Skip to content
Opens in a new window
Listen to this chapter • 7:23

[1] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သိုး ခြံ ထဲသို့ တံခါးပေါက် မှ မ ဝင် ဘဲ အခြား နည်း ဖြင့် ကျော် ဝင် သော သူ သည် သူခိုး ၊ ဓားပြ ဖြစ် ၏ ။

[2] တံခါးပေါက် မှ ဝင် သော သူ မူကား သိုး တို့ ၏ သိုးထိန်း ဖြစ် ၏ ။

[3] တံခါးစောင့် သည် သူ့ ကို တံခါး ဖွင့် ပေး တတ် ၏ ။ သိုး တို့ သည် သူ ၏ အသံ ကို နားထောင် တတ် ကြ ၏ ။ သူ သည် မိမိ ၏ သိုး တို့ ကို နာမည် ဖြင့် ခေါ် ၍ ထုတ်ဆောင် တတ် ၏ ။

[4] မိမိ ၏ သိုး ရှိသမျှ တို့ ကို ထုတ် ပြီး သောအခါ သိုး တို့ ရှေ့မှ သွား တတ် ၏ ။ သိုး တို့ သည် လည်း သူ့ အသံ ကို သိ သောကြောင့် သူ့ နောက် သို့ လိုက် သွား တတ် ကြ ၏ ။

[5] သူစိမ်း တို့ ၏ အသံ ကို မူ မ သိ ကြ သောကြောင့် သူစိမ်း နောက် သို့ မည်သည့် အခါ မျှ မ လိုက် သည် သာမက သူစိမ်း ထံမှ ထွက်ပြေး တတ် ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[6] ယေရှု​သည် ဤ​ပုံ​ဥပမာ​ကို လူ​တို့​အား​မိန့်​တော်မူ​သော်လည်း မည်သည့်​အကြောင်းအရာ​များ​မိန့်​တော်မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။

[7] ထို့ကြောင့် တစ်ဖန် ယေရှု​က“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ငါ သည် သိုး တို့ ဝင် သော တံခါးပေါက် ဖြစ် ၏ ။

[8] ငါ့ ထက် အလျင် ဦးစွာ ရောက်လာ သော သူ ရှိသမျှ တို့ သည် သူခိုး များ ၊ ဓားပြ များ ဖြစ် ကြ ၏ ။ သို့သော် သိုး တို့ သည် သူ တို့ ကို နားမထောင် ခဲ့ ကြ ။

[9] ငါ သည် တံခါးပေါက် ဖြစ် ၏ ။ မည်သူမဆို ငါ့ အားဖြင့် ဝင် လျှင် ကယ်တင် ခြင်း ခံရ မည် ။ ထို သူ သည် ဝင် ထွက် ကာ ကျက်စား ရာ ကို တွေ့ ရ လိမ့်မည် ။

[10] သူခိုး သည် ခိုးယူ ၊ သတ်ဖြတ် ၊ ဖျက်ဆီး ရန် သာ လာ တတ် ၏ ။ ငါ မူကား သိုး တို့ အား အသက် ကို ရရှိ စေရန် သာမက ထို အသက် ကို ကြွယ်ဝ ပြည့်စုံ စွာ ရရှိ စေရန် လာ ၏ ။

[11] ငါ သည် ကောင်းမြတ် သော သိုးထိန်း ဖြစ် ၏ ။ ကောင်းမြတ် သော သိုးထိန်း သည် သိုး တို့ အတွက် မိမိ အသက် ကို စွန့် တတ် ၏ ။

[12] သိုးထိန်း မ ဟုတ် ၊ သိုး တို့ ၏ ပိုင်ရှင် လည်း မ ဟုတ် သော လူငှား မူကား ဝံပုလွေ လာ သည် ကို မြင် လျှင် သိုး တို့ ကို ပစ်ထား ၍ ထွက်ပြေး တတ် ၏ ။ ထိုအခါ ဝံပုလွေ သည် သိုး တို့ ကို လုယူ ဖမ်းဆွဲ ၍ တစ်ကွဲတစ်ပြား ဖြစ် စေ ၏ ။

[13] ထိုသို့ ဖြစ် ရ ခြင်းမှာ လူငှား သည် လူငှား ဖြစ် သည့် အလျောက် သိုး တို့ ၏ အရေး ကိစ္စ ကို ဂရုမစိုက် သောကြောင့် ဖြစ် ၏ ။

[14] ငါ သည် ကောင်းမြတ် သော သိုးထိန်း ဖြစ် ၏ ။ ခမည်းတော် သည် ငါ့ ကို သိ တော်မူ ၍ ငါ သည် ခမည်းတော် ကို သိ သကဲ့သို့ ငါ့ သိုး တို့ ကို ငါ သိ ၍ ငါ့ သိုး တို့ သည် လည်း ငါ့ ကို သိ ကြ ၏ ။

[15] ငါ သည် သိုး တို့ အတွက် ငါ့ အသက် ကို စွန့် ၏ ။

[16] ငါ ၌ ဤ သိုး ခြံ ထဲမှ မ ဟုတ် သော အခြား သိုး တို့ ရှိ သေး ၏ ။ ထို သိုး တို့ ကို လည်း ငါ ခေါ်ဆောင် ခဲ့ ရ မည် ။ သူ တို့ သည် လည်း ငါ့ အသံ ကို နားထောင် ကြ သဖြင့် သိုး အုပ် တစ်အုပ်တည်း ၊ သိုးထိန်း တစ်ပါးတည်း ဖြစ် လိမ့်မည် ။

[17] ငါ သည် အသက် ကို ပြန်လည် ရယူ ရန် ငါ့ အသက် ကို စွန့် သောကြောင့် ခမည်းတော် သည် ငါ့ ကို ချစ် တော်မူ ၏ ။

[18] မည်သူ က မျှ ငါ့ အသက် ကို ငါ့ ထံမှ နုတ်ယူ သည် မ ဟုတ် ။ ငါ့ ဆန္ဒ အလျောက် ငါ့ အသက် ကို ငါ စွန့် ၏ ။ ငါ ၌ ကိုယ့် အသက် ကို စွန့် ပိုင်ခွင့် ရှိ ၍ ၎င်း ကို ပြန်လည် ရယူ ပိုင်ခွင့် ရှိ ၏ ။ ငါ သည် ဤ အမိန့် ကို ငါ့ ခမည်းတော် ထံမှ ရရှိ ၏ ” ​ဟု မိန့်​တော်မူ​၏။

[19] ဤ​စကား​တော်​များ​ကြောင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကွဲပြား​ခြင်း​ရှိ​ကြ​ပြန်​၏။

[20] သူ​တို့​ထဲမှ အများစု​က “သူ​သည် နတ်ဆိုး​ပူး​၍ ရူးသွပ်​နေ​ပြီ။ သူ့​ကို အဘယ်ကြောင့် နားထောင်​ကြ​သနည်း”​ဟု ဆို​ကြ​၏။

[21] အခြား​သော​သူ​တို့​က “ဤ​စကား​တို့​သည် နတ်ဆိုး​ပူး​သူ​၏​စကား​မ​ဟုတ်။ နတ်ဆိုး​သည် မျက်မမြင်​တို့​ကို​မျက်စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

[22] ထိုစဉ်က ဂျေရုဆလင်​မြို့​၌ ဗိမာန်​တော်​သန့်စင်​ခြင်း​အထိမ်းအမှတ်​ပွဲတော် ​ရှိ​၏။ အချိန်​ကား ဆောင်း​ကာလ​ဖြစ်​၏။

[23] ယေရှု​သည် ဗိမာန်​တော်​၌​ရှိ​သော ရှောလမုန်​မုခ်ဆောင်​တွင် ကြွ​တော်မူ​စဉ်

[24] ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် “သင်​သည် အကျွန်ုပ်​တို့​၏​စိတ်​ကို မည်မျှ​ကြာအောင် ဒွိဟ​ဖြစ်​စေ​မည်နည်း။ သင်​သည် ခရစ်တော်​မှန်​လျှင် အကျွန်ုပ်​တို့​အား အတိအလင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။

[25] ယေရှု​က​လည်း“ သင် တို့ ကို ငါ ပြော ခဲ့ သော်လည်း သင် တို့ မ ယုံကြည် ကြ ။ ငါ့ ခမည်းတော် ၏ နာမ တော် အားဖြင့် ငါ ပြု နေ သော အမှု များ သည် ငါ့ အကြောင်း ကို သက်သေခံ လျက် ရှိ ၏ ။

[26] သို့သော် သင် တို့ မ ယုံကြည် ကြ ။ မ ယုံ ကြ သည့် အကြောင်း ကား သင် တို့ သည် ငါ့ သိုး မ ဟုတ် ကြ သောကြောင့် ဖြစ် ၏ ။

[27] ငါ့ သိုး တို့ သည် ငါ့ အသံ ကို နားထောင် ကြ ၏ ။ ငါ သည် လည်း သူ တို့ ကို သိ ၍ သူ တို့ သည် ငါ့ နောက် သို့ လိုက် ကြ ၏ ။

[28] ငါ သည် သူ တို့ အား ထာဝရ အသက် ကို ပေး ၍ သူ တို့ သည် ကာလ အစဉ်အဆက် မည်သည့် အခါ မျှ မ ပျက်စီး ရ ။ မည်သူမျှ သူ တို့ ကို ငါ့ လက် ထဲမှ လုယူ ၍ မ ရ နိုင် ။

[29] သူ တို့ ကို ငါ့ အား ပေး အပ် တော်မူ သော ငါ့ ခမည်းတော် သည် အလုံးစုံ တို့ ထက် ကြီးမြတ် တော်မူ သည် ဖြစ် ၍ မည်သူမျှ သူ တို့ ကို ခမည်းတော် ​၏ လက် ထဲမှ မ လုယူ နိုင် ။

[30] ငါ နှင့် ခမည်းတော် သည် တစ်လုံးတစ်ဝတည်း ဖြစ် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[31] ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။

[32] ယေရှု​က​လည်း“ ငါ သည် ခမည်းတော် ထံမှ ကောင်း သော အမှု များစွာ တို့ ကို သင် တို့ အား ပြသ ခဲ့ ၏ ။ ၎င်း တို့ ထဲမှ မည်သည့် အမှု ကြောင့် ငါ့ ကို ခဲ နှင့် ပေါက် သတ် ကြ မည်နည်း ” ​ဟု သူ​တို့​အား​မေး​တော်မူ​လျှင်

[33] ဂျူး​လူမျိုး​တို့​က “ကောင်း​သော​အမှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်ကိုယ်သင် ဘုရား​အယောင်ဆောင်​၍ ဘုရားသခင်​ကို​စော်ကား​သောကြောင့်​ဖြစ်​၏” ​ဟု ပြန်​ပြော​ကြ​၏။

[34] ယေရှု​က“ သင် တို့ ၏ ပညတ် တရား ကျမ်း တွင် ‘ ငါ ဆို သည် ကား သင် တို့ သည် ဘုရား များ ဖြစ် ကြ ၏ ’ ​ဟူ၍ ရေး ထား သည် မ ဟုတ် လော ။

[35] ဘုရားသခင် ၏ နှုတ်ကပတ် တော် ကို ရရှိ သော သူ တို့ အား ‘ ဘုရား များ ’ ဟု ခေါ် လျှင် ကျမ်းစာ သည် မ ပျက်ပြယ် နိုင် သည် ဖြစ်၍

[36] ခမည်းတော် သည် သန့်ရှင်း စေ လျက် ဤ လောက သို့ စေလွှတ် တော်မူ သော သူ က ‘ ငါ သည် ဘုရားသခင် ၏ သား တော် ဖြစ် သည် ’ ဟု ဆို သောအခါ ‘ ဘုရားသခင် ကို စော်ကား သည် ’ ဟု ထို သူ အား သင် တို့ ဆို ကြ သလော ။

[37] ငါ သည် ငါ့ ခမည်းတော် ၏ အမှု တော် များ ကို မ ဆောင်ရွက် လျှင် ငါ့ ကို မ ယုံကြည် ကြ နှင့် ။

[38] သို့သော် ငါ ဆောင်ရွက် လျှင် ငါ့ ကို မ ယုံကြည် သော်လည်း ထို အမှု တော် များ ကို ယုံကြည် ကြ လော့ ။ ထိုသို့ ယုံကြည် ပါက ခမည်းတော် သည် ငါ ၌ ရှိ တော်မူ လျက် ငါ သည် ခမည်းတော် ၌ ရှိ ကြောင်း ကို သင် တို့ သိရှိ ၍ နားလည် ​ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[39] ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ကြိုးစား​ကြ​ပြန်​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​၏​လက်​မှ​လွတ်မြောက်​၍ ကြွသွား​တော်မူ​၏။

[40] ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။

[41] လူ​များစွာ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​၍ “ယောဟန်​သည် မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ သူ​ပြောဆို​ခဲ့​သော​အရာ​အားလုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။

[42] ဤသို့ဖြင့် ထို​အရပ်​တွင် လူ​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters