိသတ်တို့သည် စုရုံးလာကြ၍ မြို့ရွာအရပ်ရပ်မှလူတို့သည်လည်း အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ပုံဥပမာကိုဆောင်လျက် မြွက်ဆိုတော်မူသည်မှာ
[5] “ မျိုးကြဲ သော သူ သည် မိမိ မျိုးစေ့ များ ကို ကြဲ ရန် ထွက်သွား လေ ၏ ။ ထို သူ မျိုးကြဲ စဉ်တွင် အချို့ သော မျိုးစေ့ သည် လမ်း ဘေး တွင် ကျ သဖြင့် နင်းခြေ ခြင်း ခံရ ၍ မိုး ကောင်းကင် ငှက် တို့ သည် ၎င်း ကို ကောက်စား ကြ ၏ ။
[6] အချို့ မူကား ကျောက် ပေါ်၌ ကျ သဖြင့် အပင် ပေါက်လာ သော်လည်း အစိုဓာတ် မ ရ သောကြောင့် ညှိုးနွမ်း ခြောက်သွေ့ သွား လေ ၏ ။
[7] အချို့ မူကား ဆူးပင် တို့ အလယ် တွင် ကျ သဖြင့် အတူ ပေါက်လာ သည့် ဆူးပင် တို့ သည် ၎င်း ကို ကာဆီး ပိတ်ဆို့ ကြ ၏ ။
[8] အချို့ မူကား ကောင်း သော မြေ ၌ ကျ သဖြင့် အပင် ပေါက် ၍ အဆ တစ်ရာ အသီး ဖြစ်ထွန်း လေ ၏ ” ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက်“ ကြား စရာ နား ရှိ သော သူ သည် ကြား ပါစေ ” ဟု ကြွေးကြော်တော်မူ၏။
[9] တပည့်တော်တို့က ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း ကိုယ်တော်အားမေးလျှောက်ကြ၏။
[10] ကိုယ်တော်ကလည်း“ သင် တို့ အား ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ဆိုင်သည့် လျှို့ဝှက် နက်နဲ သော အရာ များ ကို သိ ခွင့် ပေး ထား ၏ ။ အခြား သော သူ တို့ မူကား မြင် လျက် ပင် မ မြင် စေရန် နှင့် ကြား လျက် ပင် နား မ လည် စေရန် သူ တို့ အား ပုံ ဥပမာ များ ဖြင့် ဟောပြော ရ ၏ ။
[11] ပုံ ဥပမာ ၏ အဓိပ္ပာယ် ကား ဤသို့ ဖြစ် ၏ ။ မျိုးစေ့ သည် ဘုရားသခင် ၏ တရား စကား ဖြစ် ၏ ။
[12] လမ်း ဘေး တွင် ကျ သည် ဆိုသည်မှာ ဤသို့သော သူ တို့ ကို ဆိုလို ၏ ။ တရား စကား ကို သူ တို့ ကြား သော်လည်း ယုံကြည် ၍ ကယ်တင် ခြင်း မ ခံရ စေရန် မာရ်နတ် သည် လာ ၍ တရား စကား ကို သူ တို့ စိတ်နှလုံး ထဲမှ နုတ်ယူ လေ ၏ ။
[13] ကျောက် ပေါ်၌ ကျ သည် ဆိုသည်မှာ တရား စကား ကို ကြား ၍ ဝမ်းမြောက် စွာ ဖြင့် လက်ခံ သော သူ တို့ ကို ဆို လို ၏ ။ သို့သော် သူ တို့ ၌ အမြစ် မ စွဲ သဖြင့် ခေတ္တ ခဏ သာ ယုံကြည် ၍ စုံစမ်း နှောင့်ယှက် ခြင်း အချိန် ၌ ဖောက်ပြန် သွား ကြ ၏ ။
[14] ဆူးပင် တို့ တွင် ကျ သည် ဆိုသည်မှာ တရား စကား ကို ကြား သော်လည်း သွားလာ နေထိုင် စဉ် ဘဝ အသက်တာ နှင့်ဆိုင်သော စိုးရိမ် ပူပန် ခြင်း ၊ စည်းစိမ် ကြွယ်ဝ ခြင်း နှင့် ကာမဂုဏ် ခံစား ခြင်း တို့ ဖြင့် ကာဆီး ပိတ်ဆို့ ခံရ သဖြင့် အသီး မ အောင် သော သူ တို့ ကို ဆို လို ၏ ။
[15] ကောင်း သော မြေ ၌ ကျ သည် ဆိုသည်မှာ ကြည်လင် ကောင်းမြတ် သော စိတ်နှလုံး ဖြင့် တရား စကား ကို ကြား ၍ ၎င်း ကို စွဲကိုင် ထား ကာ သည်းခံ သော အားဖြင့် အသီး သီး သော သူ တို့ ကို ဆိုလို ၏ ။
[16] ဆီမီး ကို ထွန်း ၍ အိုး ဖြင့် ဖုံးအုပ် သော သူ ၊ သို့မဟုတ် ခုတင် အောက် တွင် ထား သော သူ မ ရှိ ။ ဝင်လာ သော သူ တို့ သည် အလင်း ကို မြင် စေရန် ဆီမီးခုံ ပေါ်၌ သာ ထား တတ် ကြ ၏ ။
[17] အကြောင်းမူကား ကွယ်ဝှက် ထား သော အရာ များ တွင် မ ထင်ရှား လာ မည့် အရာ ဟူ၍ မ ရှိ ။ ဖုံးကွယ် ထား သော အရာ များ တွင် လည်း ဖော်ပြ ခံရ ခြင်း ၊ သို့မဟုတ် သိသာထင်ရှား လာ ခြင်း မ ရှိ ဘဲ နေ မည့် အရာ ဟူ၍ မ ရှိ ။
[18] သို့ဖြစ်၍ သင် တို့ မည်ကဲ့သို့ ကြား ရ သည် ကို သတိပြု ကြ လော့ ။ အကြောင်းမှာ ရှိ သော သူ အား ထပ်၍ ပေး ဦး မည် ။ မ ရှိ သော သူ ထံမှ မူကား သူ ၌ ရှိ သည် ဟု ထင် ရ သော အရာ ကို ပင် သိမ်းယူ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[19] ထိုအခါ ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် အထံတော်သို့လာကြ၏။ သို့သော် လူအစုအဝေးတို့ကြောင့် ကိုယ်တော်အနားသို့မရောက်နိုင်ကြသဖြင့်
[20] လူတို့က “ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ အပြင်၌ရပ်နေကြပါသည်”ဟု လျှောက်ကြ၏။
[21] သို့သော် ကိုယ်တော်က“ ဘုရားသခင် ၏ နှုတ်ကပတ် တရား ကို ကြား ၍ ကျင့်သုံး သော သူ တို့ သည် ငါ့ အမိ နှင့် ငါ့ ညီ များ ဖြစ် ကြ ၏ ” ဟု မိန့်တော်မူ၏။
[22] တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်ပြီးလျှင်“ အိုင် တစ်ဖက်ကမ်း သို့ ကူး ကြ စို့ ” ဟု မိန့်တော်မူသဖြင့် သူတို့သည် ရွက်လွှင့်သွားကြ၏။
[23] သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ကြရ၏။
[24] တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။
[25] ထို့နောက် ကိုယ်တော်က“ သင် တို့ ၏ ယုံကြည် ခြင်း အဘယ်မှာ ရှိ သနည်း ” ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
[26] ထို့နောက် သူတို့သည် ဂါလိလဲနယ်တစ်ဖက်ကမ်းရှိ ဂါရစ နယ်သို့ ဆက်၍ရွက်လွှင့်ကြ၏။
[27] ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်လည်းမဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
[28] သူသည် ယေရှုကိုမြင်လျှင် အော်ဟစ်လျက် ရှေ့တော်၌ပျပ်ဝပ်ကာ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် လျှောက်ထားလေ၏။
[29] ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား သူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချုည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
[30] ယေရှုကလည်း ထိုသူအား“ သင့် နာမည် မည်သို့ ခေါ် သနည်း ” ဟု မေးတော်မူရာ သူ့အထဲ၌ နတ်ဆိုးများစွာဝင်ပူးနေသောကြောင့် ထိုသူက “လေဂေါင် ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
[31] တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။
[32] ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် ကျက်စားလျက်ရှိ၏။ နတ်ဆိုးတို့သည် ထိုဝက်များထဲသို့ဝင်ခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ခွင့်ပြုတော်မူ၏။
[33] ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သေဆုံးကြကုန်၏။
[34] ဝက်ထိန်းကျောင်းသောသူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုမြင်ကြသောအခါ ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြလေ၏။
[35] လူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုကြည့်ရှုရန် ထွက်လာ၍ ယေရှုထံသို့ရောက်လာကြသောအခါ နတ်ဆိုးများထွက်သွားသောသူသည် အဝတ်ဝတ်ထားကာ ယေရှု၏ခြေတော်ရင်း၌ ပကတိစိတ်ရှိလျက် ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။
[36] မျက်မြင်တွေ့ရှိခဲ့သူများကလည်း နတ်ဆိုးပူးသူ မည်ကဲ့သို့အကောင်းပကတိဖြစ်ခဲ့သည်ကို ထိုသူတို့အား ပြောပြကြ၏။
[37] ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။
[38] နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က
[39] “ သင့် အိမ် သို့ ပြန် ၍ သင့် အပေါ် ဘုရားသခင် ပြု တော်မူ သမျှ တို့ ကို ပြောကြား လော့ ” ဟု မိန့်တော်မူပြီး သူ့ကိုပြန်သွားစေ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ် ယေရှုပြုတော်မူသမျှတို့ကို တစ်မြို့လုံးအနှံ့ပြောကြားလေ၏။
[40] ယေရှုပြန်ကြွသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။
[41] ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်း တာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။
[42] အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။
[43] ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
[44] ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်လျက် ဝတ်ရုံတော်၏ပန်းဖွားကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။
[45] ထိုအခါ ယေရှုက“ ငါ့ ကို မည်သူ တို့ထိ သနည်း ” ဟု မေးတော်မူလျှင် အားလုံးကငြင်းဆိုကြ၏။ ပေတရုက “သခင်၊ လူထုပရိသတ်သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်” ဟု လျှောက်လေ၏။
[46] သို့သော် ယေရှုက“ တစ်စုံတစ်ယောက် သည် ငါ့ ကို တို့ထိ ၏ ။ အဘယ်ကြောင့် ဆိုသော် ငါ့ ထံမှ တန်ခိုး ထွက် သည် ကို ငါ သိ ၏ ” ဟု မိန့်တော်မူ၏။
[47] ထိုအမျိုးသမီးသည် ဖုံးကွယ်ထား၍မရကြောင်းသိသောအခါ တုန်လှုပ်လျက်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ကိုယ်တော်ကိုတို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ အနာရောဂါချက်ချင်းပျောက်ကင်းခဲ့ပုံကိုလည်းကောင်း လူအပေါင်းတို့ရှေ့တွင် ပြောပြလေ၏။
[48] ကိုယ်တော်ကလည်း“ သမီး ၊ သင် ၏ ယုံကြည် ခြင်း သည် သင့် ကို ကျန်းမာ စေ ပြီ ။ ငြိမ်းချမ်း စွာ သွား လော့ ” ဟု သူ့အား မိန့်တော်မူ၏။
[49] ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအိမ်မှ လူတစ်ဦးသည်ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို ဆက်၍မနှောင့်ယှက်ပါနှင့်”ဟု ပြောလေ၏။
[50] ယေရှုသည်ကြားလျှင်“ မ စိုးရိမ် နှင့် ။ ယုံကြည် ခြင်း သာ ရှိ လော့ ။ သို့ပြုလျှင် သူငယ်မ သည် အကောင်း ပကတိ ဖြစ် လိမ့်မည် ” ဟု ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား မိန့်တော်မူ၏။
[51] ထို့နောက် အိမ်သို့ရောက်သောအခါ ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် သူငယ်မ၏မိခင်ဖခင်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်ထဲသို့ဝင်ခွင့်ပြုတော်မမူ။
[52] လူအပေါင်းတို့သည် သူငယ်မအတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးနေကြ၏။ ကိုယ်တော်ကလည်း“ မ ငိုကြွေး ကြ နှင့် ။ သူငယ်မ သည် သေ သည် မ ဟုတ် ။ အိပ်ပျော် နေ ခြင်း သာ ဖြစ် ၏ ” ဟု မိန့်တော်မူရာ
[53] သူတို့သည် သူငယ်မ သေဆုံးပြီဖြစ်ကြောင်း သိကြသည်ဖြစ်၍ ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
[54] သို့သော် ကိုယ်တော်သည် သူငယ်မ၏လက်ကိုကိုင်လျက် “ သူငယ်မ ၊ ထ လော့ ” ဟု ခေါ်တော်မူလျှင်
[55] သူငယ်မ၏ဝိညာဉ်သည်ပြန်ဝင်လာသဖြင့် သူသည် ချက်ချင်းထလေ၏။ ကိုယ်တော်သည်လည်း သူ့အား စားစရာပေးရန် အမိန့်ပေးတော်မူ၏။
[56] ထိုအခါ မိဘတို့သည် အံ့သြငေးမောကြ၏။ သို့ရာတွင် ကိုယ်တော်သည် ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှမပြောရန် သူတို့အား မိန့်မှာတော်မူ၏။