[1] ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။
[2] ရှိမုန်ပေတရုနှင့် ဒိဒုမု ဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
[3] ရှိမုန်ပေတရုက “အကျွန်ုပ်ငါးသွားဖမ်းမည်”ဟု ဆို၏။ ထိုသူတို့က “အကျွန်ုပ်တို့လည်း သင်နှင့်အတူလိုက်မည်”ဟု ဆိုလျက် ထွက်သွား၍ လှေပေါ်သို့တက်ကြ၏။ သို့သော် ထိုညတွင် မည်သည့်အရာကိုမျှမရကြချေ။
[4] မိုးလင်းချိန်ရောက်သောအခါ ယေရှုသည် ကမ်းစပ်တွင်ရပ်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်ကြောင်းကိုမသိကြ။
[5] ထိုအခါ ယေရှုက“ ချစ် သား တို့ ၊ သားငါး တစ်စုံတစ်ရာ ရှိ သလော ” ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။
[6] ကိုယ်တော်ကလည်း“ လှေ ၏ ယာ ဘက် တွင် ပိုက်ကွန် ကို ပစ်ချ ကြ လော့ ။ ထိုသို့ပြုလျှင် ရ ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည် ပိုက်ကွန်ကိုပစ်ချကြရာ ငါးများစွာမိသဖြင့် ပိုက်ကွန်ကိုဆွဲတင်၍မရနိုင်ကြတော့ပေ။
[7] ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ပေတရုအား “သခင်ဘုရားပေတည်း”ဟု ဆိုလေ၏။ ရှိမုန်ပေတရုသည် သခင်ဘုရားဖြစ်ကြောင်း ကြားသောအခါ အဝတ်ချွတ်ထားသည်ဖြစ်၍ အပေါ်အဝတ်ကို ခါး၌စည်းပြီးလျှင် ပင်လယ်ထဲသို့ခုန်ဆင်းလေ၏။
[8] အခြားတပည့်တော်တို့မူကား ကမ်းနှင့်မဝေးလှဘဲ ကိုက်တစ်ရာ ခန့်သာကွာသည့်နေရာ၌ရှိကြသောကြောင့် ငါးနှင့်ပြည့်နေသောပိုက်ကွန်ကိုဆွဲလျက် လှေငယ်ဖြင့်လာကြ၏။
[9] ဤသို့ဖြင့် သူတို့သည် ကုန်းပေါ်သို့ရောက်ကြသောအခါ မီးခဲပုံနှင့် ထိုမီးခဲပုံပေါ်တင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့ကြ၏။
[10] ယေရှုက“ ယခု ဖမ်းမိ သော ငါး အချို့ ကို ယူ ခဲ့ ကြ လော့ ” ဟု သူတို့အား မိန့်တော်မူသဖြင့်
[11] ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ရာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျက်ရှိ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည်မစုတ်ပြဲခဲ့ပေ။
[12] ယေရှုက“ လာ ၍ နံနက်စာ ကို စား ကြ လော့ ” ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။
[13] ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။
[14] ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။
[15] ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ ယောဟန် ၏ သား ရှိမုန် ၊ ဤ သူ တို့ ငါ့ ကို ချစ် သည် ထက် သင် သည် ငါ့ ကို ပို၍ ချစ် သလော ” ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ ငါ ၏ သိုးသငယ် တို့ ကို ကျွေးမွေး လော့ ” ဟု မိန့်တော်မူ၏။
[16] တစ်ဖန်“ ယောဟန် ၏ သား ရှိမုန် ၊ သင် သည် ငါ့ ကို ချစ် သလော ” ဟု ဒုတိယအကြိမ်မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ ငါ ၏ သိုး တို့ ကို အုပ်ထိန်း လော့ ” ဟု မိန့်တော်မူ၏။
[17] တတိယအကြိမ်၌ ကိုယ်တော်က“ ယောဟန် ၏ သား ရှိမုန် ၊ သင် သည် ငါ့ ကို ချစ်ခင် သလော ” ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“ သင် သည် ငါ့ ကို ချစ်ခင် သလော ” ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ ငါ ၏ သိုး တို့ ကို ကျွေးမွေး လော့ ။
[18] သင့် အား ငါ အမှန်အကန် ဆို မည် ။ သင် သည် ငယ်ရွယ် စဉ် အခါ ၌ ကိုယ်ကိုယ်တိုင် ခါးပန်း စည်း ၍ ကိုယ် အလိုရှိ ရာ အရပ် သို့ သွားလာ လေ့ ရှိ ၏ ။ အိုမင်း သောအခါ ၌ မူကား သင် သည် ကိုယ့် လက် နှစ် ဖက် ကို ဆန့် ၍ သူတစ်ပါး သည် သင့် ခါး ကို ခါးပန်း စည်း ကာ သင် အလို မ ရှိ ရာ အရပ် သို့ ခေါ်ဆောင် သွား မည် ” ဟု မိန့်တော်မူ၏။
[19] ဤသို့မိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သောသေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ဤအရာကိုမိန့်တော်မူပြီးနောက်“ ငါ့ နောက် သို့ လိုက် လော့ ” ဟု ပေတရုအား မိန့်တော်မူ၏။
[20] ပေတရုသည် လှည့်ကြည့်လိုက်ရာ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှလိုက်လာသည်ကို မြင်လေ၏။ ထိုတပည့်တော်သည် ယခင်ညစာစားစဉ်က ယေရှု၏ရင်ခွင်တော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကိုယ်တော်ကိုအပ်နှံမည့်သူသည် မည်သူနည်း”ဟု မေးလျှောက်ခဲ့သူလည်းဖြစ်၏။
[21] ထိုတပည့်တော်ကိုမြင်သောအခါ ပေတရုက “သခင်ဘုရား၊ ဤသူကား မည်သို့ဖြစ်မည်နည်း”ဟု ယေရှုအား မေးလျှောက်၏။
[22] ယေရှုကလည်း“ ငါ ကြွလာ သည့် တိုင်အောင် သူ့ ကို အသက်ရှင် စေရန် ငါ အလိုရှိ လျှင် လည်း သင် နှင့် မည်သို့ ဆိုင် သနည်း ။ သင် သည် ငါ့ နောက် သို့ လိုက် လော့ ” ဟု မိန့်တော်မူ၏။
[23] သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ“ ငါ ကြွလာ သည့် တိုင်အောင် သူ့ ကို အသက်ရှင် စေရန် ငါ အလိုရှိ လျှင် လည်း သင် နှင့် မည်သို့ ဆိုင် သနည်း ” ဟူ၍သာ မိန့်တော်မူ၏။
[24] ဤအကြောင်းအရာများကို သက်သေခံ၍ ရေးထားသောသူမှာ ထိုတပည့်တော်ပင်ဖြစ်၏။ သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
[25] ယေရှုပြုတော်မူသော အခြားအမှုအရာများစွာရှိသေး၏။ ထိုအမှုအရာများကို တစ်ခုချင်းရေးထားပါက ဤကမ္ဘာကြီး၌ပင် ထိုရေးထားသောကျမ်းဂန်များဆန့်မည်မဟုတ်ဟု ငါထင်မှတ်၏။