[1] ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“ အို အဖ ၊ အချိန် ရောက် ပါ ပြီ ။ သား တော် သည် ကိုယ်တော် ၏ ဘုန်း တော် ကို ထင်ရှား စေ နိုင် ရန် သား တော် ၏ ဘုန်း ကို ထင်ရှား စေ တော်မူ ပါ ။
[2] အကြောင်းမှာ ကိုယ်တော် သည် သား တော် အား လူသား အားလုံး ကို အုပ်စိုး ရ သော အခွင့် ကို ပေး တော်မူ ပြီ ။ ဤသည်ကား သား တော် သည် ကိုယ်တော် ပေးအပ် တော်မူ သမျှ သော သူ တို့ အား ထာဝရ အသက် ကို ပေး နိုင် ရန် အတွက် ဖြစ် ပါ ၏ ။
[3] ထာဝရ အသက် ဟူသည်မှာ တစ်ဆူတည်း သော စစ်မှန် သည့် ဘုရား ဖြစ် တော်မူ သော ကိုယ်တော် ကို လည်းကောင်း ၊ ကိုယ်တော် စေလွှတ် တော်မူ သော ယေရှု ခရစ်တော် ကို လည်းကောင်း သိကျွမ်း ခြင်း ပင် ဖြစ် ပါ ၏ ။
[4] အကျွန်ုပ် ဆောင်ရွက် ရန် ကိုယ်တော် ပေးအပ် တော်မူ သော အမှု တော် ကို အကျွန်ုပ် သည် ပြီးမြောက် စေ ၍ ကိုယ်တော် ၏ ဘုန်း တော် ကို မြေကြီး ပေါ်၌ ထင်ရှား စေ ပါ ပြီ ။
[5] အို အဖ ၊ ဤ ကမ္ဘာ မ တည် မ ရှိ မီ ကပင် ကိုယ်တော် နှင့်အတူ အကျွန်ုပ် ခံစား ရ သော ဘုန်း အသရေ တော် အားဖြင့် ယခု ပင် အကျွန်ုပ် ကို အထံတော်ပါး ၌ ဘုန်း ထင်ရှား စေ တော်မူ ပါ ။
[6] ဤ လောက ထဲမှ ကိုယ်တော် ရွေးကောက် ၍ အကျွန်ုပ် ထံ ပေးအပ် တော်မူ သော သူ တို့ အား ကိုယ်တော် ၏ နာမ တော် ကို အကျွန်ုပ် ထင်ရှား စေ ပါ ပြီ ။ ထို သူ တို့ သည် ကိုယ်တော် ပိုင် တော်မူ သော သူ များ ဖြစ် ကြ ၍ ကိုယ်တော် သည် သူ တို့ ကို အကျွန်ုပ် ထံ ပေးအပ် တော်မူ ၏ ။ သူ တို့ သည် လည်း ကိုယ်တော် ၏ နှုတ်ကပတ် တရား ကို လိုက်နာ စောင့်ထိန်း ကြ ပါ ပြီ ။
[7] အကျွန်ုပ် အား ကိုယ်တော် ပေး တော်မူ သော အရာ အားလုံး တို့ သည် ကိုယ်တော် ထံမှ ဖြစ် ကြောင်း ယခု သူ တို့ သိ ကြ ပါ ပြီ ။
[8] အကြောင်းမူကား အကျွန်ုပ် အား ကိုယ်တော် ပေး တော်မူ သော နှုတ်ကပတ် တရား တို့ ကို အကျွန်ုပ် သည် သူ တို့ အား ပေးအပ် သဖြင့် သူ တို့ သည် ခံယူ ကြ ကာ ကိုယ်တော် ထံမှ အကျွန်ုပ် ကြွလာ ခဲ့ ကြောင်း ကို အမှန်ပင် သိရှိ လျက် ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူ ကြောင်း ကို လည်း ယုံကြည် ကြ ပါ ပြီ ။
[9] သူ တို့ အတွက် အကျွန်ုပ် တောင်းလျှောက် ပါ ၏ ။ အကျွန်ုပ် ထံ ကိုယ်တော် ပေးအပ် တော်မူ သော သူ တို့ သည် ကိုယ်တော် ပိုင် တော်မူ သော သူ များ ဖြစ် ကြ သောကြောင့် ဤ လောက အတွက် မ ဟုတ် ဘဲ သူ တို့ အတွက် တောင်းလျှောက် ပါ ၏ ။
[10] အကျွန်ုပ် ပိုင် သော အရာ အားလုံး တို့ ကို ကိုယ်တော် ပိုင် တော်မူ ပြီး ကိုယ်တော် ပိုင် သော အရာ တို့ ကို လည်း အကျွန်ုပ် ပိုင် သည် ဖြစ်၍ အကျွန်ုပ် သည် ထို အရာ များ အားဖြင့် ဘုန်း ထင်ရှား ခြင်း ရှိ ပါ ပြီ ။
[11] အကျွန်ုပ် သည် ဤ လောက ၌ ရှိ တော့မည် မ ဟုတ် ပါ ။ သူ တို့ မူကား ဤ လောက ၌ ရှိ ကြ ပါ မည် ။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ လာ ပါ ၏ ။ သန့်ရှင်း တော်မူ သော အဖ ၊ သူ တို့ သည် အကျွန်ုပ် တို့ နည်းတူ တစ်လုံးတစ်ဝတည်း ဖြစ် ကြ ရန် အကျွန်ုပ် ထံ ပေးအပ် တော်မူ သော ဤ သူ တို့ ကို ကိုယ်တော် ၏ နာမ တော် ၌ စောင့်ရှောက် တော်မူ ပါ ။
[12] အကျွန်ုပ် သည် သူ တို့ နှင့်အတူ ရှိ စဉ် တွင် အကျွန်ုပ် အား ကိုယ်တော် ပေး တော်မူ သော ကိုယ်တော် ၏ နာမ တော် ၌ သူ တို့ ကို ထိန်းသိမ်း စောင့်ရှောက် ခဲ့ ပါ ၏ ။ သူ တို့ တွင် ပျက်စီး ခြင်း ၏ သား မှတစ်ပါး မည်သူ မျှ မ ပျက်စီး ခဲ့ ပါ ။ ထို သူ ပျက်စီး ခဲ့ ရ ခြင်းမှာ ကျမ်းစာ ပြည့်စုံ စေရန် ဖြစ် ၏ ။
[13] ယခု ကိုယ်တော် ထံသို့ အကျွန်ုပ် လာ ပါ ၏ ။ သူ တို့ သည် အကျွန်ုပ် ၏ ဝမ်းမြောက် ခြင်း ကို မိမိ တို့ ၌ အပြည့်အဝ ခံစား ရ မည့် အကြောင်း ဤ လောက ၌ နေ စဉ် ဤ အရာ များ ကို အကျွန်ုပ် ပြော ပါ ၏ ။
[14] အကျွန်ုပ် သည် ကိုယ်တော် ၏ နှုတ်ကပတ် တရား ကို သူ တို့ အား ပေးအပ် ခဲ့ ပါ ပြီ ။ သို့ရာတွင် အကျွန်ုပ် သည် ဤ လောက နှင့် မ ဆိုင် သကဲ့သို့ သူ တို့ သည် လည်း ဤ လောက နှင့် မ ဆိုင် ကြ သောကြောင့် လောကီသား တို့ သည် သူ တို့ ကို မုန်း ကြ ပါ ၏ ။
[15] သူ တို့ ကို ဤ လောက ထဲမှ နုတ်ယူ တော်မူ ရန် မ ဟုတ် ဘဲ မကောင်း သော အရာ မှ ကာကွယ် စောင့်ရှောက် တော်မူ ရန် အကျွန်ုပ် တောင်းလျှောက် ပါ ၏ ။
[16] အကျွန်ုပ် သည် ဤ လောက နှင့် မ ဆိုင် သကဲ့သို့ သူ တို့ သည် လည်း ဤ လောက နှင့် မ ဆိုင် ကြ ပါ ။
[17] သမ္မာတရား အားဖြင့် သူ တို့ ကို သန့်ရှင်း စေ တော်မူ ပါ ။ ကိုယ်တော် ၏ နှုတ်ကပတ်တော် သည် သမ္မာတရား ဖြစ် ပါ ၏ ။
[18] ကိုယ်တော် သည် အကျွန်ုပ် ကို ဤ လောက ထဲသို့ စေလွှတ် တော်မူ သကဲ့သို့ အကျွန်ုပ် သည် သူ တို့ ကို ဤ လောက ထဲသို့ စေလွှတ် ပါ ၏ ။
[19] သူ တို့ သည် လည်း သမ္မာတရား အားဖြင့် သန့်ရှင်း စေ ခြင်း ခံရ ကြ မည့် အကြောင်း အကျွန်ုပ် သည် သူ တို့ အတွက် မိမိကိုယ်ကို သန့်ရှင်း စေ ပါ ၏ ။
[20] သူ တို့ အတွက် သာ မ က ဘဲ သူ တို့ ဟောပြော သော သတင်း စကား အားဖြင့် အကျွန်ုပ် ကို ယုံကြည် လာ သော သူ များ အတွက် လည်း အကျွန်ုပ် တောင်းလျှောက် ပါ ၏ ။
[21] အို အဖ ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ရှိ တော်မူ ၍ အကျွန်ုပ် သည် ကိုယ်တော် ၌ ရှိ သကဲ့သို့ ထို သူ အပေါင်း တို့ သည် တစ်လုံးတစ်ဝတည်း ဖြစ် ကြ လျက် သူ တို့ သည် လည်း အကျွန်ုပ် တို့ ၌ ရှိ ကြ မည့် အကြောင်း တောင်းလျှောက် ပါ ၏ ။ ဤသည်ကား ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူ ကြောင်း လောကီသား တို့ ယုံကြည် ကြ ရန် အတွက် ဖြစ် ၏ ။
[22] အကျွန်ုပ် တို့ သည် တစ်လုံးတစ်ဝတည်း ဖြစ် သကဲ့သို့ သူ တို့ သည် လည်း တစ်လုံးတစ်ဝတည်း ဖြစ် ကြ စေရန် အကျွန်ုပ် အား ကိုယ်တော် ပေး တော်မူ သော ဘုန်း အသရေ တော် ကို သူ တို့ အား အကျွန်ုပ် ပေး ပါ ပြီ ။
[23] အကျွန်ုပ် သည် သူ တို့ ၌ ရှိ ၍ ကိုယ်တော် သည် အကျွန်ုပ် ၌ ရှိ ပါ ၏ ။ ဤသည်ကား သူ တို့ ကို တစ်လုံးတစ်ဝတည်း ၌ ပြီးပြည့်စုံ စေရန် ဖြစ် ပြီး ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူ ကြောင်း နှင့် အကျွန်ုပ် ကို ကိုယ်တော် ချစ် သကဲ့သို့ သူ တို့ ကို လည်း ချစ် တော်မူ ကြောင်း ကို လောကီသား တို့ သိ ကြ စေရန် ဖြစ် ပါ ၏ ။
[24] အို အဖ ၊ ကမ္ဘာ မ တည် မ ရှိ မီ က ပင် ကိုယ်တော် သည် အကျွန်ုပ် ကို ချစ် တော်မူ ၍ အကျွန်ုပ် အား ပေး တော်မူ သော အကျွန်ုပ် ၏ ဘုန်း အသရေ ကို အကျွန်ုပ် ထံ ကိုယ်တော် ပေးအပ် တော်မူ သော သူ တို့ သည် ရှုမြင် ရ ကြ ရန် သူ တို့ ကို အကျွန်ုပ် ရှိ ရာ အရပ် ၌ အကျွန်ုပ် နှင့်အတူ ရှိ စေ လို ပါ ၏ ။
[25] ဖြောင့်မတ် တော်မူ သော အဖ ၊ ဤ လောက သည် ကိုယ်တော် ကို မ သိ သော်လည်း အကျွန်ုပ် သည် ကိုယ်တော် ကို သိ ပါ ၏ ။ ဤ သူ တို့ သည် လည်း အကျွန်ုပ် ကို ကိုယ်တော် စေလွှတ် တော်မူ ကြောင်း သိ ကြ ပါ ပြီ ။
[26] အကျွန်ုပ် ကို ကိုယ်တော် ချစ် တော်မူ သော ချစ် ခြင်း မေတ္တာ သည် သူ တို့ ၌ တည် ရှိ ၍ အကျွန်ုပ် သည် လည်း သူ တို့ ၌ တည် ရှိ ရန် ကိုယ်တော် ၏ နာမ တော် ကို သူ တို့ အား အကျွန်ုပ် သိ စေ ပါ ပြီ ။ ဆက်လက် ၍ လည်း သိ စေ ပါ ဦး မည် ” ဟု မြွက်ဆိုတော်မူ၏။