Skip to content
Opens in a new window
Listen to this chapter • 13:09

[1] ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။

[2] များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

[3] ယေရှု​သည် တောင်​ပေါ်သို့​တက်သွား​၍ ထို​အရပ်​၌ တပည့်​တော်​တို့​နှင့်အတူ​ထိုင်​တော်မူ​၏။

[4] ထိုအချိန်​သည် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ပသခါ​ပွဲတော်​နီးကပ်​သည့်​အချိန်​ဖြစ်​၏။

[5] ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား“ ဤ သူ တို့ စား ရန် မုန့် ကို အဘယ်က ဝယ် ကြ မည်နည်း ” ​ဟု မေး​တော်မူ​၏။

[6] ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။

[7] ဖိလိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေနာရိ ​နှစ်ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံလောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

[8] တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သူ ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​က

[9] “ဤ​နေရာ​တွင် မုယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့သော် ဤမျှလောက်​များပြား​သော​သူ​တို့​အတွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်သို့​အကျိုးထူး​မည်နည်း”​ဟု လျှောက်​လေ​၏။

[10] ယေရှု​က“ လူ တို့ ကို ထိုင် ​စေ ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။ (ထို​နေရာ​၌ မြက်​ပင်​ထူထပ်​လျက်​ရှိ​၏။) သို့ဖြစ်၍ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။

[11] ထိုအခါ ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထိုင်​နေ​သော​သူ​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ ထိုနည်းတူ ငါး​ကို​လည်း သူ​တို့​အလိုရှိ​သလောက် ခွဲဝေပေး​တော်မူ​၏။

[12] ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သောအခါ ယေရှု​က တပည့်​တော်​တို့​အား“ တစ်စုံတစ်ခု မျှ အလဟဿ မ ဖြစ် စေရန် ကြွင်းကျန် သော အကျိုးအပဲ့ များ ကို ကောက် သိမ်း ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[13] တပည့်​တော်​တို့​သည်​လည်း ကောက်သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မုယော​မုန့်​ငါး​လုံး​မှ ကြွင်းကျန်​သည့်​အကျိုးအပဲ့​များ​ကို တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။

[14] လူ​တို့​သည် ယေရှု​ပြု​တော်မူ​သော ထို​နိမိတ်​လက္ခဏာ​ကို​မြင်​၍ “ဤ​သူ​သည် အမှန်ပင် ဤ​လောက​သို့​ကြွလာ​ရ​မည့် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

[15] လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။

[16] ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် ပင်လယ်​သို့​ဆင်း​သွား​၍

[17] လှေ​ပေါ်​တက်​ပြီးလျှင် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်​မြို့​သို့ ကူးသွား​ကြ​၏။ မိုးချုပ်​ပြီ​ဖြစ်​သော်လည်း ယေရှု​သည် သူ​တို့​ထံသို့​မ​ရောက်လာ​သေး။

[18] ပင်လယ်​၌​လည်း လေပြင်း​တိုက်​လျက်​နေ​သဖြင့် လှိုင်းတံပိုး​များ​ထ​လာ​၏။

[19] သုံး​လေး​မိုင် ​ခန့်​လှော်ခတ်​ပြီး​သောအခါ ပင်လယ်​ပေါ်တွင် ယေရှု​လမ်းလျှောက်​လျက် လှေ​အနီး​သို့​ချဉ်းကပ်​လာ​သည်​ကို တပည့်​တော်​တို့​မြင်​၍ ကြောက်ရွံ့​ကြ​၏။

[20] သို့သော် ကိုယ်တော်​က“ မ ကြောက် ကြ နှင့် ၊ ငါ ပင် ဖြစ် သည် ” ​ဟု မိန့်​တော်မူ​၏။

[21] ထိုအခါ တပည့်​တော်​တို့​သည် အားရ​ဝမ်းမြောက်​လျက် ကိုယ်တော်​ကို လှေ​ပေါ်သို့​ခေါ်ဖိတ်​လက်ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်ရွယ်​ထား​သည့်​အရပ်​သို့ ချက်ချင်း​ရောက်​လေ​၏။

[22] နောက်တစ်နေ့​၌ ပင်လယ်​တစ်ဖက်ကမ်း​တွင် နေရစ်​သော​လူထု​ပရိသတ်​သည် ထို​အရပ်​၌ လှေ​ငယ် ​တစ်​စင်း​မှလွဲ၍ အခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်းကောင်း၊ ထို​လှေ​၌ ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ​မ​လိုက်​မ​ပါ​ဘဲ တပည့်​တော်​တို့​သာ ထွက်သွား​ခဲ့​ကြောင်း​ကို​လည်းကောင်း သတိပြု​မိ​ကြ​၏။

[23] သို့သော် တိဗေရိ​မြို့​မှ အခြား​လှေ​ငယ်​များ​သည် သခင်​ဘုရား​ကျေးဇူး​တော်​ချီးမွမ်း​၍ လူ​များ​မုန့်​ကို​စား​ခဲ့​ရာ​အရပ်​အနီး​သို့ ရောက်လာ​ကြ​သောအခါ

[24] လူထု​ပရိသတ်​သည် ထို​အရပ်​၌ ယေရှု​မှစ၍​တပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိမြင်​သဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီးလျှင် ယေရှု​ကို​ရှာ​ရန် ကပေရနောင်​မြို့​သို့​သွား​ကြ​၏။

[25] ပင်လယ်​တစ်ဖက်ကမ်း​တွင် ကိုယ်တော်​ကို​တွေ့​ကြ​သောအခါ သူ​တို့​က “ရဗ္ဗိ ၊ ဤ​အရပ်​သို့ မည်သည့်​အချိန်​က ကြွရောက်​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။

[26] ယေရှု​က​လည်း“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သင် တို့ ငါ့ ကို ရှာ ကြ သည် မှာ နိမိတ် လက္ခဏာ များ ကို မြင် ရ သောကြောင့် မ ဟုတ် ။ မုန့် ကို စား ၍ ဝ သောကြောင့် သာ ဖြစ် ၏ ။

[27] ပျက်စီး တတ် သော အစားအစာ အတွက် မ ဟုတ် ဘဲ လူ့သား သည် သင် တို့ ကို ပေး မည့် ထာဝရ အသက် တိုင်အောင် တည်မြဲ သော အစားအစာ အတွက် လုပ်ဆောင် ကြ လော့ ။ အကြောင်းမူကား ခမည်းတော် ဘုရား သည် ထို လူ့သား ကို တံဆိပ် ခတ်နှိပ် တော်မူ ၏ ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[28] သူ​တို့​က​လည်း “ဘုရားသခင်​၏​အမှု​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​တို့​သည် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။

[29] ယေရှု​က“ ဘုရားသခင် ၏ အမှု တော် မှာ ဘုရားသခင် စေလွှတ် တော်မူ သော သူ ကို ယုံကြည် ခြင်း ပင် ဖြစ် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[30] သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။

[31] ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’ ​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။

[32] ယေရှု​က​လည်း“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ကောင်းကင် မှ မုန့် ကို သင် တို့ အား ပေး ခဲ့ သူ မှာ မောရှေ မ ဟုတ် ။ ငါ့ ခမည်းတော် က သာ ကောင်းကင် မှ စစ်မှန် သော မုန့် ကို သင် တို့ အား ပေး တော်မူ ၏ ။

[33] အကြောင်းမူကား ဘုရားသခင် ၏ မုန့် သည် ကောင်းကင် မှ ဆင်းသက် ၍ လောကီသား တို့ အား အသက် ကို ပေး သော သူ ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[34] ထိုအခါ သူ​တို့​က “သခင်​ဘုရား၊ ထို​မုန့်​ကို အကျွန်ုပ်​တို့​အား အစဉ်​ပေး​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

[35] ယေရှု​က​လည်း“ ငါ သည် အသက် မုန့် ဖြစ် ၏ ။ ငါ့ ထံသို့ လာ သော သူ သည် မည်သည့် အခါ မျှ ဆာလောင် မည် မ ဟုတ် ။ ငါ့ ကို ယုံကြည် သော သူ သည် လည်း မည်သည့် အခါ မျှ ရေငတ် တော့မည် မ ဟုတ် ။

[36] သို့ရာတွင် သင် တို့ သည် ငါ့ ကို မြင် လျက် ပင် မ ယုံကြည် ကြ ဟု ငါ ဆို ခဲ့ ပြီ ။

[37] ငါ့ အား ခမည်းတော် ပေး တော်မူ သော သူ မှန်သမျှ သည် ငါ့ ထံသို့ လာ မည် ။ ငါ့ ထံသို့ လာ သော သူ ကို လည်း ငါ သည် မည်သည့် အခါ မျှ နှင်ထုတ် မည် မ ဟုတ် ။

[38] အကြောင်းမူကား ငါ သည် မိမိ အလို ကို ဆောင်ရွက် ရန် မ ဟုတ် ဘဲ ငါ့ ကို စေလွှတ် တော်မူ သော အရှင် ၏ အလို တော် ကို ဆောင်ရွက် ရန် ကောင်းကင် မှ ဆင်းသက် ၏ ။

[39] ငါ့ ကို စေလွှတ် တော်မူ သော အရှင် ​၏ အလို တော် ကား ငါ့ ထံ ကိုယ်တော် ပေးအပ် တော်မူ သမျှ သော သူ တို့ တွင် တစ်စုံတစ်ဦး ကို မျှ ငါ မ ဆုံးရှုံး ဘဲ နောက်ဆုံး သော နေ့ ၌ ထို သူ တို့ ကို ထမြောက် စေရန် ဖြစ် ၏ ။

[40] အမှန်စင်စစ် ငါ့ ခမည်းတော် ၏ အလို တော် မှာ သား တော် ကို မြင် ၍ ယုံကြည် သော သူ တိုင်း ထာဝရ အသက် ကို ရရှိ ရန် ဖြစ် ၏ ။ ငါ သည် လည်း နောက်ဆုံး သော နေ့ ၌ ထို သူ တို့ ကို ထမြောက် စေ မည် ” ​ဟု မိန့်​တော်မူ​၏။

[41] ယေရှု​က“ ငါ သည် ကောင်းကင် မှ ဆင်းသက် သော မုန့် ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​က

[42] “ဤ​သူ​သည် ယောသပ်​၏​သား​ယေရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိခင်​နှင့်​ဖခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယခု သူ​သည် အဘယ်ကြောင့်‘ ငါ သည် ကောင်းကင် မှ ဆင်းသက် ၏ ’ ​ဟု ဆို​ရ​သနည်း”​ဟူ၍ ကိုယ်တော်​အကြောင်း​ကို မကျေမနပ်​ပြောဆို​ကြ​၏။

[43] ယေရှု​က​လည်း“ အချင်းချင်း ကြား တွင် မကျေမနပ် ပြောဆို မ နေ ကြ နှင့် ။

[44] ငါ့ ကို စေလွှတ် တော်မူ သော ခမည်းတော် ဆွဲငင် တော် မ မူ လျှင် မည်သူမျှ ငါ့ ထံသို့ မ လာ နိုင် ။ ငါ့ ထံသို့ လာ သော သူ ကို နောက်ဆုံး သော နေ့ ၌ ငါ သည် ထမြောက် စေ မည် ။

[45] ပရောဖက် ကျမ်း များ တွင် ‘ ထို သူ အပေါင်း တို့ သည် ဘုရားသခင် ၏ သွန်သင် တော်မူ ခြင်း ကို ခံရ သော သူ များ ဖြစ် ကြ လိမ့်မည် ’ ​ဟု ရေး ထား သည် ဖြစ် ၍ ခမည်းတော် ထံ၌ ကြားနာ ပြီး နည်းခံ သော သူ တိုင်း သည် ငါ့ ထံသို့ လာ ကြ ၏ ။

[46] ထိုသို့ဆိုသော် တစ်စုံတစ်ယောက် က ခမည်းတော် ကို မြင် ခဲ့ ပြီ ဟု မ ဆိုလို ။ ဘုရားသခင် ထံမှ ကြွလာ သော သူ တစ်ဦးတည်း သာလျှင် ခမည်းတော် ကို မြင် ခဲ့ ၏ ။

[47] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ယုံကြည် ​သော သူ သည် ထာဝရ အသက် ကို ရရှိ ၏ ။

[48] ငါ သည် အသက် မုန့် ဖြစ် ၏ ။

[49] သင် တို့ ၏ ဘိုးဘေး များ သည် တော ကန္တာရ ၌ မန္န ကို စား ခဲ့ ပြီး သေဆုံး သွား ကြ ၏ ။

[50] ဤ မုန့် ကား စားသုံး သော သူ သည် သေ ခြင်း နှင့် ကင်းလွတ် မည့် အကြောင်း ကောင်းကင် မှ ဆင်းသက် သော မုန့် ဖြစ် ၏ ။

[51] ငါ သည် ကောင်းကင် မှ ဆင်းသက် သည့် အသက်ရှင် သော မုန့် ဖြစ် ၏ ။ မည်သူမဆို ဤ မုန့် ကို စား လျှင် ကာလ အစဉ်အဆက် အသက်ရှင် မည် ။ လောကီသား တို့ ၏ အသက် အတွက် ငါ ပေး မည့် မုန့် ကား ငါ ၏ အသား ​ပေတည်း ” ​ဟု မိန့်​တော်မူ​၏။

[52] ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။

[53] ယေရှု​က​လည်း“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ လူ့သား ၏ အသား ကို မ စား ၊ သူ ၏ သွေး ကို မ သောက် လျှင် သင် တို့ ၌ အသက် မ ရှိ ။

[54] ငါ ၏ အသား ကို စား ၍ ငါ ၏ သွေး ကို သောက် သော သူ သည် ထာဝရ အသက် ကို ရရှိ ၏ ။ ငါ သည် ထို သူ ကို နောက်ဆုံး သော နေ့ ၌ ထမြောက် စေ မည် ။

[55] အကြောင်းမူကား ငါ ၏ အသား သည် စစ်မှန် သော စားစရာ ဖြစ် ပြီး ငါ ၏ သွေး သည် စစ်မှန် သော သောက် စရာ ဖြစ် ၏ ။

[56] ငါ ၏ အသား ကို စား ၍ ငါ ၏ သွေး ကို သောက် သော သူ သည် ငါ ၌ တည် ၏ ။ ငါ သည် လည်း ထို သူ ၌ တည် ၏ ။

[57] အသက်ရှင် တော်မူ သော ခမည်းတော် သည် ငါ့ ကို စေလွှတ် တော်မူ ၍ ငါ သည် ခမည်းတော် အားဖြင့် အသက်ရှင် သကဲ့သို့ ငါ့ ကို စား သော သူ သည် လည်း ငါ့ အားဖြင့် အသက်ရှင် မည် ။

[58] ဤ မုန့် ကား ကောင်းကင် မှ ဆင်းသက် သော မုန့် ဖြစ် ၏ ။ သင် တို့ ဘိုးဘေး များ စား ပြီး သေဆုံး သွား ရ သည့် မုန့် ​မျိုး မ ဟုတ် ။ ဤ မုန့် ကို စား သော သူ သည် ကာလ အစဉ်အဆက် အသက်ရှင် မည် ” ​ဟု မိန့်​တော်မူ​၏။

[59] ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း ​တွင် မိန့်​တော်မူ​၏။

[60] တပည့်​တော်​တို့​ထဲမှ​အများစု​သည် ကြား​လျှင် “ဤ​စကား​သည် ပြင်းထန်​လှ​၏။ မည်သူ​နားထောင်​နိုင်​မည်နည်း”​ဟု ဆို​ကြ​၏။

[61] ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ တပည့်​တော်​တို့​မကျေမနပ်​ပြောဆို​နေ​ကြ​သည်​ကို ယေရှု​သည် အလိုအလျောက်​သိ​တော်မူ​သဖြင့်“ ဤ စကား ကြောင့် သင် တို့ စိတ်ပျက် ကြ သလော ။

[62] သို့ဖြစ်လျှင် လူ့သား သည် ယခင် နေ ခဲ့ ရာ အရပ် သို့ တက် သွား သည် ကို သင် တို့ မြင် ရ ပါမူ မည်သို့ ဖြစ် မည်နည်း ။

[63] ဝိညာဉ် တော် ​က သာ အသက်ရှင် စေ ၏ ။ ကိုယ်ကာယ သည် မည်သည့် အကျိုး ကို မျှ မ ပေး ။ ငါ ဟောပြော သော စကား တို့ သည် ဝိညာဉ် ဖြစ် ပြီး အသက် လည်း ဖြစ် ၏ ။

[64] သို့သော် သင် တို့ တွင် မ ယုံကြည် သော သူ အချို့ ရှိ ၏ ” ​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည့်​အကြောင်း​ကား မ​ယုံကြည်​သော​သူ​တို့​သည် မည်သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ မိမိ​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း ယေရှု​သည် အစအဦး​က​ပင် သိ​ထား​တော်မူ​သောကြောင့်​ဖြစ်​၏။

[65] ထို့နောက် ကိုယ်တော်​က“ ဤ အကြောင်း ကြောင့် ခမည်းတော် သည် အခွင့် ပေး တော် မ မူ လျှင် မည်သူမျှ ငါ့ ထံသို့ မ လာ နိုင် ဟု သင် တို့ အား ငါ ပြော ခဲ့ ပြီ ” ​ဟူ၍ မိန့်​တော်မူ​၏။

[66] ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။

[67] ထိုအခါ ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​အား“ သင် တို့ လည်း ထွက်ခွာ သွား လို ကြ သလော ” ​ဟု မေး​တော်မူ​လျှင်

[68] ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သူ့​ထံသို့​သွား​ရ​မည်နည်း။ ထာဝရ​အသက်​နှင့်ဆိုင်သော​စကား​တို့​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏။

[69] ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ​ကို​လည်း အကျွန်ုပ်​တို့​ယုံကြည်​သိရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

[70] ယေရှု​က​လည်း“ တစ်ဆယ့်နှစ် ပါး သော သင် တို့ ကို ငါ ရွေးကောက် သည် မ ဟုတ် လော ။ သို့ဖြစ်ပါလျက်နှင့် သင် တို့ ထဲမှ တစ် ဦး သည် မာရ်နတ် ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[71] ဤသည်ကား ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ သူ​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​လျက် ကိုယ်တော်​ကို​အပ်နှံ​ရန် ကြံရွယ်​နေ​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters