[1] ရက်သတ္တပတ်၏ပထမနေ့၌ မာဂဒလမြို့သူမာရိသည် မှောင်လျက်ရှိနေသေးသော နံနက်စောစောအချိန်တွင် သင်္ချိုင်းတော်သို့ရောက်လာရာ ကျောက်တုံးအား ဂူဝမှ ဖယ်ရှားထားပြီးဖြစ်သည်ကိုမြင်လေ၏။
[2] ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ထံသို့ ပြေးသွား၍ “သခင်ဘုရားကို သင်္ချိုင်းဂူထဲမှ သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆိုလေ၏။
[3] ထိုအခါ ပေတရုနှင့် ထိုအခြားတပည့်တော်သည် ထွက်လာ၍ သင်္ချိုင်းတော်သို့သွားကြ၏။
[4] သူတို့နှစ်ဦးသည် အတူတူပြေးကြသော်လည်း အခြားတပည့်တော်သည် ပေတရုထက် လျင်မြန်စွာပြေး၍ သင်္ချိုင်းတော်သို့ဦးစွာရောက်သဖြင့်
[5] ငုံ့ကြည့်လိုက်ရာ ပိတ်ထည်များရှိနေသည်ကိုမြင်ရ၏။ သို့သော် သူသည် အထဲသို့မဝင်ဘဲနေ၏။
[6] ထိုအခါ နောက်မှလိုက်လာသော ရှိမုန်ပေတရုသည်လည်းရောက်လာ၍ သင်္ချိုင်းဂူထဲသို့ဝင်ပြီးလျှင် ပိတ်ထည်များရှိနေသည်ကိုလည်းကောင်း၊
[7] ကိုယ်တော်၏ဦးခေါင်းတော်ကိုပတ်စည်းထားသောပဝါသည် ပိတ်ထည်များနှင့်အတူမရှိဘဲ တစ်နေရာတွင်သီးခြားလိပ်ထားသည်ကိုလည်းကောင်း မြင်လေ၏။
[8] ထို့နောက် သင်္ချိုင်းတော်သို့ဦးစွာရောက်သော အခြားတပည့်တော်သည်လည်းဝင်လာ၍ မြင်သဖြင့် ယုံကြည်လေ၏။
[9] (သူတို့သည် သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်ရမည်ဟူသောကျမ်းချက် ကို နားမလည်ကြသေး။)
[10] ထို့နောက် ထိုတပည့်တော်တို့သည် မိမိတို့အိမ်သို့ ပြန်သွားကြ၏။
[11] မာရိမူကား သင်္ချိုင်းဂူအပြင်၌ ငိုကြွေးလျက်ရပ်နေ၏။ ထိုသို့ငိုကြွေးရင်း ဂူအတွင်းသို့ငုံ့ကြည့်လိုက်ရာ
[12] ဖြူသောအဝတ်ကိုဝတ်ဆင်သည့် ကောင်းကင်တမန်နှစ်ပါးသည် ယေရှုအလောင်းတော်လဲလျောင်းခဲ့ရာအရပ်၏ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်နေကြသည်ကို မြင်လေ၏။
[13] ထိုကောင်းကင်တမန်တို့က “အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း”ဟု မေးကြလျှင် မာရိက “ကျွန်မ၏သခင်ဘုရားကို သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆို၏။
[14] ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လိုက်ရာ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကိုမသိ။
[15] ယေရှုကလည်း“ အသင် မိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး နေ သနည်း ။ မည်သူ့ ကို ရှာ နေ သနည်း ” ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။
[16] ယေရှုကလည်း“ မာရိ ” ဟုခေါ်တော်မူလျှင် မာရိသည်လှည့်၍ ဟေဗြဲဘာသာစကားအားဖြင့် “ရဗ္ဗုနိ”ဟုထူးလေ၏။ (ရဗ္ဗုနိအဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
[17] ယေရှုကလည်း“ ငါ သည် ခမည်းတော် ထံသို့ မ တက် သွား ရ သေး သဖြင့် ငါ့ ကို မ ထိ နှင့် ဦး ။ ငါ့ ညီအစ်ကို တို့ ထံသို့ သွား ၍ ‘ ငါ့ ခမည်းတော် တည်းဟူသော သင် တို့ ၏ ခမည်းတော် ၊ ငါ့ ဘုရားသခင် တည်းဟူသော သင် တို့ ၏ ဘုရားသခင် ထံသို့ ငါ တက် သွား တော့မည် ’ ဟူ၍ ပြောကြား လော့ ” ဟု မိန့်တော်မူ၏။
[18] မာဂဒလမြို့သူမာရိသည် သွား၍ “သခင်ဘုရားကို ကျွန်မတွေ့မြင်ခဲ့ပြီ”ဟု တပည့်တော်တို့အားဆိုပြီးလျှင် မိမိအားမိန့်မှာတော်မူသောအရာများကိုပြောကြားလေ၏။
[19] ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုး တို့ကိုကြောက်သဖြင့် မိမိတို့ရှိရာ နေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“ သင် တို့ ၌ ငြိမ်သက် ခြင်း ရှိ ပါစေ ” ဟု မိန့်တော်မူ၏။
[20] ထိုသို့မိန့်တော်မူပြီးနောက် လက်တော်နှင့်နံဘေးတော်တို့ကို သူတို့အားပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကိုမြင်ရသောအခါ ဝမ်းမြောက်ကြ၏။
[21] တစ်ဖန် ယေရှုက“ သင် တို့ ၌ ငြိမ်သက် ခြင်း ရှိ ပါစေ ။ ခမည်းတော် သည် ငါ့ ကို စေလွှတ် တော်မူ သကဲ့သို့ ငါ သည် လည်း သင် တို့ ကို စေလွှတ် ၏ ” ဟု မိန့်တော်မူ၏။
[22] ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက်“ သန့်ရှင်း သော ဝိညာဉ် တော် ကို ခံယူ ရရှိ ကြ လော့ ။
[23] တစ်စုံတစ်ဦး ၏ အပြစ် များ ကို သင် တို့ ခွင့်လွှတ် လျှင် ထို သူ သည် အပြစ် ခွင့်လွှတ် ခြင်း ကို ခံရ ၏ ။ တစ်စုံတစ်ဦး ၏ အပြစ် များ ကို သင် တို့ ချည်နှောင် ထား လျှင် ထို အပြစ် များ သည် သူ ၌ ချည်နှောင် ထား ခြင်း ခံရ ၏ ” ဟု မိန့်တော်မူ၏။
[24] တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ဒိဒုမု ဟုခေါ်သည့် သောမကား ယေရှုကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိခဲ့ချေ။
[25] သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။
[26] ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“ သင် တို့ ၌ ငြိမ်သက် ခြင်း ရှိ ပါစေ ” ဟု မိန့်တော်မူ၏။
[27] ထို့နောက် သောမအား“ သင် ၏ လက်ညှိုး ဖြင့် ဤ နေရာ ကို တို့ ၍ ငါ့ လက် ကို ကြည့် လော့ ။ သင် ၏ လက် ကို လည်း ဆန့် ၍ ငါ့ နံဘေး ထဲသို့ ထိုးသွင်း လော့ ။ မ ယုံကြည် သော သူ မ ဟုတ် ဘဲ ယုံကြည် သော သူ ဖြစ် လော့ ” ဟု မိန့်တော်မူ၏။
[28] ထိုအခါ သောမက “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်”ဟု ပြန်လျှောက်လေ၏။
[29] ယေရှုကလည်း“ သင် သည် ငါ့ ကို မြင် ရ သောကြောင့် ယုံကြည် ပြီ တကား ။ မ မြင် ဘဲ လျက် ယုံကြည် သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ” ဟု မိန့်တော်မူ၏။
[30] ယေရှုသည် ဤကျမ်း၌ရေး၍မထားသော အခြားနိမိတ်လက္ခဏာများစွာတို့ကိုလည်း တပည့်တော်တို့ရှေ့မှောက်တွင် ပြုတော်မူ၏။
[31] သို့သော် ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်၌ အသက်ကိုရရှိကြရန် ဤအရာများကိုရေးထားခြင်းဖြစ်၏။