[1] ထို့နောက် သုံးရက်မြောက်သောနေ့၌ ဂါလိလဲနယ်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပရာ ယေရှု၏မယ်တော်သည် ထိုနေရာ၌ရှိ၏။
[2] ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။
[3] စပျစ်ဝိုင်ကုန်သောအခါ ယေရှု၏မယ်တော်က “သူတို့တွင် စပျစ်ဝိုင်မရှိတော့ပါ”ဟု ပြောကြား၏။
[4] ယေရှုကလည်း“ အသင် အမျိုးသမီး ၊ ဤ အမှု ၌ သင် နှင့် ငါ မည်သို့ ဆိုင် သနည်း ။ ငါ့ အချိန် မ ရောက် သေး ” ဟု မိန့်တော်မူ၏။
[5] မယ်တော်သည် အစေခံတို့အား “သူစေခိုင်းသမျှတို့ကို ဆောင်ရွက်ကြပါ”ဟု ဆို၏။
[6] ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့် စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။
[7] ယေရှုက“ ဤ ရေအိုး များ ကို ရေ ဖြည့် ကြ လော့ ” ဟု အစေခံတို့အား မိန့်တော်မူလျှင် သူတို့သည် အိုးနှုတ်ခမ်းအထိဖြည့်ကြ၏။
[8] တစ်ဖန်“ ယခု ခပ် ၍ ပွဲအုပ် ထံသို့ ယူ သွား ကြ လော့ ” ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်ယူသွားကြရာ
[9] ပွဲအုပ်သည် စပျစ်ဝိုင်ဖြစ်သွားသော ထိုရေကိုမြည်းစမ်း၏။ ရေခပ်ခဲ့သောအစေခံတို့သည် ထိုစပျစ်ဝိုင်ကို အဘယ်ကရသည်ကိုသိကြသော်လည်း ပွဲအုပ်သည် မသိသဖြင့် သတို့သားကိုခေါ်၍
[10] “လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။
[11] ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
[12] ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ကြွ၍ ထိုမြို့၌ ရက်အနည်းငယ်နေတော်မူ၏။
[13] ဂျူးလူမျိုးတို့၏ပသခါပွဲတော် နီးကပ်လာပြီဖြစ်သဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ကြွတော်မူ၏။
[14] ဗိမာန်တော်၌ သိုး၊ နွားနှင့် ချိုးငှက်များကိုရောင်းနေသောသူတို့မှစ၍ ငွေလဲပွဲစားများထိုင်နေသည်ကို တွေ့တော်မူရာ
[15] ကိုယ်တော်သည် ကြိုးများဖြင့် ကျာပွတ်ကိုပြုလုပ်ပြီးလျှင် သိုး၊ နွားတို့နှင့်တကွ ထိုသူအပေါင်းတို့ကို ဗိမာန်တော်ထဲမှနှင်ထုတ်၍ ငွေကြေးလဲလှယ်သူတို့၏ဒင်္ဂါးများကိုသွန်ချကာ သူတို့၏စားပွဲများကိုမှောက်လှန်တော်မူ၏။
[16] ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ ဤ ဥစ္စာ များ ကို ဤ နေရာ မှ ယူ သွား ကြ လော့ ။ ငါ့ ခမည်းတော် ၏ အိမ် တော် ကို ဈေး ရုံ မ ဖြစ် စေ ကြ နှင့် ” ဟု မိန့်တော်မူ၏။
[17] “ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏” ဟု ကျမ်းစာ၌ရေးထားသည်ကို တပည့်တော်တို့သည် သတိရကြ၏။
[18] ထိုအခါ ဂျူးလူမျိုး တို့က ကိုယ်တော်အား “သင်သည် ဤသို့ပြုခြင်းအတွက် မည်သည့်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း”ဟု ဆိုကြ၏။
[19] ယေရှုကလည်း“ ဤ ဗိမာန် တော် ကို ဖြိုဖျက် ကြ လော့ ။ ငါ သည် ၎င်း ကို သုံး ရက် အတွင်း တည်ဆောက် မည် ” ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။
[20] ဂျူးလူမျိုး တို့ကလည်း “ဤဗိမာန်တော်ကိုတည်ဆောက်ရန် လေးဆယ့်ခြောက်နှစ်ကြာ၏။ သင်မူကား ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်လော”ဟု ဆိုကြ၏။
[21] သို့ရာတွင် ယေရှုသည် မိမိကိုယ်ခန္ဓာတည်းဟူသောဗိမာန်တော်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။
[22] ထို့ကြောင့် ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သောဤစကားကို ပြန်လည်သတိရကာ ကျမ်းစာနှင့် ယေရှုမိန့်တော်မူသောစကားကို ယုံကြည်ကြ၏။
[23] ပသခါပွဲတော်အတောအတွင်း ဂျေရုဆလင်မြို့၌ ယေရှုရှိတော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာတို့ကို မြင်ရသဖြင့် ကိုယ်တော်၏နာမတော်ကိုယုံကြည်ကြ၏။
[24] သို့သော် ယေရှုသည် မိမိကိုယ်ကို သူတို့ထံ၌ပုံအပ်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် လူခပ်သိမ်းတို့ကိုသိတော်မူ၍
[25] လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။