[1] ယေရှုမူကား သံလွင်တောင်သို့ ကြွတော်မူ၏။
[2] အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။
[3] ထိုအခါ ကျမ်းပြုဆရာတို့နှင့်ဖာရိရှဲတို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သည့်အတွက် အဖမ်းခံရသောမိန်းမတစ်ယောက်ကိုခေါ်ဆောင်လာ၍ အလယ်၌ထားပြီးလျှင်
[4] “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။
[5] မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ အကျွန်ုပ်တို့အား ပညတ်ထားပါသည်။ ဆရာကား မည်သို့ဆိုမည်နည်း”ဟု ကိုယ်တော်အား လျှောက်ကြ၏။
[6] သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။
[7] ထိုသူတို့အထပ်ထပ်မေးမြန်းကြသောအခါ ယေရှုသည် ကိုယ်ကိုမတ်၍“ သင် တို့ တွင် အပြစ် ကင်း သော သူ သည် သူ့ ကို ခဲ နှင့် အဦးဆုံး ပေါက် စေ ” ဟု မိန့်တော်မူပြီးလျှင်
[8] တစ်ဖန်ငုံ့လျက် မြေပေါ်တွင် ဆက်၍ရေးတော်မူ၏။
[9] သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။
[10] ထိုအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍ “ အသင် မိန်းမ ၊ ထို သူ တို့ အဘယ်မှာ ရှိ ကြ သနည်း ။ သင့် ကို ပြစ်ဒဏ် စီရင် သူ တစ်ယောက်မျှ မ ရှိ သလော ” ဟု မေးတော်မူလျှင်
[11] ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း“ ငါ သည် လည်း သင့် ကို ပြစ်ဒဏ် မ စီရင် ။ သွား လော့ ။ ယခု မှစ၍ နောက်တစ်ဖန် အပြစ် မ ပြု နှင့် ” ဟု မိန့်တော်မူ၏။]
[12] တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ ငါ သည် ဤ လောက ၏ အလင်း ဖြစ် ၏ ။ ငါ့ နောက် သို့ လိုက် သော သူ သည် မည်သည့် အခါ မျှ မှောင်မိုက် ၌ သွားလာ ခြင်း မ ရှိ ဘဲ အသက် ၏ အလင်း ကို ရရှိ မည် ” ဟု မိန့်တော်မူ၏။
[13] ထိုအခါ ဖာရိရှဲတို့က “သင်သည် ကိုယ့်အကြောင်းကိုသက်သေခံနေ၏။ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိ”ဟု ဆိုကြ၏။
[14] ယေရှုကလည်း“ ငါ သည် ကိုယ့် အကြောင်း ကို သက်သေခံ သော်လည်း ငါ ၏ သက်သေခံ ချက် သည် မှန်ကန် ၏ ။ အကြောင်းမူကား ငါ သည် မည်သည့် အရပ် မှ လာ ၍ မည်သည့် အရပ် သို့ သွား မည် ကို ငါ သိ ၏ ။ သင် တို့ မူကား ငါ မည်သည့် အရပ် မှ လာ ၍ မည်သည့် အရပ် သို့ သွား မည် ကို မ သိ ကြ ။
[15] သင် တို့ သည် လူ့ စံနှုန်း အတိုင်း စီရင် တတ် ကြ ၏ ။ ငါ မူကား မည်သူ့ ကို မျှ မ စီရင် ။
[16] သို့သော် ငါ စီရင် မည် ဆို လျှင် လည်း ငါ တစ်ဦးတည်း စီရင် သည် မ ဟုတ် ။ ငါ့ ကို စေလွှတ် တော်မူ သော ခမည်းတော် သည် ငါ နှင့်အတူ စီရင် တော်မူ သည် ဖြစ်၍ ငါ ၏ စီရင် ဆုံးဖြတ် ချက် သည် မှန်ကန် ၏ ။
[17] သင် တို့ ၏ ပညတ် တရား ကျမ်း ၌ လည်း ‘ သက်သေ နှစ် ဦး ထွက်ဆို သည့် သက်သေခံ ချက် သည် အမှန် ဖြစ် ၏ ’ ဟု ရေး ထား ၏ ။
[18] ငါ သည် ကိုယ့် အကြောင်း ကို သက်သေခံ သော သူ ဖြစ် ၏ ။ ငါ့ ကို စေလွှတ် တော်မူ သော ခမည်းတော် သည် လည်း ငါ့ အကြောင်း ကို သက်သေခံ တော်မူ ၏ ” ဟု ပြန်၍မိန့်တော်မူ၏။
[19] ထိုသူတို့ကလည်း “သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း”ဟု မေးကြသော် ယေရှုက“ သင် တို့ သည် ငါ့ ကို လည်းကောင်း ၊ ငါ့ ခမည်းတော် ကို လည်းကောင်း မ သိ ကြ ။ သင် တို့ သည် ငါ့ ကို သိ ခဲ့ လျှင် ငါ့ ခမည်းတော် ကို လည်း သိ ခဲ့ ကြ ပေ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[20] ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
[21] တစ်ဖန် ကိုယ်တော်က“ ငါ သည် သွား ရ တော့မည် ။ သင် တို့ ကား ငါ့ ကို ရှာ လျက် ကိုယ့် အပြစ် ၌ သေ ကြ လိမ့်မည် ။ ငါ သွား ရာ အရပ် သို့ သင် တို့ မ လာ နိုင် ကြ ” ဟု မိန့်တော်မူ၏။
[22] ထိုအခါ ဂျူးလူမျိုး တို့က “သူသည်‘ ငါ သွား ရာ အရပ် သို့ သင် တို့ မ လာ နိုင် ကြ ’ ဟုဆိုခြင်းမှာ သူ့ကိုယ်သူ သတ်သေမည်လော”ဟု ပြောဆိုကြ၏။
[23] ယေရှုကလည်း“ သင် တို့ သည် အောက် အရပ် နှင့်ဆိုင် ၏ ။ ငါ မူကား အထက် အရပ် နှင့်ဆိုင် ၏ ။ သင် တို့ သည် ဤ လောက နှင့်ဆိုင် ၏ ။ ငါ မူကား ဤ လောက နှင့် မ ဆိုင် ။
[24] ထို့ကြောင့် သင် တို့ သည် မိမိ တို့ အပြစ် များ ၌ သေ ကြ လိမ့်မည် ဟု ငါ ဆို ခဲ့ ၏ ။ အကြောင်းမူကား ငါ သည် ထို အရှင် ဖြစ် ကြောင်း ကို သင် တို့ မ ယုံကြည် လျှင် သင် တို့ သည် မိမိ တို့ အပြစ် များ ၌ သေ ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[25] ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက“ ငါ မည်သူ ဖြစ် သည် ကို အစအဦး ကပင် သင် တို့ အား ငါ ပြော လာ ခဲ့ ၏ ။
[26] သင် တို့ နှင့် ပတ်သက်၍ ငါ ပြော စရာ ၊ စီရင် စရာ များစွာ ရှိ ၏ ။ သို့သော် ငါ့ ကို စေလွှတ် တော်မူ သော အရှင် သည် ဖြောင့်မှန် တော်မူ သည် ဖြစ် ၍ ငါ သည် သူ့ ထံမှ ကြား ခဲ့ သမျှ သော အရာ တို့ ကို ဤ လောက ၌ ဟောပြော ၏ ” ဟု မိန့်တော်မူ၏။
[27] ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။
[28] သို့ဖြစ်၍ ယေရှုက“ သင် တို့ သည် လူ့သား ကို မြှောက် ထား ကြ သောအခါ မှ ငါ သည် ထို အရှင် ဖြစ် ကြောင်း ကို လည်းကောင်း ၊ ငါ သည် ကိုယ့် ဆန္ဒ အလျောက် မည်သည့် အရာ ကို မျှ မ ပြု ဘဲ ငါ့ အား ခမည်းတော် သွန်သင် တော်မူ ခဲ့ သည့် အတိုင်း ဤ အရာ များ ကို ငါ ဟောပြော ကြောင်း ကို လည်းကောင်း သိ ကြ လိမ့်မည် ။
[29] ငါ့ ကို စေလွှတ် တော်မူ သော အရှင် သည် ငါ နှင့်အတူ ရှိ ၍ ငါ သည် ထို အရှင် နှစ်သက် တော်မူ သော အမှုအရာ တို့ ကို အစဉ် ပြု နေ သောကြောင့် သူ သည် ငါ့ ကို တစ်ကိုယ်တည်း ပစ်ထား တော် မ မူ ” ဟု မိန့်တော်မူ၏။
[30] ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
[31] ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“ သင် တို့ သည် ငါ ၏ တရား စကား ၌ တည် လျှင် ငါ့ တပည့် အမှန် ဖြစ် ကြ ပြီး
[32] သမ္မာတရား ကို သိ ကြ သဖြင့် သမ္မာတရား သည် သင် တို့ ကို လွတ်မြောက် စေ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[33] သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှကျွန် မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့်‘ သင် တို့ လွတ်မြောက် ကြ လိမ့်မည် ’ ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။
[34] ယေရှုက“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ အပြစ် ပြု သူ တိုင်း သည် အပြစ် ၏ ကျွန် ဖြစ် ၏ ။
[35] ကျွန် သည် အိမ် ၌ ထာဝစဉ် နေထိုင် သည် မ ဟုတ် ။ သား မူကား ထာဝစဉ် နေထိုင် ၏ ။
[36] ထို့ကြောင့် သား တော် သည် သင် တို့ ကို လွတ်မြောက် စေ လျှင် သင် တို့ သည် ဧကန် အမှန် လွတ်မြောက် ကြ လိမ့်မည် ။
[37] သင် တို့ သည် အာဗြဟံ ၏ အမျိုးအနွယ် ဖြစ် ကြောင်း ကို ငါ သိ ၏ ။ သို့ရာတွင် ငါ ၏ တရား စကား သည် သင် တို့ ထဲ၌ နေရာ မ ရ သောကြောင့် သင် တို့ သည် ငါ့ ကို သတ် ရန် ရှာကြံ နေ ကြ ၏ ။
[38] ငါ သည် ခမည်းတော် ထံ၌ မြင် ရ သော အရာ များ ကို ဟောပြော ၏ ။ သင် တို့ မူကား သင် တို့ ၏ အဖ ထံမှ ကြား ခဲ့ ရ သော အရာ များ ကို ပြု ကြ ၏ ” ဟု မိန့်တော်မူလျှင်
[39] ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“ သင် တို့ သည် အာဗြဟံ ၏ သားသမီး များ ဖြစ် ကြ သည် မှန် လျှင် အာဗြဟံ ပြု သော အမှု များ ကို ပြု ကြ လိမ့်မည် ။
[40] သို့သော် ယခု တွင် ဘုရားသခင် ထံမှ ကြား ရ သည့် သမ္မာတရား ကို သင် တို့ အား ဟောပြော ခဲ့ သူ ငါ့ ကို သတ် ရန် သင် တို့ ရှာကြံ နေ ကြ ၏ ။ အာဗြဟံ ကား ဤသို့ ပြု ခဲ့ သည် မ ဟုတ် ။
[41] သင် တို့ သည် သင် တို့ အဖ ပြု သော အမှု များ ကို ပြု ကြ ၏ ” ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။
[42] ယေရှုက“ ငါ သည် ဘုရားသခင် ထံမှ ကြွလာ ပြီး ယခု ရောက် ရှိ နေ ပြီ ဖြစ်၍ ဘုရားသခင် သည် သင် တို့ ၏ အဖ ဖြစ် လျှင် သင် တို့ သည် ငါ့ ကို ချစ် ခဲ့ ကြ ပေ လိမ့်မည် ။ အကြောင်းမူကား ငါ သည် ကိုယ့် ဆန္ဒ အလျောက် လာ သည် မ ဟုတ် ။ ဘုရားသခင် သည် ငါ့ ကို စေလွှတ် တော်မူ ၏ ။
[43] သင် တို့ သည် ငါ ပြောဆို သော စကား ကို အဘယ်ကြောင့် နား မ လည် ကြ သနည်း ။ ငါ ၏ တရား စကား ကို သင် တို့ နာယူ နိုင်စွမ်း မ ရှိ သောကြောင့် ဖြစ် ၏ ။
[44] သင် တို့ သည် သင် တို့ ၏ အဖ မာရ်နတ် နှင့် စပ်ဆိုင် ကြ ပြီး သင် တို့ အဖ ၏ ဆန္ဒ အတိုင်း ပြု လို ကြ ၏ ။ မာရ်နတ် သည် အစအဦး ကပင် လူသတ်သမား ဖြစ် ၏ ။ သူ ၌ သမ္မာတရား မ ရှိ သောကြောင့် သမ္မာတရား ၌ မ ရပ်တည် ။ သူ သည် လိမ်လည် သော သူ ဖြစ် ပြီး လိမ်လည် ခြင်း ၏ အဖ လည်း ဖြစ် သောကြောင့် လိမ်လည် ပြောဆို သောအခါ မိမိ ပင်ကို စရိုက် အတိုင်း ပြောဆို ၏ ။
[45] ငါ မူကား သမ္မာတရား ကို ပြောဆို သောကြောင့် သင် တို့ သည် ငါ့ ကို မ ယုံကြည် ကြ ။
[46] သင် တို့ တွင် မည်သူ သည် ငါ ၌ အပြစ် ရှိ ကြောင်း ဖော်ပြ နိုင် သနည်း ။ သမ္မာတရား ကို ငါ ပြောဆို သည် မှန် လျှင် အဘယ်ကြောင့် သင် တို့ သည် ငါ့ ကို မ ယုံကြည် ကြ သနည်း ။
[47] ဘုရားသခင် နှင့် စပ်ဆိုင် သော သူ သည် ဘုရားသခင် ၏ စကား တော် တို့ ကို နားထောင် ၏ ။ သင် တို့ နားမထောင် ကြ ခြင်း မှာ သင် တို့ သည် ဘုရားသခင် နှင့် မ စပ်ဆိုင် ကြ သောကြောင့် ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[48] ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည် ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
[49] ယေရှုက“ ငါ့ ကို နတ်ဆိုး ပူး နေ သည် မ ဟုတ် ။ ငါ သည် ငါ့ ခမည်းတော် ကို ရိုသေ ၏ ။ သင် တို့ မူကား ငါ့ ကို မထီလေးစား ပြု ကြ ၏ ။
[50] သို့ရာတွင် ငါ သည် ကိုယ့် ဘုန်း အသရေ ကို ရှာ သည် မ ဟုတ် ။ ငါ ၏ ဘုန်း အသရေ ကို ရှာ ၍ တရား စီရင် တော်မူ သော အရှင် တစ် ပါး ရှိ ၏ ။
[51] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ မည်သူမဆို ငါ့ စကား ကို လိုက်နာ စောင့်ထိန်း လျှင် ကာလ အစဉ်အဆက် မည်သည့် အခါ မျှ သေ ခြင်း နှင့် တွေ့ကြုံ ရ မည် မ ဟုတ် ” ဟု မိန့်တော်မူ၏။
[52] ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘ မည်သူမဆို ငါ့ စကား ကို လိုက်နာ စောင့်ထိန်း လျှင် ကာလ အစဉ်အဆက် မည်သည့် အခါ မျှ သေ ခြင်း ကို မြည်းစမ်း ရ မည် မ ဟုတ် ’ ဟု ဆိုပါသည်တကား။
[53] သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် ကြီးမြတ်သလော။ သူသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု ထင်မှတ်သနည်း”ဟု ဆိုကြ၏။
[54] ယေရှုကလည်း“ ငါ သည် ကိုယ့် ဘုန်း ကို ကိုယ် ထင်ရှား စေ လျှင် ငါ့ ဘုန်း သည် အချည်းနှီး ဖြစ် ၏ ။ ငါ့ ဘုန်း ကို ထင်ရှား စေ တော်မူ သော အရှင် ကား ငါ့ ခမည်းတော် ဖြစ် ၏ ။ သင် တို့ သည် ထို အရှင် ကို ‘ အကျွန်ုပ် တို့ ၏ ဘုရားသခင် ဖြစ် သည် ’ ဟု ဆို ကြ သော်လည်း
[55] သူ့ ကို မ သိ ကြ ။ ငါ မူကား သိ ၏ ။ ထို အရှင် ကို ငါ မ သိ ဟု ဆို လျှင် ငါ သည် သင် တို့ ကဲ့သို့ လိမ်လည် သော သူ ဖြစ် လိမ့်မည် ။ သို့ရာတွင် ငါ သည် ထို အရှင် ကို သိ ၍ သူ ၏ စကား ကို လိုက်နာ စောင့်ထိန်း ၏ ။
[56] သင် တို့ အဖ အာဗြဟံ သည် ငါ ၏ နေ့ရက် ကို တွေ့မြင် ရ မည် ဖြစ်၍ ရွှင်မြူး လျက် တွေ့မြင် ရ သောအခါ ဝမ်းမြောက် လေ ၏ ” ဟု မိန့်တော်မူ၏။
[57] ဂျူးလူမျိုးတို့ကလည်း “သင်သည် အသက်ငါးဆယ်ပင်မရှိသေးဘဲ အာဗြဟံကိုမြင်ဖူးသလော”ဟု ဆိုကြ၏။
[58] ယေရှုကလည်း“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ အာဗြဟံ မ မွေးဖွား မီ က ပင် ငါ ရှိ ၏ ” ဟု မိန့်တော်မူ၏။
[59] ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။