Skip to content
Opens in a new window
Listen to this chapter • 6:36

[1] ဖာရိရှဲ​တို့​ထဲတွင် နိကောဒင်​အမည်​ရှိ​သော ဂျူး​လူမျိုး​တို့​၏​အကြီးအကဲ​တစ်​ဦး​ရှိ​၏။

[2] သူ​သည် ည​အခါ ယေရှု​ထံသို့​လာ​၍ “ရဗ္ဗိ ၊ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​သော​ဆရာ​ဖြစ်​ကြောင်း​ကို အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​အတူ​ပါရှိ​တော်​မ​မူ​လျှင် ကိုယ်တော်​ပြု​နေ​သော ဤ​နိမိတ်​လက္ခဏာ​များ​ကို မည်သူမျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

[3] ယေရှု​က“ သင့် အား ငါ အမှန်အကန် ဆို မည် ။ လူ သည် အသစ်တစ်ဖန် မွေးဖွား ခြင်း မ ခံ လျှင် ဘုရားသခင် ၏ နိုင်ငံ တော် ကို မ မြင် နိုင် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[4] နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။

[5] ယေရှု​က“ သင့် အား ငါ အမှန်အကန် ဆို မည် ။ လူ သည် ရေ နှင့် ဝိညာဉ် တော် အားဖြင့် မွေးဖွား ခြင်း ကို မ ခံ လျှင် ဘုရားသခင် ၏ နိုင်ငံ တော် သို့ မ ဝင် နိုင် ။

[6] အသွေး အသား အားဖြင့် မွေးဖွား သော အရာ သည် အသွေး အသား ဖြစ် ၏ ။ ဝိညာဉ် တော် အားဖြင့် မွေးဖွား သော အရာ သည် ဝိညာဉ် ဖြစ် ၏ ။

[7] ‘ သင် တို့ သည် အသစ်တစ်ဖန် မွေးဖွား ခြင်း ခံ ရ မည် ’ ဟု ငါ ဆို သောကြောင့် မ အံ့သြ နှင့် ။

[8] လေ သည် အလိုရှိ ရာ သို့ တိုက် တတ် ၏ ။ သင် သည် သူ့ အသံ ကို ကြား ရ သော်လည်း မည်သည့် အရပ် မှ လာ ၍ မည်သည့် အရပ် သို့ သွား သည် ကို မ သိ ။ ဝိညာဉ် တော် အားဖြင့် မွေးဖွား သော သူ တိုင်း လည်း ထိုနည်းတူ ဖြစ် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[9] နိကောဒင်​က​လည်း “ဤ​အရာ​တို့​သည် မည်သို့​ဖြစ်​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ပြန်​သော်

[10] ယေရှု​က“ သင် သည် အစ္စရေး လူမျိုး တို့ ၏ ဆရာ ဖြစ် လျက် နှင့် ဤ အရာ များ ကို နား မ လည် သလော ။

[11] သင့် အား ငါ အမှန်အကန် ဆို မည် ။ ငါ တို့ သည် ကိုယ် သိ သော အရာ ကို ပြောဆို လျက် ကိုယ် မြင် သော အရာ ကို သက်သေခံ ၏ ။ သို့သော် သင် တို့ သည် ငါ တို့ ၏ သက်သေခံ ချက် ကို လက် မ ခံ ကြ ။

[12] လောက နှင့်ဆိုင်သော အရာ များ ကို သင် တို့ အား ငါ ပြော ၍ သင် တို့ မ ယုံကြည် ကြ လျှင် ကောင်းကင် နှင့်ဆိုင်သော အရာ များ ကို ငါ ပြော သောအခါ သင် တို့ သည် မည်သို့ ယုံကြည် ကြ မည်နည်း ။

[13] ကောင်းကင် မှ ဆင်းသက် သော ​လူ့သား မှတစ်ပါး ကောင်းကင် သို့ တက် သွား ခဲ့ သူ တစ်စုံတစ်ဦး မျှ မ ရှိ ။

[14] မောရှေ သည် တော ကန္တာရ ၌ မြွေ ကို မြှောက် ထား ​သကဲ့သို့ လူ့သား သည် လည်း သူ့ ကို ယုံကြည် သော သူ တိုင်း ထာဝရ အသက် ကို ရရှိ ရန် မြှောက် ထား ခြင်း ခံရ မည် ။

[16] ဘုရားသခင် သည် မိမိ ၏ တစ်ပါးတည်း သော သား တော် ကို စွန့် တော်မူ သည့် တိုင်အောင် လောကီသား တို့ ကို ချစ် တော်မူ ၏ ။ ဤသည်ကား သား တော် ကို ယုံကြည် သော သူ တိုင်း မ ပျက်စီး ဘဲ ထာဝရ အသက် ကို ရရှိ စေရန် ဖြစ် ၏ ။

[17] ဘုရားသခင် သည် သား တော် ကို ဤ လောက သို့ စေလွှတ် တော်မူ သည် မှာ လောကီသား တို့ ကို ပြစ်ဒဏ် စီရင် ရန် မ ဟုတ် ။ လောကီသား တို့ သည် သား တော် အားဖြင့် ကယ်တင် ခြင်း ခံရ ရန် အတွက် ဖြစ် ၏ ။

[18] သား တော် ကို ယုံကြည် သော သူ သည် ပြစ်ဒဏ် စီရင် ခြင်း ကို မ ခံရ ။ မ ယုံကြည် သော သူ မူကား ဘုရားသခင် ၏ တစ်ပါးတည်း သော သား တော် ၏ နာမ တော် ကို မ ယုံကြည် သောကြောင့် ပြစ်ဒဏ် စီရင် ခြင်း ကို ခံရ ပြီ ဖြစ် ၏ ။

[19] စီရင် ဆုံးဖြတ် ချက် ကား ဤသို့ ဖြစ် ၏ ။ အလင်း သည် ဤ လောက သို့ ရောက်ရှိ ပြီ ဖြစ် သော်လည်း လူ တို့ သည် မိမိ တို့ ပြု သော အမှု များ မကောင်း သောကြောင့် အလင်း ထက် အမှောင် ကို ပို၍ နှစ်သက် ကြ ၏ ။

[20] ဆိုးညစ် သော အမှု များ ကို ပြုကျင့် သော သူ တိုင်း အလင်း ကို မုန်း လျက် မိမိ ပြု သော အမှု များ ဖော်ပြ ခြင်း ခံရ မည် ကို စိုးရိမ် သဖြင့် အလင်း ထံသို့ မ ချဉ်းကပ် ကြ ။

[21] သမ္မာတရား ကို ကျင့်သုံး သော သူ မူကား မိမိ ပြု သော အမှု များ သည် ဘုရားသခင် အားဖြင့် ပြု ခြင်း ဖြစ် ကြောင်း ထင်ရှား စေရန် အလင်း ထံသို့ ချဉ်းကပ် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[22] ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်တကွ ယုဒ​နယ်​သို့​ကြွ​တော်မူ​ပြီး ထို​အရပ်​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဗတ္တိဇံ​ပေး​တော်မူ​၏။

[23] ယောဟန်​သည်​လည်း ရှာလိမ်​မြို့​အနီး အဲနုန်​အရပ်​တွင် ရေ​များစွာ​ရှိ​သောကြောင့် ထို​အရပ်​၌ ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​တို့​သည်​လာ​၍ ဗတ္တိဇံ​ခံ​ကြ​၏။

[24] (ယောဟန်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​မ​ခံရ​သေး​သောကြောင့်​ဖြစ်​၏။)

[25] ထိုအခါ ယောဟန်​၏​တပည့်​တို့​သည် စင်ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်သက်၍ ဂျူး​လူမျိုး​တစ်​ဦး​နှင့်​ငြင်းခုံ​ဆွေးနွေး​ကြ​၏။

[26] သူ​တို့​သည် ယောဟန်​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၌ ရဗ္ဗိ​နှင့်အတူ​ရှိ​၍ ရဗ္ဗိ​က သက်သေခံ​ပေး​ခဲ့​သူ​သည် ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​အပေါင်း​တို့​သည် သူ့​ထံသို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

[27] ယောဟန်​က “ကောင်းကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်။

[28] ‘ငါ​သည် ခရစ်တော်​မ​ဟုတ်။ သူ့​ရှေ့၌​စေလွှတ်​ခြင်း​ခံရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏။

[29] သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။

[30] ထို​အရှင်​သည် တိုးပွား​ရ​မည်။ ငါ​မူကား ဆုတ်ယုတ်​ရ​မည်”​ဟု ပြန်ပြော​လေ​၏။

[31] အထက်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။ မြေကြီး​မှ​ဖြစ်​သော​သူ​သည် မြေကြီး​နှင့်ဆိုင်​၍ မြေကြီး​နှင့်ဆိုင်သော​အရာ​ကို​ပြောဆို​တတ်​၏။ ကောင်းကင်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။

[32] ကိုယ်တော်​သည် မိမိ​မြင်​ခဲ့၊ ကြား​ခဲ့​ရ​သော​အရာ​ကို သက်သေခံ​သော်လည်း ကိုယ်တော်​၏​သက်သေခံ​ချက်​ကို မည်သူမျှ​လက်​မ​ခံ​ကြ။

[33] ကိုယ်တော်​၏​သက်သေခံ​ချက်​ကို လက်ခံ​သော​သူ​ကား ဘုရားသခင်​သည်​ဖြောင့်မှန်​တော်မူ​ကြောင်း တံဆိပ်​ခတ်နှိပ်​၏။

[34] ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​များ​ကို​မြွက်ဆို​တတ်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို အတိုင်းအဆ​မ​ရှိ​ပေး​တော်မူ​၏။

[35] ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​ကို သား​တော်​လက်​သို့​ပေးအပ်​တော်မူ​ပြီ။

[36] သား​တော်​ကို​ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရ​၏။ သား​တော်​ကို​မ​နာခံ​သော​သူ​မူကား အသက်​ကို​မ​တွေ့​မ​မြင်​ရ​သည်​သာမက ဘုရားသခင်​၏​အမျက်​တော်​သည် သူ့​အပေါ်၌​တည်​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters