Skip to content
Opens in a new window
Listen to this chapter • 5:36

[1] အို သော်ဖိလု၊ ယေရှု​သည် အမှု​တော်​ဆောင်ရွက်​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို အစပြု​တော်မူ​သည့်​အချိန်​မှစ၍ ရွေးကောက်​တော်မူ​သော​တမန်တော်​များ​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် မိန့်မှာ​တော်မူ​ပြီးနောက် အထက်​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​သော​နေ့​တိုင်အောင် ဖြစ်ပျက်​သမျှ​တို့​ကို ပထမ​စာစောင်​၌ ငါ​ရေးသား​ဖော်ပြ​ခဲ့​၏။

[3] ကိုယ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​ပြီးနောက် မိမိ​အသက်ရှင်​လျက်​ရှိ​ကြောင်း ထို​တမန်တော်​တို့​အား အထောက်အထား​များစွာ​တို့​ဖြင့်​ပြသ​ကာ ရက်​ပေါင်း​လေးဆယ်​အတွင်း သူ​တို့​ထံ​ထင်ရှား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။

[4] ထို့နောက် အတူတကွ​စုရုံး​နေ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​အား“ ဂျေရုဆလင် မြို့ မှ ထွက်ခွာ မ သွား ဘဲ ငါ့ ထံမှ သင် တို့ ကြား ရ သော ခမည်းတော် ၏ ကတိ တော် ကို စောင့် နေ ကြ လော့ ။

[5] အကြောင်းမှာ ယောဟန် သည် ရေ ၌ ဗတ္တိဇံ ​ပေး ၏ ။ သင် တို့ မူကား မကြာမီ အတွင်း သန့်ရှင်း သော ဝိညာဉ် တော် ၌ ဗတ္တိဇံ ခံရ ကြ လိမ့်မည် ” ​ဟု မိန့်မှာ​တော်မူ​၏။

[6] တစ်ဖန် သူ​တို့​စုဝေး​လာ​ကြ​သောအခါ သူ​တို့​က ကိုယ်တော်​အား “သခင်​ဘုရား၊ ကိုယ်တော်​သည် ယခု​အချိန်​တွင် အစ္စရေး​လူမျိုး​အတွက် နိုင်ငံ​ကို ပြန်လည်​ထူထောင်​ပေး​တော်မူ​မည်​လော”​ဟု မေးလျှောက်​ကြ​၏။

[7] ကိုယ်တော်​က​လည်း“ ခမည်းတော် သည် မိမိ အခွင့် အာဏာ ဖြင့် စီရင် ထား တော်မူ သော ကာလ များ ၊ သို့မဟုတ် အချိန်အခါ များ ကို သင် တို့ သိ ရန် မ လိုအပ် ပေ ။

[8] သို့သော် သင် တို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော် သက်ရောက် လာ သောအခါ သင် တို့ သည် တန်ခိုး ကို ရရှိ လျက် ဂျေရုဆလင် မြို့ ၊ ယုဒ နယ် နှင့် ရှမာရိ နယ် တစ်ခုလုံး သာမက မြေကြီး စွန်း တိုင်အောင် ငါ ၏ သက်သေ များ ဖြစ် ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[9] ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​ကြည့်ရှု​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် အထက်သို့​ချီဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ မိုးတိမ်​သည် ကိုယ်တော်​ကို သူ​တို့​မြင်ကွင်း​မှ​ဆောင်ယူ​သွား​လေ​၏။

[10] ထိုသို့ ကိုယ်တော်​တက်သွား​တော်မူ​စဉ် သူ​တို့​သည် ကောင်းကင်​သို့ စေ့စေ့​ကြည့်​နေ​ကြ​ရာ ဖြူဖွေး​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အနီး​၌​ရပ်​၍

[11] “ဂါလိလဲ​နယ်သား​တို့၊ အဘယ်ကြောင့်​ရပ်​လျက် ကောင်းကင်​ကို စူးစိုက်​ကြည့်​နေ​ကြ​သနည်း။ သင်​တို့​ထံမှ ကောင်းကင်​သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သော ထို​ယေရှု​သည် ကောင်းကင်​သို့​တက်သွား​တော်မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အတိုင်း​ပင် တစ်ဖန်​ကြွလာ​တော်မူ​လိမ့်မည်”​ဟု မြွက်ဆို​ကြ​၏။

[12] ထို့နောက် သူ​တို့​သည် သံလွင်​အမည်​ရှိ​သော​တောင်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏။ ထို​တောင်​သည် ဂျေရုဆလင်​မြို့​နှင့် မိုင်ဝက်ခန့်အကွာအဝေး ​၌​ရှိ​၏။

[13] သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။

[14] သူ​တို့​အားလုံး​သည် အမျိုးသမီး​များ ​နှင့် ယေရှု​၏​မယ်တော်​မာရိ​မှစ၍ ကိုယ်တော်​၏​ညီ​တော်​များ​နှင့်အတူ တစ်စိတ်​တစ်သဘောတည်း​ဖြင့် ဆုတောင်း​ခြင်း ​အမှု​ကို အစဉ်တစိုက်​ပြု​နေ​ကြ​၏။

[15] ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့ ​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍

[16] “ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။

[17] အကြောင်းမူကား ယုဒ​သည် ငါ​တို့​ထဲ၌​ထည့်သွင်း​ရေတွက်​ခြင်း​ခံရ​ပြီး ဤ​အမှု​တော်​လုပ်ငန်း​တွင် ပါဝင်​ခွင့်​ကို​ရရှိ​ခဲ့​၏။

[18] သူ​သည် မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်ယူ​ပြီးနောက် ဇောက်ထိုး​ကျ​လျက် ဝမ်းဗိုက်​ပေါက်​သဖြင့် သူ​၏​အူ​များ​အကုန်​ထွက်ကျ​လေ​၏။

[19] ထို​အကြောင်း​ကို ဂျေရုဆလင်​မြို့​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိမိ​တို့​ဘာသာစကား​ဖြင့် အကေလဒမ​ဟု​ခေါ်ဆို​ကြ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ၍​ဖြစ်​၏။

[20] အမှန်စင်စစ် ဆာလံ​ကျမ်း​၌ ‘သူ​၏​နေရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ။ ထို​အရပ်​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်။ သူ​၏​အရိုက်အရာ​ကို​လည်း အခြား​သူ​ယူ​ပါစေ’ ​ဟု ရေး​ထား​၏။

[21] ထို့ကြောင့် သခင်​ယေရှု​သည် ငါ​တို့​ထံ၌ ဝင်​ထွက်​သွား​လာ​သည့်​အချိန်​တစ်လျှောက်လုံး၊

[22] တစ်နည်းအားဖြင့် ယောဟန်​ဗတ္တိဇံ​ပေး​သည့်​အချိန် ​မှ​စ​၍ ငါ​တို့​ထံမှ အထက်သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သည့်​နေ့ရက် ​တိုင်အောင် ငါ​တို့​နှင့်​လိုက်​ပါ​သူ​များ​ထဲမှ တစ်​ဦး​သည် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ငါ​တို့​နှင့်အတူ သက်သေခံ​သူ​ဖြစ်​ရ​မည်”​ဟု ဆို​လေ​၏။

[23] ထိုအခါ သူ​တို့​သည် ယုစတု​အမည်​ရှိ​သော​ဗာရှဗ​ခေါ်​ယောသပ်​နှင့်​မဿိ​တို့​နှစ်​ဦး​ကို အဆိုပြု​လျက်

[24] “လူ​အပေါင်း​တို့​၏​စိတ်နှလုံး​ကို သိ​တော်မူ​သော​သခင်​ဘုရား၊

[25] ယုဒ​သည် မိမိ​နေရာ​သို့​သွား​ရန် တမန်တော်​အရိုက်အရာ​မှ ရွေ့လျော​ဖောက်ပြန်​သွား​သည်​ဖြစ်၍ ဤ​အမှု​တော်​လုပ်ငန်း​နှင့် တမန်တော်​အရိုက်အရာ​ကို​ဆက်ခံ​ရန် ဤ​သူ​နှစ်​ဦး​ထဲမှ ကိုယ်တော်​ရွေးကောက်​သော​သူ​ကို ဖော်ပြ​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။

[26] ထို့နောက် ထို​သူ​နှစ်​ဦး​အတွက်​မဲ​ချ​ကြ​ရာ မဿိ​အပေါ်​မဲ​ကျ​သဖြင့် သူ​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ တမန်တော်​စာရင်း​ဝင်​လေ​၏။

တမန်တော်ဝတ္ထု — Chapters