Skip to content
Opens in a new window
Listen to this chapter • 10:25

[1] ယေရှု​သည် ယောဟန်​ထက် ပို၍​များ​သော​သူ​တို့​ကို​တပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိဇံ​ပေး​နေ​သည်​ဟု ဖာရိရှဲ​တို့​ကြားသိ​ကြောင်း ယေရှု​သိ​တော်မူ​သောအခါ

[2] (အမှန်အားဖြင့် ယေရှု​ကိုယ်တိုင်​ဗတ္တိဇံ​ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။)

[3] ကိုယ်တော် ​သည် ယုဒ​နယ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့ တစ်ဖန်​ကြွ​တော်မူ​၏။

[4] ကိုယ်တော်​သည် ရှမာရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်၍

[5] ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက် ​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။

[6] ထို​အရပ်​၌ ယာကုပ်​၏​ရေတွင်း​ရှိ​လေ​ရာ ယေရှု​သည် ခရီးပန်း​သဖြင့် ထို​ရေတွင်း​နား​မှာ​ထိုင်​နေ​တော်မူ​၏။ အချိန်​ကား မွန်းတည့်​ချိန် ​ခန့်​ဖြစ်​၏။

[7] ရှမာရိ​အမျိုးသမီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်ရှိ​လာ​ရာ ယေရှု​က“ ငါ သောက် ဖို့ ရေ ပေး ပါ ” ​ဟု ထို​အမျိုးသမီး​အား မိန့်​တော်မူ​၏။

[8] တပည့်​တော်​တို့​ကား အစားအစာ​ဝယ်​ရန် မြို့​ထဲသို့​သွား​နေ​ခိုက်​ဖြစ်​၏။

[9] ထို​ရှမာရိ​အမျိုးသမီး​က​လည်း “သင်​သည် ဂျူး​လူမျိုး​ဖြစ်​လျက်​နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်​သော​ကျွန်မ​ထံမှ သောက်​ရေ​ကို အဘယ်ကြောင့်​တောင်း​ရ​သနည်း”​ဟု ဆို​၏။ [ထိုသို့​ဆို​သည့်​အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ရှမာရိ​နယ်သား​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​လေ့​မ​ရှိ​သောကြောင့်​ဖြစ်​၏။]

[10] ယေရှု​က​လည်း“ ဘုရားသခင် ၏ ကောင်းချီး လက်ဆောင် ကို လည်းကောင်း ၊ ငါ သောက် ဖို့ ရေ ပေး ပါ ဟု ပြောဆို နေ သူ မှာ မည်သူ ဖြစ် သည် ကို လည်းကောင်း သင် သိ ခဲ့ လျှင် သင် က သာ သူ့ ကို တောင်း ၍ သူ သည် သင့် အား အသက် ရေ ကို ပေး ခဲ့ လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[11] ထို​အမျိုးသမီး​က “အရှင်၊ အရှင့်​မှာ​ရေ​ခပ်​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ဤ​ရေတွင်း​လည်း​နက်​သည်​ဖြစ်၍ ထို​အသက်​ရေ​ကို အဘယ်က​ရ​ပါ​မည်နည်း။

[12] အရှင်​သည် ကျွန်မ​တို့​၏​အဖ ယာကုပ်​ထက် ကြီးမြတ်​ပါ​သလော။ ယာကုပ်​သည် ဤ​ရေတွင်း​ကို ကျွန်မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်တိုင်​မှစ၍ သူ​၏​သား​သမီး​များ​နှင့် သူ​မွေးမြူ​သော​တိရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

[13] ယေရှု​က​လည်း“ ဤ ရေ ကို သောက် သော သူ တိုင်း နောက်တစ်ဖန် ရေငတ် ဦး မည် ။

[14] ငါ ပေး မည့် ရေ ကို သောက် သော သူ မူကား ကာလ အစဉ်အဆက် မည်သည့် အခါ မျှ ရေငတ် မည် မ ဟုတ် ။ ထိုထက်မက ငါ ပေး မည့် ရေ သည် ထို သူ ၌ ထာဝရ အသက် တိုင်အောင် ရေ ပန်းထွက် ရာ စမ်းရေ ပေါက် ဖြစ် လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[15] ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင်

[16] ယေရှု​က“ သွား ၍ သင် ၏ ယောက်ျား ကို ခေါ် ပြီး ဤ နေရာ သို့ လာ ခဲ့ လော့ ” ​ဟု မိန့်​တော်မူ​၏။

[17] ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“ ယောက်ျား မ ရှိ ဟု သင် ပြော သည် မှာ မှန် ပေ ၏ ။

[18] အဘယ်ကြောင့် ဆိုသော် သင် ၌ ယောက်ျား ငါး ယောက် ရှိ ခဲ့ လေ ပြီ ။ ယခု သင် ပေါင်း နေ သော သူ သည် လည်း သင် ၏ ယောက်ျား မ ဟုတ် သောကြောင့် သင် ပြော သော စကား သည် မှန် ပေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[19] ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။

[20] ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

[21] ယေရှု​က“ အသင် မိန်းမ ၊ ငါ့ စကား ကို ယုံ လော့ ။ သင် တို့ သည် ဤ တောင် ပေါ်၌ လည်း မ ဟုတ် ၊ ဂျေရုဆလင် မြို့ ၌ လည်း မ ဟုတ် သည့် အရပ် တွင် ခမည်းတော် ကို ကိုးကွယ် မည့် အချိန် ကာလ ရောက် လာ လိမ့်မည် ။

[22] ကယ်တင် ခြင်း သည် ဂျူး လူမျိုး တို့ ထဲမှ ဖြစ် ပေါ်လာ သည် ဖြစ်၍ ငါ တို့ သည် ကိုယ် သိ သော အရာ ကို ကိုးကွယ် ကြ ၏ ။ သင် တို့ သည် ကိုယ် မ သိ သော အရာ ကို ကိုးကွယ် ကြ ၏ ။

[23] သို့သော် စစ်မှန် သော ကိုးကွယ် သူ တို့ သည် ဝိညာဉ် နှင့် သမ္မာတရား အားဖြင့် ခမည်းတော် ကို ကိုးကွယ် မည့် အချိန် ရောက် လာ မည် ဖြစ်ရာ ယခု ပင် ရောက်လာ လေ ပြီ ။ အကြောင်းမူကား ခမည်းတော် သည် ထိုသို့ ကိုးကွယ် သော သူ တို့ ကို အလိုရှိ တော်မူ ၏ ။

[24] ဘုရားသခင် သည် ဝိညာဉ် ဖြစ် တော်မူ ၍ ဘုရားသခင် ကို ကိုးကွယ် သော သူ တို့ သည် ဝိညာဉ် နှင့် သမ္မာတရား အားဖြင့် ကိုးကွယ် ရ မည် ” ​ဟု မိန့်​တော်မူ​၏။

[25] ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင်

[26] ယေရှု​က“ သင် နှင့် စကား ပြော နေ သော ငါ သည် ထို အရှင် ပင် ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[27] ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် ‘မည်သည့်​အလိုရှိ​တော်မူ​သနည်း’​ဟူ၍​လည်းကောင်း၊ ‘အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း’​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။

[28] ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင်

[29] “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့်

[30] လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။

[31] ထို​အချိန်​အတောအတွင်း​၌ တပည့်​တော်​တို့​က “ရဗ္ဗိ ၊ သုံးဆောင်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​ပန်ကြား​ကြ​၏။

[32] သို့သော် ကိုယ်တော်​က“ ငါ ၌ သင် တို့ မ သိ သော စားစရာ ရှိ ၏ ” ​ဟု မိန့်​တော်မူ​၏။

[33] ထို့ကြောင့် တပည့်​တော်​တို့​က “တစ်စုံတစ်ယောက်​သည် ကိုယ်တော်​အား စား​စရာ​ကို​ယူလာ​ပေး​ပြီ​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[34] ယေရှု​က​လည်း“ ငါ့ ကို စေလွှတ် တော်မူ သော သူ ၏ အလို တော် ကို ဆောင်ရွက် ၍ သူ ၏ အမှု တော် ကို ပြီးမြောက် စေ ခြင်း သည် ငါ ၏ အစားအစာ ဖြစ် ၏ ။

[35] သင် တို့ က ‘ ရိတ်သိမ်း ချိန် ရောက် ရန် လေး လ လို သေး ၏ ’ ဟု ဆို ကြ သည် မ ဟုတ် လော ။ ငါ ဆို သည် ကား လယ်ပြင် တို့ ကို မျှော်ကြည့် ကြ လော့ ။ ရိတ်သိမ်း ရန် အသင့် ရှိ လျက် ဝင်းမှည့် နေ ပြီ ။

[36] မျိုးကြဲ သော သူ နှင့် ရိတ်သိမ်း သော သူ သည် အတူတကွ ဝမ်းမြောက် ကြ မည့် အကြောင်း ရိတ်သိမ်း သော သူ သည် ဆုလာဘ် ကို ရရှိ လျက် ထာဝရ အသက် အတွက် အသီးအနှံ ကို စုသိမ်း နှင့် ပြီ ။

[37] ထို့ကြောင့် ‘ တစ် ဦး က မျိုးကြဲ လျက် အခြား တစ် ဦး က ရိတ်သိမ်း ၏ ’ ဟူသော ဆိုရိုး စကား သည် ဤ နေရာ ၌ မှန်ကန် ၏ ။

[38] သင် တို့ လုပ်အား မ စိုက် ခဲ့ သော အရာ ကို ရိတ်သိမ်း ရန် သင် တို့ အား ငါ စေလွှတ် ၏ ။ အခြား သော သူ တို့ သည် လုပ်အား စိုက် ခဲ့ ၍ သင် တို့ သည် ထို သူ တို့ ၏ အားစိုက် မှု ရလဒ် ၌ ပါဝင် ရ ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[39] “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။

[40] သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။

[41] ထိုအခါ ပို၍​များစွာ​သော​သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကြောင့် ယုံကြည်​ကြ​၏။

[42] သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင် ​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။

[43] နှစ်​ရက်​လွန်​သော် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၏။

[44] ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​၌ ဂုဏ်သရေ​မ​ရှိ​ကြောင်း ယေရှု​ကိုယ်တိုင်​သက်သေခံ​တော်မူ​၏။

[45] ဂါလိလဲ​နယ်​သို့​ရောက်​တော်မူ​သောအခါ ဂါလိလဲ​နယ်သား​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​လက်ခံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည်​လည်း ပွဲတော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲတော်​ကာလ​အတွင်း ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှုအရာ​အားလုံး​တို့​ကို မြင်​ခဲ့​ကြ​၏။

[46] ထို့နောက် ယေရှု​သည် ရေ​ကို​စပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါလိလဲ​နယ်၊ ကာန​မြို့​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ထိုအခါ​၌ ကပေရနောင်​မြို့​တွင် မှူးမတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာမကျန်း​ဖြစ်​နေ​၏။

[47] ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။

[48] ယေရှု​က​လည်း“ သင် တို့ သည် နိမိတ် လက္ခဏာ များ နှင့် အံ့ဩဖွယ်ရာ များ ကို မ မြင် ရ လျှင် မည်သည့် အခါ မျှ ယုံကြည် ကြ မည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[49] ထို​မှူးမတ်​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​မ​သေ​မီ ကြွလာ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[50] ယေရှု​က​လည်း“ သွား လော့ ။ သင် ၏ သား အသက် ချမ်းသာ ရာ ရ ပြီ ” ​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​သည် မိမိ​အား ယေရှု​မိန့်​တော်မူ​သော​စကား​ကို​ယုံကြည်​၍ ပြန်​သွား​လေ​၏။

[51] အပြန်​လမ်း​တွင် သူ​၏​အစေအပါး​တို့​သည် သူ့​ကို​ဆီးကြို​လျက် သူ့​သား​အသက်​ချမ်းသာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြောကြား​ကြ​၏။

[52] ထိုအခါ သူ​သည် မိမိ​၏​သား သက်သာ​သွား​သည့်​အချိန်​ကို အစေခံ​တို့​အား​မေးမြန်း​လျှင် သူ​တို့​က “မနေ့​မွန်းလွဲ​တစ်​နာရီ ​တွင် အဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။

[53] ထို​အချိန်​သည်“ သင် ၏ သား အသက် ချမ်းသာ ရာ ရ ပြီ ” ​ဟု ယေရှု​မိန့်​တော်မူ​သော​အချိန်​ဖြစ်​ကြောင်း​ကို ဖခင်​သိ​သဖြင့် သူ​ကိုယ်တိုင်​မှစ၍ သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​သည် ယုံကြည်​ကြ​၏။

[54] ဤသည်ကား ယုဒ​နယ်​မှ ဂါလိလဲ​နယ်​ထဲသို့ ယေရှု​ကြွလာ​တော်မူ​ပြီးနောက် ထပ်မံ​၍​ပြု​တော်မူ​သော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters