Skip to content
Opens in a new window
Listen to this chapter • 11:15

[1] တစ်ခါက ကိုယ်တော်​သည် တစ်​နေရာ​၌ ဆုတောင်း​လျက်​နေ​တော်မူ​၏။ ဆုတောင်း​ပြီး​သောအခါ တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ ယောဟန်​သည် သူ​၏​တပည့်​များ​ကို​သင်ပေး​သကဲ့သို့ အကျွန်ုပ်​တို့​ကို​လည်း ဆုတောင်း​ရန်​သင်ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[2] ကိုယ်တော်​က​လည်း“ သင် တို့ ဆုတောင်း ကြ သောအခါ ‘ အဖ ၊ ကိုယ်တော် ၏ နာမ တော် သည် ရိုသေလေးမြတ် ခြင်း ခံရ ပါစေသော ။ နိုင်ငံ တော် ပေါ်ထွန်း ပါစေသော ။

[3] အကျွန်ုပ် တို့ အတွက် တစ်နေ့တာ လိုအပ် သော အစာ ​ကို နေ့စဉ် ပေး သနား တော်မူ ပါ ။

[4] အကျွန်ုပ် တို့ အပေါ် အပြစ် ကြွေး ရှိ သူ အားလုံး တို့ ကို အကျွန်ုပ် တို့ ခွင့်လွှတ် သည် ဖြစ်၍ အကျွန်ုပ် တို့ ၏ အပြစ် များ ကို လည်း ခွင့်လွှတ် တော်မူ ပါ ။ အကျွန်ုပ် တို့ ကို ဖြားယောင်း သွေးဆောင် ရာ သို့ မ လိုက် မ ပါ စေ ပါ နှင့် ’ ​ဟူ၍ မြွက်ဆို ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[5] ထို့နောက် ကိုယ်တော်​က“ သင် တို့ ထဲမှ တစ်စုံတစ်ယောက် တွင် မိတ်ဆွေ တစ် ဦး ရှိ သည် ဆို ပါ စို့ ။ သူ သည် သန်းခေါင် အချိန် ၌ ထို မိတ်ဆွေ ထံ သွား ၍ ‘ အဆွေ ၊

[6] အကျွန်ုပ် ၏ မိတ်ဆွေ တစ် ဦး သည် ခရီး သွား ရာ မှ အကျွန်ုပ် ထံသို့ ရောက်လာ ၏ ။ အကျွန်ုပ် ၌ သူ့ ကို ကျွေး ရန် မည်သည့် အရာ မျှ မ ရှိ သောကြောင့် အကျွန်ုပ် အား မုန့် သုံး လုံး ချေး ပေး ပါ ’ ဟု ဆို သော်လည်း

[7] ထို သူ က ‘ ငါ့ ကို အနှောင့်အယှက် မ ပေး ပါ နှင့် ။ တံခါး ပိတ် ထား ပြီ ။ ငါ့ သားသမီး များ သည် လည်း ငါ နှင့်အတူ အိပ်ရာ ဝင် ကြ ပြီ ။ ငါ သည် ထ ၍ သင့် အား မည်သည့် အရာ ကို မျှ မ ပေး နိုင် ပါ ’ ဟု အိမ် တွင်း မှ ပြန်ပြော လိမ့်မည် ။

[8] သင် တို့ အား ငါ ဆို မည် ။ ထို သူ သည် မိမိ မိတ်ဆွေ ဖြစ် သည် ကို ထောက် ၍ သူ့ အား မည်သည့် အရာ ကို မျှ ထ ပြီး မ ပေး သော်လည်း အား မ လျှော့ ဘဲ တောင်းဆို သည် ကို ထောက် ၍ လို သမျှ ကို ထ ပြီး ပေး လိမ့်မည် ။

[9] ထို့ကြောင့် သင် တို့ အား ငါ ဆို မည် ။ တောင်း ကြ လော့ ။ တောင်း လျှင် သင် တို့ ရ ကြ လိမ့်မည် ။ ရှာ ကြ လော့ ။ ရှာ လျှင် သင် တို့ တွေ့ ကြ လိမ့်မည် ။ တံခါး ကို ခေါက် ကြ လော့ ။ ခေါက် လျှင် သင် တို့ ကို ဖွင့် ပေး လိမ့်မည် ။

[10] အကြောင်းမူကား တောင်း သော သူ တိုင်း သည် ရ ၏ ။ ရှာ သော သူ သည် လည်း တွေ့ ၏ ။ တံခါး ခေါက် သော သူ ကို လည်း ဖွင့် ပေး လိမ့်မည် ။

[11] သင် တို့ တွင် မည်သည့် ဖခင် သည် သား က ငါး ကို တောင်း သောအခါ ငါး အစား မြွေ ကို ပေး မည်နည်း ၊

[12] သို့မဟုတ် ကြက်ဥ ကို တောင်း သောအခါ ကင်းမြီးကောက် ကို ပေး မည်နည်း ။

[13] သင် တို့ သည် မကောင်း သော သူ များ ဖြစ် ကြ လျက် ပင် သင် တို့ ၏ သားသမီး များ အား ကောင်း သော လက်ဆောင် များ ပေး ရ မည် ကို သိ ကြ လျှင် ကောင်းကင် ဘုံ ရှင် အဖ သည် မိမိ ထံ တောင်းလျှောက် သော သူ များ အား သန့်ရှင်း သော ဝိညာဉ် တော် ကို သာ၍ ပင် ပေး တော်မူ လိမ့်မည် မ ဟုတ် လော ” ​ဟု မိန့်​တော်မူ​၏။

[14] တစ်ခါ​က ကိုယ်တော်​သည် ဆွံ့အ​သော​နတ်ဆိုး​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​ထွက်သွား​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​သဖြင့် လူထု​ပရိသတ်​တို့​သည်​အံ့သြ​ကြ​၏။

[15] သို့သော် ထို​သူ​တို့​ထဲမှ အချို့​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟု ပြောဆို​ကြ​၏။

[16] အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။

[17] သို့သော် ကိုယ်တော်​သည် သူ​တို့​၏​စိတ်​သဘော​များ​ကို သိမြင်​တော်မူ​သဖြင့်“ မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ သော နိုင်ငံ တိုင်း သည် လုံးလုံး ပျက်စီး သွား မည် ။ မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ သော အိမ် သည် လည်း ပြိုလဲ သွား မည် ။

[18] စာတန် သည် လည်း မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ လျှင် သူ ၏ နိုင်ငံ သည် မည်သို့ တည်မြဲ နိုင် မည်နည်း ။ ဤသို့ဆိုခြင်းမှာ ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ ကို နှင်ထုတ် သည် ဟု သင် တို့ ဆို ကြ သောကြောင့် ဖြစ် ၏ ။

[19] ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ ကို နှင်ထုတ် သည် ဆိုလျှင် သင် တို့ ၏ သား များ သည် မည်သူ့ ကို အမှီပြု ၍ နှင်ထုတ် ကြ သနည်း ။ ထို့ကြောင့် သူ တို့ သည် သင် တို့ ကို တရား စီရင် သူ များ ဖြစ် ကြ လိမ့်မည် ။

[20] သို့ရာတွင် ငါ သည် ဘုရားသခင် ၏ လက်ညှိုး တော် အားဖြင့် နတ်ဆိုး တို့ ကို နှင်ထုတ် သည် ဆိုလျှင် ဘုရားသခင် ၏ နိုင်ငံ တော် သည် သင် တို့ ထံ ရောက်ရှိ လေ ပြီ ။

[21] ခွန်အား ကြီး သော သူ သည် လက်နက် အပြည့်အစုံ ဖြင့် မိမိ ခြံဝင်း ကို စောင့်ကြပ် နေ သောအခါ သူ ၏ ဥစ္စာ ပစ္စည်း များ သည် လုံခြုံ မှု ရှိ ၏ ။

[22] သို့သော် သူ့ ထက် ခွန်အား ကြီး သော သူ သည် ရောက်လာ ၍ သူ့ ကို တိုက်ခိုက် အောင်နိုင် သောအခါ သူ အားကိုး ခဲ့ သည့် လက်နက် စုံ ကို သိမ်းယူ ၍ သိမ်းပိုက် ရရှိ သည့် ပစ္စည်း များ ကို ခွဲဝေ လိမ့်မည် ။

[23] ငါ့ ဘက် ၌ မ နေ သော သူ သည် ငါ့ ကို ဆန့်ကျင် သော သူ ဖြစ် ၏ ။ ငါ နှင့်အတူ မ စု မ သိမ်း သော သူ သည် တစ်ကွဲတစ်ပြား ဖြစ် စေ သော သူ ဖြစ် ၏ ။

[24] ညစ်ညူး သော နတ် သည် လူ့ အထဲမှ ထွက်သွား သောအခါ ခြောက်သွေ့ သော အရပ် ဒေသ များ သို့ လျှောက်သွား ကာ ခိုနား ရာ ကို ရှာ တတ် ၏ ။ သို့သော် ရှာ ၍ မ တွေ့ သဖြင့် ‘ ငါ ထွက်လာ ခဲ့ သော ငါ့ အိမ် သို့ ပြန် မည် ’ ဟု ဆို လျက်

[25] ပြန်လာ ရာ ထို နေရာ မှာ လှဲကျင်း ၍ သပ်ရပ် စွာ ပြင်ဆင် ထား သည် ကို တွေ့ လေ ၏ ။

[26] ထိုအခါ ၎င်း သည် သွား ၍ မိမိ ထက် ဆိုး သော နတ် ခုနစ် ကောင် ကို ခေါ်ဆောင် လာ ပြီး ထို နေရာ ၌ ဝင်ရောက် နေထိုင် သဖြင့် ထို လူ ၏ နောက် ဖြစ်အင် သည် ရှေ့ ဖြစ်အင် ထက် ဆိုးရွား လေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[27] ဤ​အကြောင်းအရာ​များ​ကို ကိုယ်တော်​မိန့်​တော်မူ​စဉ် လူထု​ပရိသတ်​ထဲမှ အမျိုးသမီး​တစ်​ဦး​သည် အသံ​ကို​ကျယ်စွာပြု​၍ “ကိုယ်တော်​ကို​လွယ်​သော​ဝမ်း​နှင့် စို့​တော်မူ​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​ပါ​၏”​ဟု လျှောက်​လေ​၏။

[28] သို့ရာတွင် ကိုယ်တော်​က“ စင်စစ်ကား ဘုရားသခင် ၏ နှုတ်ကပတ် တရား ကို ကြား ၍ စောင့်ထိန်း သော သူ သည် မင်္ဂလာရှိ ၏ ” ​ဟု မိန့်​တော်မူ​၏။

[29] လူထု​ပရိသတ်​များ​စုရုံး​လာ​ကြ​စဉ် ကိုယ်တော်​က“ ဤ မျိုးဆက် သည် ဆိုးညစ် သော မျိုးဆက် ဖြစ် ၏ ။ သူ တို့ သည် နိမိတ် လက္ခဏာ ကို တောင်းဆို သော်လည်း ယောန ​၏ နိမိတ် လက္ခဏာ မှတစ်ပါး မည်သည့် နိမိတ် လက္ခဏာ ကို မျှ သူ တို့ အား ပြ လိမ့်မည် မ ဟုတ် ။

[30] အကြောင်းမူကား ယောန သည် နိနေဝေ မြို့သား တို့ အတွက် နိမိတ် လက္ခဏာ ဖြစ် သကဲ့သို့ လူ့သား သည် လည်း ဤ မျိုးဆက် အတွက် နိမိတ် လက္ခဏာ ဖြစ် လိမ့်မည် ။

[31] တရား စီရင် တော်မူ သည့် အခါ တောင် အရပ် မှ ဘုရင်မ သည် ဤ မျိုးဆက် လူ တို့ နှင့်အတူ ထမြောက် လျက် ဤ မျိုးဆက် ၏ အပြစ် ကို ထင်ရှား စေ လိမ့်မည် ။ အကြောင်းမူကား သူ သည် ရှောလမုန် ၏ ဉာဏ်ပညာ စကား ကို နားထောင် ရန် မြေကြီး အစွန်အဖျား မှ လာ ၏ ။ ကြည့်ရှု လော့ ။ ဤ အရပ် ၌ ရှောလမုန် ထက် ကြီးမြတ် သော သူ ရှိ ၏ ။

[32] တရား စီရင် တော်မူ သည့် အခါ နိနေဝေ မြို့သား တို့ သည် ဤ မျိုးဆက် နှင့်အတူ ထမြောက် လျက် ဤ မျိုးဆက် ၏ အပြစ် ကို ထင်ရှား စေ ကြ လိမ့်မည် ။ အကြောင်းမူကား သူ တို့ သည် ယောန ၏ ဟောပြော ချက် ကြောင့် နောင်တရ ကြ ၏ ။ ကြည့်ရှု လော့ ။ ဤ အရပ် ၌ ယောန ထက် ကြီးမြတ် သော သူ ရှိ ၏ ။

[33] ဆီမီး ကို ထွန်း ၍ ကွယ်ရာ ၌ ထား သော သူ ၊ သို့မဟုတ် တောင်း အောက်၌ ထား သော သူ တစ်စုံတစ်ဦး မျှ မ ရှိ ။ ဝင်လာ သော သူ တို့ သည် အလင်း ကို မြင် စေရန် ဆီမီးခုံ ပေါ်၌ သာ ထား တတ် ကြ ၏ ။

[34] သင် ၏ မျက်စိ သည် ကိုယ်ခန္ဓာ ၏ ဆီမီး ဖြစ် ၏ ။ သင် ၏ မျက်စိ ကောင်း သောအခါ သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး သည် လည်း တောက်ပ နေ လိမ့်မည် ။ သို့သော် မျက်စိ မကောင်း သောအခါ သင် ၏ ကိုယ်ခန္ဓာ သည် လည်း မှောင်မိုက် နေ လိမ့်မည် ။

[35] သို့ဖြစ်၍ သင် ၌ ရှိ သော အလင်း သည် အမှောင် မ ဖြစ် စေရန် သတိပြု လော့ ။

[36] ထို့ကြောင့် သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး သည် မှောင်မိုက် သည့် အပိုင်း မ ရှိ ဘဲ တောက်ပ နေ လျှင် ဆီမီး အလင်းရောင် သည် သင့် အပေါ် ထွန်းလင်း နေ သကဲ့သို့ သင် ၏ ကိုယ်ခန္ဓာ တစ်ခုလုံး သည် တောက်ပ နေ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[37] ထိုသို့​မိန့်​တော်မူ​ပြီး​သောအခါ ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စား​သောက်​တော်မူ​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင် ​တော်မူ​၏။

[38] သို့သော် အစာ​မ​သုံးဆောင်​မီ ဦးစွာ​ဆေးကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာရိရှဲ​သည်​မြင်​၍ အံ့သြ​လေ​၏။

[39] သခင်​ဘုရား​က​လည်း“ သင် တို့ ဖာရိရှဲ များ သည် ခွက် နှင့် လင်ပန်း တို့ ၏ အပြင် ဘက် ကို စင်ကြယ် စေ ကြ သော်လည်း သင် တို့ အတွင်း ၌ ကား မတရား လုယူ ခြင်း နှင့် ဆိုးညစ် ခြင်း တို့ ဖြင့် ပြည့်နှက် လျက် ရှိ ၏ ။

[40] မိုက်မဲ သော သူ တို့ ၊ အပြင် ဘက် ကို ဖန်ဆင်း တော်မူ သော အရှင် သည် အတွင်း ဘက် ကို လည်း ဖန်ဆင်း တော်မူ သည် မ ဟုတ် လော ။

[41] သို့ဖြစ်၍ အတွင်း ၌ ရှိ သော အရာ များ ကို ပေးကမ်း စွန့်ကြဲ ကြ လော့ ။ သို့ပြုလျှင် အရာ ခပ်သိမ်း တို့ သည် သင် တို့ အတွက် စင်ကြယ် ကြ လိမ့်မည် ။

[42] သို့သော် ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ပင်စိမ်း ၊ စမုန်စပါး နှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုး တို့ ကို ဆယ်ဖို့တစ်ဖို့ ပေး လှူ ကြ သော်လည်း တရားမျှတ ခြင်း နှင့် ဘုရားသခင် အပေါ် ထား ရှိ ရ မည့် ချစ် ခြင်း တို့ ကို ချန်လှပ် ထား ကြ ၏ ။ ဤ အရာ များ ကို ပြု ရ မည် ဖြစ် ပြီး အထက် တွင် ဆို သော အရာ များ ကို လည်း ဥပေက္ခာ မ ပြု ရ ။

[43] ဖာရိရှဲ တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ဝတ်ပြု စည်းဝေး ကျောင်း ​များ ၌ အထူး ထိုင်ခုံ ကို လည်းကောင်း ၊ ဈေး အရပ် ၌ နှုတ်ဆက် ခံရ ခြင်း ကို လည်းကောင်း နှစ်သက် ကြ ၏ ။

[44] သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် မ ထင်ရှား သော သင်္ချိုင်း ဂူ များ နှင့် တူ ကြ ၏ ။ လူ တို့ သည် ၎င်း အပေါ်မှာ မ သိ ဘဲ သွားလာ တတ် ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[45] ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​အား “ဆရာ၊ ဤသို့​ပြောဆို​ခြင်း​သည် အကျွန်ုပ်​တို့​ကို​လည်း ရှုတ်ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော်

[46] ကိုယ်တော်​က“ ကျမ်းတတ် ပုဂ္ဂိုလ် တို့ ၊ သင် တို့ သည် လည်း အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် ထမ်းရခက် သော ဝန် များ ကို လူ တို့ အား ထမ်း စေ ကြ ၏ ။ သင် တို့ ကိုယ်တိုင် က မူ ၎င်း တို့ ကို သင် တို့ လက်ဖျား နှင့် မျှ မ တို့ ကြ ။

[47] သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် သင် တို့ ဘိုးဘေး များ သတ် ခဲ့ သော ပရောဖက် တို့ ၏ သင်္ချိုင်း ဂူ များ ကို တည်ဆောက် ကြ ၏ ။

[48] ဤသို့ဖြင့် သင် တို့ သည် သင် တို့ ဘိုးဘေး များ ပြု သော အမှု တို့ ကို သဘောတူ ထောက်ခံ ၍ ထို အမှု တို့ ၏ သက်သေ များ ဖြစ် ကြ ၏ ။ အကြောင်းမူကား သူ တို့ သည် ပရောဖက် များ ကို သတ် ၍ သင် တို့ သည် သင်္ချိုင်း ဂူ များ ကို တည်ဆောက် ကြ ၏ ။

[49] သို့ဖြစ်၍ ဘုရားသခင် ၏ ဉာဏ်ပညာ တော် က ‘ ပရောဖက် များ နှင့် တမန်တော် များ ကို သူ တို့ ထံသို့ ငါ စေလွှတ် မည် ။ ထိုအခါ သူ တို့ သည် ထို သူ တို့ ထဲမှ အချို့ တို့ ကို ညှဉ်းဆဲ ၍ သတ် ကြ လိမ့်မည် ’ ​ဟု မြွက်ဆို ထား ၏ ။

[50] ထို့ကြောင့် အာဗေလ ၏ သွေး မှစ၍ ဗိမာန် တော် နှင့် ယဇ်ပလ္လင် ကြား တွင် အသတ် ခံ ခဲ့ ရ သည့် ဇာခရိ ၏ သွေး တိုင်အောင် ကမ္ဘာ တည် ချိန် မှစ၍ သွန်းလောင်း ခြင်း ခံရ သော ပရောဖက် အပေါင်း တို့ ၏ သွေး ကြွေး ကို ဤ မျိုးဆက် ထံမှ တောင်းယူ လိမ့်မည် ။

[51] မှန် ပေ ၏ ။ ဤ မျိုးဆက် ထံမှ ထို သွေး ကြွေး ကို တောင်းယူ လိမ့်မည် ဟု ငါ ဆို ၏ ။

[52] ကျမ်းတတ် ပုဂ္ဂိုလ် တို့ ၊ သင် တို့ သည် အမင်္ဂလာရှိ ကြ ၏ ။ အကြောင်းမူကား သင် တို့ သည် အသိပညာ သော့ ကို သိမ်းယူ ၍ ကိုယ်တိုင် လည်း မ ဝင် ၊ ဝင် လို သော သူ များ ကို လည်း တားဆီး ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[53] ထို​နေရာ​မှ ကိုယ်တော်​ထွက်ကြွ​တော်မူ​သောအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​အပေါ် ကြီးစွာ​ရန်ငြိုး​ထား​လျက် အကြောင်းအရာ​အမျိုးမျိုး​တို့​ကို တရစပ်​မေးမြန်း​ကာ

[54] နှုတ်​တော်​ထွက်​စကား​တစ်စုံတစ်ခု​ဖြင့် ကိုယ်တော်​ကို​အပြစ်ရှာ​နိုင်​ရန် ချောင်းမြောင်း​နေ​ကြ​၏။

ရှင်လုကာခရစ်ဝင် — Chapters