[1] တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။
[2] ကိုယ်တော်သည် ကမ်းနားတွင်ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည် ထိုလှေများပေါ်မှဆင်း၍ ပိုက်ကွန်များကိုဆေးကြောနေကြ၏။
[3] ကိုယ်တော်သည် ထိုလှေတို့အနက် ရှိမုန်၏လှေပေါ်သို့တက်၍ လှေကို ကမ်းမှအနည်းငယ်ခွာရန် သူ့အား မိန့်တော်မူ၏။ ထို့နောက် ထိုင်၍ လူထုပရိသတ်တို့အား လှေပေါ်မှ သွန်သင်တော်မူ၏။
[4] ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား“ ရေ နက် ရာ သို့ ရွှေ့ လော့ ။ သင် တို့ ၏ ပိုက်ကွန် များ ကို ချ ၍ ငါး ဖမ်း ကြ လော့ ” ဟု မိန့်တော်မူ၏။
[5] ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားဖမ်းကြသော်လည်း တစ်ကောင်ကိုမျှမရကြပါ။ သို့သော် ကိုယ်တော်အမိန့်ရှိတော်မူသည်ဖြစ်၍ ပိုက်ကွန်များကိုချပါမည်”ဟု လျှောက်ပြီးနောက်
[6] ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။
[7] ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။
[8] ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
[9] ဤသို့လျှောက်သည်မှာ ဖမ်းမိသောငါးများပြားသဖြင့် ရှိမုန်နှင့် သူ၏အပေါင်းအဖော်အားလုံးသည် အံ့အားသင့်ကြသောကြောင့်ဖြစ်၏။
[10] ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း“ မ ကြောက် နှင့် ။ သင် သည် ယခု မှစ၍ လူ ကို ဖမ်း လိမ့်မည် ” ဟု ရှိမုန်အား မိန့်တော်မူ၏။
[11] ထိုအခါ သူတို့သည် လှေကို ကုန်းပေါ်တင်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ကြ၏။
[12] ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။
[13] ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ ငါ အလိုရှိ ၏ ။ စင်ကြယ် ခြင်း သို့ ရောက် စေ ” ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွားလေ၏။
[14] ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက်“ ယဇ်ပုရောဟိတ် ထံသို့ သာ သွား ၍ သင့်ကိုယ်သင် ပြ ပြီးလျှင် လူ တို့ ရှေ့၌ သက်သေ ဖြစ် စေရန် မောရှေ ပညတ် ထား သည့် အတိုင်း သင် ၏ စင်ကြယ် ခြင်း ဝတ် အတွက် ပူဇော်သက္ကာ ကို ဆက်သ လော့ ” ဟု မိန့်တော်မူ၏။
[15] သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။
[16] သို့သော် ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့သွား၍ ဆုတောင်းလေ့ရှိတော်မူ၏။
[17] တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။
[18] ထိုအခါ လူတို့သည် လေဖြတ်သောသူတစ်ဦးကို အိပ်ရာနှင့်တကွသယ်ဆောင်လာပြီး သူ့ကိုအထဲသို့သွင်း၍ ကိုယ်တော်ရှေ့၌ချထားရန် ကြိုးစားကြ၏။
[19] သို့ရာတွင် လူအစုအဝေးတို့ကြောင့် သူ့ကိုသယ်သွားရမည့်လမ်းကို မတွေ့သဖြင့် လေသာဆောင်အပေါ်သို့တက်ကာ အုတ်ကြွပ်ကိုခွာ၍ လူနာကို ပရိသတ်အလယ် ယေရှု၏ရှေ့တော်သို့ အိပ်ရာနှင့်တကွလျှောချကြ၏။
[20] ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင်“ အချင်း လူ ၊ သင် ၏ အပြစ် များ ခွင့်လွှတ် ခြင်း ခံရ ပြီ ” ဟု မိန့်တော်မူ၏။
[21] ထိုအခါ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဘုရားသခင်ကိုစော်ကားပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု တွေးတောဆင်ခြင်ကြ၏။
[22] ယေရှုသည် သူတို့၏တွေးတောဆင်ခြင်မှုများကို သိတော်မူ၍“ အဘယ်ကြောင့် သင် တို့ ၏ စိတ်နှလုံး ထဲ၌ ထိုသို့ တွေးတော ဆင်ခြင် နေ ကြ သနည်း ။
[23] ‘ သင် ၏ အပြစ် များ ခွင့်လွှတ် ခြင်း ခံရ ပြီ ’ ဟု ဆို ရန် နှင့် ‘ ထ ၍ လမ်းလျှောက် လော့ ’ ဟု ဆို ရန် မည်သည့် အရာ က ပို၍ လွယ်ကူ သနည်း ။
[24] သို့သော် လူ့သား သည် မြေကြီး ပေါ်တွင် အပြစ် များ ခွင့်လွှတ် ပိုင်ခွင့် ရှိ ကြောင်း သင် တို့ သိ စေရန် ” ဟု သူတို့အား မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား“ သင့် ကို ငါ ဆို မည် ။ ထ လော့ ။ သင် ၏ အိပ်ရာ ကို ဆောင်ယူ ၍ အိမ် သို့ ပြန် လော့ ” ဟု မိန့်တော်မူ၏။
[25] ထိုအခါ လေဖြတ်သောသူသည် လူတို့ရှေ့တွင် ချက်ချင်းထ၍ မိမိလဲလျောင်းခဲ့သောအိပ်ရာကို ဆောင်ယူပြီးလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် မိမိအိမ်သို့ပြန်သွားလေ၏။
[26] လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ယနေ့ ငါတို့သည် အံ့ဖွယ်သောအမှုကို မြင်ရကြပြီ”ဟု အလွန်ထိတ်လန့်အံ့ဩသောစိတ်ဖြင့်ပြောဆိုကြ၏။
[27] ထို့နောက် ကိုယ်တော်သည် ထွက်ခွာသွား၍ အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် လေဝိ အမည်ရှိ အခွန်ကောက်ခံသူတစ်ဦးကိုမြင်သဖြင့်“ ငါ့ နောက် သို့ လိုက် လော့ ” ဟု မိန့်တော်မူသော်
[28] သူသည် ရှိသမျှတို့ကိုစွန့်ပြီး ထ၍ နောက်တော်သို့လိုက်လေ၏။
[29] လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးကိုကျင်းပလေရာ အခွန်ကောက်ခံသူအစုအဝေးနှင့်အခြားသောသူများစွာတို့သည် သူတို့နှင့်အတူထိုင် ၍ စားသောက်နေကြ၏။
[30] ထိုအခါ ဖာရိရှဲတို့နှင့် သူတို့ထဲမှကျမ်းပြုဆရာတို့က “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း”ဟု တပည့်တော်တို့အား မကျေမနပ်ပြောဆိုကြ၏။
[31] ယေရှုကလည်း“ ကျန်းမာ သော သူ တို့ သည် ဆေးဆရာ ကို မ လိုအပ် ကြ ပေ ။ နာမကျန်း ဖြစ် သော သူ တို့ သာလျှင် လိုအပ် ကြ ၏ ။
[32] ဖြောင့်မတ် သော သူ တို့ ကို ခေါ် ရန် ငါ လာ သည် မ ဟုတ် ။ အပြစ်သား တို့ ကို နောင်တ သို့ ခေါ် ရန် ငါ လာ ၏ ” ဟု မိန့်တော်မူ၏။
[33] လူအချို့တို့က “ယောဟန်၏တပည့်များသည် မကြာခဏ အစာရှောင်၍ ဆုတောင်းခြင်းအမှုကိုပြုကြသည်။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြသည်။ ကိုယ်တော်၏တပည့်တော်တို့မူကား စားသောက်လျက်နေကြပါသည်တကား”ဟု လျှောက်ကြ၏။
[34] ယေရှုကလည်း“ သတို့သား ၏ ဆွေမျိုး မိတ်သင်္ဂဟ များ သည် သတို့သား နှင့်အတူ ရှိ နေ စဉ် သူ တို့ ကို အစာရှောင် စေ နိုင် မည်လော ။
[35] သို့သော် သတို့သား ကို သူ တို့ ထံမှ ခေါ်ဆောင် သွား မည့် နေ့ရက် များ ရောက်လာ လိမ့်မည် ။ ထို နေ့ရက် များ ရောက်လာ သည့် အခါ ၌ သူ တို့ သည် အစာရှောင် ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[36] ထို့နောက် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ“ မည်သူ မျှ အဝတ် အသစ် မှ ပိတ်စ ကို ဆုတ်ဖြဲ ၍ အဝတ် အဟောင်း ကို ဖာ လေ့ မ ရှိ ။ ထိုသို့ပြုလျှင် အဝတ် အသစ် ကို ဆုတ်ဖြဲ ရ သည် သာမက ဖာ ထား သော ပိတ်စ အသစ် သည် လည်း အဝတ် အဟောင်း နှင့် လိုက်ဖက် မည် မ ဟုတ် ။
[37] ထိုနည်းတူ မည်သူမျှ စပျစ် ဝိုင် အသစ် ကို သားရေဘူး အဟောင်း ၌ ထည့် လေ့ မ ရှိ ။ ထိုသို့ပြုလျှင် စပျစ် ဝိုင် အသစ် သည် သားရေဘူး ကို ပေါက်ပြဲ စေ သဖြင့် စပျစ် ဝိုင် ယိုထွက် ကာ သားရေဘူး လည်း ပျက်စီး သွား လိမ့်မည် ။
[38] စပျစ် ဝိုင် အသစ် ကို သားရေဘူး အသစ် ၌ သာ ထည့် ရ ၏ ။
[39] စပျစ် ဝိုင် အဟောင်း ကို သောက် ပြီး သော သူ သည် လည်း ‘ စပျစ် ဝိုင် အဟောင်း သည် ကောင်း ၏ ’ ဟု ဆို လျက် စပျစ် ဝိုင် အသစ် ကို သောက် လို စိတ် မ ရှိ တတ် ” ဟု မိန့်တော်မူ၏။